နှုတ်ဖျားမှသည် ခွန်းသီဆို သည် မဟုတ်။
လက်ဖျားမှ သည် လင်္ကာ သီသည် မဟုတ်။
မျက်လုံးမှ သည်..စကားဆိုသည် မဟုတ်။
ခြေထောက်များကလည်း စကားပြောသည်။
မယုံလျှင် ပုံပြင်သာ မှတ်ပေရော့။
ဤခြေထောက်ပိုင်ရှင်သည် ကျွန်ရှေ့ဒူးမထောက် မြန်မာပြည်လွတ်မြောက်အောင် အသက်စတေးပေးခဲ့သော ပြည်သူ၏ ဖခင် အာဇာနည်
ဤခြေထောက်ပိုင်ရှင်သည် တရုပ်ကို ကပ်မြှောက် မြန်မာပြည်ကို ချောက်ထဲကျအောင် လမ်းပြမြေပုံဆွဲ၍ တွန်းပို့ နေသူ လူယုတ်မာ အာဏာရှင်။
သူကတော့ ပေးတာယူ ကြွေးတာစား မင်းပွဲ စိုးပွဲ သာ တက်ချင်သော ခြေထောက်ပိုင်ရှင်
သူကတော့ မှန်တာလုပ်ဖို့ ဆို ရုံး ဂတ် အချုပ်မကြောက် သေနတ်များရှေ့ကပင် ဖြတ်လျှောက်ရဲသူ သတ္တိ ခြေလှမ်းရှင်။
စင်ကြယ်ဖိနပ်စီးသော်လည်း မစင်ကြယ်တဲ့ ဒီခြေထောက်နဲ့ အကျင့်စာရိတ္တပျက် လူသား
ဖိနပ်မပါသော်လည်း..စင်ကြယ်ပါသော သိက္ခာ နဲ့  ဤခြေထောက်များ။
ဒီခြေထောက်မှ ဖိနပ်များ နိုင်ငံတော် ဘဏ္ဍာနဲ့ အရောင် ဖိတ်ဖိတ်တောက်သော်လည်း
ဤစစ်သားကလေးမှာ စီးစရာ စစ်ဖိနပ်တောင် မရှိရှာပါဘူး။
သူကတော့ ဘုရားပရ၀ဏ် ၀တ္တကမြေ ခြေဒါးလှီးခံ ဖိနပ်ဝတ်ရဲသော စုန်းမ
ဤခြေထောက်ပိုင်ရှင် သည် သဒ္ဓါရိုကျိုး ခြေသုတ်ပုဆိုးကဲ့သောသော အလှူ့ တကာမ။
ဒီကလေးငယ်လေးများကား စားစရာနတ္နိ အိမ်ခြေမရှိ မိဘမဲ့သည့် ဖိနပ်မဲ့ နာဂစ်ရဲ့ ဒုက္ခသည်။
ဒီဖိနပ်ပိုင်ရှင်ကလေးက လမ်းတောင် လျှောက်စရာမလိုသော စိန်စီတဲ့ ရွှေမင်းသမီး..
အာဏာ လက်နက်ဖြင့် ဖိနှိပ် ဖိနပ်ကြိုးစီးခိုင်းသော ဘိုပြောင်ကြီး
ဤခြေထောက်ရှင်သည် ယုံကြည် သဒ္ဓါဖြင့် လူအများချစ်ခင် လေးစားခံရသူ
ဤခြေပိုင်ရှင်သည် မတရား ခိုးဖွက်လုယက်သော စိန်များဖြင့် ရုပ်မလှ စိန်ရြွှေပ လင်တင် တောင်းရသော ရျွေခြေကျင်းကြီးနဲ့  မိန်းမ
ဤခြေထောက်ပိုင်ရှင်များကား ယုံကြည်ချက်ကိုစား သံခြေကျင်းဝတ် နိုင်ငံရေးအကျဉ်းသမား
ဤခြေပိုင်ရှင် သည် တယောက်ထဲ ရဲဝံ့စွာ အဖော်မပါ အပြင်မထွက်ရဲတဲ့ သတ္တိခဲ သူခိုးကြီး ငဖဲ
အဖေါ် မပါပေမယ့်  တကမ္ဘာလုံး ကို စိမ်ခေါ်ရဲတဲ့ ဦးဝင်းတင်ရဲ့  တည်ငြိမ်တဲ့ အိမ်အပြန် ခြေလှမ်း
ဒီခြေထောက်ပိုင်ရှင်များ..အာဏာတည်မြဲရေးအတွက်
ဒီဖိနပ်ပိုင်ရှင်များ အသက်စတေးခဲ့ရသည်။
ပျင်းလို့  စစ်တပ်ကိုတောင် လမ်းလျှောက်မစစ်ဆေးနိုင်တဲ့ ဘိုပျင်းကြီး
လွတ်ရာကျွတ်ရာ အသက်လုပြေးကြရတဲ့ စစ်ပြေးဒုက္ခသည် မိသားစု
ဤခြေထောက်ပိုင်ရှင်သည် အရွယ်မရောက် အဓမစစ်တပ်သို့  သွပ်သွင်းခံရကလေးစစ်သား
ဤခြေထောက်ပိုင်ရှင်များသည် အရွယ်လွန် အ်ုမင်းသော်ညား ရာထူးမစွန့် ရဲကြသူများ
ဤခြေထောက်ပိုင်ရှင်သည် အဘိုးအာဏာသုံး ရမ်းကား ဘိန်းစား မိန်းကလေးများရဲ့ ပန်းစားဘီလူးမင်းသား
ဤခြေထောက်ပိုင်ရှင်သည် အသက်အရွယ်မမျှ မိသားစုစီးပွါးရေး ကူညီပေးရသောကလေးငယ်။
ဒီခြေထောက်ရှင်က နိုင်ငံပိုင် ပစ္စည်းတွေ ပေါချောင်ကောင်းသိမ်း သဘာဝ အရင်းအမြစ်မှန်သမျှ ကို ရှိတာရောင်းစား ပြည်သူသတ်ဖို့  လက်နက် သူ့ စည်းစိမ်အတွက် ၀ယ်ရောင်းတဲ့သူ
ဒီဒုတ္ခိကစစ်သားတွေကဖြင့် လိုက်လည်ဈေးရောင်း လှည့်လည် တောင်းစားနေရတယ်။
ကဲ မိတ်ဆွေများ
သင်မှာ ခြေထောက်ရှိသည်။
သင့် နေသော်လည်း ဆိတ်ဆိတ်..
သင့်ခြေများက တိတ်နေမယ်မဟုတ်ပါဖူး။
ရှေဆက် တက်မလား..
နောက်ဆုတ် ထွက်မလား..
ထိုးဖောက်ထွက် ရုန်းကန်ကြမလား..
ဒူးထောက် ပေါင်းစားမလား.
ကျောက်ချ ဆွံ့ အ ဆဲလား။
သင့် သမိုင်း သင်ရေးမည်။
ဘာပြောမလည်း နားထောင်ကြည့်
သင်ခြေလှမ်းများက ပြောကြားမည့် သင်၏ ပုံပြင်။
မသဒ္ဓါ (၁။၁၅။၂၀၁၁)
http://thadar.blogspot.com/
အဘိုးတွေ၊ အဘွားတွေ၊ အဖေတွေ အမေတွေ၊ ဦးလေးတွေ အဒေါ်တွေ၊ အကိုတွေ အမတွေ စွန့်လွှတ်အနစ်နာခံခဲ့ကြလေပြီ....ကြွေလွင့်သူတွေလဲ ကြွေလွင့်ခဲ့ကြလေပြီ.....
အခုကျနော်တို့ အချိန်၊ ကျနော်တို့ အလှည့်ရောက်ပြီ....ကျနော်တို့ကို ခေါင်းဆောင်မဲ့ တကမ္ဘာလုံးက လေးစားတဲ့ လူထုခေါင်းဆောင်လည်းရှိနေပြီ.......
လူဆိုတာ ကိုယ့်တယောက်တည်း၊ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုးကောင်းစားရေးလောက်ပဲ လုပ်ဆောင်နေမယ်ဆိုရင် သေးသိမ်လွန်းလှပြီး၊ လူသားဖြစ်တည်ရခြင်းဆိုတဲ့ အဓိပါယ်လည်း ဆိတ်သုန်းပျောက်ကွယ်နေပါလိမ့်မယ်.....
ကျနော်တို့ရဲ့ နောင်လာမဲ့ မျိုးဆက်တွေ ကျနော်တို့လို ဆိုးဝါးခါးသီးလှတဲ့ အခြေအနေဆိုးတွေကို မကြုံတွေ့ရလေအောင်၊ ကျနော်တို့ ဆက်ခံခဲ့တဲ့ နိုင်ငံထက်၊ ပိုမို ပွင့်လင်း ကောင်းမွန် တရားမျှတတဲ့၊ လွတ်လပ် လုံခြုံမှု အပြည့်ရှိတဲ့ တိုင်းပြည်တခုကို နောင်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်အောင် လုပ်ဆောင်ဖို့သည် ကျနော်တို့ တဦးတယောက်ချင်းစီမှာ ရှိနေတဲ့ သမိုင်းပေးတာဝန်တရပ်ဖြစ်တယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်ဗျာ....
ကျနော်တို့ရဲ့ တိုတောင်းလှတဲ့ လူ့သက်တမ်းလေး မကုန်းဆုံးမီ ကိုယ်တတ်နိုင်၊ လုပ်နိုင်လောက်မဲ့ တခုခု စတင်လုပ်ဆောင်ကြည့်ကြပါစို့လား.....

"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"...........
"If you are neutral in a situation of injustice, you have chosen to side with the oppressor.".........
Candidly yours.........
ပညာရေးနှင့်ကျောင်းသားများအပေါ်အလေးထားမှု့စိုးစင်းမှမရှိ
by Nyan Lin on Sunday, March 6, 2011 at 9:33am
ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ (Photo: Burma Rescue)
စစ်အစိုးရကရန်သူလို့ သဘောထားတဲ့ သားသုံးသားမှာ သူတို့အကြောက်ဆုံးတသားဖြစ်တဲ့ ကျောင်းသားတွေ
ပညာရေးတိုးတက်ဖွင့်ဖြိုး အသိအမြင်ကြွယ်ဝပြီး စရိတ္တကောင်းမွန်လို့ လူထူးချွန်လေးတွေမဖြစ်ရေးဟာ သူတို့ရဲ့ရေရှည်စီမံကိန်း
တရပ်ပေါ့ (ပညာရေးဖြင့်ခေတမှီ်ဖွင့်ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်အံ) တဲ့ဆောင်ပုဒ်ပဲရှိတယ် လက်တွေ့မပါပါဘူး။
သူများနိုင်ငံတွေရဲ့ ပညာရေးမှာကျောင်းသားတဦးချင်းစီအပေါ်မှာကိုအလေးအနက်ထားမှု့ရှိတာ မြင်ရတော့ မိမိနိုင်ငံရဲ့ ချွတ်ချုံကျမှု့
ကိုကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။
ဆေးကျောင်းဝင်ခွင့်လျှောက်သူနှစ်ဦးရဲ့ ဓာတ်ပုံအမှု ထိုင်းတရားရုံးပယ်ချ
