တခါတုန်းကတော့
လန်ဒန် သိမ်းမြစ်ကမ်းပါးမှာ
ဂျီအီးဟာဗေး ဆိုတဲ့ သမိုင်းပညာရှင်ကြီးက
သူ့ တပည့် အိုင်စီအက်စ် ဦးချမ်းသာကို
ဟောဒီလို ပြောခဲ့ ပါသတဲ့ .....
" မင်းတို့ မြန်မာလူမျိုးဟာ.....
အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ
ဥာဏ်အတော်ဆုံး၊ သတ္တိအကောင်းဆုံးဘဲ
ဒါပေမဲ့ ....မင်းတို့ လူမျိုးဟာ
အချင်းချင်း မညီညွတ်ချင်ဘူး
တယောက်ကို တယောက်က မနာလိုချင်ဘူး
တစ်ဦးကိုတစ်ဦး က ကုန်းချောချင်တယ်
အဲဒါကြောင့်.....မင်းတို့ ဟာ
တိုးတက်သင့်သလောက် မတိုးတက်ဘူး"
ကျွန်တော်အိုင်စီအက်စ်
ဦးချမ်းသာ (စာ. ၂၃၄)
Monday, 31 January 2011
Wednesday, 19 January 2011
မလင်းပြာသို့ 
မောင်သာနိုး (မောင်သိင်္ဂါ)
ပြန်လည်ဆန်းသစ်ခြင်း၊ ဇန္ဒဝါရီ ၁၂-၂၀၁၁
မလင်းပြာ
မင်းဘာကြောင့်မိုက်ချင်တာလဲ
မလင်းပြာ
မင်းဘာကြောင့်စိမ်းရတယ်
မလင်းပြာ
ငါ့ လက်တံလက်မောင်းတွေဟာ
ဒလက်ကြမ်းချီတက်လာနေတဲ့ 
သံချပ်ကာ တင့်ကားကြီးကို
ကာဆီးဟန့် တား
ဆွဲကိုင်ရပ်ထားနိုင်အောင်သန်မာရမယ်။
မလင်းပြာ
ငါ့ရင်ကိုခွဲ
ငါ့အသဲနှလုံးကိုထုတ်
နောက်တလှမ်းဆုတ် ရှေ့ တအားပစ်သွင်းလိုက်ရင်
မရင်းတပ်သားတွေ အတုံးအရုံး
ဗုံးကနဲ ဗုံးကနဲ့ 
လဲသေစေနိုင်ရမယ်။
မလင်းပြာ
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော့ ချင်ဘူးကွယ်
မလင်းပြာ
ငါဗီယက်နမ်ကိုသွားရမယ်။
အဲဒီမှာ
ရွှ့ံရည်ညစ်ညစ်
သလုံးသားနစ်တဲ့ လယ်တရိုးမှာ
ပျိုးနှုတ်နေသူ လုံမရဲ့ 
ကျောက ရိုင်ဖယ်ကိုယူ
ကျူးလာသူလေယာဉ်မှန်သမျှ
ငါစောင့်ပစ်ပေးရမယ်။
မလင်းပြာ
ငါ ရိုတီးရှားကိုသွားရမယ်။
အဲဒီမှာ.....
လူဖြူလက်ဆုတ်စာက
ငါတကော မင်းလုပ်
ပြည်သူကိုချယ်လှယ်သွေးစုတ်ပြီး
ကျွန်လုပ်ညှဉ်းဆဲနေကြရာ
ရရာလက်နက်ကိုကိုင်စွဲ
ပြည်သူတွေ
တော်လှန်စစ်ကိုဆင်နွှဲနေကြရာ
အသားမဲတွေ ဖက်က
ငါဝင်ကူတိုက်ပေးမယ်။
မလင်းပြာ...
မိုဇမ်ဗစ် အန်ဂိုးလာ
ဇန်ဘာဗွေ ကွန်ဂိုး
အာဖရိက တရိုးမယ်
နိုးကြားလက်နက်စွဲ
တိုက်ပွဲဝင်နေသူလူမဲတွေရဲ့ 
ခြိမ့် ခြိမ့် သဲစစ်ဗုံးသံ
ဘဝဂ်သို့ ညံနေရာ
ငါစစ်ချီတေးတွေ သွားဆိုမယ်။
မလင်းပြာ
ငါ လက်တင်အမေရိက ကိုသွားရမယ်။
အဲဒီမှာ..
