Monday, 11 July 2011





ချောင်းသာစကားဝါတောင်အနီးရှိ အိမ်မြေများကို အာဏာပိုင်များက 
စာသင်ကျောင်းဆောက်ရန်အကြောင်းပြပြီး အတင်းအဓမ္မဖျက်၊ မတရားထောင်ချမှုပြုလုပ်ခဲ့
Posted: 10 Jul 2011 08:36 AM PDT




ချောင်းသာစကားဝါတောင်အနီးမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါ။ အိမ်ကို အတင်းအဓမ္မဖျက် (ရဲတွေမီးသတ်တွေ၊
 စွမ်းအားရှင်တွေ၊အုပ်ချုပ်ရေးမှူး အာဏာပိုင်တွေ)လူကိုထောင်ချခဲ.ကြတယ်ဗျာ

..အိမ်ပေါ်မှာရှိတဲ့ကိုသာဆန်းအမျိုးသမီးနဲ့ခလေးငယ်ကိုဆွဲချကြတယ်..လူပေါင်း(၃၀)၀န်းကျင်ခန်.ပေါ့ဗျာ..ဆိုင်ကယ်မီးတွေ
နဲ့ဝိုင်းထိုးပြီးဖျက်ကြတာဘယ်သူမှမကပ်ရဲကြဘူး။ အိမ်နေရာဖယ်ရှားပေးဖို့ငြင်းဆန်ခဲ့တဲ့ ကိုသာဆန်းကို ထောင်(၁)နှစ်မ
တရားချခဲ့ပါတယ်..

အကြောင်းပြချက်ကတော့ အဲဒီမှာစာသင်ကျောင်းဆောက်ဖို့တဲ့ နောက်ပိုင်းတော့စာသင်ကျောင်းတော့ ဆောက်ဖြစ်ပါရဲ့..စာသင်ကျောင်းအတွက်မြေက
အချိုး၂၀မှာတစ်ချိုးလောက်ဘဲရှိတယ်။ ကျန်တဲ့မြေကိုအာဏာပိုင်တွေနဲ့ ပါတ်သက်တဲ့သူတွေရယ် အာဏာပိုင်တွေရယ်ပိုင်ဆိုင်သွားကြတယ်..

ပုသိမ်မြို့နဲ့၃၆မိုင်လောက်သာဝေးတဲ့ အဲဒီနေရာမှာချောင်းသာရောက်ခဲလို့ စကားဝါတောင်အနီးက စာသင်ကျောင်းနားမှာကိုသာဆန်း(အိမ်ဖျက်ခံရတဲ့သူကိုမေးကြည့်ရင်သိနိုင်ပါတယ်။

အခုသူကတော့အိမ်ပိုင်ရှင်ဘ၀ကနေ အိမ်ခြေရာခြေမဲ့ဘ၀ကိုရောက်သွားရရှာပါတယ်။ အဲဒီရပ်ကွက်က အိမ်ခြေ၇၀လောက်လည်းကို သာဆန်းလိုဖြစ်မှာစိုးတဲ့အတွက် အိမ်တွေကိုဖျက်ပေးကြရရှာတယ်ဗျာ။ အခုတော့ကိုသာဆန်းကHRWDNမှာလူ့အခွင့်ရေးချိုးဖောက်မူ့များကိုစောင့်ကြည့်ကာကွယ်မယ်လို့ ဂတိပြုပြောကြားပါတယ်--------------------

လူအချင်းချင်းနှိပ်စက်ခြင်းကင်းရှင်းကြပါစေ

သတင်းနှင့်Videoဖိုင်များပေးပို့သော လူ့အခွင့်အရေးစောင့်ကြည့်သူများကွန်ယက်(HRWDN)အားကျေးဇူးတင်ရှိပါသည်..




Posted: 10 Jul 2011 07:32 AM PDT


ကျမ၏ ဖခင်လို လေးစားချစ်ခင်ခဲ့ရသော တပ်မတော်သားဟောင်းတဦးက ကျမကို သူ၏မှတ်စု စာအုပ်တွေကို အမွေအဖြစ် ပေးခဲ့ဖူးပါတယ်။

အဲဒီ မှတ်စု စာအုပ်တွေက စစ်တပ်နဲ့ ဝေးတဲ့ ကျမအတွက်တော့ စိတ်ဝင်စားဖွယ်ရာ ကောင်းသော မှတ်စု စာအုပ်ဖြစ်ခဲ့ပါတယ်။ အမွေအဖြစ် လက်ခံရရှိခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ကတည်းက ယနေ့အထိ ကျမ မကြာခဏ ထုတ်ထုတ်ဖတ်မိသော စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

အဲဒီ့မှတ်စုစာအုပ်ထဲက ယခုအခြေအနေ အချိန်အခါနဲ့ လိုက်ဖက်တယ်လို့ ခံစားရတဲ့ မှတ်စုတိုလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်တာပါ။

ကြည်းတပ်တတပ်က တပ်မတော်သားဟောင်းတဦးရဲ့ မှတ်စုစာအုပ်ထဲမှာ စစ်ဆိုတာကို ခုလို အဓိပ္ပါယ်ဖွင့်ထားပါတယ်။

၁။စစ်သည် အနှုတ်လက္ခဏဖြစ်သည်။

၂။ကောင်းသော စစ်နှင့် မကောင်းသော ငြိမ်းချမ်းရေးဟူသည် မရှိ၊ စစ်သည် လူတို့၏ အကြီးမားဆုံး အန္တရာယ်။

၃။စစ်ကြောင့် ဆင်းရဲမွဲတေ ပျက်ဆီးရသည်။

၎။လူမှုစီးပွားရေး ပဋိပက္ခကြောင့်၊ နိုင်ငံရေးပဋိပက္ခဖြစ်လာရသည်။ စစ်ရေးပဋိပက္ခဖြစ်မှုသည် နိုင်ငံရေးပဋိပက္ခဖြစ်မှုပေါ်တွင် မူတည်သည်။

၅။စစ်လက်နက် စွမ်းအင် သာလွန်မှုသည် ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး ငြိမ်းချမ်းရေးတို့ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသည်။

၆။လူသားတို့ တွေးခေါ်မှုကြောင့် စစ်ဖြစ်ပွားရသကဲ့သို့ လူသားတို့၏ တွေးခေါ်မှုဖြင့် စစ်ကို တားဆီနိုင်ရမည်ဟု ဆိုကြသည်။

၇။ စစ်ကို မုန်းတီးပြီး ငြိမ်းချမ်းရေးကို မြတ်နိုးသော လူသားတို့၏ စွမ်းအင်သည်သာ အဏုမြူစွမ်းအင်ကို ချေဖျက်နိုင်သည်။

၈။ စစ်သည် ကြောက်စရာ အကောင်းဆုံး ရာဇ၀တ်မှု ဟု ဆွီင်ဒင်လူမျိုး နိုဗယ်က ဆိုခဲ့သည်။

၉။စစ်၏ အကြောင်းရင်း ဇတ်မြစ်ကို ဖော်ထုတ်လျှင် လောဘ ရမ္မက် ကိုတွေ့ရသည်။ အနိုင်ကျင့်အကြမ်းဖက်မှု ကျူးလွန်ကြသည်၊ ထိုမှ ဒေါသစိတ်ဖြင့် လက်တုန့်ပြန်ကြသည်၊ ထိုမှ တဖန်စစ်မက်သံသရာအတွင်းဝယ် မောဟစိတ် ဖုံးလွှမ်းကြပြန်သည်တကား။

၁၀။တရားတယ်မတရားဘူးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ကွဲလွဲမှု၊ ပြင်းပြမှု ပေါ်မူတည်ပြီး ဘက်လိုက်ရပ်တည်ရေး လူမျိုးရေး လွတ်မြောက်ရေး စစ်ပွဲတွေဟာ ပြင်းထန်ရှည်ကြာတတ်သည်။

၁၁။ စစ်ဖြစ်ခြင်း၏ အကြောင်းရင်းမှာ လူတဦးက တဦး၊ တတန်းစားက တတန်းစား၊ တနိုင်ငံက တနိုင်ငံ(တအုပ်စုက တအုပ်စု) ကို အနိုင်ကျင့်မှု၊ သွေးစုတ်ချယ်လှယ်မှု၊ ဓနရှင်ဝါဒ လွှမ်းမိုးမှုတို့ကြောင့် ဖြစ်၏။(ဗိုလ်ချုပ်အောင်ဆန်း)

၁၂။ စစ်သည် အချစ်ကဲ့သို့ ပုဂ္ဂလိက ပိုင်မဟုတ်၊ လူတန်းစား၊လူ့အလွှာအသီးသီးကို တပြိုင်တည်း ခံစားစေပါသည်။ အရေးအခင်းများ အနက် အရေးကြီးဆုံးမှာ စစ်ဖြစ်သည်။ စစ်တွင် ခေါင်းဆောင်ကောင်းနှင့် ခေါင်းဆောင်ညံ့ကွဲပြားစွာ ပေါ်၏ ။ လူသည် စစ်၏ အရေးကြီးဆုံးလက်နက်ဖြစ်၏။

၁၃။ စစ်ကို လိုလားသူ၊ စစ်ကို ဖန်တီးသူတို့၏ နိဂုံးတွင် အရှုံးနှင့်သာ ရင်ဆိုင်ရစမြဲဖြစ်၏။

maythingyan Hein Facebookမှ

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment