မွေးနေ့အခမ်းအနား(ဓာတ်ပုံသတင်း)
Posted: 18 Oct 2011 12:05 AM PDT
၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ ၄၉ နှစ်ပြည့် မွေးနေ့ ကို အင်းစိန်မြို့ နယ် သမိုင်းမြို့မ ပရိယတ္တိစာသင် တိုက် မှာ အောက်တိုဘာ လ ၁၈ ရက်နေ့ မနက်က ကျင်းပခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လတ်တလော အကျဉ်းထောင်မှ လွတ်မြောက်လာလာတဲ့ ကိုဇာဂနာ၊ မစုစုနွေးနဲ့ အခြားနိုင်ငံရေးအကျဉ်းသားဟောင်းတွေ နဲ့ ပရိတ်သတ် ထောင်ချီ ပြီး တက်ရောက်ခဲ့ကြပါတယ်။ (burma vj media) Photo...Mae Khaung/burma vj media |
Posted: 17 Oct 2011 04:52 PM PDT
Burma VJ Media ကိုမင်းကိုနိုင် ရဲ့ မာန် ဘရဏီ နတ်သားရဲ့ စိတ်နေစိတ်ထား က ခု ထက်ထိ ဖြူစင်နေတုံးဘဲ ကိုပေါ်ဦးထွန်း ရဲ့ စကားတစ်ခွန်း ခုထက်ထိ တန်ဖိုးကြီးမားနေတုံးဘဲ ဒေါင်းအလံ တွေကို ကျောင်းနံရံတွေမှာ ပြန်စိုက်မယ် တဲ့။ ဘဝကိုမြှုပ်နှံ ဟုတ်မှန်တဲ့သစ္စာတရားနဲ့ မေတ္တာပွားငြိမ်းချမ်းစေချင် ၊ ။ အကျဉ်းစံဘဝနဲ့ အညှင်းခံရလဲ ပြင်းထန်လှရှုချင့်တွေးချက်ဖြင့် လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင် နေဆဲ။ ။ သရက်ထောင်ထဲမှာ မွေးနေ့ ပွဲကို စိတ်လေးတစ်ခုနဲ့  ရဟန်းဘုန်းကြီးများကို သင်္ဃန်းကပ်လှူခဲ့၊၊ အမှန်တရားအတွက် အာဏာရှင်ကို မာန်ပါပါ ဖီဆန်နေခဲ့။ မတရားဥပဒေတွေနဲ့ အမှားပြုနေလေတဲ့ အာဏာရှင်များကို အသာအယာပင်လက်နက်မဲ့စွာ ဆက်လက်ကာ အံတုဘက်ပြိုင် ၊ ။ အဖိနှိပ်ခံ အများပြည်သူနဲ့ အသိစိတ်မှာ မခြားရည်တူကွဲ့ အားညီကူခဲ့ ကောင်းရန်ကြံ အကြောင်းဖန် အရှင်းဆိုမယိုင်နွဲ့ အစ်ကို ရဲ့ သီလ သမာဓိ ကျောင်းသားတွေရဲ့  လည်ဆွဲ တန်ဆာ။ အာဂ သတ္တိခဲပါ။ ကိုမင်းကိုနိုင်ရဲ့ စိတ်မှာ သီလ သိက္ခာ သစ္စာ မေတ္တာ အနုပညာ ရှိတယ် ဖွဲ့နွဲ့တာတွေက.. ထိမိတယ်။ သူ့ စာကဗျာ တွေ က - သူ့ စကားလုံး တွေ က - ဘရဏီ နတ်သားလို မြှားတစင်း လို မပစ်ခွင်းဘူး နေတစင်းလိုလို အမြဲ လင်း တယ်။ သူ့သမာဓိ က- ခေတ်တခေတ် ရဲ့ သာယာ မူးယစ် မူ တွေ အောက် မသက်ရောက်ဘူး ထောင်နံရံ တွေ ကို ဖောက် ၊ ဗမာ့သမိုင်းမှာ မှတ်ကျောက် တင် ခဲ့ တယ်။ သူ့ပုံရိပ်က- ဒေါင်းအလံ "မင်းကိုနိုင်" ဆိုတဲ့ ကိုပေါ်ဦးထွန်း မွေးနေ့ ရှင် အတွက် ၄၉ နှစ်မွေးနေ့ရှင်အတွက် ထွန်းဝေ တိုကျို။ ။17.10.2011 မနက် ၄ာရီခွဲ။ |
ထွန်းအောင်ကျော်
Posted: 17 Oct 2011 04:37 PM PDT
လွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် ကြေမွသွားသော အိပ်မက်များ (အပိုင်း-၁)ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်.. ဦးသိန်းစိန်အစိုးရသည် တိုင်းပြည်သို့ အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်ဟု ကြေငြာ ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ထဲမှ ၂၀၇ ဦးကိုသာ လွတ်သူများထဲတွင် ပါလာခဲ့သည့်အတွက် အတိုက်အခံ နိုင်ငံရေးသမားကို ဒေါသအမျက် ထွက်စေခဲ့သလို နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစု များ၏ အိပ်မက်များ ကြေမွသွားစေခဲ့ပေသည်။ လွတ်ငြိမ်းချမ်းသာခွင့်သည် ဘာအကျိုးအမြတ်မှ ထွက်မလာ ခဲ့ဘဲ အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးအတွက် အနှုတ် လက္ခဏာကိုသာ ဖြစ်စေခဲ့သည်။ ဦးသိန်းစိန်၏ အပြု သဘော ဆောင်ရွက်ခဲ့မှုများကြောင့် ရရှိနေသည့် ယုံကြည်ကိုးစားမှုများ သည် ထိုလုပ်ရပ်ကြောင့် ထိခိုက်ဆုံးရှုံး မှုမှာဒီမိုကရေစီစံနစ်သို့တကယ်ပြောင်းနေပါသည်ဆိုသည့်ပြောဆိုချက်အပေါ် နိုင်ငံ တကာနှင့် ပြည်တွင်းရှိအင် အား စုများမှ သံသယကြီးစွာဖြစ်သွားစေခဲ့ခြင်းပင်ဖြစ်သည်။ ယခင် စစ်အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများကို ဓါးစာခံများအဖြစ်ထားပြီး အချိန်ဆွဲရေးဗျူဟာ ကျင့်သုံးခဲ့ခြင်း သည် အလွန်အောင်မြင်မှုရရှိခဲ့သည်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရာဇာလီအစ္စမေးလ် မြန်မာနိုင်ငံသို့ မရောက်ခင်ကြို၍ နိုင်ငံရေးအကျဉ်းသား ၁၀ ယောက် အယောက် ၂၀ လွှတ်ပေးခြင်းဖြင့် အပြုသဘော ပြောင်းတော့မယောင် ဟန်ပြလုပ်ရပ် ညွှတ်ကွင်းထဲသို့ ရာဇာလီသက်ဆင်း ခဲ့ရပြီးလှည့်ဖျားခြင်း ခံခဲ့ရ သည်။ ရာဇာလီအား အကျဉ်းသားများကို လက်တွေ့ လွှတ်ပေးနေပြီဖြစ်ကြောင်း မကြာခင် ဒေါ်အောင်ဆန်းစု ကြည်အားလည်း လွှတ်ပေးမည်ဖြစ်ကြောင်း၊ အတိုက်အခံများနှင့် စတင်ဆွေးနွေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း စသည်ဖြင့် လှည့်ဖျားပြောဆိုနေခဲ့ပြီး တလပြီးတလ တနှစ်ပြီးတနှစ် အချိန် ဆွဲနေခဲ့သည်။ နှစ်ကြာလာပြီး ပြောင်းလဲမှု တစုံ တရာမတွေ့သည့်အခါ ရာဇာလီအား အတိုက်အခံတို့မှ အယုံအကြည် မရှိဖြစ်လာသည်။ နောက်ဆုံး လှည့်စားမှု ရုပ်လုံးပေါ်လာသည့်အခါ ရာဇာလီအား ပြည်ဝင်မခံတော့ဘဲ ထားသဖြင့် ရာဇာလီနှု တ်ထွက်သွားခဲ့ပြီး သူ၏ ရည်မှန်းချက်ဖြစ်သော တွေ့ဆုံဆွေးနွေးရေးသည်လည်း ဖြစ်မလာခဲ့ချေ။ ယနေ့ အခြေအနေသည် ယခင်ဒါးစာခံအကျဉ်းသားနည်းစံနစ်ကိုသုံးပြီးလှည့်စားဘို့ မရနိုင်တော့ချေ။ နိုင်ငံရေး အကျဉ်းသား ၁၀% နှုန်းကိုသာ လွှတ်ပေးလိုက်သဖြင့် တိုင်းပြည်တကယ် ဒီမိုကရေစီစံနစ်သို့ ပြောင်းလဲ တော့မည်၊ ကျွန်တော်တို့ ယုံကြည်ချက် မတူသူများနဲ့ လက်တွဲလုပ်ချင်ပါသည် ဟုပြောပြီးနိုင်ငံရေး အကျဉ်းသားအများစု ကြီးကိုထောင်ထဲတွင် ဆက်လက်ထိမ်းသိမ်း ထားပြီး ဒီမိုကရေစီနိုင်ငံကြီးကို လက်တွဲ လုပ်ချင်ပါသည် ဟုဆိုခြင်းလောက်ဖြင့် နိုင်ငံတကာမှရော ပြည်တွင်းကပါ လက်သင့်ခံ လိမ့်မည် မဟုတ်ပေ။ နိုင်ငံတကာနှင့် ပြည်တွင်းကပါ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုနေ ခြင်းကို ဝှေ့လည်ကြောင်ပတ်လုပ်၍ ၁၀% မျှလောက်သာ လွှတ်ပေးလိုက်ခြင်းဖြင့် အောင်မြင်မှုကို လုံးဝရလိမ့် မည်မဟုတ်ချေ။ ကြံ့ဖွတ်အစိုးရလိုလားသည့် စီးပွားရေးပိတ်ဆို့မှု ဖြုတ်ချပေးရေးသည် ၎င်းအကျဉ်းသားအား လုံး လွှတ်ပေးရေးအပေါ်တွင် တည်မှီနေသဖြင့် ယခင်နည်းအတိုင်း လိမ်လည် အချိန်ဆွဲခြင်းနည်းဖြင့် စီးပွားရေး ပိတ်ဆို့မှု အဆုံးသတ်လိမ့်မည်ဟု ထင် ထားလျှင် မှားလိမ့်မည်သာဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးမှလည်းကောင်း၊ အမေရိကန်အစိုးရမှလည်းကောင်း ဒေါ်အောင်ဆန်းစု ကြည်နှင့်တကွ အတိုက်အခံအင်အားစုတို့အပြင် လွှတ်တော်တွင်းရှိ တမတ်သား စစ်တပ်ကိုယ်စားလှယ်များက ပါ ထောက်ခံခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကို ပြည်သူလူထုကြီးတရပ်လုံးနှင့် ကမ္ဘာမှ စောင့်စားနေကြချိန်တွင် အောက်တိုဘာလ ၁၁ ရက်နေ့တွင် အစိုးရမှ ဖွဲ့စည်းပေးလိုက်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မေတ္တာရပ်ခံတင်ပြသည့် အိပ်ဖွင့်စာတ စောင်ကို ထုတ်ပြန်လိုက်သည်။ ထိုစာမှာ အချက်များထဲမှ အပုဒ် ၅ တွင် "ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အချို့သော နိုင်ငံတို့၏ မျှော်လင့် တောင့်တချက် တရပ်မှာ "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ" (Prisoners of Conscience) ဟု ၎င်းတို့ ဖော်ညွှန်းနေသော အကျဉ်းထောင်တွင်းရှိနေသူများအား လွှတ်ပေးရေးကိစ္စတရပ်ပင် ဖြစ်ပါသည်။ ထိုအကျဉ်းသားများသည် တည်ဆဲဥပဒေများကို ချိုးဖောက်သဖြင့် အပြစ်ဒါဏ်ကျခံနေရသူများ ဖြစ်သည်ဟူ သော နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက်ကိုလည်း ကော်မရှင် အနေနှင့် လက်ခံသဘောပေါက်ပါသည်။" အပုဒ် ၆ တွင် "ထိုသို့ တည်ဆဲဥပဒေကို ချိုးဖောက်သဖြင့် အကျဉ်းကျနေသူများအနက် နိုင်ငံတော်တည်ငြိမ် ရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးကို ထိပါးမည့် တိုင်းရင်းသား အကျိုးစီးပွားကို ထိပါးအန္တရယ် မရှိ နိုင်သော အကျဉ်းသား များကို လွှတ်ပေးခြင်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် တတပ်တအား ပါဝင် ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်" ဟု ဆိုထားပါသည်။ အပုဒ် ၅ ရှိ "ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ (Prisoners of Conscience) ဟုသာ သုံးနှုန်းပြီး နိုင်ငံရေးအကျဉ်း သား (Political Prisoners) ဟု လုံးဝ ထုတ်ဖော်ပြောဆိုခြင်းကို လူ့အခွင့်အရေးကောက်မရှင် က ရှောင်ရှားရေးသားခဲ့ခြင်းနှင့် "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ" ဆိုသည့် စာပုဒ်ကိုလည်း ထိုကော်မရှင်က သတ်မှတ်ခြင်းမဟုတ်ဘဲ ကုလသမဂ္ဂနှင့် နိုင်ငံအချို့၏ သတ်မှတ်ချက်သာဖြစ်သည်ဟူ၍ မလိမ့်တ ပတ် ရေးသားသည်ကို သေသေချာချာဖတ်ရှုပါက တွေ့ရမည်ဖြစ်သည်။" မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်လူ့အခွင့်အရေးမပြောနှင့်"ယုံကြည်ချက်ကြောင့်အကျဉ်း ချ ခံနေရသူများ (Prisoners of Conscience)"ဆိုသည့်စကားလုံးကိုပင်မိမိစကားအဖြစ်ထုတ်မပြောရဲသည့် အခြေအနေဖြင့်ရပ်တည်နေခြင်းကြောင့်မြန်မာနိုင်ငံသားတို့အတွက်လူ့အခွင့်အရေးကိုဘယ်လိုဘယ်ပုံများ ကာကွယ်စောင့်ရှောက်ပေးနိုင်မည်ဆိုသည်ကိုမျက်စိဒေါက်ထောက်ကြည့်ရပါအုံးမည်။ ထို့ပြင် ထိုအကျဉ်းသား များသည် တည်ဆဲဥပဒေများကို ချိုးဖောက်သဖြင့် အပြစ်ဒါဏ်ကျခံနေရသူများ ဖြစ်သည်ဟူ သော နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက် ကိုလည်း ကော်မရှင်အနေနှင့် လက်ခံသဘောပေါက်ပါသည်။" ဆိုခြင်းမှာအနှီကော်မရှင်က ထိုအကျဉ်းကျနေသောသူများသည်၊ တည်ဆဲဥပဒေကို ချိုး ဖေါက်သဖြင့် အပြစ် ဒါဏ်ခံနေရသော ရာဇဝတ်သား များဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ မဟုတ်ဟုဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် "တည်ဆဲဥပဒေများကိုချိုးဖေါက်သ ဖြင့်"ဟုဆိုရာတွင်ယခု၂၀၀၈ အခြေခံဥပဒေကိုဆိုလိုသလော?သို့မဟုတ် နအဖလန်ကြုတ်ဥပဒေကိုဆိုလိုသလောရှင်းရှင်းလင်း လင်းပြောရန်လိုသည်။ နအဖလန်ကြုတ်ဥပဒေဆိုလျှင် ပြည်သူ့ ဆန္ဒခံယူပွဲဖြင့်အတည်ပြုထားသည်ဟုဆိုသော၂၀၀၈ ဖြင့် ပယ်ဖျက်နိုင်သည်။ အပုဒ် ၆ တွင်ထို "တည်ဆဲဥပဒေများကိုချိုးဖေါက်သဖြင့်" ဖမ်းဆီးခံထားရသောအကျဉ်းသားများ(နိုင်ငံရေးအ ကျဉ်းသားများကို ဆိုလိုသည်၊ ထုတ်မပြောရဲသဖြင့်အကျဉ်းသားဟုသာသုံးထားခြင်းဖြစ်သည်)၊ များတွင် နိုင်ငံတော်တည်ငြိမ် ရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးကို ထိပါးမည့် တိုင်းရင်းသား အကျိုးစီးပွားကို ထိပါးအန္တရယ် မရှိ နိုင်သော အကျဉ်းသားများကို လွှတ်ပေးခြင်း သည်သင့်တော်ပါသည်ဟုအကြံပေးထားချက် သည်၊ သေသေချာချာလေ့လာပါက အများပြည်သူစားဝတ်နေရေးကြပ်တည်းမှုကိုစာနာသနားသဖြင့်ကုန်ဈေး နှုန်းကျဆင်းရေး၊ လောင်စာဆီဈေးကျဆင်းရေး တို့ကိုတောင်းဆိုခဲ့ကြသော ၈၈ ကျောင်းသားခေါင်းဆောင်များ သည်ပြည်သူတို့အေးချမ်းသာယာသောဘဝဖြင့်နေထိုင်နိုင်ရေးအတွက်လုပ်နေသူများဖြစ်သဖြင့်လည်းကောင်းအခြားသောနိုင် ငံရေးအကျဉ်းသားများသည်လည်း ဒီမိုကရေစီစံနစ်ပေါ်ပေါက်ရေးအတွက်ကြိုးစားတောင်းဆိုသ ဖြင့်အကျဉ်းကျခံနေရသူများဖြစ်သဖြင့်လွှတ်ပေးသင့်ကြောင်းရဲရဲတင်းတင်းတင်ပြခြင်းမပြုရဲဘဲဝါး၍ဆိုထားခြင်း ဖြင့်ထိုမလွတ်သည့်အကျဉ်းသားများသည် နိုင်ငံတော်တည်ငြိမ် ရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးကို ထိပါးမည့် တိုင်းရင်းသား အကျိုးစီးပွားကို ထိပါးအန္တရယ် ရှိ နိုင်သော အကျဉ်းသားများ အဖြစ်ကျ ရောက်သွားစေသည်။ လွတ်ငြိမ်းချမ်းသာခွင့်သည် အစိုးရသစ်ဖွဲ့စည်း ဖြစ်ပေါ်လာသည့်အခါဖြစ်စေ၊ တိုးတက်မှု ကြီးမားစွာ ရရှိသည့် အခါဖြစ်စေ၊ တိုင်းပြည်က တောင်းဆိုလာသည့်အခါ ဖြစ်စေ၊ အစိုးရက ပြည်သူလူထုကြီးအား သူတို့သည် လူ သားချင်းစာနာထောက်ထား သူများ ကြင်နာတရားရှိသူများဖြစ်ကြောင်း ဖေါ်ပြသည့်အနေနှင့် အကျဉ်းထောင် များကိုဖွင့်၍ ထောင်ခါခြင်းကို ပြုလုပ်ကြပြီး ပြည်သူလူထုကြီး၏ ထောက်ခံမှုကို ရယူကြသည်။ ထိုသို့ ပြုလုပ် ခြင်းကြောင့် ပြည်သူလူထုကြီးဖက်မှလည်း ထိုအစိုးရမျိုးကို လေးစားတန်ဖိုးထားသဖြင့် ယုံကြည်ကိုးစားမှုများ တိုးပွားလာပြီး တိုင်းပြည်ကို အုပ်ချုပ်ရာတွင် ပြည်သူထောက်ခံမှုရှိ၍ တိုးတက်အောင်မြင်ခြင်း၊ အနှောက်အ ယှက် ကင်းရှင်း သဖြင့် အဆင်ပြေချောမွေ့စွာ လုပ်ငန်းများ အကောင်အထည်ဖေါ်နိုင်ခြင်း လျှင်မြန်စွာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးကို လုပ်ဆောင်လာနိုင်စွမ်းရှိပေသည်။ ထို့အတွက် ပြည်သူရော အစိုးရပါ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရှိသည့် (Win- Win Situation) လုပ်ရပ်ဖြစ်သည်။ ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် မတရားအမှုဆင် ထောင်ချခံရသော မောင်သန်းဇော်တယောက် မပါဝင်သည် မှာ အတော်ဝမ်းနည်းစရာကောင်းသည်။ ကိုသန်းဇော်သည် NLD မှ သာမန်တက်ကြွသည့် လူငယ်တယောက် ဖြစ်သည်။ သူ့အား ထောက်လှန်းရေးမှ ဂျူလိုင်လ ၁၃ ရက်နေ့၊ ၁၉၈၉ ခုနှစ်တွင် မတရားဖမ်းဆီးနှိပ်စက်၍ သံ လျှင်ရေနံချက်စက်ရုံ ဗုံးခွဲမှုဖြင့် အတင်းအဓမ္မဝန်ခံခိုင်းပြီး သေဒါဏ်ချမှတ်ခံခဲ့ရသူ ဖြစ်သည်။ ၎င်းဗုံးခွဲသူနှင့်အတူ ညီညီဦး၊ မိုးကျော်သူတို့မှာလည်း အတင်းအဓမ္မနှိပ်စက်ပြီး သက်သေမရှိဘဲနှင့် ဝန်ခံခိုင်းပြီး သေဒဏ်ချခံရသူများ ဖြစ်သည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်သို့ စာရေးသားပေးပို့ခဲ့သော်လည်း လူ့အခွင့် အရေးကောမရှင်မှ ၎င်းတို့အမှု ကို မည်သည့်အချိန်တွင် ကိုင် တွယ်စစ်ဆေးမည် မသိရချေ။ မောင်သန်းဇော်သည် အဖမ်းခံရစဉ်က ၂၀ ကျော် ဖြစ်သော်လည်း ယခုဆိုလျှင် ၄၅ နှစ်ခန့်  ရှိနေလောက်ပြီ။ သံလျှင်ဗုံးဖောက်ခွဲခဲ့သူမှာ KNU မှ ဗိုလ်မှူး ကိုကိုနိုင် ဆိုသူဖြစ်ပါသည်။ ဗုံးခွဲသူမှာသူဖြစ်ပါသည်ဟု ဝန်ခံထားသော်လည်းကိုသန်းဇော်တို့အပေါ်လိမ်လည် အမှုဆင်ထားခြင်းပေါ်ပေါက်ပြီး အရှက်ကွဲ မည်စိုးသဖြင့် ကိုသန်းဇော် တို့ကို လွှတ်မပေးပါဘူး။ ဒီလို တရားခံရှာမတွေ့တဲ့အခါ NLD ကို အဖျက် အမှောင့် လုပ်တယ်ဆိုတာ အကြောင်းပြချက်ရအောင် NLD လူငယ် ကိုသန်းဇော်တို့ ထိုစဉ်ကအသက် ၁၉ နှစ်သာ ရှိသေးတဲ့မိုးကျော်သူတို့ကိုမတရားထောင်ချထားကိုဘာကြောင့်မလွှတ်သေးတာလဲ?။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်လူကြီးများ စဉ်း စားပေးဘို့လိုပြီ။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အိပ်ဖွင့်ပေးစာကို သတင်းစာများတွင် တခန်းတနားဖေါ်ပြပြီး နောက်တနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်လာခြင်းသည် တိုက်ဆိုင်ခြင်းလော၊ ဒါမှမဟုတ် တိုင်ပင်ကိုက် စီစဉ်ဖန်တီး အကွက်ချ ထုတ်ပြန်ခြင်းလောဟု မေးလျှင် ဒုတိယအချက်ဖြစ်သည်ဟု ပြောရမည်ပင်။ လူအခွင့်အရေးကော်မ ရှင်က.... (၁) နိုင်ငံရေးအကျဉ်းသားဟု ထုတ်ဖေါ်ပြောဆိုရန် လက်တွန့်နေခြင်း။ (၂) ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများဆိုသည့် စာလုံးကိုပင် ၎င်းတို့က သုံးနှုန်းသော စာမဟုတ် ကြောင်း ဆင်ဝှေ့ရန်ရှောင် ရေးသားထားခြင်း။ (၃) ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို ပြစ်ဒါဏ်ပေးထားခြင်းကို တည်ဆဲဥပဒေအရဖြစ်ကြောင်းကို လက်ခံအတည်ပြု သဘောတူပေးခြင်းတို့ကြောင့် ဦးသိန်းစိန်အစိုးရနှင့် လူ့အခွင့်အရေးကော်မရှင်သည် ပုလင်း တူဗူးဆို့ဖြစ်ခြင်းကြောင့် အကယ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ပြလာလျှင်လည်း အရေးယူဆောင် ရွက်ပေးခြင်း၊လွတ်မြောက်ရန်ဆောင်ရွက်နိုင်ခြင်းစွမ်းအင်မရှိကြောင်းသုံးသပ်မိပါသည်။ အမှန်တော့"မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်" ဆိုသည်မှာအစိုးရမှဖွဲ့စည်းပေးလိုက်သည့်နိုင်ငံတ ကာမျက်နှာအလှပြရန်အတွက်ရည်ရွယ်ထားသည့်အစိုရလက်အောက်ခံရုပ်သေးအဖွဲ့သက်သက်သာဖြစ်သည်။ လူ့အခွင့်အရေးကော်မရှင်(မြန်မာနိုင်ငံ) ဟုမခေါ်ဝေါ်ဘဲ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဟုမှည့် ခြင်းမှာလည်းအကြောင်းရှိသည်။ ထုံးစံအတိုင်းမြန်မာ့နည်းမြန်မာ့ဟန်ဖြင့်လူ့အခွင့်အရေး ကိုအဓိပ္ပါယ်ဖေါ်မည့် သဘော ရှိ သည်။ "ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများ"သည်ရာဇဝတ်မှုကျူးလွန်သူများလူ့အခွင့်အရေး ကိုချိုးဖေါက်သူများဖြစ်သည်ဟုမပြောယုံတမယ်ပင်ဖြစ်သည်။ ယနေ့ အကျဉ်းထောင်များတွင် ရာနှင့်ချီနေသော နိုင်ငံရေးအကျဉ်းသားများ ရှိနေပါသည်။ သူတို့သည် သူတို့၏ တိုင်းပြည်လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံဖြစ်ရေးဆိုသည့် ရည်မှန်းချက်နှင့် တိုက်ပွဲဝင်နေသူများဖြစ်ကြပါ သည်။ နိုင်ငံရေးအကျဉ်းသားများ မဟုတ်သော်လည်း ဆင်းရဲငတ်ပြတ်လွန်းသဖြင့် ခိုးဆိုးတိုက်ခိုက်မှုကြောင့် ထောင်ကျလာသူများလည်း အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တွင် အားလုံးပါဝင်သင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် မတရားသော စံနစ်၊ ပြည်သူကို စစ်ကျွန်ပြုထားသော စံနစ်ကြောင့် ထိုသူအများစုမှာ ဘဝရပ်တည်ရေး၊ မိသားစု အသက်ရှင်နိုင်ရေးအတွက် ဤသို့သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ရခြင်းဖြစ်သည်။ ကိုသန်းဇော်ကဲ့ သို့ မတရားအမှုဆင်ပြီး အာဏာအလွဲသုံးစားပြု၍လည်းကောင်း၊ ငွေနှင့် ပေါက်၍လည်းကောင်း၊ အကြောင်း ကြောင်းကြောင့် ထောင်ကျနေ သည့် ရာဇဝတ် အကျဉ်းသားများလည်း ရှိနေနိုင်ပါသည်။ ကျွန်တော်ထောင်မှ ၁၉၈၀ ခုနှစ်တွင် လွတ်ခဲ့သော်လည်း တခါတရံ အိပ်မက်ထဲတွင် ထောင်ထဲပြန်ရောက်နေ သည်ကို မြင်မက်ပြီး စိတ်ဆင်းရဲကြီးစွာဖြင့် လန့်နိုးတတ်ပါသေးသည်။ ကျွန်တော်တို့ကဲ့သို့ လွတ်လပ်သော နိုင်ငံတွင် ကြောက်လန့်ကင်းကွာ ပြောချင်သည့်စကားကို ရဲရဲပြောနိုင်၊ ရဲရဲရေးနိုင်သော ဘဝရောက်နေသောသူ များပင် ထိုကဲ့သို့သော အိပ်မက်ကို မြင်မက်တတ်သေးလျှင်၊ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်း များအဖို့ အပြင်တွင်နေရသော်လည်း ထိုအပ်မက်ဆိုးများမှ လွတ်မြောက်နိုင်ကြမည်မဟုတ်ပါ။ ကျွန်တော် တို့လိုနိုင်ငံရေးအကျဉ်းသားများတွင် (Mental Scars) စိတ်အမာရွတ်များသည်သေရာပါ ဖျောက်ဖျက်၍ မရ သော အမာ ရွတ်များအဖြစ်ကျန်ရစ်နေမည်သာဖြစ်သည်။ ထောင်တွင်းကျနေသည့် အကျဉ်းသားများအတွက်မူ လွတ်မြောက်သည့် အိပ်မက်များ၊ အိမ်သို့ပြန်ရောက်သည့် အိပ်မက်များ၊ ချစ်သူခင်သူများနှင့် တွေ့ဆုံသည့် အိပ်မက်များ ရှိနေမည်ဖြစ်သည်။ ထိုသူတို့၏ မျှော်လင့်ချက် အိပ်မက်လှလှလေးများသည် လွတ်ငြိမ်းချမ်းသာခွင့်ဆိုသည့် အသံလှိုင်း မုန်တိုင်းကြားတွင် ကြေမွပျက်စီးသွား သည့်အခါ တချို့ စိတ်ဒုက္ခကြောင့် ရူးသွပ် သွားတတ်သလို၊ တချို့ မစားနိုင် မသောက်နိုင်ဖြစ်ပြီး ကွယ်လွန်သွား ကြရပါသည်။ ကိုသန်းဇော်ကို နှိက်စက်ညှင်းပန်းပြီး အတင်းအဓမ္မလက်မှတ်ထိုး ဝန်ခံခိုင်းခဲ့သော ထောက်လှန်ရေးများ အပြုံ လိုက် ၎င်းတို့ ခေါင်းဆောင် ဗိုလ်ခင်ညွန့်နှင့်မရှေးမနှောင်းရာထူးပြုတ်ပြီး နောက်ထောင်တွင်းသို့ ရောက်လာ ကြသည်မှာ သံဝေဂရစရာ ပင်ဖြစ်သည်။ ထို့အတူ စစ်အာဏာရှင်စံနစ်ကို တည်ထောင်ခဲ့သူ ဗိုလ်နေဝင်း၏ ချစ်သမီး စန္ဒာဝင်းသည်လည်းကောင်း၊ သူမ၏ ခင်ပွန်းနှင့် သား လမ်းသရဲ သုံးယောက်သည်လည်းကောင်း ယခုအချိန်တွင် စစ်အာဏာရှင် စံနစ်ကြီး ပျက်သုန်း ပါစေ၊ ဒီမိုကရေစီစံနစ် အမြန်ဆုံးရပါစေဟု ဆုတောင်းနေကြမည်ဟု ယုံကြည်ပါသည်။ စစ်အာဏာရှင်စံနစ်ကို ကိုယ်တိုင်ကိုယ်ကျ တကယ်ခံစားရမှ မည်မျှဆိုးဝါးသည် မည်မျှ တရားမျှတမှု ကင်းမဲ့သည်၊ ရက်စက်ယုတ်မာ သည်ကို သိနိုင်ပါလိမ့်မည်။ ထောင်မကျဖူးသူက ထောင်ကျနေသူများကို စာနာသည်ဆိုသည်မှာ အပေါ်ယံမျှ သာ ဖြစ်ပါလိမ့်မည်။ မည်ကဲ့သို့မျှ တကယ်ထောင်ကျဘူးသူ တယောက်လို နက်နက်ရှိုင်းရှိုင်း ခံစားနိုင်လိမ့်မည် မဟုတ်ပါ။ သို့ရာတွင် ဤစာကို ဖတ်ပြီး စာနာစိတ်ကလေးများဝင်ပြီး ကရုဏာသက်ကြမည်ဆိုလျှင် ကိုသန်းဇော် တို့လို အကျဉ်းသားများအတွက် အိပ်မက်လှလှလေးများကို ဖန်တီးပေးနိုင်ကြဖို့ လိုပါသည်။ လက်ရှိ အစိုးရသည် ရေနစ်သူကို ဝါးကူထိုးသည့်အဖြစ် မဟုတ်ဘဲ တကယ် လူလူချင်း စာနာစိတ်ဖြင့် အိပ်မက် လှလှ လေးများကို ဖန်တီးပေးနိုင်ပါစေဟု ဤဆောင်းပါးဖြင့် ဆန္ဒပြုလိုက်ပါသည်။ မတရားမှုများ ကွယ်ပျောက် ၍ အမှန်တရားရောက်ပါစေ။ ထွန်းအောင်ကျော် |
Posted: 17 Oct 2011 10:07 AM PDT
Video...DVB Entertainment အောက်တိုဘာလ ၁၈ ရက်မှာကျရောက်တဲ့ ကိုမင်းကိုနိုင်မွေးနေ့ အတွက် DVB ပင်တိုင်တေးသံရှင် ထက်အောင်ရှိုင်း ရေးသား သီဆို ဂုဏ်ပြုထားတဲ့ တေးသီချင်းပါ.. . ဒီမွေးနေ့ အချိန်အခါ ကျက်သရေထွန်းကာ အမှန်တရားအတွက် အကျိုးမဖက်တဲ့ သူ့ ရဲ့ စိတ်လိုရာ ပန်းတိုင်ရောက်အောင် ဒို့ ဆုတောင်းကြမည် ... ကိုမင်းကိုနိုင် မွေးနေ့ မှသည် ရှေ့ ဆက်လို့  ဆန္ဒများနဲ့  ဘ၀တလျောက်လုံးထပ်တူ အောင်မြင်ပါစေ... |
Posted: 17 Oct 2011 09:56 AM PDT
ဒီငြိမ်းလင်း သို့  တမ်တခြင်းများ
ထောင်ဆိုတာ အ၀င်ရှိရင် အထွက်ဆိုတာ ရှိတယ်လောက နိရာမ တရား အရ ဘာမှမမြဲကြဘူး လေ၊၊ ဒီနေ့ မြန်မာ ပြည်သူတွေရဲ့ စစ်အာဏာရှင်လက်အောက်က ဘ၀ပုံရိပ်တွေပေါ်ကနေ ပေါ်ပေါက် လာတဲ့အာဏာရှင် လူသတ်သမားကြီးများ အကြမ်းဖက်နေကြတာကို နှလုံးနာလွန်းလို့ ပြောနေရ အုံးမှာဘဲ။ထောင်ဆိုတာ ဘယ်သူကမှ မနေချင်ကြတာအမှန်ပါဘဲ ။နိုင်င်္ငကျော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ထာဝရ လွတ်ငြိမ်းချမ်းသာခွင့် က မင်းနဲ့ ဘဲ မဆိုင်ဘူးလို့ မသတ်မှတ်စေချင်ဘူးကွာ မင်း ခေါင်း ကြောမမာပါနဲ့ ၊၊ ၈၈ကျောင်းသားခေါင်းဆောင်တွေလဲ မင်းလိုဘဲ မလွှတ်သေးပါဘူး ။မနေ့ က မစုစုနွေး ပြန်လွတ်လာပါတယ်၊၊ ကိုယ်ချင်းစာကြည့်ပေါ့ အစ်ကိုလဲ နိုင်ငံရေး အကျဉ်းသား အားလုံး ကို အမြန်ဆုံးလွတ်စေချင်ပါတယ်။နေ့ စဉ်နှင့် အမျှ ဆုတောင်းပေးနေပါတယ်၊၊ ဒီ ထောင်ထဲ မှာ အလွမ်းတွေ ၊ ဒဏ်ရာတွေ ၊ အံကြိတ်တောက်ခေါက်သံတွေ ၊ထောင်သားတွေရဲ့  သောက အမောတွေ နောက်ပြီး ညည်းတွားသံတွေပြည်လျံနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာ သူရဲကောင်းတွေရဲ့ ရာဇ၀င်တွေလွတ်မြောက်ရေး အတွက် တိုက်ပွဲ ၀င်နေသူရဲ့  တေးသံတွေ GW ညီ ဇေယျာသော်တို့  လိုနောက်မဆုတ်တမ်း စီးဆင်းသွားမယ့် အင်အားသစ် လူငယ်အရေးတော်ပုံ ပုံရိပ်တွေကလည်း အလျံဝင်းဝင်းတောက်ပနေတယ်ဆိုတာ သက်သေခံနေတာဘဲလေ၊၊ တကယ်တော့ ဒီလို ပုံရိပ်တွေ တေးသံ ၊ အလွမ်း ၊ ဘ၀ ဇာတ်တွေဆိုတာ စစ်အာဏာရှင် လက်အာက်က မြန်မာ ပြည်သူတွေ နေ့ တဓူဝ ခံစားနေရတဲ့ ပုံရိပ်တွေ ထဲကတစိပ်တပိုင်းလို့လဲဆိုနိုင်ပါတယ်။အစ်ကို ဒီနေရာမှာ အဓိကပြောချင်တာက စစ်အာဏာရှင်စနစ် ရဲ့  လူမဆန်တဲ့ ဥပက္ခာပြုမှု ၊ ဥပဒေမဲ့ အနိုင်ကျင့်စော်ကားမှု တွေရဲ့ နောက်မှာ ပြည်သူလူထုရဲ့  ဆန္ဒ နဲ့  ဘ၀များစွာတွေ ဟာ လွတ်လပ်မှုကို အခွင့်ရှိတိုင်း အခါရှိတိုင်း ထောင်ဆိုတာ အ၀င်ရှိရင် အထွက်ဆိုတာ ရှိတယ် လောက နိရာမ တရား အရ ဘာမှမမြဲကြဘူး လေ၊၊ ဒီနေ့ မြန်မာ ပြည်သူတွေရဲ့ စစ်အာဏာရှင်လက်အောက်က ဘ၀ပုံရိပ်တွေပေါ်ကနေ ပေါ်ပေါက် လာတဲ့အာဏာရှင် လူသတ် သမားကြီးများ အကြမ်းဖက်နေကြတာကို နှလုံးနာလွန်းလို့ ပြောနေရ အုံးမှာဘဲ။ထောင်ဆိုတာ ဘယ်သူကမှ မနေချင်ကြတာ အမှန်ပါဘဲ ။နိုင်င်္ငကျော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ထာဝရ လွတ်ငြိမ်းချမ်းသာခွင့် က မင်းနဲ့ ဘဲ မဆိုင်ဘူးလို့ မသတ်မှတ်စေချင် ဘူးကွာ မင်း ခေါင်း ကြောမမာပါနဲ့ ၊၊ ၈၈ကျောင်းသားခေါင်းဆောင်တွေလဲ မင်းလိုဘဲ မလွှတ်သေးပါဘူး ။မနေ့ က မစုစုနွေး ပြန်လွတ်လာပါတယ်၊၊ ကိုယ်ချင်းစာကြည့်ပေါ့ အစ်ကိုလဲ နိုင်ငံရေး အကျဉ်းသားအားလုံး ကို အမြန်ဆုံးလွတ်စေ ချင်ပါတယ်။နေ့ စဉ်နှင့် အမျှ ဆုတောင်းပေးနေပါတယ်၊၊ ဒီ ထောင်ထဲ မှာ အလွမ်းတွေ ၊ ဒဏ်ရာတွေ ၊ အံကြိတ်တောက်ခေါက်သံတွေ ၊ထောင်သားတွေရဲ့  သောက အမောတွေ နောက်ပြီး ညည်းတွားသံတွေပြည်လျံနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာ သူရဲကောင်းတွေရဲ့ ရာဇ၀င်တွေလွတ်မြောက်ရေးအတွက် တိုက်ပွဲ ၀င်နေသူရဲ့  တေးသံတွေ GW ညီ ဇေယျာသော်တို့  လိုနောက်မဆုတ်တမ်း စီးဆင်းသွားမယ့် အင်အားသစ်လူငယ် အရေးတော်ပုံ ပုံရိပ်တွေကလည်း အလျံဝင်းဝင်းတောက်ပနေတယ်ဆိုတာ သက်သေခံနေတာဘဲလေ၊၊ တကယ်တော့ ဒီလို ပုံရိပ်တွေ တေးသံ ၊ အလွမ်း ၊ ဘ၀ ဇာတ်တွေဆိုတာ စစ်အာဏာရှင် လက်အာက်က မြန်မာ ပြည်သူတွေ နေ့ တဓူဝ ခံစားနေရတဲ့ ပုံရိပ်တွေ ထဲကတစိပ်တပိုင်းလို့လဲဆိုနိုင်ပါတယ်။အစ်ကို ဒီနေရာမှာ အဓိကပြောချင်တာက စစ် အာဏာရှင်စနစ် ရဲ့  လူမဆန်တဲ့ ဥပက္ခာပြုမှု ၊ ဥပဒေမဲ့ အနိုင်ကျင့်စော်ကားမှု တွေရဲ့ နောက်မှာ ပြည်သူလူထုရဲ့  ဆန္ဒ နဲ့ ဘ၀ များစွာတွေ ဟာ လွတ်လပ်မှုကို အခွင့်ရှိတိုင်း အခါရှိတိုင်း တောင်းဆိုနေဆဲဖြစ်မယ်ဆိုတာ နေရာတိုင်းလွတ်လပ်မှုမရှိတဲ့ အရာတိုင်းမှာတိုင်းမှာ တွေ့ မြင်နေရအုံးမှာပါဘဲ။ အနီးဆုံးကိုပြောပြပါဆိုရင် နာဂစ်မုန်တိုင်းက သိန်းနဲ့ ချီပြီးအသက်ဆုံးရှုံးခဲ့ကြ ပြီး သန်းနှင့်ချီဘ၀ပျက်ခဲ့တာကိုမြန်မာ ပြည်သူတွေမမေ့သလို ဒီနေ့ တနိုင်ငံလုံး စစ်ကျွန်ဘ၀ ရောက်အောင်ဇာတ်သွင်းနေတဲ့ အတွက်မြန်မာပြည်သူတွေဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး၊၊ စစ်အာဏာရှင်တွေဘက်ကသာ သိသိချည်းနှင့် အရှက်တရား မဲ့ လူထုဆန္ဒမပါ အဓမ္မ ပုံသွင်းနေ တာဖြစ်ပါတယ်။ ဒါကို မှတ်တမ်းတခု ရာဇ၀င် အဖြစ် ရေးဖွဲ့ ချင်ကြတဲ့ အနုပညာရှင်၊ စာပေတော်လှန်ရေးသမားများရဲ့  ကြိုးစားအားထုတ်မှုကို လက်ကမ်းကြိုဆိုရင်း ဒီစာလေး ရေးပြီးတော့ အစ်ကို အသက်သွင်း ပြီးတင်ပြလိုပါတယ်၊ ၊နောက်တစ်ခုကတော့မင်းကို ဘယ်သူမှ မပိုင်ပေမယ့် နိုင်ငံရေးအကျဉ်သားဆိုတဲ့နံမည် က