Wednesday 16 March 2011

Fwd: ဒေါင်းမာန်ဟုန်




ဒေါင်းမာန်ဟုန်


Posted: 15 Mar 2011 09:32 AM PDT

Posted: 15 Mar 2011 09:11 AM PDT




Posted: 15 Mar 2011 08:29 AM PDT
အဝေးပြေးယာဉ်ရပ်နားစခန်းတွေမှာ ခရီးသည်ရဲ့ ပစ္စည်း၊ ပါဆယ်ထုပ်တွေကို ဖွင့်ဖောက် စစ်ဆေးမယ့်အပြင် ဒစ်ဂျစ်တယ် ကင်မရာနဲ့ ရိုက်ကူးပြီး နှစ်နာရီအတွင်း ကော်မတီ ပို့ဆောင်ရေးဋ္ဌာနကို ပေးပို့ရမယ်လို့ သိရပါတယ်။
]လိုက်နာမှုမရှိဘဲ ပြဿနာပေါ်ပေါက်ခဲ့ရင် ယာဉ်လိုင်းကို ပိတ်သိမ်းတဲ့အထိအရေးယူဆောင်ရွက်သွားမယ်} လို့ မထသ (အဝေးပြေး )မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အောင်မင်္ဂလာနဲ့ ဒဂုံဧရာ အဝေးပြေးရှိ သက်ဆိုင်ရာယာဉ်လိုင်းတွေက မိမိယာဉ်ရဲ့ ယာဉ်အထွက်မှာ တင်ဆောင်မယ့် ပါဆယ်ထုပ်၊ ခရီးသည်ရဲ့ ပါလာတဲ့ ပစ္စည်း၊ အဝေးပြေးဂိတ်ကို ဝင်ရောက်လာတဲ့ ယာဉ်ရဲ့ ပါလာတဲ့ ပါဆယ်ထုပ်၊ အဝင်ခရီးသည်ရဲ့ ပစ္စည်းကိုတွေကို ဖွင့်ဖောက်စစ်ဆေးပြီး ဒစ်ဂျစ်တယ်ကင်မရာနဲ့ ရိုက်ကူးရမှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ ယာဉ်လိုင်းတွေက ဒစ်ဂျစ်တယ်ကင်မရာနဲ့ ရိုက်ကူးထားတဲ့ပုံတွေကို ယာဉ်ဝင်ရောက်ပြီး နှစ်နာရီအတွင်း ပို့ဆောင်ရေးဋ္ဌာနကို စီဒီ၊ မမ်မိုရီကတ်၊ မမ်မိုရီစတစ်၊ နောက်ပြီးတိုက်ရိုက်ရိုက်ကူးခဲ့တဲ့ ဒစ်ဂျစ်တယ်ကင်မရာကို ယူဆောင်ပေးပို့ရမယ်။ ကော်မတီရဲ့ သတ်မှတ်ထားတဲ့ ပုံစံဇယားနဲ့အတူ အချိန်မီ အလေးထားပေးပို့သွားရမှာ ဖြစ်တယ်လို့ သိရတယ်။

ယာဉ်လိုင်းတွေ အနေနဲ့ ဆောင်ရွက်မှု ရှိမရှိကိုလဲ ကော်မတီက ရှောင်တခင် ဝင်ရောက် စစ်ဆေးသွားမယ် လို့ မထသ မှ တာဝန်ရှိသူက ရှင်းပြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး ) မှ ၂၀၁၁ခုနှစ် မတ်လ ၇ ရက်နေ့က စတင်ပြီး သက်ဆိုင်ရာ ယာဉ်လိုင်းတွေအားလုံးကို အကြောင်းကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။
ခရီးသွား လုပ်သားပြည်သူတွေ လိုရာခရီးကို လုံခြုံချောမွေ့စွာ ရောက်ရှိစေဖို့အတွက် အဝေးပြေး ယာဉ်ရပ်နားစခန်းတွေက လုံခြုံရေးတွေကို တိုးမြှင့်ဆောင်ရွက်နေတာလို့လည်း သိရှိရပါတယ်။

မူရင်း။ ။ ကုမုဒြာသတင်းဂျာနယ် (၁၅.ဝ၃.၂၀၁၁ နေ့ထုတ်)




No comments:

Post a Comment