Sunday 30 June 2013

ဗဟုသုတ ရဖွယ်ရာမို့ ပါ။




Dear colleagues,
This is interesting analytical paper written by the experienced observer of many successful and failed transitions to democracy. A lot food for thought.

Best, Igor
----------------
မိတ်ဆွေများခင်ဗျာ
Educational Initiative ကနေ စီစဉ်တဲ့ ဒီမိုကရေစီဖတ်စာ Democracy Reader က ဒီအပတ်မှာတော့ ဒီမိုကရေစီအရေးကျွမ်းကျင်သူ နာမည်ကျော်ပညာရှင် ပါမောက္ခ လာရီဒိုင်းမွန်း ရေးသားတဲ့"နိုင်ငံရေးအရ သဘောတူညီချက် တစ်ရပ်လိုအပ်ချင်း" ဆောင်းပါးသစ်ကို ဘာသာပြန်ဆိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဆောင်းပါး ကို edu.initiatives.library@gmail.comမှာလည်း ဖတ်ရှု့နိုင်ပါတယ်။
နိုင်ငံရေးအရ သဘောတူညီချက်တရပ် လိုအပ်ခြင်း (၁)
လာရီ ဒိုင်းမွန်း

လာရီဒိုင်းမွန်းက Journal of Democracy ရဲ့ပူးတွဲအယ်ဒီတာဖြစ်ပြီး စတန်းဖို့ဒ် တက္ကသိုလ် Center on Democracy, Development, and the Rule of Law မှ ညွှန်ကြားရေးမှုးတစ်ဦးလည်းဖြစ်ပါတယ်။ ဆောင်းပါးကို  ၂၀၁၂ အောက်တိုဘာလထုတ် Journal of Democracy မဂ္ဂဇင်းထဲမှာ "မြန်မာနိုင်ငံတွင် ပွင့်လင်း လာ ခြင်း"ခေါင်းစဉ်အောက်မှာ အရင်ဆုံးဖော်ပြခဲ့ပြီး  မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေအပေါ်မှာ အလေးပေးသုံးသပ်ခဲ့ပါတယ်။
"မြန်မာနိုင်ငံသည် နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်အတွင်း ကျရောက်နေသည်"လို့  လာရီဒိုင်းမွန်းက သူ့ရဲ့ ဆောင်းပါးကိုအဖွင့်ရေးသားထားပါတယ်။ "အလွန်အမင်း အာဏာရှင်ဆန်ဆန်ကျင့်သုံးခဲ့သည့် စစ်အစိုးရမှ  နေ၍ တစုံတရာအခြေအနေသို့ တိုင်းပြည်က သွားနေသည်" လို့ဆက်ပြီးရေးသားထားပါတယ်။ "တစုံတရာ အခြေအနေ" ဆိုတာက ဒီမိုကရေစီလည်း ဖြစ်နိုင်သလို "ဒီမိုကရေစီတပိုင်း စစ်တပ်တပိုင်း ပေါင်းစပ်ထားသော စပ်ကြားစနစ်" လည်းဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအသွင်ကူးပြောင်းမှုက အလားအလာကောင်းတဲ့ ဒီမိုကရေစီကို မွေးထုတ်ပေးနိုင်သလို " မကျေနပ်မှုတွေ ပြင်ပြင်းထန်ထန်ဖြစ်နေပြီး မတည်ငြိမ်တဲ့ အာဏာရှင် တပိုင်းအစိုးရ" ကိုလည်းမွေးထုတ်ပေးနိုင်ပါတယ်။
"ဒီမိုကရေစီ အောင်မြင်အောင်တည်ဆောက်ရေးလမ်းကြောင်းမှာအဟန့်အတားကြီးစွာ အခက်အခဲဖြစ်နေစေ မည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အင်စတီကျူးရှင်းဆိုင်ရာ ပြဿနာ ၃ ခုကို" ဆောင်းပါးနောက်ပိုင်းမှာ လာရီဒိုင်းမွန်းက ဖော်ပြထားပါသေးတယ်။ အဆိုပါ ပြဿနာတွေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ အလေး ပေးဆွေးနွေးရမှာပါ။  နိုင်ငံရေးမှာ အဓိကပါဝင်ပက်သက်နေသူတွေ ပူးပေါင်းဆွေးနွေးထားတဲ့ အသွင်ကူးပြောင်း ရေး သဘောတူညီချက်ထဲမှာ ထည့်သွင်းဆွေးနွေးဖို့လိုတယ်လို့ သူက ယုံကြည်ပါတယ်။
