Tuesday 26 April 2011

-



Posted: 25 Apr 2011 09:21 AM PDT


ဗီဒီယိုဖိုင်မျှဝေသောကိုနစ်နေမန်းအားကျေးဇူးတင်ရှိပါသည်...

Posted: 25 Apr 2011 08:52 AM PDT
itWEEKLY Journal

PASSWORD

အွန်လိုင်း အသုံပြု ရာတွင် အသုံးပြု သူများ အနေဖြင့် Facebook သုံးခြင်း ၊ ဂိမ်းဆော့ခြင်း များတွင် ဆန္ဒမစောဘဲ ဂရုတစိုက် လေ့လာပြီးမှ သာ အသုံး ပြုသင့်ကြောင်း၊ ထိုကဲ့သို့ မဟုတ်ဘဲ အမှတ် တမဲ့ အသုံးပြု လိုက် ပါက Hacker များ ၏ Password ခိုးယူခြင်းကို ခံရမည် ဖြစ်ပြီး ယခု အခါတွင် အွန်လိုင်း သုံးစွဲသူ အများစု Password ခိုးယူခြင်း ခံရေ ကြောင်း စုံးစမ်း သိရ သည်။

Facebook အသုံးပြု၍ ဂိမ်း ဆော့သည့်အခါ User များ အနေဖြင့် သူငယ်ချင်း များပေးပို့သော Link game များကို စိစစ်ခြင်း မရှိဘဲ Click နှိပ်လိုက်သည့်အခါ game Application အစစ် မဟုတ်ဘဲ Hacker များဖန်တီးထားသော Application အတုဖြစ် နေပြီး မိမိ၏ Password အလွယ်တကူ Hacker လက်ထဲသို့ ရောက်ရှိသွားနိုင်သလို၊ Facebook ဝင်သုံးသည့် အခါတွင်လည်း Facebook Address ဘားကို အထူး ဂရုစိုက်ရန် လိုအပ်ကြောင်း၊ မသင်္ကာစရာလိပ်စာ မျိုးဖြစ် နေပါက ဂိမ်းဆော့ခြင်းကို ရှောင်ရှားသင့်သလို ထင်ရှားသော Application game တွေကို တိုက်ရိုက် Link မှ ယူ၍ သွားသင့် ပေသည်။

ဥပမာ အားဖြင့် Farmware.com ကို Farmware.com ဆိုပြီး ဆင်တူယိုးမှား လုပ်ထားပြီး user name, Password တစ်ရက်လျှင် ၃၀၊ ၄၀ ခန့်ရအောင် Hacker တချို့ကလုပ်ဆောင်နေကြောင်း၊ Facebook website ထဲဝင်မည်ဆို လျှင်လည်း မိမိ ဘယ် Link အောက် သို့ရောက်သွားသည်ကို သေချာမလေ့ လာပါက ဆင်တူယိုးမှား Facebook များနှင့် တွေ့ရမည်ဖြစ်ကြောင်း Online နည်းပညာကျွမ်းကျင်သူကို အဂ္ဂက IT Weekly ဂျာနယ်သို့ပြော သည်။ Username, Password Hack ပုံအနေဖြင့် Gmail တွင် Password Recovery ရှိပြီး၊ သုံးသူက Forget Your Password Facilities ကို နှိပ်မိလျှင် ဘယ်အချိန်က gmail စတင်သုံးစွဲခဲ့သလဲ၊ သူငယ်ချင်း(၅) ယောက်၏ e-mail address ကို တောင်းပြီးဖော်ပြလိုက်သည့်အခါ Hacker ကမိမိ account ထဲသို့ ဝင်မကြည့် လိုက်သောအခါ Match ဖြစ်သည်နှင့် မိမိ account ဖွင့်သွားသည်။ ထိုသို့ လုပ်ရန်အတွက် gmail address (၅) ခုကို ကြိုတင်၍ မိမိ account ထဲသို့ ပို့ထားခြင်း ဖြစ်သည်။ ထိုနည်းသည် နောက်ပေါက်မှ Hack သောနည်းဖြစ် သည်။

ထိုသို့ Hack ခြင်းသည် လက် ရှိအခြေအနေတွင် အများဆုံးဖြစ်နေ သောနည်းဖြစ်သည်။ လူအများသိစေချင်သော Facebook Website များကို ချဉ်းကပ်ရာ တွင် Link တစ်ခုကို သုံးလိုက်ပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သိစေရ မည်ဟု ကမ်းလှမ်းကြောင်း၊ ထိုအခါ websiteတင်ထားသူကလည်း လူအများဆီသို့ရောက်မည်ဆိုသောကြောင့်ကြေညာချင် လိုသောဆန္ဒဖြင့်   မိမိ၏ Password ကို  ရိုက်ထည့်လိုက်သည် နှင့် တစ်ပြိုင်နက် Account ပွင့်သွား သည်။ အဆိုပါ Link တွင် Password ရိုက်ထည့်ပြီးသည်နှင့် တစ်ပြိုင် နက် Sorry Server ဟု ပေါ်လာပြီး Server နားနေကြောင်း အကြောင်း ပြန်သည်။

Link ချိတ်သူက လည်း အ သုံးပြု၍မရသည့်အခါ username နှင့် Password ကို ဖျက်သော်လည်း ၎င်း ၏ Password က Hacker ထံသို့ ရောက်ရှိသွားပြီး မိမိ Password ဖျက်၍ Hacker ၏ Password ဖြင့် မိမိ account ထဲတွင် ရေးသားချင် သည်များကို တင်သွားသည်ကို တွေ့ ရကြောင်း ထိုကဲ့သို့ပြုလုပ်ခြင်းကို NGO အဖွဲ့အစည်းများက အထူးဂရု စိုက်သင့်သည်။ Page အစစ်ကို Page အတုဖြင့် Hacker လိုက်သောပုံစံသည် မိမိ၏ Website အတွင်းသို့ ရေးချင် ရာကို ဝင်ရောက်ရေး နိုင်သည့်အခြေ အနေရောက်ရှိသွားခြင်းကြောင့် လွန် စွာအန္တရာယ်ကြီးမားကြောင်း Online နည်းပညာကျွမ်းကျင်သူ ကိုအဂ္ဂက ၎င်း၏ လေ့လာချက် များကို ပြောသည်။

ကျော်ထွန်း၊ ဟေမာ

Posted: 25 Apr 2011 08:48 AM PDT
အရပ်သားအစိုးရတရပ်ပေါ်ထွန်းလာပြီ ဆိုတဲ့အသုံးအနှုန်းကို သုံးကြတော့ အရပ်သားအစိုးရဆိုတာ ဘယ်လိုအစိုးရမျိုးပါလဲလို့အတွေးနယ်ချဲ့မိပါတယ်။ အရပ်သူအရပ်သားတွေနဲ့ဖွဲ့စည်းတဲ့အစိုးရလို့အကြမ်းဖျဉ်းအားဖြင့်တော့ ပြောလို့ရသလို၊ အရပ်သူအရပ်သားတွေနဲ့ဖွဲ့စည်းတယ်ဆိုတာ အရပ်သူအရပ်သားတွေအကျိုးစီးပွားအတွက် အဲဒီအရပ်က အရပ်သူအရပ်သားတွေကိုကိုယ်စားပြုတဲ့အဲဒီအရပ်သူအရပ်သားတွေကိုယ်တိုင်ပါဝင်ဖွဲ့စည်းထားတဲ့အစိုးရလို့ ဆက်စပ်မိလာပါတယ်။ ဒီတော့ အရပ်သားအစိုးရဆိုတာ အရပ်အခေါ်လွယ်လွယ်ကူကူခေါ်နေပေမယ့် စာသံပေသံပေါက်အောင်ခေါ်မယ်ဆိုရင် ပြည်သူ့အစိုးရ ပါပဲ။ ပြည်သူ့အစိုးရဆိုမှတော့ ဒီမိုကရေစီ စံတခုဖြစ်တဲ့  The government by the people, for the people, of the people ဆိုတာကို သတိရမိပါတယ်။

ကျွန်တော်တို့တိုင်းပြည် မှာ နှစ်ကာလကြာရှည်စွာ ကွယ်ပျောက်နေတဲ့ ပြည်သူ့အစိုးရတရပ်ဟာ အမှန်တကယ်ပေါ်ထွန်းလာပြီလားလို့ တွေးကြည့်စရာ၊ မျှော်လင့်စရာပါပဲ။

ဒီ့အရင် စစ်အစိုးရ အုပ်ချုပ်မှုနဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုနဲ့ ဘာကွာမလဲ လို့ပိုင်းခြားစိတ်ဖြာကြည့်မယ်ဆို စစ်တပ်နဲ့ အရပ်ဘက်နဲ့ ဘာကွာသလဲဆိုတာကိုသုံးသပ်ကြည့်ရင်  မြင်သာထင်သာပါလိမ့်မယ်။ စစ်တပ်ဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းပါ။နိုင်ငံတကာ စံထုံးစံထားတွေအရ စစ်တပ်တတပ်ရဲ့အဓိက ဖွဲ့စည်းမှုဟာ အမိန့်နာခံမှု ပါ။ဘယ်စစ်တပ်မဆို တသွေးတသံတမိန့် အမိန့်နာခံမှုရှိမှ အုပ်ချုပ်လို့ရပါတယ်။ စစ်တပ်ထဲ တန်းစီတဲ့အခါမှာ ကြယ်သီးနဲ့ ဘောင်းဘီခါးပတ်ခေါင်းနဲ့၊ တညီထဲရှိရပါသတဲ့။ မရိုမသေ့စကား ငယ်ပါတောင်ဘောင်းဘီရဲ့ဘယ်မှာဆို ဘယ်မှာ၊ညာမှာဆိုညာမှာ တညီတည်းရှိနေရပါသတဲ့။ ဗိုလ်မှူးဟောင်းတယောက်ပြောပြလို့ ကျွန်တော်တို့ နားထောင်ရင်း ရယ်ခဲ့ရပါတယ်။ စည်းကမ်း ကြီးတာကောင်းပါတယ်။ ဒါပေမယ့် ရပ်ထဲရွာထဲမတော့အဲဒီလို တသွေးတသံတမိန့် လုပ်လို့မရပါဘူး။
အရေးကြီးတာက ဘယ်လောက်ပဲစည်းကမ်းကြီးကြီး၊ ဘယ်လောက်ပဲ အမိန့်နာခံနာခံ ဒါတွေအားလုံးဟာအဲဒီစစ်တပ် ကိုယ်စားပြုတဲ့ လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာကိုတော့ အမြဲလက်ကိုင်ထားဖို့လိုပါတယ်။ဒါနဲ့ တဆက်တည်း ပြည်သူ့အစိုးရ ပြောင်းပြီဆို စစ်တပ်ကကော၊ တပ်မတော်ကကော ပြည်သူ့တပ်မတော် ပြန်ပြောင်းဖို့မလိုဘူးလားလို့မေးစရာတွေးစရာ ရလာပြန်ပါတယ်။ ပြည်သူတွေထဲက ပြည်သူတွေအတွက် ပြည်သူတွေနဲ့ဖွဲ့စည်းထားတဲ့တပ်မတော် ဆိုတာ မကောင်းလို့လားဗျာ။ ပြည်သူ့တပ်မတော်ဆိုတာ အသုံးအနှုန်းကိုလည်း ပြန်သုံးသင့်တယ်လို့တွေးမိကြောင်းပါ။ ပြည်သူတွေနဲ့ တကယ် တသားတည်းဖြစ်ချင်ရင်၊ ပြည်သူတွေရဲ့ထောက်ခံမှုကို တကယ်လိုချင်တယ်ဆိုရင်တော့ အခေါ်အဝေါ်ကအစ အရေးကြီးတယ်ထင်ပါရဲ့ ။
အရပ်သား အရပ်ဖက်မှာတော့ စစ်တပ်နဲ့လုံးလုံးလျားလျားဆန့်ကျင်ဘက်ဖြစ်ပါတယ်။

အရပ်သားလူ့အဖွဲ့အစည်းတရပ် ရဲ့ အဓိကဖွဲ့စည်းမှု ဟာ ဘာလဲဆိုရင် တော့ စာနာမှု sympathy ပါပဲ။ စာနာစိတ် နဲ့သာ အပြန်အလှန်ဆက်ဆံတဲ့ လူ့အဖွဲ့အစည်းမှသာ အောင်မြင်တဲ့ ယဉ်ကျေးတဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းတရပ်ဖြစ်ပါလိမ့်မယ်။ ပိုက်ဆံရှိတဲ့သူက မရှိတဲ့သူကို၊ ရာထူးအာဏာရှိတဲ့သူက မရှိတဲ့သူကို ၊ပညာတတ်တဲ့သူက မတတ်တဲ့သူကို နိုင့်ထက်စီးနင်း ခေါင်းပုံဖြတ်အမြတ်ထုတ်ခွင့်ရှိနေတဲ့လူ့အဖွဲ့အစည်းမျိုး၊စာနာမှုကင်းမဲ့တဲ့ လူ့အဖွဲ့အစည်းမျိုးကို အောင်မြင်တဲ့ တည်ငြိမ်တဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းလို့သတ်မှတ်လို့
မရပါဘူး။
ဒီတော့ အရပ်သားတွေအရပ်ဖက်လူ့အဖွဲ့အစည်းတွေကို စစ်တပ်ပုံစံတသွေးတသံတမိန့်နဲ့ အုပ်ချုပ်လို့ရမရ၊ အောင်မြင်နိုင်မအောင်မြင်နိုင် ကို အထူးပြောစရာတောင်မလိုတော့ပါဘူး။
စစ်တပ်ပုံစံအုပ်ချုပ်တဲ့ စစ်အစိုးရကနေ၊ အရပ်ဖက်ပုံစံ အုပ်ချုပ်မယ့် အရပ်သားအစိုးရ အသွင်ကို ကူးပြောင်းတဲ့အခါမှာ စစ်ဗိုလ်တွေကအရပ်ဝတ်လဲပြီး  အရပ်သားအဖြစ်ခံယူအုပ်ချုပ်ရုံနဲ့တော့  အောင်မြင်တဲ့ အရပ်သားအုပ်ချုပ်ရေး၊ အရပ်သားအစိုးရဖြစ်လာမှာမဟုတ်ပါဘူး။  အရပ်သားလိုတွေး၊  အရပ်သားလိုနေ၊အရပ်သားလို စာနာစိတ်နဲ့ အရပ်သားတွေအကျိုးစီးပွားကိုရှေ့ရှုမှသာ အရပ်သားအစိုးရကောင်း (၀ါ) ပြည်သူ့အစိုးရကောင်းဖြစ်လာပါလိမ့်မယ် ။
ချိုတူးဇော်

.

No comments:

Post a Comment