ဗင်နီဇွဲလား ကင်ယွန်
ရေတခွန် ရှိုအကြား
ပြောက်ကျားစခန်းတခုကနေ
လှုပ်ရှားမှု့ ရေးရာများနဲ့ ပတ်သက်လို့ 
ရဲဘော်` ချေ` ဂွေဗားရားရဲ့ 
ညွန်ကြားချက်တစောင်ကို
တောင်တွေဖြတ်သန်း
မြိုင်တန်းတွေရှိုဝင်
လွင်ပြင်မှာ ဝပ်တွား
ပြေးလွှားပို့ ပေးမဲ့ 
တော်လှန်ရေး ဆက်သားတွေ
လိုနေ သတဲ့ ကွယ်။
မလင်းပြာ
ငါ နယူးရောက် ကိုသွားရမယ်။
အဲဒီမှာ...
ဗီယက်နမ် စစ်ညစ်ရပ်စဲပစ်
တို့ လူငယ်တွေမသေချင်ဘူး
ရင့်ကျူးဟစ်ဆို
အင်ပါယာ
အဆောက်အဦးကြီးပြိုမတတ်
ဖြိုမရ ခွဲမရ
ဆန္ဒပြတတ်ကြီးတွေ
ဒီရေ လှိုင်းအိ
တတိတိ ချီတက်နေရာ
ငါ ပိုစတာတခုဆွဲပြီးလိုက်အုံးမယ်။
မလင်းပြာ
မင်းဘာကြောင့် မိုက်ချင်တယ်
မလင်းပြာ
မင်းဘာကြောင့်စိမ်းချင်တယ်
မလင်းပြာ
မင်းပြည်သူတွေကို ချစ်တယ်ဆိုရင်
မလင်းပြာ
မင်းပြည်သူတွေကို သနားတယ်ဆိုရင်
ပြည်သူ့ တပ်ဖျားက
စစ်သားကြီးတယောက်ရဲ့ 
တောက်ပတဲ့ သံမဏိနှလုံးသားကိုမှ
အားယိမွကျေ
နှင်းဆီပန်းနုနုလေး ကိုမင်းချေချင်ရသလဲ။
မလင်းပြာ...
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော့ ချင်ဘူးကွယ်
မလင်းပြာ
ငါအခုဘဲစစ်ထွက်ရတော့မယ်။
(ဗီယက်နမ်စစ်ပွဲ ကာလက ဆရာမောင်သာနိုးရေးခဲ့ သောစစ်ဆန့် ကျင်ရေး ကဗျာဖြစ်သည်)
မောင်သာနိုး (မောင်သိင်္ဂါ)
ပြန်လည်ဆန်းသစ်ခြင်း၊ ဇန္ဒဝါရီ ၁၂-၂၀၁၁
မလင်းပြာ
မင်းဘာကြောင့်မိုက်ချင်တာလဲ
မလင်းပြာ
မင်းဘာကြောင့်စိမ်းရတယ်
မလင်းပြာ
ငါ့ လက်တံလက်မောင်းတွေဟာ
ဒလက်ကြမ်းချီတက်လာနေတဲ့ 
သံချပ်ကာ တင့်ကားကြီးကို
ကာဆီးဟန့် တား
ဆွဲကိုင်ရပ်ထားနိုင်အောင်သန်မာရမယ်။
မလင်းပြာ
ငါ့ရင်ကိုခွဲ
ငါ့အသဲနှလုံးကိုထုတ်
နောက်တလှမ်းဆုတ် ရှေ့ တအားပစ်သွင်းလိုက်ရင်
မရင်းတပ်သားတွေ အတုံးအရုံး
ဗုံးကနဲ ဗုံးကနဲ့ 
လဲသေစေနိုင်ရမယ်။
မလင်းပြာ
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော့ ချင်ဘူးကွယ်
မလင်းပြာ
ငါဗီယက်နမ်ကိုသွားရမယ်။
အဲဒီမှာ
ရွှ့ံရည်ညစ်ညစ်
သလုံးသားနစ်တဲ့ လယ်တရိုးမှာ
ပျိုးနှုတ်နေသူ လုံမရဲ့ 
ကျောက ရိုင်ဖယ်ကိုယူ
ကျူးလာသူလေယာဉ်မှန်သမျှ
ငါစောင့်ပစ်ပေးရမယ်။
မလင်းပြာ
ငါ ရိုတီးရှားကိုသွားရမယ်။
အဲဒီမှာ.....
လူဖြူလက်ဆုတ်စာက
ငါတကော မင်းလုပ်
ပြည်သူကိုချယ်လှယ်သွေးစုတ်ပြီး
ကျွန်လုပ်ညှဉ်းဆဲနေကြရာ
ရရာလက်နက်ကိုကိုင်စွဲ
ပြည်သူတွေ
တော်လှန်စစ်ကိုဆင်နွှဲနေကြရာ
အသားမဲတွေ ဖက်က
ငါဝင်ကူတိုက်ပေးမယ်။
မလင်းပြာ...
မိုဇမ်ဗစ် အန်ဂိုးလာ
ဇန်ဘာဗွေ ကွန်ဂိုး
အာဖရိက တရိုးမယ်
နိုးကြားလက်နက်စွဲ
တိုက်ပွဲဝင်နေသူလူမဲတွေရဲ့ 
ခြိမ့် ခြိမ့် သဲစစ်ဗုံးသံ
ဘဝဂ်သို့ ညံနေရာ
ငါစစ်ချီတေးတွေ သွားဆိုမယ်။
မလင်းပြာ
ငါ လက်တင်အမေရိက ကိုသွားရမယ်။
အဲဒီမှာ..
ဗင်နီဇွဲလား ကင်ယွန်
ရေတခွန် ရှိုအကြား
ပြောက်ကျားစခန်းတခုကနေ
လှုပ်ရှားမှု့ ရေးရာများနဲ့ ပတ်သက်လို့ 
ရဲဘော်` ချေ` ဂွေဗားရားရဲ့ 
ညွန်ကြားချက်တစောင်ကို
တောင်တွေဖြတ်သန်း
မြိုင်တန်းတွေရှိုဝင်
လွင်ပြင်မှာ ဝပ်တွား
ပြေးလွှားပို့ ပေးမဲ့ 
တော်လှန်ရေး ဆက်သားတွေ
လိုနေ သတဲ့ ကွယ်။
မလင်းပြာ
ငါ နယူးရောက် ကိုသွားရမယ်။
အဲဒီမှာ...
ဗီယက်နမ် စစ်ညစ်ရပ်စဲပစ်
တို့ လူငယ်တွေမသေချင်ဘူး
ရင့်ကျူးဟစ်ဆို
အင်ပါယာ
အဆောက်အဦးကြီးပြိုမတတ်
ဖြိုမရ ခွဲမရ
ဆန္ဒပြတတ်ကြီးတွေ
ဒီရေ လှိုင်းအိ
တတိတိ ချီတက်နေရာ
ငါ ပိုစတာတခုဆွဲပြီးလိုက်အုံးမယ်။
မလင်းပြာ
မင်းဘာကြောင့် မိုက်ချင်တယ်
မလင်းပြာ
မင်းဘာကြောင့်စိမ်းချင်တယ်
မလင်းပြာ
မင်းပြည်သူတွေကို ချစ်တယ်ဆိုရင်
မလင်းပြာ
မင်းပြည်သူတွေကို သနားတယ်ဆိုရင်
ပြည်သူ့ တပ်ဖျားက
စစ်သားကြီးတယောက်ရဲ့ 
တောက်ပတဲ့ သံမဏိနှလုံးသားကိုမှ
အားယိမွကျေ
နှင်းဆီပန်းနုနုလေး ကိုမင်းချေချင်ရသလဲ။
မလင်းပြာ...
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော့ ချင်ဘူးကွယ်
မလင်းပြာ
ငါအခုဘဲစစ်ထွက်ရတော့မယ်။
(ဗီယက်နမ်စစ်ပွဲ ကာလက ဆရာမောင်သာနိုးရေးခဲ့ သောစစ်ဆန့် ကျင်ရေး ကဗျာဖြစ်သည်)
Saturday, 15 January 2011
Subscribe to:
Posts (Atom)