Friday 28 June 2013

ဒီမိုဝေယံ








Posted: 28 Jun 2013 06:39 AM PDT
6.27.16
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော်မှ သြ၀ါဒစကား မိန့်ကြားစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲဆောင်ရွက်သွားရန် ဇွန် ၂၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်ရွာမရှိ အောင်ဆန်းတပ်ဦး ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော် ဘုရားကြီးက တိုက်တွန်းခဲ့သည်။
''အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဆိုတဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ အမျိုးစောင့်၊ ဘာသာစောင့်၊ သာသနာစောင့်ရုံတင် မကဘဲ နိုင်ငံပါ စောင့်ရှောက်နိုင်ဖို့ အတွက် ငုံမိ၊ ခြုံမိတဲ့ စကားလုံးရွေးဖို့တော့ လိုပါတယ်။ ဦးဆောင်ကော်မတီတစ်ခု ဖွဲ့စည်းပြီးတော့ ဖွဲ့စည်းပုံရယ်၊ အခြေခံစည်းမျဉ်းရယ်၊ စကားလုံး ရွေးချယ်ပုံရယ်၊ အဖွဲ့ရဲ့ အမည်နာမရယ်၊ စနစ်တကျ ပြန်လည်စိစစ် ဆောင်ရွက်ဖို့ သံဃာတော် အရှင်သူမြတ်အားလုံးရဲ့ ရှေ့မှောက်မှာ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကို တပည့်တော် လျောက်ထားပါတယ်။

 ဂိုဏ်းဂဏပေါင်းစုံ ညီညွတ်ခြင်းနဲ့ ဖွဲ့စည်းထားတဲ့ သံဃမဟာနယက အဖွဲ့ကြီးနဲ့ မျိုးစောင့် သံဃ၀ံသာနုရက္ခိတ အဖွဲ့နဲ့ ဘယ်လို လက်တွဲမလဲ၊ ဘယ်လိုသဘောထား ညီညွတ်အောင် လုပ်မလဲ၊ နှစ်ဘက် ဘယ်လို ညှိနှိုင်းမလဲ ပေါင်းစည်းညီညွတ်မှုက အရေးကြီးပါတယ်'' ဟု သီတဂူဆရာတော် အရှင်ဥာဏိဿရက မိန့်ကြားခဲ့သည်။
ဗုဒ္ဓဘာသာ ရဟန်းတော်များ အနေနှင့် လက်ရှိဖြစ်ပျက်နေသော အခြေအနေများအား ဗုဒ္ဓ၏ လမ်းညွန်မှုဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ညီညွတ်ခြင်းဖြင့် မိမိအလုပ်ကို မိမိဆက်လက် လုပ်ဆောင်ရန် သီတဂူဆရာတော်က တိုက်တွန်းခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသားများကြား ငြိမ်းချမ်းရေးရရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း ယခုကဲ့သို့ ဘာသာရေး ဆန့်ကျင်ဘက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းသည် ထိုလမ်းကြောင်းမှ သွေဖည်သွားစေရန် ရည်ရွယ်သည်ဟု ထင်မြင်ယူဆကြောင်းနှင့် ထိုသို့လာ၍ လှုပ်တိုင်း မလှုပ်မိစေဖို့ရန်၊ လှုံ့ဆော်သူများ၏ လက်သုံးမဖြစ်ဖို့ရန်...

သီတဂူဆရာတော်က အခမ်းအနားရှိ သံဃာတော်များအား ''သေးငယ်တဲ့ မတော်တဆ ဖြစ်တာတွေကို အကျယ်မချဲ့မိဖို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ မူဆလင်ဘာသာ စတဲ့ ဘာသာဝင်အားလုံးကို ဒီနေရာကနေ တောင်းပန်ပါတယ်။ ဒီအရိပ်ကိုခိုပြီး ဒီသစ်ပင်ကို မဖျက်ဆီးကြဖို့ ဒီသစ်ပင်ကို စောင့်ရှောက်ကြဖို့ တောင်းပန်ပါတယ်။ ရန်ငြိုးမဖွဲ့သင့်သည်ကို အကျယ်မချဲ့မိဖို့ လိုအပ်ပါတယ်။ အကျယ်ချဲ့ခြင်းက ငြိမ်းချမ်းရေး ပျက်စီးခြင်းရဲ့ အကြောင်း၊ ညီညွတ်မှု ပျက်စီးခြင်းရဲ့ အကြောင်းပါပဲ။ ဒီနေ့ တပည့်တော်တို့ နိုင်ငံမှာ ဒါမျိုးတွေ ခဏခဏ ဖြစ်နေတယ်။ အဲဒါတွေကို တပည့်တော်တို့တွေက ၀င်မပါမိစေဖို့ ၀င်ထိန်းပေးဖို့၊ တပည့်တော်တို့ အားလုံး ဆောင်ရွက်ကြရမှာဖြစ်တယ်။ အဲဒါမျိုးတွေမှာ ၀င်ပါရင် တိုင်းမ်မဂ္ဂဇင်းက စွပ်စွဲတဲ့ သွေးပူအောင်၊ လုပ်တဲ့အထဲ တပည့်တော်တို့ ရောက်သွားလိမ့်မယ်'' ဟု မိန့်ကြားခဲ့သည်။
အမြင်ကျယ်ကျယ်ဖြင့် အလုပ်လုပ်ဖို့ လိုအပ်ကြောင်းကိုလည်း ဟောပြောခဲ့ပြီး သံဃာတော်များ အနေနှင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၏ နောက်တွင် မည်သူရှိနေသည်ကို သိမြင်ဖို့ လိုသည်ဟုလည်း မိန့်ကြားခဲ့သည်။

ထို့နောက် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ရန် အတွက် သံဃာထု၏ နောက်တွင် International Outlook ရှိသော ပုဂ္ဂိုလ်များ၊ ဥပဒေ ပညာရှင်များပါ ရှိရန်လိုအပ်ပြီး အစိုးရ အပါအ၀င် ပြည်သူများပါ ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
6.27.17
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော် သြ၀ါဒမိန့်ကြားနေစဉ်
အစိုးရနှင့် တိုင်းရင်းသားများကြား ငြိမ်းချမ်းရေးရရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း ယခုကဲ့သို့ ဘာသာရေး ဆန့်ကျင်ဘက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းသည် ထိုလမ်းကြောင်းမှ သွေဖည်သွားစေရန် ရည်ရွယ်သည်ဟု ထင်မြင်ယူဆကြောင်းနှင့် ထိုသို့လာ၍ လှုပ်တိုင်း မလှုပ်မိစေဖို့ရန်၊ လှုံ့ဆော်သူများ၏ လက်သုံးမဖြစ်ဖို့ရန် ဆရာတော်က တိုက်တွန်းလိုက်သည်။

အလွန်မွန်မြတ်သော တပည့်တော်တို့ နိုင်ငံ၏ စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံး လက်တွဲနေမယ် ဆိုတာကို နိုင်ငံတော် အစိုးရဘက်က စတင်နေတဲ့ အချိန်မှာ အဲဒီစနစ် မအောင်မြင်အောင်၊ အဲဒီစနစ်ကို ဖြိုခွဲဖို့ ဘာသာရေး လှုံ့ဆော်မှုတွေ ၀င်လာတယ်လို့ တပည့်တော် တွေးမိတယ်။ အဲဒီလို ကိုင်လှုပ်တိုင်း၊ တပည့်တော်တို့ မလှုပ်မိကြဖို့ လှုံ့ဆော်သူတွေရဲ့ လက်သုံးဖြစ်မသွားဖို့ အရှင်ဘုရားတို့၊ တပည့်တော်တို့အားလုံး သတိထားတော် မူကြရန် လိုအပ်ပါတယ်'' ဟု သီတဂူဆရာတော် ဘုရားကြီးက အခမ်းအနားသို့ တက်ရောက်လာသည့် သံဃာတော် ၁၀၀၀ ကျော်ကို တိုက်တွန်းခဲ့သည်။

ထို့ပြင် သီတဂူဆရာတော်ကြီးက ဇွန် ၁ ရက်ထုတ် တိုင်း(မ်) မဂ္ဂဇင်းဆောင်ပါးတွင် မြန်မာနိုင်ငံ၏ ရဟန်းတော် တစ်ပါးအား ဗုဒ္ဓဘာသာ အကြမ်းဖက်သမားဟု အဓိပ္ပာယ်ရသည့် (The Face of Buddhist Terror) အဖြစ် စွပ်စွဲဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ဆောင်းပါးရေးသားသူအား ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်းနှင့် ရေးသားသူ၏ ရေးသားချက်များ အားလုံးကို ကန့်ကွက်ကြောင်း မိန့်ကြားခဲ့ပြီး သံဃာတော် အစည်းအဝေးကြီးတွင် သဘောထားခံယူခဲ့ရာ သြ၀ါဒခံယူပွဲသို့ တက်ရောက်လာသည့် သံဃာတော်များက သဘောတူညီ ခဲ့ကြသည်။

နိဂုံးချုပ်တွင် သီတဂူဆရာတော်က အမျိုးဘာသာ  သာသနာကို စောင့်ရှောက် နိုင်ရေးသည်
 နိုင်ငံတော်အစိုးရနှင့် လက်တွဲ ညီညွတ်ဖို့ အရေးကြီးကြောင်း၊ ဥပဒေပညာရှင်များအဖွဲ့၊ နိုင်ငံတကာကို သိမြင်သည့် သံဃာတော်များဖြင့် ညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း သည်းခံခြင်းတို့ဖြင့် ဆောင်ရွက်သွားကြရန် သံဃာတော်များအား မိန့်ကြားခဲ့သည်။

EMG
Posted: 27 Jun 2013 08:41 AM PDT

"အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးကြိုးပမ်းမှု ရည်ရွယ်ချက်ကောင်းဟု သီတဂူဆရာတော်ကြီးမိန့်"

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမှုသည် ရည်ရွယ်ချက်ကောင်းကြောင်း၊သံဃာ ၁၀၀၀ ကျော်တက်ရောက်သည့် အမျိုး ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ၌ သီတဂူဆရာတော်ကြီးက တစ်နာရီကျော်ကြာ မိန့်ကြားသော သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။

ထို့အပြင် သီတဂူဆရာတော်ကြီးက အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ရပ်ပေါ်ပေါက်က အစိုးရ၊
နိုင်ငံတော်သံဃမဟာနာက၊ သံဃာထုတစ်ရပ်လုံး စည်းစည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အကြံပေးဆွေးနွေးသူ ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်ကလည်း ယင်းဥပဒေသည် လူ့အခွင့်အအရေးနှင့်ညီကြောင်း၊ အခြားနိုင်ငံများတွင် ၄င်းတို့ ဘာသာများအတွက်ခတ်ထားသော ခြံစည်းရိုးကို လူ့အခွင့်အရေးနှင့်မညီဟု မပြောကြောင်းစသည်ဖြင့် ဥပဒေကြောင်းရာများဆွေးနွေးခဲ့သည်။

ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)
ပေါ်ပြူလာဂျာနယ်..
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment