Monday 30 July 2012


2012/7/16 phro chay <phrochay.02@gmail.com>
မဟာကျိန် သစ္စာရှင်ဘုရားကြီး လက်ယာဘက် မျက်လုံးတော်မှ ရောင်ခြည်တော်ကွန့်မြူး
          မြန်မာ သက္ကရာဇ် ၁၃၇၄ ခု၊ ပထမ၀ါဆိုလပြည့်ကျော် (၉) ရက် (၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်)၊ ကြာသပတေးနေ့ ညနေ ၇ နာရီအချိန်တွင် မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ဆရာတော် အရှင်ကုလရက္ခိတဦးဆောင် တည်ထားသော ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းဆုံရှိ ဥာဏ်တော်အမြင့် ၁၂၉ ပေ၊ ၆ လက်မရှိသော မဟာကျိန် သစ္စာရှင်ဘုရားကြီး၏ လက်ယာဘက်မျက်လုံးတော်မှ ရောင်ခြည်တော်များ ထူးခြားစွာ ကွန့်မြူးကြောင်း သိရှိရပါသည်။
          ဘုရားကြီး ဂေါပကများနှင့် ဘုရားဖူးများ၏ ပြောကြားချက်အရ ဘုရားကြီး၏ လက်ယာဘက် မျက်လုံးတော် မှ ထိုနေ့ ညနေ ၇ နာရီခန့်တွင် အဖြူရောင် အစက်အပြောက်များ ရုတ်တရက်လှုပ်ရှားကွန့်မြူးလာပြီး တဖြည်းဖြည်းနှင့် မျက်လုံးအိမ်တော်တစ်ခုလုံး အဖြူရောင်ဖုံးလွှမ်းသည်အထိ နာရီဝက် ကြာရောင် ရောင်ခြည်တော်များ လှည့်ပတ် ကွန့်မြူးနေကြောင်း သိရှိရပါသည်။
          အောက်ပါပုံတော်သည် ဘုရားဖူးတစ်ဦးမှ ရောင်ခြည်တော်ကွန့်မြူးနေစဉ် ဖုန်းဖြင့်ရိုက်ကူးထားသော ပုံများဖြစ်ပါသည်။ ဘုရားကြီးဥာဏ်တော်မြင့်မားမှုကြောင့်လည်းကောင်း၊ ညနေပိုင်းအချိန်တွင် ဖုန်းဖြင့်ရိုက်ယူ ထားသောကြောင့်လည်းကောင်း ကြည်လင်ပြတ်သားမှု မရှိသော်လည်း ကြည်ညိုနိုင်ရန် အလို့ငှာ ဖော်ပြလိုက်ရပါသည်။

Inline image 1

Inline image 3


မေတ္တာဖြင့်

ဖြိုးသျှေ


















No comments:

Post a Comment