Sunday 1 June 2014

ယနေ့ခေတ်ဆုံးမစာများ





ယနေ့ခေတ်တွင်လည်း ဆုံးမစာများကို အသုံးပြုနေဆဲပင်ဖြစ်သည်။
 ဥပမာ-"ဟွာဝေးတရုတ်ဖုန်း အစုတ်ဆုံး နောင်တရမယ် တစ်သက်လုံး"၊
"MPT သုံးလျှင် သတိယှဉ် စိတ်ရှည်ဇွဲလှ လိုင်းမရ" ဟူသောဆုံးမစာများကို ခေတ်နှင့်အညီ ထွက်ပေါ်လာသည်။ ထို့ကြောင့် မြန်မာမှု မြန်မာ့ဓလေ့
ဆုံးမစာများကို ခေတ်အလိုက် ရှင်သန်နေစေရန် ရည်ရွယ်၍ အသိအလိမ္မာတိုးပွားစေရန် လက်လှမ်းမီသမျှစုစည်းဖော်ပြရသော်-

၁။ အိမ်ထောင်မှု ဘုရားတည် တက်တူးရယ် အမတ်မင်းလို ခက်တယ်ကွယ်
၂။ အမြန်လမ်းသုံး သတိထုံး ၁၀၀ ကျော်ရင် ဂျွမ်းပစ်ဦး
၃။ ကားကြပ်ရှောင်ကာ လမ်းကြောင်းသာ မြေပုံသိမှ ရောက်နိုင်တာ
၎။ ရှေ့ပြောနောက်ကြည့်သတိရှိ ဖွဘုတ်ပေါ်မှာ လူတွေသိ
၅။ အုပ်ချုပ်ရေးမှူးမကိုးကွယ် ဖုန်းတွေပေးမှ နာလိမ့်မယ်
၆။ လမ်းကြေးတောင်းလျှင် သတိယှဉ် ပါးရိုက်ခံမှ အမှန်မြင်
၇။ နာမည်ကြီးချင် ပါးရိုက်သင်
၈။ ဖွတ်ကိုလည်းမချော့နှင့် မွတ်ကိုလည်း မပေါ့နှင့်
၉။ အရက်ကောင်းသောက်ချင် တောကိုဝင်
၁၀။ MPT ရဲ့ ကျေးဇူးမဟာ မာဆတ်ရောက်မှ သိနိုင်တာ
၁၁။ လိုင်းကားလိုသတ္တိဖြင့် ဘဝခရီးကိုရှေ့ဆက်ပါ
၁၂။ ကျူပင်ခုတ်ကျူငုတ်မကျန် တောကိုခုတ်အမြစ်မချန်
၁၃။ ထောင်ကျမှလူရာဝင် စာမတတ်မှအကောင်ထင်
ဟူသတတ်။




--
http://www.burmaburo.blogspot.com

No comments:

Post a Comment