Tuesday, 14 June 2011


ရန်ကုန် မြို့တော် တိုးချဲ့ရေး စီမံကိန်း.... ဆောင်ပါးရှင် (ဒေါက်တာလှိုင်မြင့်)

Posted: 14 Jun 2011 05:28 AM PDT

ဆူးလေဘုရားနှင့်မှတ်တမ်းရုံး(၁၈၆၈) ဓါတ်ပုံ ကောင်းမြတ်ဟန် Picasaမှ
၁၉၄၈ခုနှစ် ဇန္နဝါရီလ(၄)ရက် လွတ်လပ်ရေးနေ့ အခါသမယက ရန်ကုန်မြို့မြင်ကွင်း ရုပ်သံ...
ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်  

ရန်ကုန် မြို့တော် တိုးချဲ့ရေး စီမံကိန်း
ဆောင်ပါးရှင် (ဒေါက်တာလှိုင်မြင့်)
ယနေ့  ရန်ကုန်မြို့ တော်ကြိးဟာ မူလဗြိတိသျှ တို့ အုပ်ချုပ်စဉ်အခါက လူဦးရေ နှစ်သိန်းအတွက် ရာထားတဲ့ စီမံကိန်း တည်ဆောက် ထားခဲ့တာပါ။ လွတ်လပ်ရေးရခါစက လူဦးရေ လေးသိန်းလောက် ရှိခဲ့ပါတယ်။ ပြည်တွင်းစစ်ကြီိးဖြစ်လာတော့ လူဦးရေပိုတိုးများလာခဲ့ပါတယ်။ တခါ ၁၉၅၈- ဦးနေ၀င်း အာဏာ အနုနည်းသိမ်းခဲ့တဲ့ (အိမ်စောင့်အစိုးရလက်ထက်မှာ) တနည်း အာဏာအပြီးသိမ်းဖို့  ရီဟာဆယ် လုပ်ချိန်က သာကေတမြို ၊့ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သုဝဏ္ဏ မြို့သစ်စတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက မြို့တော်ဝန်ရုံးက ဗိုလ်ကြီးဆို ထောသွားတာမှ အခုယောက်လမ်းမှာ ကောင်းပေ့ဆိုတဲ့နေရာမှာပါ...။  အဲဒါကြောင့် ကျနော်တို့ လူရွှင်တော်ကြိး ကိုဇာဂနာကလဲ.. ၁၉၈၂ လောက်မှာ အမေရိကန် သမ္မတကြီးရော်နယ်ရီဂင်က လုံခြုံရေးပါရဂူတွေနဲ့ ညှိနှိုင်းတဲ့ အစည်းအဝေးမှာ သူက ရုရှားကနေ တိုက်ချင်းပစ် ဒုံးပျံတွေနဲ့ ပစ်လာခဲ့ရင် အာကာသထဲမှာတင် ဖေါက်ခွဲပြစ်နိုင်အောင် လုပ်လို့မရဘူးလား မေးလိုက်ပါတယ်။

အဲဒီကနေ ဒုံးခွင်းဒုံးစနစ် စတင်ပေါ်ပေါက်လာပါတယ်။ အင်္ဂလိပ်လိုတော့ STAR WAR ပေါ့။ အဲဒီမှာ ဇာဂနာကလဲ အဖေါက်မှာတော့ နှိုးတူးလေ။ သမ္မတကြိးရီဂင်ကကွာ စတားဝါး စီမံကိန်းကို သူစထွင်တာပါ လာလုပ်နေသေးတယ်။ သူက ၁၉၈၂- မှ စတာပါမောင်။ ငါတို့ဆီမှာ စတားတွေ ၀ါးနေတာ သူ့ထက် အနှစ်နှစ်ဆယ် စောပါတယ်မောင်။ နောက်သူက ပြောသေးတယ်။ စစ်ဗိုလ်တွေနဲ့ မောင်နှမ မောင်နှမနဲ့ ပေါင်ခွ လုံးထွေးနေသူ အမျိုးသမီးတွေကို ဒေါ်စတားလုံးတဲ့။

ထားပါတော့။ ရန်ကုန်မြို့ဟာ ယခင်က နှစ်ထပ်တိုက်တွေကနေ နောက်ပိုင်း အထပ်မြင့်တွေ ဆောက်လာတော့ လူနှစ်သိန်းစာ အတွက်လုပ်ထားတဲ့ မြေအောက် ရေဆိုးပိုက်တွေ ရေသန့်ပိုက်တွေက တိုးလာတဲ့လူဦးရေနဲ့ မနိုင်တော့ဘူး။ ကြာလာတော့ ပိုက်တွေကလဲဆွေးလာ မိလ္လာပိုက်နဲ့ ရေသန့် ပိုက် ရောကူးကုန်တဲ့အထိ အခြေအနေ ဆိုးလာပါတယ်။ လူဦးရေတသန်းမက ရန်ကုန်မြို့လယ်မှာ နေထိုင်နေပါတယ်။ လမ်းတွေကလည်း ၄၁-လမ်း အရှေ့ပိုင်းသာ လမ်းအနည်းငယ် (ပေ-၄၀-ပေ) ကျယ်ပြီး ကျန်မြို့တွင်းပိုင်း လမ်းတွေက မြင်း၊လှည်းခေတ်အတွက် အကျယ်-ပေ-၂၅-ပေ လမ်းတွေသာ ဖြစ်နေပါတယ်။

အဲဒီတော့ ရန်ကုန်မြို့ကြီးက စက်မှုခေတ်အတွက် စီးပွားရေးတိုးချဲ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ မြို့သစ်မတိုးချဲ့တော့ မြို့ဟောင်းက မြေနေရာက ကျဉ်းတော့ ရန်ကုန်မြို့ရဲ့ မြေဈေးက တပေပတ်လည် ဈေးနှုန်း ကမ္ဘာမှာ ဈေးအမြင့်ဆုံးထဲ ရောက်နေပါတယ်။ အဲဒီလို မြေကျဉ်းမြောင်းတာ နိုင်ငံတကာနဲ့ စီးပွားကုန်သွယ်ရင် နှောင့်နှေးဖင့် နေပါတယ်။ စီးပွားရေး တကယ်တမ်း ထိုးတက်လာရင် ယဉ်ကျောပိတ်တာနဲ့တင် လုပ်ငန်းတွေ ထိုးရပ်သွားပါမယ်။ နောက်ဆိပ်ကမ်းက ပိုဆိုးနေပါတယ်။ ဘယ်လိုမှ နိုင်ငံတကာကို ယှဉ်ပြိုင်လို့မရနိုင်ပါ။ မြန်မာဆိပ်ကမ်းကို တန် ၁၂၀၀၀- အထက်သင်္ဘောတွေ မ၀င်နိုင်ပါဘူး။ အခုခေတ်က တန်ငါးသောင်း.. တန်းတစ်သိန်းလို သင်္ဘောတွေနဲ့ ကုန်စည်ပို့ နေတဲ့ခေတ်။

