Posted: 08 Jul 2011 12:40 PM PDT နိုင်ငံကျော် ရွှေပါရမီ တောရဆရာတော် အရှင်ဆန္ဒာဓိကအား ၅ရက်နေ့ ညနေပိုင်းက အမေစုတည်းခိုတဲ့ Bagan Hotel River View ဟိုတယ်၌ ဖူးတွေ့ရစဉ်... လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၁နာရီကြာ တွေ့ဆုံခဲ့ပါတယ်...။ ပုဂံသို့ ဘုရားဖူးရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယမြောက်နေ့ဖြစ်သည့် အင်္ဂါနေ့ ညနေပိုင်း တွင် နိုင်ငံကျော် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် ၁ နာရီခန့်ကြာ တွေ့ဆုံဖူးမျှော်ခဲ့သည်။ သက်တော် ၄၃ နှစ်အရွယ်ရှိ အရှင်ဆန္ဒာဓိကသည် တိုက်ဆိုင်စွာ ဟိုတယ် တခုတည်းတွင် တည်းခိုနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံလိုသည်ဟု လုံခြုံရေးတာဝန် ယူပေးနေသည့် အဖွဲ့များက ပြောသည်။ (မဇ္ဈိမ Click) ဆရာတော်ဟာ မြန်မာနိုင်ငံမှာ နာမည်ကျော်ကြား လူသိများပြီး အများကြည်ညိုလေးစားတဲ့ ဆရာတော်ပါ...။ ဆရာတော်ရဲ့ ထုတ်ဝေပြီး စာအုပ်တအုပ်ဖြစ်တဲ့ အနေဝေးပေမယ့် အဝေးနေမဟုတ်ပါ ဆိုတဲ့ စာအုပ်ထဲမှာ အနေနီးတိုင်း အနီးနေမဟုတ် လောကမှာ ဘယ်သူဆို ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူ၊ ကိုယ်ကြည်ညို လေးစားတဲ့သူနဲ့ အနေနီးချင်ကြတဲ့ သူတွေချည်းပါပဲ။ ဘယ်သူမှ အနေမဝေးချင်ကြပါဘူး။ ဒါပေမဲ့ ကံတရားစတဲ့ အကြောင်းတရား အမျိုးမျိုးကြောင့် ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူ၊ ကိုယ်ကြည်ညို လေးစားတဲ့သူတွေနဲ့ အနေဝေးရတဲ့ အဖြစ်မျိုးတွေလည်း ကြုံရတတ်ပါတယ်။ ခတ္တခဏ အနေ ဝေးတာမျိုးလည်းရှိတယ်။ အကြာကြီး အနေဝေးတာမျိုးလည်းရှိတယ်။ တစ်သက်တာလုံး ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ ဝေးခြင်းမျိုးနဲ့ ထာဝရအနေ ဝေးတာမျိုးလည်းရှိပါတယ်။ လူချင်းအနေဝေးပေမယ့် စိတ်ချင်းအနေမဝေးရင် အဝေးနေတယ်လို့ မခေါ်နိုင်တော့ပါဘူး။ တဲ့... စာအုပ်ပါ ကောက်နှုတ်ချက်လေးပါ။ တိုက်တိုက်ဆိုင်ဆိုင် ဆရာတော်နဲ့ အမေစု ဟိုတယ်တခုတည်း တည်းခိုဖြစ်ပြီး ၁နာရီခန့် အပြန်အလှန် ဆွေးနွေးခွင့်ရခဲ့ပါတယ်..။ အနေဝေးနေသူ ဆရာတော်နဲ့ အမေစုတို့ရဲ့ ကြုံတောင့်ကြုံခဲ အနီးမှာ အမှတ်မထင် တွေဆုံမှုဟာ တိုက်ဆိုင်မှုဆိုတာထက် မမြင်ရတဲ့ စွမ်းအားတစ်ခုရဲ့ လှုံဆော်မှု ဖြစ်လေလားလို့ တွေးတော ဆင်ခြင်စရာဖြစ်မိပါတယ်..။ နောက်ဆရာတော်ပြောတဲ့ သတင်းမီဒီယာအလုပ်ကို ကုသိုလ်အလုပ်အဖြစ် မှတ်ယူရန် အရှင်ဆန္ဒာဓိက မိန့်ကြား click ဆိုတဲ့စကားဟာလည်း သတင်း၊ မီဒီယာတွေအတွက် မှတ်သားစရာပါပဲ..။ ညောင်ဦးရှိ မဏိစည်သူဈေးထဲသို့ အမေစု ရောက်ရှိလာစဉ်မြင်ကွင်း မဏိစည်သူဈေးသွားခဲ့တဲ့ အမေစုကိုတော့ ညောင်ဦးက ပြည်သူလူထုအတွက်နဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီရေး လမ်းပြရှေ့ဆောင် မဏိမေခလာလို့ပဲ တင်စားချင်ပါတယ်ဗျာ...။၈ရက်နေ့က ညောင်ဦးလေဆိပ်မှာ ရန်ကုန်သို့ မပြန်ခင် တွေ့ရတဲ့ အမေစုနဲ့ သားငယ် ကိုထိန်လင်း.... (ဓာတ်ပုံ ဒီမိုဝေယံ) ဘယ်နေရာရောက်ရောက် အမေစုဟာ လူထုမေတ္တာနဲ့ ချစ်ခင်လေးစားမှုကို အစဉ်အမြဲရရှိနေတာပါပဲ...။ အမေ့အနားမှာ သတင်း၊ မီဒီယာတွေ ထပ်ချပ်မကွာ လိုက်ပါနေပြီး သတင်း၊ ဓာတ်ပုံတွေ နာရီမခြား ထုတ်လွှင့် ပေးနေနိုင်တာဟာလည်း တိုးတက်လာတဲ့ IT နည်းပညာရဲ့ ကျေးဇူးကြောင့် ၂၀၀၃ခုနှစ်နဲ့ အကွာခြားကြီး ကွာခြားလာပါတယ်......။ နောက်ထပ် တိုင်းပြည်အရေးအတွက် အမေရှေ့ဆက် လျှောက်လှမ်းမယ့် ခရီးလမ်းတွေမှာလည်း ဘေးအန္တရာယ်တွေ ကင်းရှင်းပါစေလို့ ဆုတောင်းပါတယ် အမေ..။ |
Posted: 08 Jul 2011 12:40 PM PDT လာမယ့် (၁၀)ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဂျပန်ရောက် မြန်မာနိုင်ငံသားများရဲ့ ထူးမြတ်တင့်ကဲ စုပေါင်း ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ ဖိတ်ကြားလွှာ၊ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ စစ်အခွန်ရုံးရှေ့မှာ ကျင်းပပြုလုပ်တဲ့ 7th July နေ့အခမ်းအနား၊ အညတရသူရဲကောင်း တိုက်တွန်းနှိုးဆော်ချက်နှင့် ရံပုံငွေခရီးစဉ် တို့ကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်....။ အားလုံးသော သဒ္ဓါကြည်လင် ပါရမီရှင်များအား မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်--- မြတ်စွာဘုရားရှင်သည် မိမိ၏တပည့်သားသာဝက ရဟန်းသံဃာတော်အရှင်သူမြတ်များ ဝါတွင်းသုံးလ မည်သည့် နေရာမျှ အကြောင်းမဲ့ ခရီးသွားလာခြင်းမပြုဘဲ မိမိတို့သီတင်းသုံးရာ ကျောင်းတိုက်၌သာ သီတင်းသုံး နေထိုင်လျက် ဂန္ဓဓုရ၊ ဝိပဿနာဓုရ နှစ်ဖြာဓုရ ကျင့်သုံးရမည်ဟူသော ပညတ်တော်မူခဲ့သည့် ဝိနည်းဒေသနာတော်နှင့်အညီ မိမိတို့ မှီတင်းနေထိုင်ရာ ဂျပန်နိုင်ငံ၌လည်း တိုကျိုမြို့ နာဂိုယာမြို့၊ အိဘရကိမြို့၊ ခိတကျူရှုးမြို့များ၌ မိမိတို့မြန်မာနိုင်ငံမှ ဆရာတော်သံဃာတော် အရှင်သူမြတ်များ ဝါတွင်းသုံးလ သီတင်း သုံးတော်မူလျက်ရှိကြပါသည်။ ထိုဆရာတော် သံဃာတော် အရှင်သူမြတ်များ ဝါတွင်းသုံးလ သုံးဆောင်နိုင်ရန်အတွက် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကြီးကို နှစ်စဉ်မပျက် ကျင်းပမြဲနေရာဖြစ်သော တိုကျိုမြို့၊ အိတဘရှိ- ရပ်ကွက်၌တည်ရှိသော ထေရဝါဒ ပရိယတ္တိကျောင်းတော်ကြီး (MCWA) ၌ ခရစ်သက္ကရာဇ် ၂၀၁၁-ခုနှစ်၊ ဇူလိုင်လ ၁၀-ရက်၊ တနင်္ဂနွေနေ့ (မြန်မာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ ဝါဆိုလဆန်း ၁၀-ရက်)တွင် အောက်ပါ အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမြော် နှိုးဆော်တိုက်တွန်းအပ်ပါသည်။ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အစီအစဉ် နေရာ။ ။ ထေရဝါဒ ပရိယတ္တိကျောင်းတော်(MCWA) ၊ အိတဘရှိ၊ နကချော ၃၉-၁၊ တိုကျိုမြို့ နေ့ရက်။ ။ ၁၀-၇-၂၀၁၁-ခုနှစ်၊ တနင်္ဂနွေနေ့ (၁၃၇၃-ခုနှစ်၊ ဝါဆိုလဆန်း ၁၀-ရက်) အချိန်။ ။ နံနက် ၁၀း၃၀ ခန့်အချိန်တွင် ကြွရောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များအား စုပေါင်း ဆွမ်းဆက်ကပ်လှူဒါန်းပါမည်။ နံနက် ၁၂း၀၀ အချိန်တွင် နေ့လည်စာ အတူတကွ သုံးဆောင်ကြပါမည်။ နေ့လည် ၁း၃၀ ခန့်အချိန်တွင် ပင့်ဖိတ်အပ်သည်ဖြစ်၍ အရပ်လေးမျက်နှာမှ ကြွရောက်တော်မူ ကြကုန်သော သံဃာတော် အရှင်သူမြတ်များအား စေတနာသုံးတန် ပြဋ္ဌာန်းကာ ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်၊ စုပေါင်းရေစက်ချ အမျှဝေကြမည်ဖြစ်ပါသည်။ မှတ်ချက်။ ။ဆရာတော်သံဃာတော်များအတွက် ဝါဆိုသင်္ကန်းကို မိမိတို့မြန်မာဘုန်းတော်ကြီး ကျောင်းတွင် တစ်စုံလျှင် ယန်းသုံးထောင်နှုန်းဖြင့် ဝယ်ယူပူဇော်ကပ်လှူနိုင်ပါသည်။ သီးသန့်ဆွမ်း အလှူရှင်များ အနေဖြင့်လည်း ကြွရောက်လာကြကုန်သော ဧည့်ပရိသတ်တို့အား ဧည့်ခံ ကျွေးမွေးနိုင်ရန် အလှူဒါနများပြုလုပ်နိုင်ပါသည်။ ဆက်သွယ်လှူဒါန်းရာဌာန BANK ACCOUNT NUMBER --5559115(FUTSU), OOMORI BRANCH, MIZUHO BANK ITABASHI-KU NAKACHO-39-1, TOKYO, JAPAN PHONE 03-3973-3348 080-4171-9333} ၄၉နှစ်မြောက် 7th July နေ့အခမ်းအနား (ဂျပန်)မှတ်တမ်း ဓာတ်ပုံ ဓာတ်ပုံ ကိုမောင်ထူး.... |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment