ကျမဆန္ဒ
အမေရေ ............
ဂျပန်အရှေ့ ဖျားမှာ
ကြုံတွေ့ နေရတဲ့ 
သဘာဝအန္တရယ်တွေဟာ
အိမ်မက်တွေ မဟုတ်ပါဘူး။
သူသူ ငါငါ
လူတကာရဲ့ နှလုံးသား
ခြောက်ခြားလို့ သွားစေရ
မြင်တွေ့ ရ အနိဌါရုံတွေ
ဘူးလဲရာ ဖရုံဆင့် သလို
တမျိုးပြီး တခု
တခုပြီးတသွယ်
ယိုစိမ့် လို့ နေလေရဲ့ 
အင်အားကြီး ငလျင်
ဆူနာမိရေ အလျှင်ကြောင့်
နူးကလီးယားဓါတ်ပေါင်းဖိုပေါက်
လူတကာဒုက္ခရောက်ခဲ့ ကြပေါ့ ။
အမေရေ...........
ဂျပန်အရှေ့ ဖျားမှာ
သမီးတို့ ကွန်းခိုနားလာခဲ့ တာ
ဆယ်စုနှစ် နှစ်ပြန်ကြာ
အချိန်တွေ ကြာသွားလိုက်တာ
တနေ့ နေ့ တချိန်ချိန်
ကိုယ်အိမ် ကိုယ့် ယာ
ကိုယ့်တိုင်းပြည်ဆိုတာကို
ပြန်ရနိုးနိုးမျှော်ကိုးလို့ စောင့်စား
အိမ်အလွမ်းများသားပိ
ရင်ထဲမှာမချိခဲ့ ပါလေ။
အမေရေ............
အခုနေအခါ
ဆုတောင်းတိုင်းသာ
ပြည့်မယ်ဆိုရင်
ဆုတောင်းလိုက်ချင်စမ်းပါရဲ့ 
နောင်နှစ်ခါမှ စ
ရောက်ရှိလို့ လာကြမဲ့ 
အမေ့ မွေးနေ့ ရက်တိုင်းမှာ
လက်ဆယ်ဖျာအုပ်မိုး
ရှစ်ခိုးလို့ ဦးတင်
အမေ့ ရှေ့ မောက် ဒူးထောက်
သမီးရောက်ခွင့် ရချင်ပါရဲ့ ရှင်။
လေးလေး (တိုကျို)
No comments:
Post a Comment