ရှေးက ရန်ကုန်မြို့အား ဒလဘက် အခြမ်းမှ မြင်ကွင်းဓါတ်ပုံ ကောင်းမြတ်ဟန် Picasaမှ
အဲဒီတော့ ဦးနေ၀င်း လက်ထက်ကတည်းက ရန်ကုန်မြို့တော်ကို ဒလဘက် တိုးချဲ့ရေး စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဦးနေ၀င်း လက်ထက်မှာ တိုးချဲ့ရအောင် နိုင်ငံတကာနဲ့ ကုန်သွယ်ရေးက ဘယ်လောက်မှမရှိဘူး။ အရေးမကြီးလှပါဘူး။ ဒါပေမဲ့ န.၀.တ လက်ထက်မှာကျတော့ ကုန်သွယ်ရေးတွေ မြင့်တက်လာတော့ သင်္ဘောဆိပ်ခံ နေရာကြပ်တည်းမှု ပေါ်လာပါပြီ။ သင်္ဘောတွေ ရေလည်မှာဆိုက်ထားရလေ သင်္ဘောငှားရမ်းခက တနေ့ဆိုတနေ့ တက်နေရရှာပါတယ်။ ဒါတောင် ရေလယ် ရပ်နေခအဖြစ် အစိုးရကို သင်္ဘော အရွယ်အစားအလိုက် တနေ့ကို ဒေါ်လာ- ၁၅၀၀- ကနေ ၂၂၀၀- အထိပေးနေရပါတယ်။ ဆိပ်ကမ်းကပ်ရင်တော့ တနေ့ ၃၀၀၀-လောက်ပေးရတယ် ထင်ပါတယ်။ အဲဒီအဖိုးအခတွေ တက်လာသမျှက ကျနော်တို့ ကုန်တွေ အပေါ်ဈေးနှုန်း ထိခိုက်စေတာပါ။

အခုဘန်ကောက်မှာ ဆန်တင်တယ်ဆိုရင် တန်ချိန်-၅-သောင်း သင်္ဘော။ တစ်မနက် ကပ်လိုက်တာနဲ့ အဆင်သင့်ရှိနေတဲ့ ဆိုင်လို ကြီိးတွေပေါ်ကနေ ဝေါဆို လောင်းထည့်လိုက်တာ တမနက်ဆို ပြည့်သွားပြီ။ ညနေ သင်္ဘောခွာနိုင်ပြီ။ သင်္ဘောကတန်-၅-သောင်း။ ငှားခက ထားပါတော့ တနေ့ကို ဒေါ်လာ ၄၀၀၀၀-လောက်ပေးရတယ်။ တတန်ကိုတနေ့အတွက် တစ်ဒေါ်လာလောက်ဘဲ တက်တယ်။  ကျနော်တို့က သင်္ဘောကအသေး တန်း၁၀၀၀၀- ငှားခက တနေ့ ၁၅၀၀၀- အထက်မှာ။ ဆိပ်ကမ်း ကပ်ကုန်တင်တော့ ကရိန်းနဲ့ ဆန်အိတ်နဲ့ တင်တယ်။ မိုးလေကင်းရင် ၁၀-ရက်လောက်တင်ရတာ။ မိုးရွာရင် တာလပတ်နဲ့ အုပ်ထား ပိတ်ထားပေတော့။ ၁၀-ရက်ဘဲထားပါ။ သင်္ဘောခက ၁၀-ရက်စာ ဒေါ်လာ- ၁၅၀၀၀၀- ခွဲတက်သွားပြီ။ ဆန်တစ်တန်အပေါ် ဆိပ်ကမ်းမှာတင် ၁၅-ဒေါ်လာတက်နေပြီ။ တခါ ရန်ကုန် ပင်လယ်ပေါက်ကို တလ(ရက်-၃၀ မှာ) ကို လပြည့်ရက်မှာ - ၆--ရက်လောက် အ၀င်အထွက် လုပ်နိုင်တယ်။ လကွယ်ရက်မှာ-၈- ရက်လောက် အ၀င်အထွက် လုပ်နိုင်တယ်။ ကျန်ရက်တွေ ကျောက်ချ ရပ်ထားပေးတော့။ ပေးပေဦးတော့ မြန်မာဆိပ်ကမ်းကို ရပ်နားခ။ ဆန်ကလဲ ၀န်ကြီးကို ဆန် တတန်ကို ၅ /၆ ဒေါ်လာနှုန်း ပေးရသေးတယ်။ တန် ၁၀၀၀၀- ထုတ်ချင်ရင် ဒေါ်လာ-၅၀၀၀၀- သူ့လက်ထဲ အရင်ပေးဘဲ။

နောက်ဆုံး ဆန်ဈေးနှုန်းကို ထိုင်းကို ဘယ်လိုလုပ် ယှဉ်နိုင်ပါတော့မလဲ။ နာတာကတောင်သူတွေ။ အရေးထဲ တပ်ရိက္ခာဆိုပြီး ဓါးပြအတိုက်ခံရသေးတယ်။ နောက်ဒီလိုဘဲ ဓါတ်မြေသြဇာ ပြန်သွင်းတော့လဲ အိတ်နဲ့ မိုးလေသာမှ။ အိတ်ဖိုးနဲ့ အလေအလွှင့်က ရှိသေး။ အဲဒီတော့ ဓါတ်မြေသြဇာ ဈေးကျပြန်တော့လဲ ထိုင်းထက်များနေပြန်။ ကြားထဲ စိုက်ပျိုးရေးဝန်ကြိးကို ကော်မရှင်က တစ်တန်ကို ၅-ဒေါ်လာနှုန်း ပေါ်ရသေးတယ်။ တခါတိုင်းအဆင့် မြို့နယ်အဆင့်တွေ ဈေးထပ်တင် ခွဲတမ်းဘာညာ လုပ်တော့ ဓါတ်မြေသြဇာဈေးက မတရား ခေါင်ခိုက်ကုန်ရော။ ထိုင်းမှာက သင်္ဘောပေါ်ကနေ လေနဲ့စုပ်တင်လိုက်တယ် ဂိုဒေါင်ထဲ ပိုက်ကြီးပေါ်ကနေ ဝေါဝေါနဲ့ကျနေတယ်။ လိုသလို ပိုက်ကို ရွှေ့ပေးနေတာ။ တနေဆို ဆန်၃--၄ သောင်း တင်ပြီးပြီ။ နောက်ကားကြီးတွေနဲ့ လာတင်တယ်။ မြေကော်တဲ့ ကားကြိးတွေနဲ့ ကော်တင်ပေးလိုက်တယ်။ လေးငါးခေါက် ကော်တင်လိုက်ရင် ကားဖင်ထိုင်သွားပြီ။ အထွက်တန်ချိန် ဒါဘဲ ။ ဘာအလုပ်သမားမှ မရှိဘူ ။

အဲဒီလိုတွေ တင်နေကြတာ ၀န်ကြီး၊ ညွှန်ချုပ်တွေ ခရီးထွက်နေ ရောက်နေတာပဲ။ ကျနော်က အဲဒီလို လုပ်ချင်လာတယ်။ နားလည်သူ အတွေ့အကြုံ ရှိသူတွေကိုမေးတယ်။ မှတ်သားတယ်။ စဉ်းစားနည်းတွေ မေးတယ်။ နောက် ဒေါက်တာချန်နရောင်းတို့နဲ့ စီမံကိန်းတွေရေးတယ်။ သူဆက်သွယ်ပေးလို့ အခု ထိုင်းက Italian-Thai နဲ့ဆက်ရတယ်။ နောက် Australia သူငယ်ချင်းတွေနဲ့ ညှိတယ်။ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း၊ အော်ဇီ တွေပါလာပြီး ရန်ကုန် လာလည်တယ်။ ဒလဘက်ကူးတယ်။ လျှောက်ကြည့်တယ်။ နောက်တနှစ်လောက် နေတော့ သူတို့ စီမံကိန်းအတွက် ပုံစံတွေ နဲ့လာပြီ။ စာအုပ်လို ချုပ်ထားတယ်။

အဲဒီအထဲမှာ သူတို့က အမေရိကန် ဒေါ်လာ သန်း-၂.၀ ထောင် (၂-ဘီလျှံ) ကျော်လောက်ရင်းနှီးမယ်။ သူတို့ အတွက် မြေဧက..၃၀၀၀-လောက်ကို အနှစ်-၅၀- ဆောက်လုပ် စီမံခန့်ခွဲခွင့် တောင်းတယ်။ B.O.T. (BUILT OPERATE TRANSFER)ပေါ့။ အခုထားဝယ်ရေနက်ဆိပ်ကမ်းလို ပုံစံပေါ့။ BUILT-ဆိုတာ ကိုယ့်အရင်းအနှီးနဲ့ ကိုယ်တည်ဆောက်။ OPERATE ကအနှစ်-၅၀- လုပ်ကိုင် ခွင့်ပေါ့ ။ နောက် TRANSFER က အစိုးရဆီကို အနှစ်-၅၀ -ပြည့်ရင် ပြန်လွှဲပေါ့ ။

ပါတာက မြေအောက်ရထားလမ်း။ တမြို့လုံးရဲ့ အဓိက သယ်ပို့ရေးက မြေအောက်ရထားတွေ မြို့တော်  ဆိပ်ကမ်းတွေ။ ဒလ ဘက်ခြမ်းမှာတင် ဆိပ်ကမ်းကြီး တန်-၃သောင်းကနေ ၅သောင်း သင်္ဘောကပ်နိုင်တဲ့ ဆိပ်ကမ်း- ၈-ခု။ သံလျှင်ဘက်ချမ်းမှာ ၅-ခု။ နောက် မြို့အလယ်မှာ အင်ယားကန်ထက် ကြီးတဲ့ ရေကန်ကြီးက -၃-ခု။ အဲဒီရေကန်တွေ ပတ်လည်မှာက အခုဝင်ဒါမီယာ၊ အင်ယားလမ်းတို့လို သူဌေးရပ်ကွက်တွေ ။ မြေတွေတူးဖို့ ထာပြီးတောင်ကုန်လေးတွေပါ ပါအုံးမယ်။ တောင်ကုန်းပေါ်မှာ ရွှေတိဂုံ ပုံတူ စေတီတော်ကြိးက ပါထားသေးတယ်။ ခရိယာန်ဘုရားကျောင်းတွေလည်း ပါထားသေးတယ်။ ဒလနဲ့ သံလျှင်ကို မြေအောက် ကားလမ်း ရထားလမ်း ဆက်ထားမှာပါ။

အဓိကကတော့ ဒလဘက်ကူးမယ့် တံတား။ လမ်းသစ်လမ်းကနေ ချိန်ထားပါတယ်။ အောင်ဆန်းလမ်းကနေ ချဉ်းကပ်ထားပါတယ်။ အောင်ဆန်းလမ်းထက်ကို မြင့်နေပါတယ်။ ဟိုဘက်မှာတော့ ဒလမြို့ ကို ကျော်သွားပြီး ဆုံးထားပါတယ်။ အောက်က တန်-၃၀၀၀-လောက် ပင်လယ်ကူးသင်္ဘောတွေ သွားနိုင်အောင် လွတ်ပါတယ်။ တံတားအောက်က ဒလအတွက်ပါမယ်။ အဲဒီကန်ကြိးတွေကနေမှ မြို့သုံးယူထားတော့ ရေအသစ်အမြဲ လဲပေးနေသလို ဖြစ်နေပါမယ် ။

တခါ ရန်ကုန်ဖြစ်ကို ဧရာဝတီ မြစ်နဲ့ အဖျောက်အောက်နားကနေ တူးမြောင်းနဲ့ ဆက်ထားပါမယ်။ အဲဒီတော့ ဧရာဝတီမြစ်ရေ အမြဲစီးဝင်စေပြီး မိုးရာသီမဟုတ်ချိန်မှာ ရန်ကုန်မြစ်ရေဟာ ကြည်လင်နေပါမယ်လို့ တွက်ဆထားပါတယ်။ ရေစီးအားလဲကောင်းလာပြီး ရန်ကုန်မြစ်ဝမှာ ရေလမ်းကြောင်းထိန်း ဒလက်တွေ ထောင်ပေးထားပြီး ရေရှည်မှာ ရေနက်လမ်းကြောင်းတခု ဖေါ်ဆောင်ထားဖို့ပါ။ တန် ၃-သောင်းမှ ၅-သောင်း အထိ သင်္ဘောတွေ တလကို နေ့ စဉ်အစဉ်အမြဲဝင်ထွက်နေနိုင်မယ်လို့ ရည်မှန်းထားပါတယ် ။

စက်မှုလုပ်ငန်းတွေအများစုဟာ သင်္ဘောဆိပ်ကမ်းအနီိးမှာ ရှိနေပြီး ကုန်တွေ ပို့ သယ်တာကို ခရီးနီးနီးလေး လုပ်ရတော့ စရိတ်စက အလွန်သက်သာလာရင် တခြားနိုင်ငံတွေကပါ ပိုမိုရင်းနှီးလာမယ်ပေါ့။ အဲဒီ စက်မှုဇုံတွေအနီးမှာ အလုပ်သမားတွေအတွက် အထပ်၂၀-လောက်တိုက်ခန်းတွေ အများကြီး။ အခုန သူဌေးအိမ်တွေ အများစုကလည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ ဈေးသက်သက်သာသာ နေနိုင်မယ့်အိမ်တွေ ဖြစ်ဖို့ပါ။ မြေအောက်ရထားကတော့ ရုရှားကို ကန်ထရိုက်ပေးမယ့် သဘော်ဖြစ်ပါတယ်။ နောက် ဆန်တင်တာလဲ ဆိုင်လိုစံနစ် မြေသြဇာလဲ ဆိုင်လိုပုံစံ။ ရေးထားတာတော့ အားရစရာကြီး။ အင်းယားလို ရေကန်ကြီးထဲမှာ စပိဘုတ်နဲ့  ရေလွှာစကိတ်စီိးနေသူ ပုံလေးပါ ပါသေးတယ်။

အဲဒီတော့ ထုံးစံအတိုင်း ကျနော်က ဗိုလ်ခင်ညွှန့်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှုးကြီးဖေငြိမ်းဆီသွားတင်ပြပါတယ် သူကလည်း လာဘ်စားမှုကင်းတယ်။ သဘောလည်း ကောင်းတယ်။ ကျနော်စိတ်လဲသိတယ်။ တခါထဲနောက်နေ့ ဗိုလ်ခင်ညွှန့်ကိုပြလိုက်တယ်။ စာအုပ် လေးအုပ်စလုံး သူအကုန် ယူထားလိုက်တယ်။  ကောင်းတယ်။ ငါသိပ်ကြိုက်တယ်။ မြေဧက အပေးအယူ လုပ်ငန်း သဘောတူညီချက်တွေကို ငါ စဉ်းစားအုံးမယ်။ ဒါဘယ်သူ့ မှ မပြတော့ဘူး။ ဒါငါ့ ကိုယ်ပိုင် ပရောဂျက်လို့ပြောပြီး ဗိုလ်မှုးကြီးဖေငြိမ်းကိုပင် ဘယ်သူမှ မသိစေနဲ့တော့။ အားလုံးကို အံ့အားသင့်စေမယ်ပေါ့။ သူအတက်ချီကေ့စ်ထဲ တခါထဲ သိမ်းလိုက်တော့တယ် ။

နောက်ပိုင်း ဗ.က.မ.ဖေငြိမ်းက ကျနော်ကို တခါခါ မရှင်းတာလေးမေးပါတယ်။ အဲဒါ- ၉၄-ခုနှစ်ကပါ။ ၉၄- ဇူလိုင်မှာ ဒေါ်စုကို နေအိမ်အကျယ်ချုပ်က လွတ်ရက်နီးနေပြီ။ အဲဒီမှာ မလွှတ်ဘဲ တနစ်ထပ်တိုးလိုက်တော့ သူတို့လန့်သွားပြီ။ ဒီပုံအတိုင်းလုပ်နေရင် သူတို့လည်း အစုရှယ်ယာရှင်တွေက ပြသနာ လုပ်လာနိုင်တယ်ဆိုပြီး သူတို့မလာတော့ဘူး။ သူတို့ရေးထားတဲ့ စာအုပ်တွေ ရအောင်ပြန် နှုတ်ပေးပါပေါ့။ ဘယ်လိုလုပ် ပြန်တောင်းရဲမှာလဲ။ ဗ.မ.က.ဖေငြိမ်း မေးလာတော့ ကုမ္မဏီ အဖွဲ့ကွဲ သွားတယ်ဘဲ ပြောလိုက်ရတော့တာပေါ့။ ဟိုကလည်း ဒီစာအုပ်ဘဲ ငွေကုန်ပါစေ ရအောင်ပြန်ယူပေးပါပေါ့။ ကျနော်လည်း နောင်ဆို ဖုံးကိုင်ရမှာကို လန့်လာတယ်။

စိတ်ထဲလဲမကောင်းဘူး။ အော်ဒီလို လာရင်းနှီးသူပေါ်လာအောင် တင်ပြလိုက်ရတာတွေ။ စိတ်ဝင်စားသူတွေ တောင်မနည်းပြောပြ ရှင်းပြနေရတာ။ လာတယ်။ ပြီးနိုင်ငံရေး ကတိမတည်တော့ ဟိုက ဘယ်လာရဲတော့မှာလဲ။ သြော်ဒို့ ပြည်ကတော့ တိုးတက်ဖို လမ်းကတော့ မမြင်ပေါ့။ ဒေါ်စုကို စဖမ်းတုန်းက နေအိမ်အကျယ်ချုပ် ဥပဒေကိုက အများဆုံးမှ ၃-နှစ်။ အဲဒါကို ၉၁ လွတ်ရက်နီးလာခါမှ ဥပဒေကို ပြင်တယ်ဆိုပြီး ၅-နစ်လုပ်တယ်။ တကယ်တော့ တရားသူကြီး အမိန့်ချကတည်းက- ၃-နစ်ဆိုထားတာကို ထပ်တိုးခွင့်မရှိတော့ဘူး။ နောက်ထွက်တဲ့ ဥပဒေက နောက်ကြောင်း ပြန်သက်ရောက်မှု မရှိစေရလို့ ဆိုထားမြဲ။

တကယ်တော့ ကိုယ်က မမှန်တာလုပ်ထားသူဆိုတော့ ဒေါ်စု ကို ယောင်္ကျားစိတ်အပြည့်နဲ့ မယှဉ်ပြိုင်ရဲတော့ မိန်းမရှာစိတ်နဲ့ ညစ်ပတ်တာ။ ဘယ်သူနာလည်း တိုင်းပြည်နာတာဘဲ။ ကတိက မတည်တာပါသေးတော့ ယုံကြည်မှုက တည်ဆောက်လို့ မရတော့ဘူး။ ဒေါ်စု ကို ဒီလောက်တောင် ကြောက်နေကြရတာ ပါလားလို့ လည်း သိလိုက်ပါတယ်။ စားလည်း ဒေါ်စု အိပ်လဲဒေါ်စု ကြောက်နေကြရတာကိုး။ ပါးစပ်ကတော့ မကြောက်ဘူး။ ဒူးက တုန်နေတယ်။

မျက်စေ့ထဲက သူတို့ဆွဲထားတဲ့ မြို့မြေပုံတွေ တိုက်တွေ ပုံတွေ ရေကန်ပုံတွေ တံတားကြီးပုံတွေ မျက်စေ့ထဲကကို မထွက်ဘူးဗျာ။ ကိုယ်တိုင်းပြည် တိုးတက်ပြီ အားခဲထားတာ။ သေရော .... ယောင်္ကျားစိတ် မပြည့်လို့။အခုဆို ၉၄- ကထဲကလေ။ အနစ်-၂၀ တောင်နီးလာပြီ။ ကျနော်ကလည်း ဗိုလ်ခင်ညွှန့်နဲ့ စကား တော်တော်အဆင်ပြေရင် ဒလဘက်မှာ မြေတွေ ၀ယ်မယ်ပေါ့။ ကတိ ပျက်ကွက်တာနဲ့ သွားပါလေရော ပလုံဘဲ။

ကနေ့ ဆရာကြီးဦးမြင့် အနေနဲ့ အခုဆိုကျနော်တို့ဆီက ကုမ္မဏီကြိးတွေ ကိုယ်အားကိုယ်ကိုးပြီးတောင် ဆောက်နိုင်နေပါပြီ။ ဗိုလ်ခင်ညွှန့်ဆီမှာ စာအုပ်ရှိလေ သေးလားတော့မသိ။ ဒလ စီမံကိန်း မလုပ်နိုင်သမျှ ကျနော်တို့ ကုန်သွယ်ရေးမှာ ကမ္ဘာကိုပြိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ အခုပိုဆိုးတာက နေပြည်တော်ဆိုပြီး တောထဲ ရုံးကိစ္စတွေ သွားလုပ်နေရတော့ ပြိုင်ကြည့်ပါ။ စာအုပ်မရှိတော့ရင်လဲ ကိုယ်ဖါသာ စီမံကိန်း  ရေးဆွဲလို့ ရနေတာပါဘဲ။ လူထုလည်း အလုပ်အကိုင်တွေ တိုးလာပါမယ်။ နိုင်ငံတော်အတွက် WIN - WIN ပါဘဲ။

တခုတော့ ရှိနေပါတယ်။ အခုကမ္ဘာကြီး ပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်လာမှာကို ကြိုတင် ပြင်ဆင် တွက်ချက်ထားရပါမယ်။ ဒါကလည်း ဟိုလူတွေ စီမံချက်မှာ ပါထားပြီးသား ဖြစ်ပါတယ်။ ရန်ကုန် လေယဉ်ကွင်းကိုတောင် ပင်လယ်ဖက်နီးနီးမှာ ပြထားပါတယ်။ နောက်မိလ္လာကိုလဲ အခုလိုကားနဲ့ စုပ်နေတာမဟုတ်ဘဲ တနေ့စာ မိလ္လာကို စက်နဲ့မှုတ်ပြီး နေရာ ၃/၄ ခုမှာစုစည်း မီသိန်းဓါတ်ထုတ်။ လျှပ်စစ်ထုတ်။ ကျန်တာရေသန့်  မြေသြဇာ ပြန်လုပ် အစုံပါထားတာပါ။

ကျနော်သိသမျှ မှတ်မိသမျှလေးပါ။ ဒီလိုမှန်းသိရင် ဗ.မ.က.ဖေငြိမ်းဆီ စာအုပ်ပေးတုံးက တအုပ် လစ်ထားလိုက်ပါတယ်ဗျာ ။ ဒီလိုဖြစ်သွားမယ် မတွက်ထားမိဘူး။ တခုရှိတယ်။ အဲဒီတုန်းက အင်ဂျင်နီယာက သူက ရန်ကုန်မှာ အခုတိုက်တွေ ဆောက်နေတာ ကြည့်ပြီး တော်တော်လေး ကျောချမ်းနေတယ်။ မင်းတို့ မြန်မာတွေ ဘာမှမသိတော့ အခုဆောက်ထားတဲ့ အိမ်တွေမှာ နေရဲကြတာ။ သိရင်နေရဲကြမှာ မဟုတ်ဘူးတဲ့။ သူကတိုင်ဝမ်သား။ ငါတို့ဆီမှာ အခုလိုရန်ကုန်မြစ်ထဲက သဲမျိုးနဲ့ အိမ်ဆောက်ခွင့်မရှိဘူး။ နောက် ကျောက်စရစ်(မြစ်သဲကျောက်ပေါ့) နဲ့က နစ်ထပ်ထက် ပိုတဲ့အိမ်တွေ လုံးဝ ဆောက်ခွင့်မရှိဘူးတဲ့။ အခုကတော့ တိုက်အမြင့်ကြီး တွေမှာကို ကျောက်စရစ်တွေနဲ့ ဆောက်နေကြတာ။ ရန်ကုန်မြစ်ပေါက်က သဲတွေနဲ့ ဆောက်နေကြတာ။ ငလျှင်လှုပ်လို့ကတော့ ရစ်ချက်တာ စကေး ၆.၅ ကျော်တာနဲ့ လူတွေ သိန်းချီ သေကုန်ပါမယ်။

ဆရာကြီးဦးမြင့် အဲဒီကိစ္စ အဲဒီ့အင်ဂျင်နီယာပြောတာ ဟုတ်မဟုတ် အတည်ပြုစေချင်ပါတယ်။ သူကတော့ ငလျှင်လှုပ်လိုက်ရင် မင်းတို့ဆီက ဆေးရုံတွေက အစ ပြိုကုန်တော့ ဘယ်သွားကုကြမှာလည်းတဲ့။ ဒေါက်တာ နေဇင်လတ်ဆိုရင် စစ်ဗိုလ်အာခီတက်ပါ။ သူပို သိနိုင်ပါမယ် ။

အားလုံးကိုလေးစားလျှက်

လှိုင်မြင့် ။

ချိန်ခါသင့်ပြီ ဆောင်းပါးရှင် (အောင်မျိုးထွန်း)

Posted: 14 Jun 2011 03:39 AM PDT

တရုတ်အစိုးရက ရေပြင်ပိုင်နက်အငြင်းပွားမှုဟာ သက်ဆိုင်ရာနိုင်ငံနှစ်ခုရဲ့ အရေးဖြစ်တာကြောင့် တခြားနိုင်ငံတွေ၊ ဒေသအဖွဲ့ အစည်းတွေ လက်ရှောင်နေဖို့  သတိပေးသံ ထွက်လာတာကို ကြားရတဲ့ အခါ အလွန်အံ့သြမိပါတယ်။ မဆိုင်သူဘေးဖယ် ကြားညပ်သွားမယ် ဆိုတဲ့သဘောပါ။ ဗီယက်နမ်အနေနဲ့ ဒီအကြပ်အတည်းကို တစ်ကိုယ်တော် ကြိတ်တာထက်စာရင် သူ့ဘက်ကရပ်တည် နိုင်မယ့် တခြားအစိုးရတွေကို ပါဝင်ပက်သက်စေချင်ပုံ ရပါတယ်။ ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံနဲ့ ထိပ်တိုက်တွေ့တော့မှာမို့ စာရွက်တွေပေါ်က စစ်ရေး၊ နိုင်ငံရေးထောက်ပံ့မှုကို လိုအပ်နေပါတယ်။

ဗီယက်နမ်ရော၊ တရုတ်ရော တစ်ပါတီစနစ်နဲ့ မောင်းနှင်နေတဲ့ ကွန်မြူနစ်နိုင်ငံတွေပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း စီးပွားရေးတစ်ဟုန်ထိုး တိုးတက်လာကြပြီး ဒေသတွင်းနဲ့ နိုင်ငံတကာကပါ အာရုံစိုက်ခံလာရတဲ့ နိုင်ငံနှစ်ခု ဖြစ်ပါတယ်။

 (စကားချပ်..... တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ သူပိုင်ငါပိုင် အငြင်းပွားနေတဲ့ Spratly Islands ကျွန်းစုနဲ့ ပိုင်ဆိုင်တယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေရဲ့ နေရာပြမြေပုံပါ..။ အဝေးဆုံးက တရုတ်ပါပဲ ကိုလံဘတ်တို့ ခေတ်ကလို ခေတ်သစ် ကိုလိုနီလာလုပ်တဲ့ ပုံစံပေါ့..။ အဓိကကတော့ အဆိုပါကျွန်းစုတွေမှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ငါးဖမ်းလုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်းတွေ ပြုလုပ်ကြပါတယ်...။ တရုတ်ကတော့ ၁၇၄၂ကတည်းက မင်မင်းဆက် မြေပုံထဲမှာ အဆိုပါ ကျွန်းစုတွေကို နိုင်ငံနယ်နိမိတ်ထဲမှာ ပါဝင်တယ်လို့ ဆိုပြီး ဗီယက်နမ် နိုင်ငံကတော့ ၁၈ရာစု မြေပုံထဲမှာ နိုင်ငံပိုင်ကျွန်းစုတွေလို့ ဆိုထားပါတယ်..။ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ကြည့်ရင်တော့ ငါးဖမ်းသဘောင်္တွေနဲ့ တမင်ဝင်တိုက်တဲ့ လုပ်ရပ်တွေဟာ တမင်ရန်စနည်း ဖော်မြူလာ တရပ်လို ဖြစ်နေမလားပဲ...။ ပြီးခဲ့တဲ့နှစ်ကလည်း ဂျပန် ကမ်းခြေစောင့် သဘောင်္ကို တရုတ်ငါးဖမ်းသင်္ဘောက ဝင်တိုက်ပြီး ရန်စခဲ့တာလည်း တစ်ခုအပါအဝင်ပါ။ .. မြန်မာပြည်မှာ စွမ်းအားရှင်တို့ ကြံဖွတ်တို့ အစိုးရရဲ့ ကျောထောက်နောက်ခံနဲ့ လက်ရဲဇာတ်ရဲ လုပ်သလိုသလို ဒီငါးဖမ်းသင်္ဘောတွေဟာလည်း တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံ မရှိပဲနဲ့တော့ မလုပ်နိုင်ပါ.. ရှင်ဘုရင်ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသလိုပေါ့ ....။ ခုတလော တရုတ် ငါးဖမ်းသင်္ဘောတွေ မြန်မာရေပိုင်နက်ထဲမှာ ငါးဝင်ခိုးဖမ်းနေတဲ့ ကိစ္စကလည်း တချိန်ချိန်မှာ ပြသနာမတက်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး...။ ဒီမိုဝေယံ)

နိုင်ငံခြောက်နိုင်ငံလောက် သူပိုင်ကိုယ်ပိုင်အငြင်းပွားနေကြတဲ့ တောင်တရုတ်ပင်လယ်ထဲက ရေပြင် ပိုင်နက်မှာ ဗီယက်နမ် ဘူမိတိုင်းတာရေးသဘောင်္ကို တရုတ်ငါးဖမ်းလှေတွေက ၀င်တိုက်ခဲ့လို့ နှစ်နိုင်ငံတင်းမာမှုတွေ စတင်ခဲ့တာဖြစ်ပြီး အခုဆို ဗီယက်နမ်ရဲ့ဟနွိုင်းနဲ့ ဟိုချီမင်းမြို့ ကြီးတွေမှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။ ဗီယက်နမ်ကွန်မြူနစ်အစိုးရက အဲဒီဆန္ဒပြမှုတွေကို ခွင့်ပြုထားပြီး တိုင်းပြည်တွင်းမှာနေထိုင်ကြတဲ့ တရုတ်မျိုးနွယ်တွေနဲ့ တရုတ်အစိုးရကိုပါ ရည်ရွယ်ချက်ထားတဲ့ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။

နှစ်နိုင်ငံစလုံးက သူတို့ရဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာလိုက်ပြီး ဗီယက်နမ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ သေနတ်ကျည်ဆံအစစ်တွေကို အသုံးပြုသွားတယ်။ လို့လည်း နောက်ဆုံးသိရှိရပြီး တရုတ်စစ်တပ်က ဒီလကုန် ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်မှာ လေ့ကျင့်မှုတွေ စတင်မှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်မရဘဲ ရေနံရှာဖွေဖို့ကို လက်သင့်မခံနိုင်ဘူးလို့ တရုတ်က ပြောဆိုလိုက်ပြီး သံသယဖြစ်ဖွယ် မရှိတဲ့ အချုပ်အချာအတွက် သေချာပေါက် ကာကွယ် သွားရလိမ့်မယ်လို့ ဗီယက်နမ်က တုန့် ပြန်လိုက်ပါ

တယ်။ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ အရေးကို အာဆီယံအသင်းကြီးက ဘယ်လိုသဘောထားပေး ပါဝင်ပက်သက်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဗီယက်နမ်- တရုတ်အရေးကို မြန်မာပြည်သူတွေလည်း နားစွင့်နေကြပြီး ဘယ်သူလွန်တယ် ဘယ်သူ မလွန်ဘူးဆိုပြီး သုံးသပ်သံတွေ ထွက်ပေါ်လာပါတယ်။ အများစုက ဗီယက်နမ်ဘက်က ရပ်တည်ကြပြီး တရုတ်လှေတွေက အသားလွတ်သွားတိုက် ရန်စတာလို့ ထင်မြင်နေကြပါတယ်။ အားနည်းတဲ့နိုင်ငံဘက် က ဖေးမတဲ့စိတ်အပြင် တရုတ်နိုင်ငံနဲ့ ပက်သတ်လို့ မြန်မာလူမျိုးတွေရဲ့ ရှုထောင့်က တစ်မျိုးတစ်မည် ဖြစ်လာပုံလည်း ရပါတယ်။

မြန်မာနဲ့ တရုတ်အစိုးရတို့ မဟာဗျူဟာမြောက် ဆက်ဆံရေးအဆင့် တိုးမြှင့်လိုက်ပြီး မကြာခင် ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဒု-၀န်ကြီးချုပ်လည်း မြန်မာနိုင်ငံကို ရောက်လာပါတယ်။ စီးပွားရေးစာချွန်လွှာမြောက်မြားစွာကို လက်မှတ် ရေးထိုးသွားကြပါတယ်။ မြန်မာနဲ့ တရုတ်ဟာ အစိုးရချင်း နီးနီးကပ်ကပ် ဖြစ်လွန်းတဲ့အပြင် တရုတ်ကွန်မြူနစ်ပါတီနဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီတို့လည်း အပြန်အလှန် ကူညီဆက်သွယ်မှုတွေ လုပ်လာတာကို တွေ့ရပေမယ့် အာဆီယံတစ်နိုင်ငံဖြစ်တဲ့၊ ဘက်မလိုက် မူဝါဒ ချမှတ်ထားတဲ့ မြန်မာနိုင်ငံအနေနဲ့ ဗီယက်နမ်-တရုတ် ရေပြင်ပိုင်နက်အရေးအခင်းမှာ ကြားနေပြီး မျှမျှတတရပ်တည်သွားတာကို မြန်မာပြည်သူတွေက မျှော်လင့်နေကြပါတယ်။ 

အာဆီယံ နိုင်ငံတွင်း အဖွဲ့ဝင်ဖြစ်လာဖို့ မြန်မာနိုင်ငံကို ဗီယက်နမ်က နိုင်ငံရေးအရ ကျားကန်ပေးခဲ့ဖူးပါတယ်။ အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့်၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ မူဝါဒတွေကြောင့် မြန်မာဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးနဲ့ အခုလို ပူးကပ်လွန်းသွားရတာလို့ ဝေဖန်ကြတဲ့ နိုင်ငံရေးသမားတချို့ ရှိပါတယ်။ တရုတ်နိုင်ငံကြီး အခုလိုစီးပွားရေးကြီးထွားလာပြီး နိုင်ငံရေးနဲ့ စစ်ရေးမှာ ကမ္ဘာ့ရှေ့တန်းကို တမုဟုတ်ချင်း ချဉ်းနင်းလာတာကို သွားရည်တမျှားမျှားနဲ့ အားကျနေကြတဲ့ နိုင်ငံရေးသမားတချို့ ရှိပါတယ်။ တရုတ်ရဲ့ စီးပွားရေးအားကောင်းမောင်းသန်ဖြစ်လာရတာဟာ လွန်ခဲ့တဲ့ (၂၅)နှစ်လောက်က စပြီးတရုတ်အစိုးရ ခေါင်းဆောင် အဆက်ဆက်ရဲ့ တရုတ်ပြည် တရုတ်သားတွေ အပေါ်ထားတဲ့ တကယ့်ရိုးသားတဲ့ စိတ်ရင်းစေတနာကြောင့်ပါ။ ဗီယက်နမ်လည်း ထို့အတူပါဘဲ။ အခုလောက် မြန်မြန်ဆန်ဆန်ကြီး ကွန်မြူနစ်စနစ်အောက်မှာ စီးပွားရေး အင်မတန်သန်စွမ်းခဲ့ရတာ ဗီယက်နမ် ခေါင်းဆောင်တွေရဲ့ ဥာဏ်အမျှော် အမြင်ကြီးမှုနဲ့ ပြည်သူတွေအပေါ်ထားတဲ့ ရိုးစင်းဖြောင့်မှန်တဲ့ စိတ်ကောင်း စေတနာကြောင့်ဘဲ ဖြစ်ပါတယ်။

ဒီနှစ်နိုင်ငံစလုံးမှာ တူညီတဲ့အချက်တစ်ခု ရှိပါသေးတယ်။ သူတို့ အမျိုးသားအကျိုးစီးပွားအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ယူဆထားတဲ့အချက်က အမေရိကန်နိုင်ငံနဲ့ စိမ်းလန်းတဲ့ဆက်ဆံရေး ရှိနေဖို့ပါဘဲ။ မြန်မာပြည်သူတွေအနေနဲ့ မြန်မာ- အမေရိကန်ဆက်ဆံရေး အထူးကောင်းမွန်ဖို့ လိုလားနေကြတာဟာ ယုတ္တိရှိသလို ချိန်ခါလည်း သင့်နေပါပြီ။ သိသိကြီးနဲ့ ခံနေရတဲ့ ဘ၀များမှ လွန်မြောက်လိုပါပြီ။


အောင်မျိုးထွန်း

၁၄- ၆- ၂၀၁၁

ထာဝရ နှင်းဆီ (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါးရှင် (မောင်မောင်ဝမ်း )

Posted: 14 Jun 2011 01:35 AM PDT

ထာဝရ နှင်းဆီ (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်
(မောင်မောင်ဝမ်း )

ပန်းဆိုတာ နွမ်းတတ်တယ်
ပန်းဆိုတာ ညှိုးတတ်တယ်
ဒါပေမဲ့……
မညှိုးတဲ့ ပန်း…မနွမ်းတဲ့ နှင်းဆီဆိုတာ ရှိတယ်…
အဲဒါ……ထာဝရ နှင်းဆီ

ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းထက် နှစ်ဆသာသွားပြီ … ဟုတ်တယ်…. နှစ်ဆသာသွားပြီ...

ဗိုလ်ချုပ်ကျဆုံးသွားတော့ သူ့အသက်က ၃၃ နှစ်ပဲရှိသေးတယ်လေ။ အခု အန်တီစု အသက်က ၆၆ ဆိုတော့ ဘာပဲဖြစ်ဖြစ် ဖခင်ဗိုလ်ချုပ်ထက်တော့ လူ့ဘ၀မှာ နှစ်ဆနေခွင့်ရသွားပြီ..။ (နေခွင့်ရသွားပြီလို့ ပြောလိုက် တာက နေခွင့်မရအောင် ကြိုးစားတဲ့သူတွေရှိလို့ပါ)
အငြိုးအတေးများနဲ့ ဦးနေ၀င်း ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အသံကြားရင် ဒေါသတွေမွှန်လာတတ်တဲ့ န.၀.တ အတွင်းရေးမူး (၂) ဗိုလ်ချုပ်ကြီး တင်ဦး          သေနပ်နဲ့သေအောင် ပစ်သတ်ခိုင်းတဲ့…. ဗိုလ်ချုပ်မြင့်အောင်           တုတ်နဲ့လူမဆန်စွာ ရိုက်သတ်ခိုင်းတဲ့…. ဗိုလ်ချုပ်စိုးဝင်း သူတို့တတွေ သူတို့တတွေ ငရဲပြည်မှာ ဆုံစည်းနေကြရင် တကမ္ဘာလုံးမှာ ခြိမ့်ခြိမ့်သဲ ကျင်းပတော့မဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကြည့်ရင်း ဒေါသတွေနဲ့ ကျိန်ဆဲနေရှာရော့မယ်……။

          "တို့တွေကသူ့ကို မသေသေအောင်သတ်တာ….သူကမသေဘူး…..ငါတို့ကအရင် သေကုန်ကြတယ်….. အောင်မာ…၆၆ နှစ် မွေးနေ့ပွဲတောင် ကျင်းပနေပါ့လား…. တောက် "

 သူတို့ထက် ပိုခံစားရမှာက မကျယ့်တကျယ်နဲ့ နေနေရတဲ့ ဗိုလ်ချုပ်ထွန်းကြည် တို့ကျော်ဘ တို့လိုလူတွေ ထောင်ထဲ မနေရယုံတမယ် နေနေရတဲ့ …… မာယာများတတ်တဲ့….. ဗိုလ်ချုပ်ခင်ညွန့်လိုလူတွေ..

သူတို့တတွေကတော့ ပြောနေရော့မယ်….."လူကြီးသူမတွေပြောတဲ့… ဆံကေသာဆိုတာ ဒါမျိုးများလား.. ရိတ်လေ.. သန်လေတဲ့… ရိတ်တဲ့သူတွေသာ အရိတ်ခံလိုက်ရတယ်… ဆံကတော့ သန်ဆဲပါပဲလား……"
  
နေပြည်တော်ဆိုတဲ့ အရပ်ဒေသရဲ့….. လုံခြုံရေး အစောင့်ရှောက်များ (နောက်များ မကြာမှီ သူတို့တတွေဟာ ထောင်ဝန်ထမ်း အစောင့်များလည်း ဖြစ်လာကောင်း ဖြစ်လာနိုင်ပါသည်) ကြားက စံနန်းတော်ကြီး ပေါ်မှာ ဗိုလ်ချုပ်မူးကြီးဟောင်း သန်းရွှေ ကတော့……..ဖြစ်ပျက် တရားကိုရှုရင်း…….

          ဖြစ်လာခဲ့တဲ့ အရာတွေဟာ ပျက်တော့မှာ ပါ့လား…. ဆိုတဲ့ သံဝေဂ လေသံအပြည့်နဲ့ မြည်တွန် နေဆဲ……။ အာရုံ ထဲမှာ သူ့လူတွေက သူ့ကို အာဏာဖီဆန် တော့မယ့် နိမိတ်ပုံရိပ်…. သူသတ်ခဲ့တဲ့ သံဃာတော်တွေရဲ့ ခြောက်လှန့်နေမူ့များကြားက အော်…. မစုတောင်….. ၆၆နှစ်ပြည့်ပြီပဲ…. ငါတို့လည်း နေ၀င်ချိန်နီးပါပေါ့.. ဆိုပြီးသင်ခန်းစာတွေ ရနေမလား……. အတိုက်အခံဆို လက်ညှိုးထိုးကောင်း ယုံလောက်ထား.. ကျန်တာရှင်း.. တလက်မ မှတက်မလာစေနဲ့ဆို….ဒေါသစိတ်တွေနဲ့ ကန်လန့်ကာ နောက်ကွယ်က မုန်ယိုနေမလား။

ဘယ်လိုပဲဖြစ်ဖြစ် ထာဝရနှင်းဆီရဲ့ရနံ့တွေကြိုင်သင်းနေတာကတော့ ၆၆ နှစ်တိုင်ခဲ့လေပြီ။ ကျနော် ၈၈ လူထု အရေးတော်ပုံကြီး ဖြစ်နေတော့ (ဒေါ်အောင်ဆန်းစုကြည်လည်း ပေါ်ထွက်မလာသေးဘူး) စိတ်ထဲမှာ ခွန်အားတခု ဖြစ်မိတာရှိတယ်……… မြန်မာပြည်လူထု အရေးတော်ပုံကြီးကို ဦးဆောင်ဘို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသား အောင်ဆန်းဦး ရောက်လာတော့မယ်တဲ့ ကျနော်တို့ ၀မ်းသာမိခဲ့တာအမှန်ပါ…..။ ဒါပေမဲ့ဒါတွေဟာ ကောလဟာလတွေ ဖြစ်ပြီး သမိုင်းကို ပြောင်းပြန် ဖန်တီးသူဖြစ်သွား တယ်ဆိုတာ နောက်ထပ် ဆယ်နှစ်လောက်အကြာမှာ သိလိုက်ရပါတော့တယ်။ တကယ်တော့ မြန်မာလူထု တော်တော်များများက ဒေါ်အောင်ဆန်းစုကြည်ကို သိပ်မျှော်တွေး မထားမိကြဘူး။ အရင်ဆုံးမျှော်လင့်ခဲ့မိသူက အကိုဖြစ်သူ… ဦးအောင်ဆန်းဦး။ 

လွဲတဲ့အခါလည်း….လွဲပေမပေါ့..။ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ဖြစ်တည်လာခဲ့မှုမှာ… ဗိုလ်ချုပ်အောင်ဆန်း အရိပ်ပါ ပါတယ်… ဒါပေမယ့် လုံးလုံးလျားလျား ကြီးကြီးတော့ မဟုတ်ပါဘူး။

သတ္တိတွေ၊ ရိုးသားမှုတွေ၊ အနစ်နာခံမှု တွေမရှိခဲ့ရင် လူထုခေါင်းဆောင် ဖြစ်လာနိုင်ပါ့မလား ဗိုလ်ချုပ်အောင်ဆန်း ရင်သွေးမို့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ချစ်မြတ်နိုးလေးစား ကြည်ညို နေတယ်ဆိုရင် သားကြီး ဦးအောင်ဆန်းဦးကိုရော လူထုက ဒီလိုသဘောထား တထပ်တည်းရှိပါသလား။

တခါ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု သက်တမ်း အနှစ်၂၀ကျော် ကာလ ရောက်လာတဲ့အခါ သူ့အပေါ်အပစ်ဖို့ သူတွေကဖို့ ဆရာကြီးလေသံတွေနဲ့ ဟိုဟာလုပ်ပါ့လား…. ဒီဟာလုပ်ပါ့လား…. ဟိုဟာမလုပ်ခဲ့လို… ဒီလိုဖြစ်တာပေါ့… ဒီဟာမလုပ်လို့… ဟိုဟာမဖြစ်တာပေါ့။ စသည်..စသည်ဖြင့် သေချာတာတခုကတော့ ယောက္ခမ သေမယ်မှန်းသိရင်။ နွားအကျွေးဝယ် လိုက်တာပေါ့ဗျာ။

တမျိုးက… ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် ဘာတွေလုပ်ခဲ့လို့လည်းတဲ့ ဘာမှလုပ်ခွင့် မရအောင် လုပ်ထားမှတော့။ တိုင်းပြည်ကို ချစ်တဲ့စိတ် အနစ်နာခံမှုတွေ ကလွဲလို့ ဘာလုပ်ပြနိုင်မှာလည်း။ ပါးစပ်ကို ပိတ်ထားပြီးမှ သီချင်းလည်းမဆိုဘူး ဆိုတာမျိုးလား မျက်စိဖွင့်ပြီး အိပ်ကြည့်စမ်းပါ ဆိုတဲ့ သီချင်းလိုလား။
          တိုင်းပြည်အတွက် လုပ်ခွင့်ရအောင် ၀ိုင်းဝန်း ပံ့ပိုးပေးကြပါ့လား ပြည်သူလူထုကြီးရေ.
    သူလုပ်ပြပါလိမ့်မယ်
ကျနော်ပြောရဲတယ်ဗျာ သူတကယ် လုပ်ပြပါလိမ့်မယ်။

ဒါပေမယ့် အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့တဲ့ ဂျော့ရှ်ဝါရှင်တန်ကတော့ ပြောခဲ့ဘူးတယ်။ စနစ်တခုကို ကူးပြောင်းဘို့ တော်လှန်ရေး လုပ်တယ်ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီ့ စနစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ဘို့ အခွင့်အလမ်းတွေ သင့်ဆီကိုရောက်လာခဲ့ရင်…… သင့်ရဲ့ သားစဉ်မြေးဆက် အမွေဆက်ခံနိုင်မှာမို့ပါတဲ့။


သူ့ကို ချစ်တဲ့သူ

သူ့ကို မုန်းတဲ့သူ

သူ့ကို ကြောက်တဲ့သူ

သူ့ကိုဘယ်လိုမှ မနေတဲ့သူ အားလုံးအတွက်

ထာဝရ နှင်းဆီရဲ့ရနံ့များ သင်းပြန့်နေတာကတော့ ၆၆ နှစ်တိုင်ခဲ့လေပြီ။

အားလုံးကိုလေးစားစွာဖြင့်
မောင်မောင်ဝမ်း
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment