Tuesday 1 March 2011

Fwd: ဒေါင်းမာန်ဟုန်



ဒေါင်းမာန်ဟုန်


Posted: 28 Feb 2011 03:45 PM PST
ကျွန်ပ်၏ ဖြတ်သန်းလာသော ဘ၀လမ်းကြောင်းခရီးကို ပြန်လည်သုံးသပ်မိသည်။ ဘ၀ခရီးကို ပထမ၊ ဒုတိယ၊ တတိယဟူ၍(၃)ပိုင်းပိုင်းခြားလိုက်ပါမည်။
ဘ၀၏ ပထမအရွယ်လမ်းကြောင်းကို ပြန်လည်သုံးသပ်သော် . . . ငယ်စဉ်ဘ၀ထဲက ၀ါသနာပါလာသောပန်းချီပညာရပ်နှင့် ဓါတ်ပုံ(ရုပ်ငြိမ်/ရုပ်သေ) Still Cameraman ဘ၀ပင်ဖြစ်သည်။ ဟုတ်သည် … ကျွန်ုပ်၏ ဖေါ်ကျူးထားသောပန်းချီကားများသည် ငြိမ်သက်နေသည့် ပုံရိပ်များကို အသက်ဝင်လာအောင် တင်ပြထားမှုများကများလှသည်။ ဥပမာအားဖြင့် "အောင်စည်အောင်မောင်း"၊"ဒိုး"၊ "စစ်နှင့်ငြိမ်းချမ်းရေး"၊ "သစ္စာဖေါက်(88-1)" စသည့်ပန်းချီကားများဖြစ်တော့သည်။"အောင်စည်အောင်မောင်း" နှင့် "ဒိုး" ပန်းချီကားတို့သည် သဘင်သည် အမျိုးသမီးကနေသောဟန်ပန် (လက်များ၊ ခါးများ၊ ခြေများ)လှုပ်ရှားမှုဟန်ကိုဖန်တီးထားခြင်း၊ "စစ်နှင့်ငြိမ်းချမ်းရေး" ပန်းချီကားတွင် ငြိမ်းချမ်းရေးငှက်အတွင်းရှိစစ်သဏ္ဍာန်များလှုပ်ရှားပေါ်လွင်နေခြင်း၊ ငြိမ်းချမ်းရေး(ဂျိုးငှက်)၏ ပျံသန်းမှုကားသံဆူးကြိုးမှတစ်ဆင့် ဖြတ်သန်းတော့မည့်အလားဖြစ်နေခြင်း၊ "သစ္စာဖေါက်" ပန်းချီကားတွင် ငြိမ်သက်စုဝေးနေသောငှက်အုပ်စုမှ တစ်ကောင်တည်းပျံသန်းထွက်ခွာခြင်းစသည့်သဏ္ဍာန်များပင်ဖြစ်တော့သည်။

          ရုပ်ငြိမ်ဓါတ်ပုံပညာရပ်တွင်လည်းလှပသောရှုခင်းတွင် အလင်းရောင်အနေအထားများမှ တစ်ဆင့် ခံစားရသူ ကြည့်ရှုသူတို့၏ စက္ခုအာရုံတွင် လှုပ်ရှားမှုကိုဖြစ်ပေါ်စေခြင်း၊ သဘာဝ၏အလှတရားများကို သက်ဝင်မှုရှိလာအောင် ဖန်တီးပေးထားမှုများပင်ဖြစ်သည်။ ဤသည်တို့ကားပထမအရွယ်၏ ခံစားမှု၊ ဖန်တီးမှု အတ္တနယ်ပယ်ပင်ဖြစ်တော့သည်။

          ဘ၀၏ ဒုတိယအရွယ်တွင် ဖေါ်ကျူးတင်ပြမှုကိုပြောပြပါတော့မည်။ ရုပ်ငြိမ်ပန်းချီ ၀ါသနာရှင်ဘ၀မှ
ဘ၀၏ကံဇာတာအပြောင်းအလဲကြောင့် ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာဘ၀သို့ခြေလှမ်းခဲ့ရပြီဖြစ်တော့သည်။

          ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာတည်းဟူသောအနုပညာသမားတစ်ယောက်၏ ဖေါ်ကျူးမှု ပေးဆပ်မှုတို့ကားသေနေသောအရုပ်များ၊ ရုပ်ပုံလွှာများကိုရှင်လာအောင်၊ လှုပ်ရှားလာအောင် ဖေါ်ပြမှုပင်ဖြစ်သည်။ ငြိမ်သက်နေသောရေပြင်ထဲသို့ ခဲတစ်လုံးပစ်ချလိုက်သကဲ့သို့ ရုပ်ရှင်ကြည့် ပရိသတ်၏ နှလုံးသားကိုလောဘ၊ ဒေါသ၊ မောဟ၊ ဟာသစသည့် ခံစားမှုမျိုးစုံကိုပစ်ထည့်ပေးရသောအလုပ်ပင်ဖြစ်သည်။ အများပြည်သူပရိသတ်များကလည်းပျော်ပျော်ပါးပါးကြီးကိုအားပေးလက်ခံကြတော့သည်။ မိမိ၏ ခန္ဓာအားရင်း၍ ခံစားမှုမျိုးစုံကိုပေးဆပ်ခဲ့ခြင်းဖြစ်သည်။ မိမိ၏ ဘ၀ကိုမေ့ခြင်းမဟုတ်၊ ကျေးဇူးရှင်လုပ်ငန်းကို ပြစ်မှားခြင်းမဟုတ်၊ လက်တွဲဖေါ် အနုပညာသမားများကို ချိုးနှိမ်ခြင်းမဟုတ်၊ ပုဂ္ဂလိကခံစားမှုသက်သက်သာဖြစ်တော့သည်။ ယင်းကဲ့သို့ ရသမျိုးစုံပေးခြင်းကိုအကုသိုလ်အလုပ်ဟူ၍ မိမိမလုပ်တော့သည့်အချိန်၊ မိမိလုပ်ပိုင်ခွင့် မရှိတော့သည့် အချိန်ကာလကြမှ ကယောင်ကတန်းတွေးခေါ်မိခြင်းတော့မဟုတ်။ ဤအနုပညာလောကတွင် ကျင်လည်စဉ်ကာလကတည်းကတစ်ခုတည်းသော နွေရာသီကျောင်းပိတ်ရက်တွင် သားနှင့် သမီးငယ်တို့၏ အင်းစိန်တောရကျောင်းတွင် ဆရာတော်ကြီးအား "ရုပ်ရှင်အနုပညာသမားတွေ သေလွန်တဲ့အခါ ဘယ်ဘုံကိုရောက်မှာလဲ" ဟုမေးမြန်းလိုက်သည့် မေးခွန်းစကားကို ကြားမိစဉ်ကတည်းကတွေးခေါ်မှုစတင် သန္ဓေတည်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။စင်စစ်အနုပညာလောကသည်အတ္တနယ်ပယ်တွင် အကုသိုလ်ဝေဌသူတို့နှင့် အကုသိုလ်လက်ခံအားပေးကြသူများဟုရင့်ရင့်သီးသီး ပြတ်ပြတ်သားသားကိုကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်ရပါတော့သည်။

          ယခု . . . ဘ၀၏ တတိယအရွယ်သို့ ရောက်ခဲ့ပြီ။ ကံကောင်းကြီးလှစွာဖြင့် အနုပညာလောကထဲမှ နှင်ထုတ်ခံလိုက်ရပြီဖြစ်တော့သည်။ အချိန်ကာလကန့်သတ်မှုမရှိအနုပညာလုပ်ငန်းများကိုလုပ်ကိုင်ခွင့် မပြုတော့ချေ။ ၀မ်းမြောက်စွာဖြင့် ကျေးဇူးတင်စွာဖြင့် သာဓုခေါ်ဆိုလိုက်ပါသည်။ ရုပ်ရှင်သမားဘ၀မှ ရုပ်သေလောကထဲသို့ ပြန်လည်၍ ခြေစုံပစ်ဝင်ခဲ့ရပြီ ဖြစ်တော့သည်။ အကြောင်းမှာ . . . သေဆုံးသွားသောလူတို့အား (အခမဲ့)မီးသင်္ဂြိုလ်ပေးရမှုပင်ဖြစ်တော့သည်။ ယခုမှ ပရဟိတနယ်ပယ်တွင် ဘ၀တစ်ခုလုံးစုန်းစုန်းမြုပ်၍ လုပ်ကိုင်ပေးဆပ်ခွင့်ကိုရရှိတော့သည်။ အမျှော်အမြင် ကြီးမားလှသောဘက်စုံအနုပညာရှင်ကြီးဘဘဦးသုခ၏ ကျေးဇူးပင်ဖြစ်တော့သည်။ အနုပညာလောက၏ အကုသိုလ်ပွားများမှုများကိုကုသိုလ်တရားဖြင့် မိမိ၏ အနုပညာသည်ဘ၀ကို ခုတုံးလုပ်ကာ ပြန်လည်၍ပေးဆပ်မှု၊ အကြွေးဆပ်မှု၊ ကျေးဇူးဆပ်ခွင့်ပင်ဖြစ်တော့သည်။ (ကျန်ရစ်ခဲ့သောအနုပညာမောင်နှမများ၊ ထပ်မံမွေးဖွားပေါ်ပေါက်လာသောအနုပညာညီငယ်/ ညီမငယ်များ၏ အတွင်းစိတ်သဏ္ဍာန်တွင်လည်းရှိနေမည်ဟုယူဆပါသည်။ ရှိလည်းရှိနေစေချင်သည်။ ရှိမှုကိုအကောင်အထည် ဖေါ်ထုတ်ကြရန် တိုက်တွန်းအားပေးလိုက်ပါသည်)။ ဒါမှလည်းအတ္တနယ်ပယ်မှ ပရဟိတနယ်ပယ်သို့ရောက်ရှိမည်ဖြစ်သည်။

ကျွန်ုပ်ဆိုလိုသည်မှာ"မင်းတို့လည်းမင်းတို့ရဲ့ အနုပညာလောကကြီးကိုစွန့်လွှတ်ပြီး ငါ့လိုသုဘရာဇာဖြစ်အောင်လုပ်ကြ" ဟူ၍မဟုတ်။အတ္တနယ်ပယ်မှ ပရဟိတနယ်ပယ်သို့ကူးရာတွင် အနုပညာလောကကိုလည်းစွန့်ရန်မလို၊ သုဘရာဇာလည်းလုပ်ရန်မလို။ ကိုယ်ကျင်လည်ရာဘ၀(အနုပညာလောက)မှ အများအကျိုးပြုမည့် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ နိုင့်ငံအရေး၊ အမျိုးသားရေးကိစ္စရပ်များတွင် စစ်မှန်သောစိတ်ဓါတ်၊ သဒ္ဒါပွားသောလုပ်ရပ်၊ အထူးအားဖြင့် သီလလုံစွာ ဗြဟ္မာစိုရ်တရား(၄)ပါးလက်ကိုင်ပြုကျင့်သုံးရန်သာဖြစ်တော့သည်။ သင်တို့သည် ကျွန်ုပ်ထက်သာသည်။ ကျွန်ုပ်ထက်စွမ်းသည်။ ကျွန်ုပ်ထက် အခွင့်အရေးများသည်။ အများအကျိုးဆောင် ကိုယ့်အကျိုးလည်းအောင်မည်။ အောင်မြင်မှု ပန်းတိုင်နှစ်ခုကိုလက်ကိုင်ပြုထားသူများဖြစ်သည်။ ကိုယ်ဝါသနာပါရာ အနုပညာလုပ်ငန်းကိုလုပ်ကိုင်ခွင့်ရတုန်းရခိုက် အခွင့်အရေးလေးမှာအများအကျိုးအတွက် ပေးဆပ်နိုင်သူများဖြစ်တော့သည်။
          ကျွန်ုပ်အတွက်သည်ကားတစ်ခုတည်းသောပေးဆပ်မှုသာရှိတော့သည်။

          ဤကဲ့သို့ . . . ဘ၀၏ တတိယအရွယ်တွင် သေဆုံးသွားသောရုပ်အလောင်းများအားကောင်းမွန်စွာသင်္ဂြိုလ်ပေးခြင်း၊ ကျန်ရစ်သူမိသားစုများ၏ အပူမီးကို ငြိမ်းအေးပေးခြင်းတို့ကိုလုပ်ကိုင်လာခဲ့စဉ် … နေ့စဉ် နေ့စဉ်နှင့်အမျှ ရုပ်သေရုပ်ငြိမ်ဖြစ်သွားသူတို့၏ သေဆုံးမှုခန္ဓာကိုယ်များကိုထိတွေ့မြင်တွေ့မှုများ၊ အသုဘကမ္မဋ္ဌာန်းခံယူခဲ့ရမှုများ၊ သံဝေဂတရားများ ပေါ်ပေါက်လာမှုတို့သည်ကား ကျွန်ုပ်အတွက်များစွာခံစားလာခဲ့ရတော့သည်။ နေရာလုပွဲကြောင့် တိုက်နေတဲ့စစ်၊ အာဏာကြောင့်တိုက်နေတဲ့စစ်ပွဲ၊ စားဝတ်နေရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ဘာသာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ပညာရေးကြောင့် တိုက်နေရတဲ့စစ်ပွဲ၊ ကျန်းမာရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ အချစ်ကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အိမ်ထောင်ရေးကြောင့်တိုက်နေတဲ့စစ်ပွဲ၊လူမျိုးရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ နိုင်ငံရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အာဃာတကြောင့် တိုက်နေတဲ့စစ်ပွဲစသည့် စသည့် ဘ၀စစ်ပွဲများကိုတိုက်ရင်းခိုက်ရင်းနောက်ဆုံးတော့လည်း . . . မီးခိုးနဲ့ပြာ ဘ၀ဘဲ ရောက်တော့တာပဲဟု မြင်လာမိတော့သည်။ ဒါဟာ . . . ကျွန်ုပ်ရဲ့ သံဝေဂ။

          ဒါကြောင့် . . . ဘ၀၏တတိယအရွယ်တွင် ပေါ်ပေါက်လာသော ကျွန်ုပ်ရဲ့ဆန္ဒ၊ ရုပ်သေသမားဘ၀မှ ရုပ်ရှင်သမားဘ၀၊ ရုပ်ရှင်သမားဘ၀မှ ရုပ်သေဘ၀သို့ ဘ၀၏သံသရာလည်ပတ်ခြင်းကိုခံနေရသော ဆန္ဒသည်ကား ဘ၀သံသရာမှ လွတ်မြောက်လိုသည့် ဆန္ဒ၊ရုပ်၊ နာမ် ချုပ်ငြိမ်းရာဘ၀၊ သေခြင်းကင်းရာဘ၀၊ ရှင်ခြင်းများနှင့်သာရပ်တည်လိုသည့်ဘ၀၊ ငြိမ်းချမ်းမှု မဂ်ဖိုလ်နိဗ္ဗာန်သို့ အရောက်လှမ်းလိုသည့် ဆန္ဒပင်ဖြစ်တော့သည်။

          ထို့ကြောင့် . . . ကျွန်ုပ်သည်ကား "ရုပ်သေ"မှ "ရုပ်ရုင်"သို့ . . .
                                        "သေခြင်း"မှ "ရှင်ခြင်း" မြဲရာအရပ်သို့ချီတတ်အားထုတ် ကြိုးကုတ်ရန်သာရှိတော့သည်ဟု . . . ။
(ယုံကြည်မိပါသည် . . . ဤစာပိုဒ်အားဖတ်မိသူစာဖတ်ပရိသတ်၊ အထူးအားဖြင့် ကျွန်ုပ်နှင့် လက်တွဲမဖြုတ် စွန့်လွှတ်စွန့်စားရုန်းကန်ပေးဆပ်နေကြသောလူမှုရေးသမားများ၏ အသံကား . . "ခင်ဗျား၊ မင်း၊ ဦး၊ အစ်ကို၊ ငါ့မောင်လေးကတော့ ငါတို့နဲ့ လမ်းခွဲချင်လို့လား၊ ငြီးငွေ့လို့လား၊ စိတ်ဓါတ်ကျလို့လား၊ စိတ်ပျက်လို့လား၊ မပေးဆပ်ချင်တော့ဘူးလား၊ သတ္တိကြောင်တာလား၊ ကိုယ်လွတ်ရုန်းတာလား၊ သစ္စာဖောက်လား" ဟူ၍ ပြောဆိုကြ၊ ကဲ့ရဲ့ကြ၊ ဝေဖန်ကြ၊ ရှုံ့ချကြမည်ဟုမျှော်လင့်လျှက် . . . . )

ကျော်သူ
(၂၅.၂.၂၀၁၁ ခုနှစ် နံနက် (၄း၀၀)နာရီတွင် ပေါ်ပေါက်မွေးဖွားလာမှု။)

Posted: 28 Feb 2011 03:42 PM PST
ရဟန်း ရှင် လူ မိဘ ပြည်သူ တပ်မတော် သား များ နှင့် လူငယ် ကျောင်းသား ကျောင်းသူ များ ခင်ဗျား...
မြန်မာ နိုင်ငံ ၏ စစ်အာဏာရှင် သန်းရွှေ နှင့် ၎င်း တို့ ၏ လက်တစ်ဆုပ် စာ အာဏာရှင် စစ်ဗိုလ်ချုပ် တစ်
စု အား ဖယ်ရှား နိုင် ရန် အတွက် ယခု အချိန် သည် အချိန် ကောင်း အခါကောင်းပင် ဖြစ်ပါသည်။

မြန်မာ နိုင်ငံ တွင်း နေထိုင် သူ အပေါင်း တို စစ်အာဏာရှင် လက်အောက် မှ ရုန်းထွက် ရန် ပြင်ဆင်ကြ။
ယခု အချိန် ထက် ပို ကောင်းသော အချိန် မရှိ၊ အာဏာရှင် လက်အောက် မှ ပြည်သူများ အာဏာရှင် ကို
ဖယ်ရှား နိုင်ခဲ့တာ ကျုပ်တို့ ပြည်သူများ မျက် မြင့်တွေ့ ပြီး ဖြစ်ပါလိမ့်မည်။
အာဏာရှင် ကို ဖယ်ရှားနိုင်ရန် ယခု ပင် ချက်ခြင်းစကြလော့။

အာဏာရှင် ကို ဖယ်ရှား ရန် အတွက် JUST DO IT လှုပ်ရှားမှု တွင် သင်ကိုယ်တိုင် ပါဝင်ပါ။ JUST DO IT
သည် သင်ကိုယ်တိုင် ဖြစ်သည်။

ပထမ ခြေလှမ်း အနေ ဖြင့် "JUST DO IT " ဟု ရေးပြီး သင်ကိုယ်တိုင် တစ်နေရာရာတွင် ကပ်ထား
နိုင်သည်။ သင့် သူ့ ငယ်ချင်း တစ်ယောက် ကို လည်း အီမေး ပို့ နိုင်သည်။ ကိုယ်တိုင်ရေး ထားသော စာ
အား သင့်မိတ်ဆွေ ကို ပေး နိုင် သည် ။သင်၏ Facebook စာမျက် နှာ တွင် ရေးသားထား နိုင်သည်။
အာဏာရှင် ကို ဖယ်ရှား ရန် ယခု ပင် ချက် ခြင်း စတင် ကြလော့။

အရေးတော်ပုံ  အောင်ရမည်
အရေးတော်ပုံ  အောင်ရမည်
အရေးတော်ပုံ  အောင်ရမည်

စစ်အာရှင် စနစ် ကို ဖယ်ရှား နိုင်ရန် ဤနေရာတွင် သင်ပါဝင်ပါ။
http://www.facebook.com/pages/Just-Do-It-against-Military-Dictatorship/194818177209500

Posted: 28 Feb 2011 07:56 AM PST



တစ်ရွာမပြောင်း သူကောင်းမဖြစ်
      နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁၀.၃.၂၀၁၁ (ကြာသပတေး) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ဒုတိယအကြိမ်အဖြစ်စတင်၍ သင်ကြားပို့ ချပေးတော့မည်ဖြစ်သည်။ သင်တန်းတက်ရောက်လိုသော တတိယတန်းမှ အဌမတန်းအရွယ် ကလေး ငယ်ပေါင်း (၃၀၀) ဦးခန့် လာရောက်စာရင်းပေးသွင်းပြီး ဖြစ်ပါသည်။ ယင်းကလေးငယ်များအား ၅.၃.၂၀၁၁ (စနေ) နေ့တွင် သင်တန်း Levels ခွဲခြားရန်အတွက် စမ်းသပ်ဖြေဆိုမှုများ ပြုလုပ်၍ အတန်းခွဲ (၆) ခု ခွဲခြားကာ သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။
      ၂၀၁၀ ခုနှစ် ပထမအကြိမ် အခြေခံအင်္ဂလိပ်စာသင်တန်းတွင် ကလေးငယ်ပေါင်း (၄၀) ဦးခန့်သာ ရှိခဲ့သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း အဆောက်ဦး အပေါ်ထပ်တွင် သင်ကြားမှုကို အသင်းသားများဖြစ်သော လူမှုရေး ဆရာ/မများ၏ အကူအညီဖြင့် ကုသိုလ်ဖြစ် သင်ကြားပေးနိုင်ခဲ့သည်။ ယခု ကလေးငယ်ပေါင်း (၃၀၀) ဦး ခန့် တိုးပွားလာသည့်အတွက် အခြေခံအင်္ဂလိပ်စာသင်တန်း သင်ကြားမည့် စေတနာဝန်ထမ်း ဆရာ/မများလည်း လိုအပ်လျှက် ရှိပါသည်။ စိတ်ပါဝင်စား၍ သင်ကြားလိုသည့် စေတနာ့ဝန်ထမ်း ဆရာ/မများသည် နာရေးကူညီမှု အသင်း(ရန်ကုန်) ၅၈၀၁၃၃၊ ၅၈၁၃၆၃၊ ၀၉-၈၆ ၄၀၂၂၀ သို့၎င်း၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ လာရောက်စုံစမ်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
      ထပ်မံ၍ ၁၄.၃.၂၀၁၁ မှ ၁၈.၃.၂၀၁၁ နေ့ရက်များတွင် ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာ ကလေး သင်တန်းနှင့် ဧပြီလတွင်လည်း မျိုးဆက်သစ်ကလေး ပန်းချီသင်တန်းတို့အား ပညာရှင်ကြီးများမှ လာရောက်သင်ကြား ပို့ချမည်ဖြစ်သည်။
      ထို့အပြင် မျိုးဆက်သစ်ကလေးငယ်များ သက်တောင့်သက်သာစွာဖြင့် ပညာသင်ကြားနိုင်စေ ရန် သင်တန်းခန်းမများအား ထပ်မံ၍ အလိုရှိသောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း အပေါ်ထပ်ရှိ "သုခအလင်း" စာကြည့်တိုက်၊ ပြန်ကြားရေးဌာနအခန်းနှင့် ဘုရားခန်း (အစည်းအဝေးခန်းမ) တို့အား ယခု ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်သည့် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်အဆောက်အဦးသို့ သက်ဆိုင်ရာပစ္စည်းများ၊ စာအုပ်/စာပေများ၊ ကွန်ပျူတာ ပစ္စည်းများ၊ ဘီဒိုများ အစရှိသည်တို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေး အသင်းသား/ သူများ၏ လုပ်အားဖြင့်စုပေါင်း၍ ၂၇.၂.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် ပြောင်းရွေ့ခဲ့ကြပါသည်။
      "သုခအလင်း" စာကြည့်တိုက်သည် ဖေဖော်ဝါရီ (၁၃) ရက်နေ့ ဗိုလ်ချုပ်မွေးနေ့တွင် (၁) နှစ် သားအရွယ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ယင်း (၁) နှစ်သားအရွယ် "သုခအလင်း" စာကြည့်တိုက်အား မျိုးဆက်သစ် လူမှုရေးသမားများ၏ စည်းလုံးခြင်းအင်အား၊ ဖေးမမှုအကြင်နာတရားတို့ဖြင့် လက်ရှိ "သုခအလင်း" စာကြည့်တိုက်ထက် ပိုမို၍ကျယ်ဝန်းသော ဧရိယာခန်းမ၊ ပိုမို၍အသိပညာ ပွားများစေ မည့် စာအုပ်/စာပေများဖြင့် နောင်တစ်ချိန်တွင် နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံ၏ သားကောင်း သမီးကောင်း များကို ဖော်ထုတ်မွေးဖွားနိုင်ရန်အတွက် ယခုကဲ့သို့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသည့် စကားအတိုင်း ကောင်းမြတ်သော နေရာရွေ့ပြောင်းမှုကို မင်္ဂလာရှိစွာဖြင့် လုပ်ဆောင်ခဲ့ကြပါသည်။
ကိုကျော်သူ

.

No comments:

Post a Comment