Sunday, 06 March 2011 01:36 မောက္ခ နိုင်ငံတကာသတင်း
ဆရမ်ရား ကန်းနန်း နှင့် ဆီရိခွမ် ကျလွန်းစုဖွန်း ဆိုသည့် ကျောင်းသူနှစ်ဦးမှ ထိုင်းနိုင်ငံ ဆေးတက္ကသိုလ် ၀င်ခွင့် လျှောက်ရာတွင် ဓာတ်ပုံ အလုံအလောက် မပါတဲ့ အမှုကို ထိုင်း တရားရုံး တစ်ခုက ကြားနာ
စစ်ဆေးပြီးနောက် ပယ်ချလိုက်သည်။
Consortium of Thai Medical Schools (Costmes) ဆေးကျောင်းက ကျောင်းသား/သူ တစ်ဦးစီကို ကျောင်းဝင်ခွင့် လျှောက်လွှာပုံစံအတွက် ဓာတ်ပုံ ၅ ပုံစီ တောင်းထားသည်။ ကျောင်းသူနှစ်ဦးက ဓာတ်ပုံ လေးပုံသာ ပေးပို့တဲ့ အတွက် ၀င်ခွင့်ဖြေဆိုခွင့် ပယ်ချခံရပြီးနောက်၊ ထိုင်းတရားရုံး (Centeal Administrative Court) သို့ တိုင်ကြားခဲ့သည်။
လျှောက်လွှာခေါ်ယူချိန်အတွင်း ဓာတ်ပုံများ အတိအကျ ပေးဖို့ တောင်းဆိုထားကြောင်း၊ လျှောက်ထားသူရဲ့ ဓာတ်ပုံ တစ်ပုံကို လျှောက်လွှာပုံစံတွင် ကော်နဲ့ကပ်ပြီး ကျန် ဓာတ်ပုံလေးပုံကို ပလပ်စတစ်အိတ်ကလေးဖြင့် အသေချာ စာအိတ်ထဲ ထည့်ပို့ဖို့လိုကြောင်း ဆေးကျောင်းမှ တရားရုံးတွင် ထွက်ဆိုခဲ့သည်။ လျှောက်ထားပုံကိုလည်း ကျောင်း ၀ဘ်ဆိုဒ်တွင် ကြည့်ရှုဖို့ ကြေငြာထားပြီးသား ဖြစ်ကြောင်း တရားရုံးတွင် ပြောဆိုခဲ့သည်။
သက်သေအထောက်အထားအရ ကျောင်းသူနှစ်ဦးတွင် ဓာတ်ပုံတစ်ပုံစီ ပေးဖို့ လိုအပ်နေကြောင်း တွေ့ရှိခဲ့သည်။
ထိုင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (NHRC) က ဆေးကျောင်းဝင်ခွင့် လျှောက်ထားမှု ပယ်ချခံရတဲ့ ကျောင်းသူ နှစ်ဦးကို အကာအကွယ်ပေးဖို့အတွက် ထို ဓာတ်ပုံတစ်ပုံတစ်ပုံစီ လိုတဲ့အမှုကို ထိုင်း ဗဟိုတရားရုံးသို့ ဆက်တင်မည် ဟု ပြောဆိုခဲ့သည်။
မောက္ခ နိုင်ငံတကာသတင်း Source:
တိုးတက်သော နိုင်ငံကြီး တည်ဆောက်ရန် ကျောင်းသားလေးများ ကားပေါ်တိုးတက်ပြီး
ကားတိုးစီး၊ ကားတွယ်စီး နေပုံ (Photo: myatlayngon.blogspot)
ကားတိုးစီး၊ ကားတွယ်စီး နေပုံ (Photo: myatlayngon.blogspot)
ထိုင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (NHRC) မှလိုက်လံကူညီပေးနေသောထိုင်းကျောင်းသူ နှစ်ဦး၊ မိမိတို့နိုင်ငံမှာ ဒါမျိုးလွတ်လပ်တဲ့ အဖွဲ့အစည်းတွေတည်ထောင်ခွင့်မပေးတာရယ် ဥပဒေ စိုးမိုးမှု့မရှိတာရယ်ကြောင့် ငုံ့ခံဖို့နဲ့နစ်နာဖို့ပဲရှိပါတယ်
အစ၏ အဆုံး (သို့ မဟုတ် ) အာဏာရှင်၏ နိဂုံး ...................
by San Maung on Sunday, March 6, 2011 at 8:39am
ဖိနှိပ်ခြင်းဟာ
တင်းနေတဲ့ ရာဘာဘူဘောင်း တစ်လုံးလိုပေါ့။
နောက်ဆုံး မခံနိုင်တဲ့အခါ ပေါက်ကွဲ။
ကြောက်ရွံ့ ခြင်းဟာ
အတိုင်းအတာတစ်ခု အထိပါဘဲ။
နာကျည်းကြေကွဲလာခဲ့ရင် တွန်းကန်မြဲ။
ဖိနှိပ်ခြင်းမှ ကင်းဝေးရာ
လိုတဲ့အရာက သတ္တိဘဲ။
သတ္တိ..ရှိတယ်
အပြောလွယ်တယ်။
သဘောလွယ်ရင်တော့ ငုံခံစတမ်းဘဲ။
ကြောက်ရွံ့ ခြင်းမှ ကင်းဝေးရာ
ပြန်လှန် ရုန်းကန် တတ်ဖို့ တော့လိုမယ်။
အင်အားဟာ မိမိ သွေးထဲမှာဘဲ ရှိတယ်။
ကျောက်ဆောင်တွေ ဘယ်လိုတည်မြဲ
ရေ နေ လေ ဥတု တိုက်စား
နောက်ဆုံးဖြစ်ခဲ့ရတာ မြေဆီလွှာ။
အစရှိရင် အဆုံးရှိတယ်။
မကောင်းမှုဆိုသောအရာ တန်ပြန်သံသရာ
အာဏာရေပွက်..ပွက်တုန်းခဏတာ။
ဤမြေ၏ကမ္ဘာ…
ချစ်ခြင်းက တည်မြဲခိုင်မာ
မုန်းတီးခြင်းဟာ ဖန်တီးမဲ့ ကံကြမ္မာ
လူဘောင်သမိုင်းတလျှောက်
အစွန်းရောက် အာဏာရှင်ဆိုတာ
တရှိန်ထိုးထတောက်တဲ့ မီးတစ်တောက်
လောင်စာကုန်ရင် ခမ်းခြောက်စမြဲ
ဟစ်တလာ မူဆိုလိုနီ
စတာလင် ချောင်စက်စကူ
ရှား ခုံမေနီ ဆာဒန်ဟူစိန်..
မားကို့  မူဘာရက်
ဘန်အာလီနဲ့ ကဒါဖီ
ကျတဲ့အခါကျ..တရှိန်ထိုး..
သမိုင်းမှာ ကဗျည်းထိုးခဲ့တဲ့ ဒီ ပုံပြင်
ပြည်သူ သာ ညီပေစေ
အာဏာရှင်၏လားရာဟာ အောင်ဖေ။
ထိုင်နေရင် တသက်
ထကြွရင် တစ်ချက်
အချိန်ကောင်းဟာ နှစ်ခါလာရိုးထုံးစံမရှိ။
ကြောက်ရင် သင့်ဘ၀ ကျွန်မျိုး ခုနှစ်ဆက်
မကြောက်ရင် သခင်မျိုးဆက်
မြန်မာသွေးစက်နီတာပြဖို့ လိုပြီ။
သန်းရွှေ အစိုးရ ဘာကြောင့်မို့ 
ငါတို့  ဒူးထောက်ကြရမည်။
မသဒ္ဓါ (၃၊၁၊၂၀၁၁)
http://thadar.blogspot.com/
တင်းနေတဲ့ ရာဘာဘူဘောင်း တစ်လုံးလိုပေါ့။
နောက်ဆုံး မခံနိုင်တဲ့အခါ ပေါက်ကွဲ။
ကြောက်ရွံ့ ခြင်းဟာ
အတိုင်းအတာတစ်ခု အထိပါဘဲ။
နာကျည်းကြေကွဲလာခဲ့ရင် တွန်းကန်မြဲ။
ဖိနှိပ်ခြင်းမှ ကင်းဝေးရာ
လိုတဲ့အရာက သတ္တိဘဲ။
သတ္တိ..ရှိတယ်
အပြောလွယ်တယ်။
သဘောလွယ်ရင်တော့ ငုံခံစတမ်းဘဲ။
ကြောက်ရွံ့ ခြင်းမှ ကင်းဝေးရာ
ပြန်လှန် ရုန်းကန် တတ်ဖို့ တော့လိုမယ်။
အင်အားဟာ မိမိ သွေးထဲမှာဘဲ ရှိတယ်။
ကျောက်ဆောင်တွေ ဘယ်လိုတည်မြဲ
ရေ နေ လေ ဥတု တိုက်စား
နောက်ဆုံးဖြစ်ခဲ့ရတာ မြေဆီလွှာ။
အစရှိရင် အဆုံးရှိတယ်။
မကောင်းမှုဆိုသောအရာ တန်ပြန်သံသရာ
အာဏာရေပွက်..ပွက်တုန်းခဏတာ။
ဤမြေ၏ကမ္ဘာ…
ချစ်ခြင်းက တည်မြဲခိုင်မာ
မုန်းတီးခြင်းဟာ ဖန်တီးမဲ့ ကံကြမ္မာ
လူဘောင်သမိုင်းတလျှောက်
အစွန်းရောက် အာဏာရှင်ဆိုတာ
တရှိန်ထိုးထတောက်တဲ့ မီးတစ်တောက်
လောင်စာကုန်ရင် ခမ်းခြောက်စမြဲ
ဟစ်တလာ မူဆိုလိုနီ
စတာလင် ချောင်စက်စကူ
ရှား ခုံမေနီ ဆာဒန်ဟူစိန်..
မားကို့  မူဘာရက်
ဘန်အာလီနဲ့ ကဒါဖီ
ကျတဲ့အခါကျ..တရှိန်ထိုး..
သမိုင်းမှာ ကဗျည်းထိုးခဲ့တဲ့ ဒီ ပုံပြင်
ပြည်သူ သာ ညီပေစေ
အာဏာရှင်၏လားရာဟာ အောင်ဖေ။
ထိုင်နေရင် တသက်
ထကြွရင် တစ်ချက်
အချိန်ကောင်းဟာ နှစ်ခါလာရိုးထုံးစံမရှိ။
ကြောက်ရင် သင့်ဘ၀ ကျွန်မျိုး ခုနှစ်ဆက်
မကြောက်ရင် သခင်မျိုးဆက်
မြန်မာသွေးစက်နီတာပြဖို့ လိုပြီ။
သန်းရွှေ အစိုးရ ဘာကြောင့်မို့ 
ငါတို့  ဒူးထောက်ကြရမည်။
မသဒ္ဓါ (၃၊၁၊၂၀၁၁)
http://thadar.blogspot.com/
ဒင်း ပြည်သူတွေကို နှိပ်စက်နေတာ ကြာနေပြီ၊ ဆွေမျိုးကောင်းစားရေးပဲလုပ်နေပြီး၊တိုင်းပြည်ကို ဖျက်နေတာ ကြာနေပြီ။
ခု ဒင်း အတွက် အချိန်ရောက်ပြီ။
မြန်မာပြည်သူတွေကို နလပိန်းတုန်းတွေ ထင်နေပြီး၊ ကောက်ကျစ်ယုတ်မာ လိမ်ညာလှည့်ဖျား အကွက်ချလိမ်ဆင်ရွေးကောက်ပွဲအတုလုပ် ရုပ်သေး သိန်းစိန် အစိုးရနဲ့ ချွှေးသိပ်ဖို့ ကြံစည်နေတဲ့ ဒင်း နဲ့ လက်ပါးစေတွေ ကို သုတ်သင်ဖို့ အချိန်တန်ပြီ။

ဥပဒေအင်္ဂါရပ်နဲ့ မညီသော ဥပဒေ ............
by San Maung on Sunday, March 6, 2011 at 7:37am
စစ်အစိုးရက မကြာခင်က နိုင်ငံတော် ပြန်တမ်းမှာ ထည့်သွင်းပြီး ထုတ်ပြန်ခဲ့တဲ့ လာမယ့် ဘဏ္ဍာရေးနှစ် ၂၀၁၁-၂၀၁၂ အတွက် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမယ့် ဥပဒေတွေဟာ ဥပဒေ အင်္ဂါနဲ့ မညီတဲ့ ဥပဒေတွေ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ပြောပါတယ်။
လွှတ်တော်ကြီး ကျင်းပနေတာ ရှိပါရက်နဲ့ လွှတ်တော်ကနေ လုပ်ကိုင် ဆောင်ရွက်တာ မဟုတ်ဘဲ စစ်အစိုးရရဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ် ရေးထိုး ထုတ်ပြန် ခဲ့တာဖြစ်ပြီး၊ စစ်တပ်ဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကို လိုအပ်သလို သုံးစွဲခွင့် ရှိမယ့် ပုံစံတွေ ရေးသား ထားတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။
အထူးရန်ပုံငွေ ဥပဒေမှာ နှစ်စဉ်ကာကွယ်ရေး လိုအပ်ချက်အတွက် သမ္မတက ခွင့်ပြုချက် ပေးရမယ်လို့ ပါရှိပြီး၊ ငွေကြေး ဘယ်ရွေ့ဘယ်မျှ ဆိုတာ အတိုင်းအဆ မပါသလို အချိန်ကာလ ကန့်သတ်ချက်လည်း မပါရှိတဲ့ ဥပဒေ အင်္ဂါရပ်တွေနဲ့ မညီတဲ့ ဥပဒေတွေ ဖြစ်တာမို့ NLD က အခုလို ကြေညာချက် ထုတ်ပြန်ရတာ လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။
ဒီဥပဒေတွေကို ပြည်သူတွေရဲ့ ဆန္ဒကိုလည်း ရယူတာမျိုး မရှိသလို ပြည်သူ့ကိုယ်စား လှယ်တွေလို့ ဆိုနိုင်တဲ့ အခု လွှတ်တော်တက်နေတဲ့ ကိုယ်စားလှယ် တွေမှာလည်း ဆွေးနွေးခွင့် မရဘဲ ထုတ်ပြန်ခဲ့တာတွေဟာ ဘယ်လိုမှ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့လည်း သူက ထောက်ပြပါတယ်။
အခု ရေးသားထုတ်ပြန် ပြဌာန်းခဲ့တာတွေဟာ တာဝန်ရှိမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု ဘာမှ မရှိတဲ့ ဥပဒေတွေ ဖြစ်လို့ ဥပဒေ အင်္ဂါရပ်နဲ့ မညီညွတ်ဘူးလို့ NLD က သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်တဲ့ အကြောင်းကို ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပြပါတယ်။
အခု ဘဏ္ဍာငွေ သုံးစွဲရေး ဥပဒေတွေအရ ဆိုရင် စစ်တပ်ဟာ နိုင်ငံတော် ဘဏ္ဍာငွေ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကျော်ကို သုံးစွဲ သွားမှာဖြစ်ပြီး၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍအတွက်ကိုတော့ ၄ ရာခိုင်နှုန်းလောက်ပဲ သုံးစွဲမှာ ဖြစ်တယ်လို့ သိရပါတယ်။

NLD ပါတီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်း

No comments:
Post a Comment