အခုလိုရေးသားပြီးတော့ သူက ဆောင်းပါးကို နိဂုံးချုပ်ထားပါတယ်။ "လာမည့်၂-နှစ်တာကာလအတွင်းတွင်  မြန်မာနိုင်ငံအနေဖြင့် လုပ်ဆောင်ရန် နိုင်ငံရေးကိစ္စများစွာရှိနေပါသည်… ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းလာမည်လား သို့မဟုတ် ဒီမိုကရေစီလမ်းကြောင်းပေါ် ၎င်းကို ၎င်း တင်ထားနိုင်မည်လား သို့မဟုတ် မည်သို့သော ဒီမိုကရေစီလမ်းကြောင်းဆိုသည်ကို အားလုံးသဘောတူညီနိုင်ကြမည်လားဆိုသည် တို့မှာ လာမည့် ၂ နှစ်တွင်နိုင်ငံရေးအခြေအနေ မည်သို့ဖြစ်ပေါ်လာသည် ဆိုသည့်အပေါ်အကြီးအကျယ် မှီတည် နေပါသည်…. …စစ်အစိုးရနှင့် ဒီမိုကရေစီအင်အားစုများအကြား စစ်တပ်နှင့်အရပ်သားတို့အကြား  အဓိက အတိုက်အခံအင်အားစု(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) နှင့် ပိုအားငယ်သည့် အင်အားစုများအကြား လူများစု ဗမာ နှင့် အထွေထွေသောတိုင်းရင်းသား လူနည်းစုတို့အကြား ရှုပ်ထွေးခက်ခဲလှသည့် အချင်းအချင်းအပြန် အလှန် ချိတ်ဆက်နေသည့် အပေးအယူပြုမှုများ သဘောတူညီမှုများအတွက် အလေးအနက်ညှိနှိုင်းမှုများ လိုအပ်နေပါသည်…အတိုက်အခံအင်အားစုများက ဆွေးနွေးပွဲစကားဝိုင်းတွင် အစိုးရနှင့် ထိရောက်စွာမတွေ့ဆုံ မဆွေးနွေးမီတွင် ယင်းတို့်အချင်းချင်း ထိတွေ့ဆွေးနွေးကြရန်လည်းလိုအပ်နေပါသည်။ သူတို့အနေဖြင့် ပိုစုစည်း ညီညွတ်သည့် နိုင်ငံရေးအရပိုလက်ရည်တူဖြစ်သည့် နည်းပရိယာယ်ပိုင်းအရ ပိုပူးပေါင်းဆောင်ရွက်မည့် တပ်ဦး (တပ်ပေါင်းစု) တခုကို တည်ထောင်ကြရန်လိုအပ်ပြီး အစိုးရနှင့်တွေ့ဆုံကြရမည်ဖြစ်သည်…"
အခုဆောင်းပါးကို ဖတ်ရှု့ခြင်းဖြင့် စဉ်စားဆင်ခြင်စရာတွေ အများကြီးထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ စာဖတ်သူတွေတချို့က သူတို့ရဲ့ မိတ်ဆွေတွေနဲ့အတူ အခုဆောင်းပါးကို မျှဝေပြီး ပါမောက္ခ ဒိုင်းမွန်းရဲ့ လေ့လာ သုံးသပ်မှုတွေနဲ့ အကြံပေးချက်တွေကို အတူတကွဆွေးနွေး ကြမယ်လို့တောင် မျှော်လင့်မိပါတယ်။ နိုင်ငံရေး စိတ်ဝင်စားသူ တက်ကြွလှုပ်ရှားသူအုပ်စုတွေက ဆောင်းပါးကိုဖတ်ကြပြီး ဆောင်းပါးထဲက အတွေးအခေါ်တွေ စိတ်ကူးစိတ်သန်းတွေကို အတူတကွဆွေးနွေးကြလို့ ဧရာဝတီဆိုဒ်မှာ တင်ထားတဲ့ ဒီမိုကရေစီဖတ်စာ Democracy Reader အစီအစဉ်က  စိတ်ကူးသက်သက်အီလက်ထရောနစ်ပုံစံကနေ လက်တွေ့ဘ၀မှာ အကောင်အထည်ပေါ်လာပြီး အသက်ဝင်လာရင်လည်း ကျွန်တော်တို့အနေနဲ့ အများကြီးနှစ်ထောင်းအားရ ဖြစ်မိ မှာပါ။ ပါမောက္ခ ဒိုင်းမွန်းရဲ့ အကဲဖြတ်ဝေဖန်မှုတွေကို မိတ်ဆွေတို့အနေနဲ့ သဘောတူနိုင်သလို သဘောမတူ တာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ မိတ်ဆွေတို့ဆွေးနွေးနိုင်ဖို့ အရေးကြီးတဲ့ စိတ်ကူး တွေကို သူကပေးအပ်နေတယ်ဆိုတာပါ။ မိတ်ဆွေတို့က ဒီဆောင်းပါးကိုနောက်ထပ်မျှဝေချင်လို့ pdf ပုံစံနဲ့ လိုချင်တယ်ဆိုရင်လည်း edu.initiatives.library@gmail.com မှာ ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် လာရောက်ဆက်သွယ်နိုင်ပါတယ်။
ဒီမိုကရေစီ နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပညာရပ်ဆိုင်ရာ လေ့လာကိုးကားစရာ စာအုပ်စာတမ်းတွေကို ကျွန်တော်တို့ရဲ့ www.eduinitiatives.org မှာရှာကြည့်နိုင်ပါတယ်။ အင်္ဂလိပ် ဘာသာနဲ့ ရေးသားထားတာတွေ အများကြီးရှိသလို တချို့ကိုလည်းမြန်မာလိုပြန်ဆိုထားပါတယ်။ နောက်ဆုံးအသစ်တင်ထားတာတွေကတော့ "နိုင်ငံတကာဆက်ဆံရေးပညာမိတ်ဆက်" http://www.eduinitiatives.org/courses/introduction-international-relations နဲ့ ကျွန်တော်တို့ကျောင်းသားဟောင်းတွေရေးသားပြုစုထားတဲ့ "မြန်မာပြည်အရေးတွင် တရုတ်ပြည်အခန်းကဏ္ဍ" နဲ့ "မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုတွင် ဒီမိုကရေစီပညာရေးအခန်းကဏ္ဍ" စာတမ်တို့ပါပဲ။
ကျွန်တော်တို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/pages/Educational-Initiatives-Burma/242593362527323 ကိုလည်း လာရောက်ချိတ်ဆက်ပူးပေါင်းလို့ရနိုင်ပါသေးတယ်။ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပက်သက်ပြီးစိတ်ဝင်စားဖွယ်ဆောင်းပါးတွေရဲ့ လင့်ခ်တွေ နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု အတွေ့အကြုံရှိထားပြီသားတခြားနိုင်ငံတွေအကြောင်းဆောင်းပါးတွေကို အဲဒီမှာတင်ပေးထားတတ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/pages/Educational-Initiatives-Burma/242593362527323 ကိုလည်း လာရောက်ပူးပေါင်းလို့ရနိုင်ပါသေးတယ်။
အကြံပြုပြောဆိုချင်တာတွေရှိရင်လည်း ဒီမိုကရေစီဖတ်စာ Democracy Reader ရဲ့ အယ်ဒီတာတွေကို edu.initiatives.library@gmail.com မှာ အီးမေလ်းကနေတဆင့် လွတ်လွတ်လပ်လပ် စာရေးဆက်သွယ်နိုင် ပါတယ်။
ဆန္ဒမွန်များစွာဖြင့်
အီဂေါ(ကျောင်းအုပ်ကြီး)
Educational Initiatives / FAT




--
http://www.burmaburo.blogspot.com

No comments:

Post a Comment