(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၆ ( ၁၅ - ၂၁ ၊ ၇ ၊ ၂၀၁၁)
ဝါရှင်တန်- မြောက်ကိုရီးယားနိုင်ငံ သည် နျူကလီးယားလျှို့ဝှက်ချက်များရရန် ၁၉၉၀ ပြည့်လွန်နှစ်များက ပါကစ္စတန်အထက်တန်း စစ်အရာရှိ များအား လာဘ်ထိုးခဲ့သည်ဟု ပါကစ္စတန် နျူကလီးယား လက်နက်အစီအစဉ် ဗိသုကာဖြစ်သူ နျူကလီးယား သိပ္ပံပညာ ရှင်က ဖွင့်ချလိုက်သည်ဟု ၀ါရှင်တန် ပို့စ် သတင်းစာက ဇူလိုင်လ ၆ ရက် နေ့တွင် ဖော်ပြသည်။ကိုကို ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၆ ( ၁၅ - ၂၁ ၊ ၇ ၊ ၂၀၁၁)
နျူကလီးယား သိပ္ပံပညာရှင် အဗ္ဗဒူ ကာဒီးခန် ထုတ်ပေးသော စာရွက် စာတမ်းများအရ နျူကလီးယား နည်း ပညာလျှို့ဝှက်ချက်များ ကို မြောက်ကိုရီး ယားသို့ လက်လွှဲပေးရန် သဘောတူ ခွင့်ပြုရေးအတွက် ပါကစ္စတန် အထက်တန်း စစ်ဘက်ပုဂ္ဂိုလ်များအား ဒေါ်လာ သုံးသန်း လွှဲပြောင်းပေးရာတွင် ခန်က ကူညီခဲ့ရသည်ဟုဆိုသည်။
၁၉၉၈ ခုနှစ်တွင် မြောက်ကိုရီးယား က အဗ္ဗဒူခန်ကို ပေးခဲ့သောစာ မိတ္တူကို ခန်က ဗြိတိသျှသတင်းစာ ဆရာဟောင်း ဆိုင်မွန် ဟန်ဒါ ဆင်အား ပေးခဲ့ရာ ဟန်ဒါဆင်က ၀ါရှင်တန်ပို့စ်သို့ သတင်း မျှဝေခဲ့ခြင်းဖြစ်သည်။ ထိုစာတွင် လာဘ်ငွေပေးချေမှု အသေးစိတ် အချက် အလက်များ ပါဝင် သည်ဟုဆိုသည်။ အဗ္ဗဒူခန် ဖွင့်ချ လိုက်သော စာကို ပါကစ္စတန် အရာရှိ များက အတုအယောင် လုပ်ကြံဖန်တီး မှုသာဖြစ်သည်ဟု ငြင်းဆိုသော်လည်း အနောက်ကမ္ဘာမှ ထောက်လှမ်းရေး ကျွမ်းကျင်သူ အရာရှိများကမူ အစစ်အမှန်ဟု ယုံကြည်ကြ ကြောင်း ၀ါရှင်တန် ပို့စ်က ပြောသည်။
ပါကစ္စတန်နိုင်ငံကို မွတ်စလင်ကမ္ဘာတွင် ပထမဆုံးနျူကလီးယားလက်နက်ပိုင်ရှင်ဖြစ်လာအောင်ဖန်တီးပေးခဲ့သူဖြစ်သဖြင့် အမျိုးသား သူရဲကောင်းအဖြစ် တစ်နိုင်ငံလုံးက တန်ဖိုးထားချီးမြှောက်ခြင်းခံရသူ အဗ္ဗဒူကာဒီးခန်သည် ပါကစ္စတန်စစ်ဘက်နှင့်အစိုးရပိုင်းမှပုဂ္ဂိုလ် များနှင့် ကာလကြာမြင့်စွာကပင် မသင့်မတင့် သဘောကွဲနေခဲ့သည်။
အစိုးရနှင့် စစ်ဘက်အရာရှိများက ခန်တစ်ဦးတည်း ရောင်းစားခဲ့ခြင်းဖြစ် သည်ဟု ပြောသည်။ အဗ္ဗဒူခန်သည် ၂၀၀၄ ခုနှစ်က နိုင်ငံ ရုပ်သံမှနေ၍ မိမိသည် မြောက်ကိုရီး ယား၊ အီရန်နှင့် လစ်ဗျားနိုင်ငံတို့ထံ အဏုမြူဆိုင်ရာ လျှို့ဝှက်ချက်များကို ပေးခဲ့ကြောင်းဝန်ခံ ခဲ့ပြီးမှ နောက်ပိုင်း တွင် သူ့စကားကို ပြန်ရုပ်သိမ်းခဲ့သည်။ ခန်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထားခဲ့ ရာ ၂၀၀၉ ခုနှစ်တွင် ပြန်၍ သွားလာ ခွင့်ပြုလိုက်သော်လည်း သိုသိုသိပ်သိပ် နေရန် သတိပေးထားသည်။
ယခု ဖွင့်ချလိုက်သောစာတွင် ၁၉၉၈ ခုနှစ်၊ဇူလိုင်လ ၁၅ ရက်နေ့ရက်စွဲတပ်ထားပြီး မြောက်ကိုရီးယားအလုပ်သမားပါတီအတွင်းရေးမှူး ဂျွန်ဗြုံးဟိုက လက်မှတ် ရေးထိုးထားသည်။ ဒေါ်လာသုံးသန်းကို ပါကစ္စတန် စစ်ဘက်အရာရှိ တစ်ဦးအား ပေးရပြီး နောက်တစ်ဦးကို ဒေါ်လာ ငါးသိန်းနှင့် ကျောက်မျက်ရတနာအချို့ ပေးရသည်ဟု စာတွင်ဖော်ပြထားသည်။
ဒေါ်လာသုံးသန်းလက်ခံယူသူမှာ ယခင်စစ်တပ်အကြီးအကဲဟောင်း ဂျလင်ဂါ- ကရမတ်ဖြစ်ပြီး ဒေါ်လာငါးသိန်းနှင့် ရတနာများလက်ခံ ယူသူမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ဇူဖီဂါခန် ဖြစ်သည်ဟု ပါရှိရာ နှစ်ဦးစလုံးက ဤစာမှာ အတု အယောင်သာဖြစ်သည်ဟု ငြင်းဆို သည်။ ၀ါရှင်တန်ပို့မှယခုသတင်းကြောင့် ပါကစ္စတန်နိုင်ငံနျူကလီးယားလက်နက်တိုက်၏ လုံခြုံမှုအတွက် စိတ်ပူနေသော'ကန်'နှင့် ပါကစ္စတန် နိုင်ငံတို့အကြား ရှိနေ သော တင်းမာမှုမှာ ပိုမို ဆိုးရွားသွားစေ နိုင်သည်ဟု ယူဆရသည်။
အစ္စလမ္မာဘတ်မြို့အနီး ခြံဝင်းကြီး တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ သော အယ်လ်ကေဒါခေါင်းဆောင် အိုစမာဘင်လာဒင်ကို အမေရိကန် ကွန်မန်ဒိုများက ၀င်ရောက်စီးနင်း သတ်ဖြတ်ခဲ့ပြီးနောက် အကြမ်းဖက် နှိမ်နင်းရေးမဟာမိတ်နှစ်ဦး ဖြစ်သော အမေရိ ကန်နှင့် ပါကစ္စတန်အကြား ကွဲလွဲမှုများ ကြီးမားလာခဲ့သည်။
No comments:
Post a Comment