နိုင်သူသာ ပန်းဦးနမ်း..အသက်လုပွဲမှာ ပန်းမပေးစတမ်း
ပျော့ပြောင်းပါတယ် ဆိုတဲ့ရော်ဘာကြိုးတောင် ဆန့် ပါများရင်
ကျုံ့ နိုင်အားမဲ့ ရှည်ထွက်။
မာကြောပါတယ်ဆိုတဲ့
သတ္တုတွေ ညောင်း (Metal fatigue) တဲ့အခါ
ခိုင်ခံမှုမဲ့  တစစီ ကြွေပျက်။
သစ်ပင်တောင် နှဲ့ ပါများရင်
မြေကြီးကအမြစ် ကျွတ်ပြိုလဲ။
ကျောက်အချင်းချင်း ပွတ်တိုက်မှ
မီးမွှေးရတာ မဟုတ်ဖူး
သစ်ကိုင်းစိုများ ပွတ်တိုက်ပါများရင်
မီးဖွဲကျ တောမီးလောင်တယ်။
သည်းခံနိုင်တဲ့ ခန္တီစဟာ
ကုန်ဆုံးတဲ့ အခါ ဒေါသအဖြစ်ပေါက်ကွဲ။
ဒီပုံပြင်မှာ အမှားကိုစတာ
ဘယ်သူလဲ။
လူ့ စည်း ဘီးလူးစည်း
စည်းခိုးနေတာ ဘယ်သူလည်း
တပြည်လုံးပိုင် သယံဇာတများ
မောင်ပိုင်စည်းရက်သူ ဘယ်သူလည်း။
မှတ်မိကြမလား.......
၈၈၈၈ အရေးအခင်းမှာ လူမမယ်ကျောင်းသားက
လက်နက်ကိုင်စစ်သားကို ခြေဖက်တောင်းပန်ဖူးခဲ့ 
ကျနော်တို့ တွေကို မပစ်ပါနဲ့ တဲ့ 
ဒါပေမဲ့ အဲဒီကျောင်းသားလေး
သေနပ်မှန် သေသွားခဲ့ ပြီ။
၂၀၀၇ ရွှေဝါရောင်အရေးအခင်းမှာ......
သတ္တုဒိုင်း တကားကားနဲ့ လုံထိန်းစစ်သားတွေကို
ဘုန်းကြီးများကထိုင်ကန်တော့တဲ့ ဓါတ်ပုံကို
သင်မေ့ ပြီလား။
ဒါပေမဲ့ ဒီဘုန်းကြီးတွေ ထောင်ကျ ပျံလွန်ခဲ့ ကြပြီ။
ကိုအောင်ဝေးကပြောတယ်
ရန်ငါ မပြတ်လို့ သံဃာ အသတ်ခံရတာ
သွေးကြွေးမှာ ဆွေးနွေးစရာမရှိတဲ့ 
မှန်လိုက်လေ ဒီစကား
စစ်အေးဘဲဖြစ်ဖြစ်
စစ်နွေးဘဲဖြစ်ဖြစ်
ဒို့ တွေစစ်ဖြစ်နေတယ်။
မမေ့ ကြနဲ့ 
ဒါသွေးကြွေး ဒါရာဇဝင်ကြွေး
သွေးကြွေးဆိုတာ ငွေနဲ့ ဆပ်မရ
သွေးနဲ့ ဘဲပြန်ဆပ်ရတယ်။
အသက်လုပွဲ ဘဝလုပွဲ
တိုင်းပြည်လုပွဲ
မတရားတဲ့ ဒါးပြ နှိပ်စက်တဲ့ အစိုးရ
နောက်ဆုံးသွေးတစက်ကျန်သည်အထိချ
ဒို့ သားမြေးတွေ အနာဂတ်လှစေချင်။
မသဒ္ဒါ (၃.၃.၂၀၁၁)
(ရဲရင့်ငယ် ဘလောက့် မှ ကူးယူးဖေါ်ပြပါသည်)
No comments:
Post a Comment