မြန်မာနိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံသားတွေရဲ့ အမြင်ကို (လက်မခံရင်တောင်) ထည့်သွင်း စဉ်းစားသင့်တယ်လို့ ထင်ပြီးရေးလိုက်ရတာဘဲ။ ရင်နာစရာ အဖြစ်အပျက်တွေလား နွေခေါင်ခေါင် နေပူထဲမှာ ခနီး္တထောင်မှ မုံရွာထောင်သို့  အပြောင်း ထောင်ဒဏ် မကျဘူးတဲ့ ဒီငြိမ်းလင်းရဲ့ အကြောင်း ခုမှ ပို သိခဲ့ရတယ်။ လူကောင်က သေးသေး စိတ်ဓါတ်က ပြင်းပြင်း အကောင်သေးပေမဲ့ အဆိပ်ပြင်းတဲ့ မင်းလိုလူ ပွဲပြီးခါနီးမှ ထိုးကျွေးခံရမှန်း ငါသိခဲ့ရတယ် ငါမသိတဲ့ မင်းကံကြမ္မာက နိုင်ငံကျော်သမ္မတကြီးဦးသိန်းစိန် ပါးစပ်ထဲက မှောက်ဖဲတစ်ချပ်တဲ့လား ။ လျှပ်စီးတွေ တဖြန်းဖြန်းလက်တဲ့အလား အပြစ်ကင်းမဲ့ စွာ မင်းလုပ်နေတဲ့ တော်လှန်ချစ်စိတ်က ချစားခံရတော့မတဲ့ ထောင်ဝင်စာရဲ့ အပြုံးက လွတ်ရက်တွေ စေ့ဖို့  အချိန်ကျော်နေပြီ ဟေ့။ အကျဉ်းသားတွေရဲ့ ဘ၀တွေ အတိတ်က တမ်တခြင်း များစွာနဲ့  ထောင်တံခါးဝ ရဲ့ နာကျင်ခြင်းရနံ့တွေ ရှိုက်မိတိုင်း ကောင်းကင်ထက်က အလင်းပျောက်ကြယ်ဟာ အသက်ရှူကြပ်ခဲ့ရတယ် မင်းမိသားစုရဲ့  အိမ်မက်ဟာ ထောက်လှမ်းရေး ကားသံကြားတိုင်း ခြောက်လှန့်ခံနေရဆဲပဲ ။ လောက နတ်ကမီး ဖန်ဆင်းထားသလို ဘဲ ကောင်းကင်းတစ်ခုလုံး တိမ်တွေညိုရင် တိမ်ပြာတွေ မီးတောက်ခဲ့တဲ့ မုံရွာထောင်က မင်းလို အကျဉ်းသားတွေ က ခုနှစ်စဉ်ကြယ် အိပ်မက်တွေ ဖဲတစ်ချပ်လို လွယ်လွယ် အမှောက် ခံလိုက်ရပြီပဲ ဖြစ်ခဲ့သမျှ အားလုံးအတွက် ငါ ရင်ထုမနာ ဖြစ်နေဆဲဘဲ ဒီငြိမ်းလင်း ရေ။ ထွန်းဝေ တိုကျို။17.10.2011 3.08am |
ဂါရ၀ပြုတဲ့ပုံ
Posted: 17 Oct 2011 09:39 AM PDT
|
Posted: 17 Oct 2011 09:06 AM PDT
မစုစုနွေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် စက်တင်ဘာသံဃာ့ အရေးအခင်းနှင့်ပတ်သတ်ပြီး နအဖစစ်အစိုးရရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခံရကာ ကလေးထောင်ကနေ တဆင့် ခန္တီးထောင်ကို ပြောင်းရွှေ့ခံထားရသူဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက် ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ မစုစုနွေးက သူမ ကြုံတွေ့ခဲ့ရတဲ့ ထောင်တွင်းအတွေ့ အကြုံတွေကို ရှင်းလင်းပြောပြထားတာဖြစ်ပါတယ်။ Burma Vj Media |
Posted: 17 Oct 2011 08:46 AM PDT
မင်းကျင့်တရား ၁ဝ ပါး
မထွန်းကားတဲ့ခေတ်မှာ
သူဟာ တကယ့်သူရဲကောင်းပါ။
ကိုလိုနီ အဖြစ်ထက် ဆိုး
အမျိုးမျိုး ဖိနှိပ်မှုတွေအောက်
ဒူးမထောက်တဲ့ ဇာနည်
မြန်မာပြည်ရဲ့ အနာဂတ်။
နိုင်လိုမင်းထက် အာဏာစက်နဲ့
အမျက်ကို ထုတ်ပြ
အရှက်ကို ဖြုတ်ချထားတဲ့
နအဖ လူသရမ်းတို့
ဖမ်းဆီးလို့ ချုပ်နှောင်ကြလည်း
သူက လွတ်မြောက်သူ။
အောင်နိုင်တဲ့ စွမ်းအားဆိုတာ
ရမ်းကားတာကို ပြောသလား
ဒါဆိုရင် မှားပေလိမ့်
တရားတွေပျောက် အမှားတွေဖောက်လို့
မိုးသောက်မယ့်အချိန် ဝေး
အဲဒါက ခဏလေးပါ။
မြင်နိုင်တဲ့ တို့စွမ်းအား
ဝိုးတဝါးမှာ ရှိစေတော့
မလျှော့ဇွဲနဲ့ သွားကြမယ်
အမှောင်နယ် ကျော်ကာဖြတ်
လွတ်လပ်မယ့် မနက်ဖြန်က
နံရံတွေရဲ့ တစ်ဖက်မှာလေ။
ပါဝင်သမျှ ဒီကနေ့ ဇွဲတွေက
မနက်ဖြန်ဆီ အရောက်နွှဲနေတာမို့
ရပ်ကြည့်လို့ မနေပါနဲ့
အားလုံးရဲ့ ပန်းတိုင်ဟာလည်း
ကိုယ့်ပန်းတိုင်ပဲပေါ့
ကိုယ့်ပွဲကို ကိုယ်ခင်း
ကိုယ့်ဇွဲကို ကိုယ်ရင်းလို့
လွတ်လပ်ရေးသီချင်း သီကြမယ်။
စေတနာ နဲ့ ငြိမ်းချမ်းရေး
လူ့ခွင့်ရေးနဲ့ လွတ်လပ်ရေး
အတွေးမှာ ပီသ
ညီမျှတဲ့ လုံ့လထုတ်ရင်ဖြင့်
အဟုတ်မကြာ အကွာအဝေး
အယုတ်တမာတွေ ပြေးပေလိမ့်
ကိုယ့်မြေကို တကယ်ချစ်ရင်
အနှစ်နဲ့အကာ အမြန်ခွဲခြား
အနာဂတ်ဆီ သွားကြမယ်
တရားဓမ္မ အရင်းတည်
ပြည်မြန်မာ ရောင်နီလွှမ်းစေဖို့
မေတ္တာရည် စိတ်မှာမှန်း
မင်းကိုနိုင် ကျန်းမာပါစေ။ ။
ထိန်လင်း
အောက်တိုဘာ ၁၈၊ ၂ဝဝ၇
Htain Lin Facebook |
Posted: 17 Oct 2011 08:39 AM PDT
ပိုင်ရှင်အလိုရှိသည်
