အမေနှင့်အတူ
ဆောင်းပွဲသဘင်၊ပြည်ဖုံးကားချ
နှင်းပုလဲရတနာ မှုံလွှာရုပ်သိမ်း
နွေမိန်တပေါင်းကို လွန်မြောက်
ဝဿန်မိုး ကိုရောက်တော့
အမေ့ မွေးနေ့ တခါရောက်ပြန်ပေါ့ ။
ပြက္ခဒိန်စာမျက်နှာထက်
ရာသီယန္တယားစက်အောက်မှာ
သက္ကရာဇ်တွေဟာပြုန်းတီးလို့ လာ
အမေ့ ခမျာ တတိယ အရွယ်ရောက်
မွေးနေ့ (၆၆)ကြိမ်မြောက်ပြီပေါ့ ။
အမေ့ မွေးနေ့ မှာလေ၊တောင်းဆုချွေသည်
ခွပ်ဒေါင်းတို့ အမေ ကျန်းမာချမ်းသာ
ဘေးဘယာဝေးကွာ၊စိတ်သွားတိုင်းကိုယ်ပါ
ဆန္ဒနဲ့ ဘဝတွေဟာ အမေရည်ရွယ်မျှော်မှန်းရာ
ဖြစ်ပါစေသား၊ ဖြစ်စေသား။
အမေ့မှာစကားများ ဦးထိပ်ပန်လို့ ထား
အမေပြောခဲ့ ဖူး သည်မှာ
“ မတရားတဲ့ ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်
မမှန်တဲ့ ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်
လောကမှာကြောက်ဘို့ ဆိုတာ
ဒီနှစ်ခုဘဲ ရှိတယ်တဲ့ ”
အမှန်တရား အမှန်စကားဆိုခဲ့ 
အမေ့ ရဲ့ အကြောက်တရားစကား
ခွပ်ဒေါင်းမောင်နှမတွေကိုးစား
အမေဦးဆောင်စေစားရာ
ဒီမိုကရေစီလမ်းပေါ်မှာ
အမေ့ စကားတွေလိုက်နာရင်း
ဖဝါးထပ်ချပ်နှင်းကြမယ်။
လေးလေး(တိုကျို)
No comments:
Post a Comment