Monday 17 October 2011

ပေါ်ဦး (သို့မဟုတ်) မင်းကိုနိုင်

 ပေါ်ဦး (သို့မဟုတ်) မင်းကိုနိုင်

နီလွင်သွေး (ဒဿနိက)၊ အောက်တိုဘာ ၁၆၊ ၂၀၁၁
ပန်းချီ – ထိန်လင်း
လူဘ၀ဆိုတာကို
ဘာတန်းဖိုးနဲ့ ရှင်သန်မလည်းဆိုတဲ့
ကိုယ့်ပြဌာန်းချက်နဲ့ ကိုယ်
အသက်ရှင်နေထိုင်ခဲ့ကြ ။ လူတယောက်ရဲ့မွေးနေ့ဆိုတာ
ခေတ်စနစ်အောက်မှာ
ကိုယ့်ဘ၀ကို ဘယ်လိုပိုင်းဖြတ်ချက်နဲ့
အသက်ရှင်နေထိုင်ခဲ့သလည်းဆိုတဲ့
တန်ဖိုးနဲ့ လူ့ဘ၀ကိုဆုံးဖြတ်ခဲ့။
သူရဲကောင်းတွေ ထွန်းသည့်မြေ
အမိဗမာပြည်
ဧရာဝတီကသိတယ်။
တိုင်းပြည်အပေါ်မှာ
ကျောင်းသားတွေသစ္စာမဲ့ရင်
ရာဇ၀င်မှာ ကိုအောင်ဆန်းဆိုတဲ့အမည်နာမကို
ကြားရမှာမဟုတ်သလို
မင်းကိုနိုင်ဆိုတဲ့ အမည်နာမကိုလည်း
ကြားရမှာမဟုတ်ဘူး။
ကိုအောင်ဆန်းနဲ့ ကိုဗဟိန်း
ဗိုလ်အောင်ကျော်နဲ့ ကိုဗဆွေလေး
သမိုင်းရေးသောလက်များ
အစဉ်အလာကြီးမားခဲ့။
ရှစ်လေးလုံးဆိုတာ
ထောင့်သုံးရာပြည့် အရေးတော်ပုံရဲ့
အဆက်ဖြစ်တယ်။
ကိုအောင်ဆန်းနဲ့ ကိုဗဟိန်းကို
ခွဲခြားမရသလို
ကိုအောင်ဆန်းနဲ့ ကိုမင်းကိုနိုင်ကိုလည်း
ခွဲခြားလို့မရဘူး။
သံမဏိကျောင်းသားဇာနည်
သူ့ဘ၀သည် ပြည်သူ့အတွက်
သူ့အသက်သည် ပြည်သူနှလုံး
သိမ်းကျုံးယူငင်
ရာဇ၀င်တည့်
ပေါ်ဦးထွန်းအမည်ရှိခဲ့။
ကြားရဲ့လားဟေ့
တိုင်းတပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှ အဖြစ်မခံ
ဒေါင်းအလံဟေ့
ကျောင်းနံရံတဝိုက်
ဒေါင်းအလံပြန်စိုက်မဲ့သူ
အဲဒီလူဆိုတာ
မင်းကိုနိုင်ဆိုသူဖြစ်တယ်။ ။
(၁၀၊ ၁၈ ၊ ၂၀၁၁ရက်နေ့မှာကျရောက်မယ့် ကိုမင်းကိုနိုင်မွေးနေ့အတွက်)
share
 

Related posts:

No comments:

Post a Comment