လွန်ခဲ့သော ၂၀၀၉ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော် ရဲဖက်၊ လက်တွဲဖော် လက်တွဲဖက် ထူးခြားသောမိတ်ဆွေကြီးတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်လှကြည် (ခ) စာရေး ဆရာမဒေါ်ကြည်ဦး အသက် (၈၄) နှစ်သည် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားပါသဖြင့် ကျွန်ုပ်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အင်တိုက်အားတိုက် စည်းလုံးညီညွတ်စွာဖြင့် နောက်ဆုံးခရီးအား အဆင်ပြေ ချောမွတ်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ပို့ဆောင်ကူညီ သင်္ဂြိုလ်ပေးခဲ့ရသည်။ အမေ ဒေါ်ကြည်ဦး၏ သားဖြစ်သူ ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးမှာ ပြင်ပလောကနှင့် ဝေးကွာအဆက်ပြတ်နေသော မြစ်ကြီးနားအကျဉ်းထောင်တွင် ယုံကြည်ချက်ကြောင့် လူမှုရေးလုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်ပေးမှုကြောင့် ပြစ်ဒဏ် (၅၉)နှစ် အကျဉ်းကျခံနေရသူဖြစ်သည်။ ထို့ကြောင့် ထူးခြားသောမိတ်ဆွေကြီးမှာ မိခင်ဖြစ်သူ၏ နောက်ဆုံးခရီးအား လိုက်ပါပို့ဆောင်ခွင့် မရခဲ့ချေ။ ထိုစဉ်က ထူးခြားသောမိတ်ဆွေကြီးနှင့် အလားတူ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေအိမ်အကျယ်ချုပ်ဖြင့် ပြင်ပလောကသို့ ထွက်ခွာခွင့် မရရှိသေးချေ။ သို့သော် အမေစုသည် လူမှုရေးစိတ်ဓါတ် ပြည့်ဝစွာဖြင့် လူသားချင်းစာနာစိတ်ဖြင့် ကျွန်ုပ်၏ ထူးခြားသော မိတ်ဆွေကြီး၏ မိခင်ဈာပနအခမ်းအနားတွင် "ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲ ရပါကြောင်း" စာတမ်းပါ နှင်းဆီပန်းခြင်းအား ဖဲကြိုးအနက်ရောင်ဖြင့် ကျွန်ုပ်ထံသို့ လူကြုံတစ်ဦးဖြင့် မရောက်ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။ ထို့ပြင် ထိုလူကြုံမှ ကျွန်ုပ်အား "အမေကမှာလိုက်တယ်။ ဒီပန်းခြင်းကို ကာယကံရှင်ထံ အရောက်ပို့ပေးပါ" တဲ့။ ကာယကံရှင်မှာ ကျန်ရစ်သူ ထူးခြားသော မိတ်ဆွေကြီး၏ ဖခင်နှင့် အကိုများသာ ရှိတော့သည်။ ကျွန်ုပ်ယုံကြည်မှု တစ်ခုရှိသည်။ ကျွန်ုပ်မသေခင် ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးသည် အကြောင်းအမျိုးမျိုးကြောင့် ပြင်ပသို့ ပြန်လည်ရောက်ရှိကာ ကျွန်ုပ်နှင့် ပြန်လည်တွေ့ဆုံလိမ့်မည်ဟု ယုံကြည်ထားသည်။ အမေဆိုလိုသော ကာယကံရှင်ဟုဆိုရာ၌ ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးသာ ဖြစ်တော့သည်။ ထို့ကြောင့် အမေ့၏မှာကြားချက်အား တာဝန် ကျေစွာ ထမ်းဆောင်နိုင်ရန်အတွက် ကျွန်ုပ်ဆုံးဖြတ်လိုက်သည်။ ဤတွင် မိခင်ကြီး ဒေါ်ကြည်ဦး၏ ဈာပနအခမ်းအနားသို့ ကျွန်ုပ်ကိုယ်တိုင် နိဗ္ဗာန်မော်တော် ယာဉ် ပေါ်တင်ဆောင်၍ ရေဝေးသုဿန် ဈာပနအခမ်းအနားပြီးဆုံးသည့် အချိန်အထိ ကျွန်ုပ်၏ လက်မှ အောက်သို့မချပဲ ကိုင်ဆောင်ထားခဲ့သည်။ အခမ်းအနားပြီးဆုံးသည်နှင့် ကျွန်ုပ်သည် ဤလွမ်းသူ ပန်းခြင်းအား ကျွန်ုပ်၏နေအိမ်သို့ သယ်ဆောင်ထားခဲ့သည်မှာ ယခုဆိုလျှင် (၂) နှစ်နှင့် (၇)လခန့် ရှိခဲ့ပြီ ဖြစ်သည်။ ယခု အချိန်တွင် ထူးခြားသောမိတ်ဆွေကြီးသည်လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြင်ပသို့ လွတ်မြောက်လာပြီ ဖြစ်သည်။ သို့သော် ယခု အချိန်အထိ ထူးခြားသောမိတ်ဆွေကြီးနှင့် တွေ့ဆုံခွင့် မရသေး။ ကျွန်ုပ်တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း (၂) ကြိမ်ခန့် လေလှိုင်းထဲမှ စကားပြောခွင့်သာရခဲ့သည်။ လူကိုယ်တိုင် တွေ့ဆုံခွင့်ကား မရသေးချေ။ ကျွန်ုပ်တို့၏ နာရေးကူညီမှု အသင်း(ရန်ကုန်)သည် တရားဝင်မှတ်ပုံတင် မကျသေး၍ ကျွန်ုပ်တို့၏ အသင်းသို့ ထူးခြားသော မိတ်ဆွေ ကြီးသည် မလာရောက်ခြင်းတော့ မဖြစ်နိုင်။ ထူးခြားသောမိတ်ဆွေကြီးမှာ အလုပ်အလွန် များပြားလွန်းလှ သောကြောင့်ပင် ဖြစ်မည်ဟု ကျွန်ုပ်ယုံကြည်သည်။ ထို့ကြောင့် ဤစာကို ထူးခြားသော မိတ်ဆွေကြီး ဖတ်မိသည့်အချိန်၌ ကျွန်ုပ်ထံသို့ အလျင်အမြန် ရောက်ရှိလာမည်ဟု မျှော်လင့်မိပါသည်။ * ယင်း လွမ်းသူ့ပန်းခြင်း၏ ထူးခြားချက် * * ၂၀၀၉ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့မှစ၍ ကိုးရက်တိုင်တိုင် မတ်လ (၂၉) ရက်နေ့အထိ နှင်းဆီပန်း ပွင့်များသည် ညှိုးနွမ်းသွားခြင်း လုံးဝမရှိ။ * ယနေ့တိုင် ညှိုးနွမ်းသွားသော နှင်းဆီပန်းခြောက်များသည် ကြွေကျသွားခြင်း လုံးဝမရှိ။ (ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးဆိုသူမှာ မည်သူမည်ဝါဖြစ်သည်ဟု ဖော်ပြရန်လိုအပ်မည် မထင်ချေ။) ကိုကျော်သူ |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment