Sunday 1 June 2014

  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်များကြား အခြေအနေတင်းမာ

30 May 2014 09:12(+0630) (လွန်ခဲ့သော 10 နာရီ ခန့်က)

Facebook "Like"-Dummy
 မောင်တောနယ်စပ်မှတ် တိုင်အနီးတွင် မေလ ၂၈ ရက်က မြန်မာစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ပြီး ကျဆုံးသွားသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်မှာ RSO အဖွဲ့မှ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်(BGB) မှ ဟု ပြောဆိုနေသောကြောင့် နှစ်နိုင်ငံနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များကြား တင်းမာမှု များဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မေလ ၂၈ ရက် နံနက်က မြန်မာပိုင်နက်နယ်စပ်မှတ်တိုင် အနီးသို့ အ၀ါရောင်ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦးခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်လုံခြုံရေးစောင့်နေသည့် ခမရ(၃၅၂)က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ခိုးဝင်လာသော နှစ်ဦးအနက် တစ်ဦးကျဆုံးကာ သေနတ်တစ်လက်ကိုပါ မြန်မာစစ်တပ်က သိမ်းဆည်းနိုင်ခဲ့သည်။

''သူတို့က အ၀ါရောင်ယူနီ ဖောင်းသာဝတ်ထားပြီး ဘာတံ ဆိပ်မှ တပ်မထားဘူး။ ဘာပဲဖြစ် ဖြစ် နယ်စပ်ခြံစည်းရိုးအနားကို ခိုးဝင်လာတဲ့အတွက် ပစ်တာပါ။ နယ်စပ်လုံခြုံရေးအရ လုပ်ခဲ့တာ။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် က သူတို့တပ်ဖွဲ့ဝင်ပါလို့ အ ကြောင်းကြားတဲ့အတွက် မကျေ လည်မှုတွေတော့ဖြစ်နေတယ်'' ဟု နယ်ခြားစောင့် လုံခြုံရေးရဲတပ် ဖွဲ့မှ ဒုတိယရဲမှူးကြီးအဆင့်ရှိ ရဲ အရာရှိကပြောသည်။

မေလ ၂၉ ရက်တွင် မောင် တောနယ်စပ်၌ မြန်မာစစ်တပ်နှင့် RSO လက်နက်ကိုင်တပ်ဖွဲ့တိုက် ပွဲဆက်ဖြစ်ကာ RSO အဖွဲ့မှ သုံး ဦးကျဆုံးခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း မဟုတ်မှန်ကြောင်း မောင်တောနယ်စပ်လုံခြုံရေးအဓိက တာဝန်ယူထားသည့် အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ရင်းမှူး ဒုတိယရဲမှူးကြီး သီဟန်ကပြောသည်။

''ဒီနေ့ဘာမှ ဆက်မဖြစ် ဘူး။ နယ်စပ်တစ်လျှောက်တော့ စစ်တပ်ရော ရဲပါ လုံခြုံရေးကို အ ချိန်ပြည့်စောင့်နေပါတယ်''ဟု ဒု တိယရဲမှူးကြီး သီဟန်ကပြော သည်။

နှစ်နိုင်ငံနယ်ခြားစောင့်တပ်

ဖွဲ့ကြား မေလ ၂၁ ရက်က အလံတင်ဆွေးနွေးပွဲတွင် RSO တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မြန်မာတပ်ဖွဲ့

ဝင်လေးဦး ကျဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆွေးနွေးတောင်းဆိုစဉ် အခြေအနေတင်းမာမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Author:  အောင်ခိုင်၊ အောင်သစ်လွင်
7DAY DAILY

RSO သူပုန်တွေနဲ့ မြန်မာ ဘင်္ဂ္လား နယ်စပ်မှာ တိုက်ပွဲ ထပ်ဖြစ်

30 May 2014 05:32(+0630) (လွန်ခဲ့သော 13 နာရီ ခန့်က)

Facebook "Like"-Dummy
  မေလ ၂၈ ရက် မနက် ၉ နာရီက မြန်မာ- ဘင်္ဂ္လားဒေ့ရှ် နယ်စပ် မိုင်တိုင် အမှတ် ၅၂ အနီးမှာ RSO သူပုန် တွေနဲ့ မြန်မာ အစိုးရ စစ်တပ် အကြား တိုက်ပွဲ ဖြစ်ပွား ခဲ့တဲ့ အတွက် အသေ လူအပျောက်တွေ ရှိခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း တစ်ဘက် နိုင်ငံက ဝင်ရောက် လာတဲ့ အာရ်အက်စ်အို မွတ်ဆလင်အဖွဲ့ဝင် တစ်ယောက်ကို လက်နက်တွေနဲ့ အတူ အသေ ဖမ်းမိ ခဲ့တယ်လို့ မောင်တောမြို့နယ်ရဲမှူးကြီးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

ဖမ်းမိတဲ့ လက်နက် အမျိုးအစားက M22 ဖြစ်ပြီး ကျည်ကပ် ၄ ခုနဲ့ ကျည်ဆံ ၉၈ တောင့်ကို သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။

ခမရ ၃၅၂ ၊ စစ်ကြောင်း ၁ က ဗိုလ်ဇော်မိုးအောင် ဦးစီးတဲ့ အစိုးရ တပ်ဖွဲ့နဲ့ နာရီဝက် ကြာတိုက်ပွဲ ဖြစ်ခဲ့တာ လို့လည်း သူကပြောပါတယ်။

အခု ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ဒီလ အတွင်း တတိယ အကြိမ်မြောက် ဖြစ်ပြီး မေလ ၁၇ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ မြန်မာ အစိုးရ ဘက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဝင် လေးယောက် ကျဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာတဲ့ အတွက် နယ်စပ် တလျှောက်မှာ ဘင်္ဂ္လားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့တွေကို တိုးမြှင့် ချထားတာ တွေလည်း ရှိနေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

RSO သူပုန်တွေက နယ်စပ် ဖြတ်ကျော် လာပြီး တိုက်ခိုက်

မြန်မာသံအမတ်ကြီးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆင့်ခေါ်

(နိရဉ္စရာ- ၃၀ မေလ ၂၀၁၄) / မောင်အေး
Bangladesh_Myanmar flagနယ်စပ်တွင် မြန်မာတပ်ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသော ဘင်္ဂလာ နယ်ခြားစောင့် အရာရှိတစ်ဦးနှင့် ပတ်သတ်ပြီး ဒက္ကားရှိ မြန်မာသံအမတ်ကြီးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ယမန်နေ့က ဆင့်ခေါ်ခဲ့ကြောင်း သတင်း ရရှိသည်။
ယင်းသို့ ဆင့်ခေါ်ပြီးနောက် မြန်မာတပ်ဖွဲ့၏ တိုက်ခိုက်မူကြောင့် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး နယ်စပ်တွင် ပျောက်ဆုံးနေမူနှင့် ပတ်သက်ပြီး ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ကန့်ကွက်စာ တစ်စောင်ကိုလည်း မြန်မာဘက်သို့ ပေးအပ်ခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြသည်။
မေလ ၂၈ ရက် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ နံနက်က မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ် မိုင်တိုင် (၅၂) အနီးတွင် မြန်မာလုံခြုံရေး တပ်ဖွဲ့တစ်ခုနှင့် BGB ( Border Guard Bangladesh) ဟု ခေါ်သော ဘင်္ဂလာဒေခ်ျ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့နှင့် ထိတွေ့ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး BGB အရာရှိ တစ်ဦးဖြစ်သူ မီဇာနူရ် ရာဟာမန် ပျောက်ဆုံးနေခဲ့သည်ဟု ဆိုသည်။
၎င်းအရာရှိအား မြန်မာဘက်မှ ဖမ်းဆီထားသည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယူဆထားပြီး အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးအပ်ရန် ဘင်္ဂလာဒေခ်ျ့ နိုင်ငံက မြန်မာသို့ တောင်းဆိုကြောင်း မြန်မာ သံအမတ်ကြီးအား ပြောဆိုသည်ဟု သိရသည်။
မြန်မာသံအမတ်ကြီးကမူ ယင်းကိစ္စအား သက်ဆိုင်ရာ မြန်မာအာဏာပိုင် တာဝန်ရှိသူများထံတင်ပြပြီး အမြန်ဆုံး ပြန်လည် အကြောင်းပြန်ကြားပေးမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။
အလားတူ ရန်ကုန်ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံးကလည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနအား ကန့်ကွက် စာတစ်စောင် ယမန်နေ့က ရေးသားပေးပို့ခဲ့ပြီး ယင်းဖြစ်စဉ်အား အမြန်ဆုံး စစ်ဆေးပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း ဘင်္ဂလားမြန်မာနယ်စပ် နယ်စပ်မှတ်တိုင် ၅၂ အနီးတွင် ပုံမှန် လုံခြုံရေးတာ ၀န် ထမ်းဆောင်နေသည့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို မြန်မာနယ်ခြားစောင့်တပ်မှ ပစ်ခတ်ခဲ့သည့် အတွက် ဘင်္ဂလာနယ်ခြားစောင့် အရာရှိဖြစ်သူ မီဇာနူရ် ရာဟာမန် ပျောက်ဆုံးနေကြောင်း ဘင်္ဂလာတာ ၀န်ရှိသူ များမှ ပြောဆိုသည်။
ပျောက်ဆုံးနေသည့် ဘင်္ဂလာနယ်ခြားစောင့်တပ် အရာရှိဖြစ်သူ မီဇာနူရ် ရာဟာမန်နှင့်အတူ အမ်း ၂၂ ရိုင်ဖယ် တစ်လက်နှင့်အတူ ကျဉ်ဆန် ၁၂၀ ပျောက်ဆုံးနေကြောင်းဆိုသည်။
မြန်မာ-ဘင်္ဂလာနယ်စပ်တွင် မေလ ၁၃ ရက်နေ့က တစ်ကြိမ်၊ ၁၇ ရက်နေ့က တစ်ကြိမ် ဘင်္ဂလာဒေခ်ျ့ နယ်မြေတွင် ခိုအောင်းနေသော လက်နက်ကိုင် မူဆလင် အဖွဲ့တစ်ခုနှင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် မြန်မာဘက်ကမှ ရဲတပ်ဖွဲ့ဝင် (၄) ဦးကျဆုံးခဲ့ရသော်လည်း လက်နက်ကိုင် အကြမ်းဖက် အုပ်စုများအား ခိုလုံခွင့်ပေးထားသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ အပေါ် မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာမှ လူသိရှင်ကြား တစ်စုံတစ်ရာ ကန့်ကွက်ခဲ့မူ မရှိကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ တပ်ဖွဲ့တွေ အကြား တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို

(နိရဉ္စရာ- ၃၀ မေလ ၂၀၁၄)
BGB-guardမြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်ဘက်တပ်ဖွဲ့အကြား ယနေ့ညနေ ၄ နာရီခန့်က ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။
တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကို Bdnews24.com အပါအ၀င် ဘင်္ဂလာဒေခ်ျ့ အွိုင်လိုင်း သတင်းများတွင် ဖေါ်ပြသည်။
တိုက်ပွဲမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် နတ်ကျောက်ဆရီမြို့နယ် အနီးရှိ နယ်စပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အကျအဆုံး အထိအခိုက်ကို မသိရသေးကြောင်း BGB ဘင်ဒရိုဘင် ခရိုင် တပ်မှူး ဗိုလ်မှူးကြီး Col KM Saiful Islam က ပြောကြောင်း သတင်းများတွင် ဖေါ်ပြသည်။
ယင်းပြင် တိုက်ပွဲ ဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း၊ သို့သော်လည်း ဘင်္ဂလာဒေခ်ျ့မှ အရာရှိ တစ်ဦး ကျဆုံးသွားခြင်းအပေါ် မြန်မာဘက်သို့ ကန့်ကွက်ပြီးနောက် တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် အခြေအနေမှာ အထူးရှုတ်ထွေးနေကြောင်း၊ သတိထားရမည့် အခြေအနေလည်း ရှိနေကြောင်း ကော့စ်ဘဇားမြို့မှ ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
သို့သော်လည်း တိုက်ပွဲ ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး နိရဉ္စရာ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါ။
မူရင်းလင့်ကို အောက်တွင် ကြည့်နိုင်ပါသည်။
http://bdnews24.com/bangladesh/2014/05/30/bgb-trades-gunfire-with-myanmars-border-police





--
http://www.burmaburo.blogspot.com

No comments:

Post a Comment