မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ (၁) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) Posted: 19 Oct 2011 12:01 PM PDT မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ... (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) မြစ်ဆုံရေကာတာစီမံကိန်းကြီးကို နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် လူမိုက်လုပ်ပြီး ဗွီတိုဆန်ဆန် ရပ်ဆိုင်းလိုက်တဲ့အတွက် ပြည်သူအားလုံး စိတ်ချမ်းသာမှု ရသွားကြရပါတယ်။ တရုတ်အလိုတော်ရိတွေ မြစ်ဆုံစီမံကိန်းမှာ လာဘ်စားထားသူတွေ ပါဝင်ပတ်သက်နေသူတွေ ဗမာမဟုတ်သူတွေအတွက်တော့ နားထဲကို သံရည်ပူ လောင်းချသလို ခံစားကြရမယ်ထင်ပါတယ်။ မြန်မာမဟုတ် လောဘကဇိ့ တက်နေသူတွေ အတွက် အမင်္ဂလာသတင်းပါ။ မြန်မာနိုင်ငံ ပြည်သူအားလုံး အတွက်က အနိုင်းမရနိုင်တဲ့ အောင်ပွဲပါ။ မြစ်ဆုံရေကာတာကြီးကို သမ္မတကြီးက သူ့လက်ထက်မှာ ရပ်ဆိုင်းထားမယ်ဆိုတော့ တော်ကြာ တရုတ်က ဖိအားတွေပေးလို့ အမှုတခုခုဆင်ပြီး သမ္မတကြီး ဖြုတ်ထုတ်လိုက်မယ် ဖမ်းထဲ့လိုက်တာမျိုးနဲ့ တဖက်လှဲ့ ပြန်လုပ်လာနိုင်ပါတယ်။ အကြံအဖန် ဆူပူမှုတွေလုပ်ပြီး စစ်တပ်က အာဏာသိမ်းတယ်ပြပြီး သမ္မတကြီး ဦးသိန်းစိန်ကို ဖယ်ရှားပြီး တဖက်လှဲ့ ပြန်တည်ဆောက်တာလုပ်လာနိုင်ခြေတွေ အသံတွေ သို့သို့သဲ့သဲ့ ထွက်လာပါပြီ။ ဒီလိုအသံမျိုးတွေဟာ ဖြစ်နိုင်ခြေဘက်က များနေပါတယ်။ အဓိကအကြောင်းရင်းက မြစ်ဆုံဆည်ကို တက်သုတ်ရိုက်ကနေ့ လက်မှတ်ထိုး နောက်တစ်နေ့ စပြီး ဖွင့်ပွဲ အခမ်းအနားကို လုပ်တာကိုက မရိုးဘူးဆိုတာ သိပ်ရှင်းနေပါတယ်။ ဒီမြစ်ဆုံဆည်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပတ်ဝန်းကျင် ထိခိုက်မှု အလွန်လဲနည်းတယ်။ ဧရာဝတီမြစ်လို စိုက်ပျိုးရေး အားထားရမှုလည်း မရှိသလောက်နည်းတယ် ရေစီးကြမ်းလို့ ရေကြောင်းသွားလာရေး လုံးဝနီးပါးလုပ်လို့ မရနိုင်တဲ့ သံလွင်မြစ်ပေါ်က တာဆန်း ရေကာတာကြီးကို လုပ်သင့်မလုပ်သင့် လေ့လာနေတာ ချိန်ဆနေတာ ကြာလှပါပြီ။ တာဆန်းရေကာတာ စီမံကိန်းကို ၁၉၉၁-ခုနှစ်ကထဲက ထိုင်းနိုင်ငံက န.၀.တ. အစိုးရဆီကို တင်ပြထားနေပါပြီ။ သူတို့က မ.ဆ.လ.ခေတ် ကတည်းကိုက ခွန်ဆာနဲ့ ညှိနှိုင်းပြီး အသေးစိတ် တိုင်းတာရေးကို ဂျပန်နဲ့ ထိုင်းပညာရှင်တွေ ၂နှစ်တိတိ တစ်နှစ်ပတ်လုံးမှာ အသေးစိတ် တိုင်းတာထားတာပါ။ တစ်နစ်ကို ဘယ်လတွေမှာ တစ်စက္ကန့်ကို ရေစီးနုံးဘယ်လောက် အနယ်ထိုင်မှုနုံးက ဘယ်မျှ တိုင်းတာမှု မှုအများကြီး လုပ်ထားပါတယ်။ အခု မြစ်ဆုံဆည်ကို BANCA ကတိုင်းတာ လေ့လာထားတာမှာ အဲဒီလောက်အထိ အသေးစိတ် ရှိနိုင်ပါ့မလားတောင် သံသယဖြစ်မိရပါတယ်။ အဲဒီလေ့လာထားချက်တွေကို ကျနော် သိပ်နားမလည်ပါဘူး။ မြေပုံတွေကတော့ အများကြီးပါ။ ဆည်ဆောက်မဲ့ နေရာကို ဒီလောက် တိုင်းတာထားတာကို အပြီးအပိုင် ဆုံးဖြတ် မထားနိုင်သေးပါဘူး။ ဘယ်ကျောက်တောင်က ကျောက်ကိုသယ်ယူမယ်။ ဘယ်နေရာက ကျောက်တောင်ကို ဘိလပ်မြေ ထုတ်လုပ်မယ်။ စုံနေတာပါ။ ဒါလောက် အသေးစိတ် လေ့လာထားတာကို ထပ်မြံပီး ပိုမိုတိတိကျကျ လေ့လာရဦးမည် ဆိုပါတယ်။ တိုက်ဆိုင်တာလေးက ထူးဆန်းနေတယ်။ တာဆန်းရေကာတာ စီမံကိန်းကို န.၀.တ အစိုးရဆီကို တင်ပြခဲ့သူ ဒေါက်တာချန်နရောင်းဟာ ၁၉၉၄-ခုနစ် သြဂုတ်လ-၁၉-ရက်နေ့ (နေ့လည်-၁၁.၃၀-လောက်မှာ) ကန်တော်ကြီးက ဆေးရုံမှာ ဆေးထိုးမှားပြီး ကွယ်လွန်သွားပါတယ်။ အခု.သြဂုတ်လ-၁၉-ရက်နေ့မှာ သမ္မတကြီးဦးသိန်းစိန်နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ ဆုံမှုပါ။ အခုမြစ်ဆုံကို Banca အဖွဲ့ကို လေးလလောက်လေး လေ့လာထားတာနဲ့ ချက်ချင်းကြီး အကောင်အထည် ဖေါ်ဆောက်တာကတော့ တကယ်လို့ ဆည်ကြီးပြိုပျက်ရင် ငါတို့သေတာ မဟုတ်ဘူး မြန်မာတွေသေတာ သေတောင်များများ သေသွားရင် ငါတို့အသာလေး သိမ်းလိုက်လို့ရပြီလို့ တွက်ထားတာ ဖြစ်ဖို့ များနေပါတယ်။ ဒီလူမျိုးတွေစိတ်ဓါတ်ကိုက ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓါတ်တွေ။ ကမ္ဘာက လက်လန်ယူရအောင် စိတ်ထားယုတ်ညံ့သူတွေ။ တရုတ်မိသားစုတွေဟာ လူဦးရေပေါက်ကွဲမှု ဖြစ်နေတော့ တစ်အိမ်ထောင်ကိုမှ ကလေးတစ်ယောက်သာ ယူခွင့်ရှိကြတာပါ။ တွက်ဆကြည့်ပါ။ ကလေးတစ်ဦးတည်း ဆိုတော့ မိဘတွေမှာဘယ်လောက် အူတုန်အသဲတုန် ချစ်နေကြမလဲ ဆိုတာကို။ ကိုယ်ချင်းစာစိတ် သာရှိမယ်ဆိုရင် အဲဒီလို ရှားရှားပါး ကလေးတစ်ဦးထည်း ယူခွင့်ရှိရှာတဲ့ တန်ဖိုး မဖြတ်နိုင် လောက်အောင် မိဘတွေချစ်နေကြရတဲ့ ကိုယ့်လူမျိုးချင်းကိုတောင် သေမယ်ဆိုတာ သိသိကြီးနဲ့ ငါတို့မြတ်ဖို့က အဓိကဆိုတဲ့ စိတ်ဓါတ်နဲ့ မယ်လမင်းတွေကို နို့မှုန့်ထဲထည့် ရောင်းတဲ့အထိ ယုတ်မာချက် ကမ်းကုန်နေတဲ့ လူမျိုးပါ။ ကလေးတွေ သေတာ ငါ့အရေးမဟုတ် ငါအမြတ်ရဖို့သာ ကြည့်တဲ့လူတွေ။ အဲဒီလိုတစ်ဘို့ ထဲကြည့်တဲ့ လူတွေကိုတော့ တရုတ်အစိုးရကိုယ်တိုင် သေဒါဏ်ပေး သတ်ပြီးပါပြီ။ အခုမြန်မာပြည်သူ သိန်း၊ သန်းချီသေမှာ မသေခင်တောင် ဆည်ကြီးပြိုခဲ့သော် ဆိုတဲ့သောက အကြောက်တရားနဲ့ နေနေရတဲ့ဘ၀။ အခုကျနော်တို့ ပြည်ကြီး ဘာဖြစ်ဖြစ်ထက် ပိုတာတောင် ကြံစည်ထားလားဆိုတာကို ကျနော့်အမြင်လေးပါ တင်ပြပါမယ်။ မြစ်ဆုံ ရေကာတာကြီးအတွက် မူလတိုင်းတာထားတာ မီဂါဝပ်-၃၅၀၀- ပါ။ ဘန်ကာက တိုင်းတာထား/လေ့လာထားရတာက မီဂါဝပ်-၃၅၀၀-အတွက်ပါ။ ရေကာတာအမြင့်က ပေ-၅၀၀- မရှိနိုင်ပါဘူး။ အဲဒါကို တရုတ်က ကြပ်ပြေး တည်ဆောက်ရေးအတွက် ဒေါ်လာသန်း-၅၀၀၀- လာဘ်ထိုးလိုက်တော့ မီဂါဝပ်-၆၀၀၀-အတွက် တိုင်းတာထားတာမရှိဘဲ စာချုပ်ချုပ် ပေးလိုက်တာကိုက ဥပဒေကြောင်းအရ မှားနေပါပြီ။ ဒါလုပ်ပိုင့်ခွင့်မရှိတဲ့ ကိစ္စပါ။ ဥပမာ အိမ်ဆောက်မယ်ဆိုရင် မြို့တော်စည်ပင်သာယာ ဆီမှာ ဆောက်လုပ်ခွင့် တောင်းခံရပါတယ်။ ဆောက်လုပ်ဖို့ တင်ပြထားတာ တိုင်းတာထားတာက အထပ်-၃၅-ထပ်ပေါ့။ တကယ်ဆောက်တော့ အထပ်-၆၀- ဆောက်လို့ရမလား။ တင်ပြထားတာတာနဲ့  မတူတာ ဆောက်ခွင့်မရှိပါဘူး။ နောက်တစ်ခါပေါ့။ အင်္ဂလိပ်က ကျနော်တို့နိုင်ငံကို အုပ်ချုပ်သွားတာ ရန်ကုန်မြို့ ဘယ်နေရာမှာ မြေသားဘယ်လို ရှိတယ်။ ရေချိုကဘယ်မှာရှိတယ် အကုန်လေ့လာပြီး ထားခဲ့တယ်။ လျှပ်စစ်ဝန်ကြီးဌာနမှာ အင်္ဂလိပ်တိုင်းတာ ထားခဲ့တဲ့ ဆည်တွေ တပုံကြီး စာရင်းနဲ့ အများကြီးရှိပါတယ်။ အခု န.အ.ဖ အစိုးရလက်ထက်မှာ ရေကာတွေ တပြည်လုံးအတိုင်းအတာနဲ့ တည်ဆောက်ရင် မီဂါဝပ်ပေါင်း လေးသောင်းကျော် ရမယ်ဆိုတာ မြန်မာတွေတိုင်းထားတာ မဟုတ်ဘူး။ အင်္ဂလိပ်တွေ တိုင်းထားခဲ့တာ။ အဲဒီစာအုပ်ကြီးကို လျှပ်စစ်ဝန်ကြီးရုံးမှာ ရေအား လျှစ်စစ်အင်ဂျင်နီယာ ဦးစောလွင်(ကွယ်လွန်) ဆီကနေ ကျနော် တောင်းကြည့်ထားရတာပါ။ သူက ကျနော်တိုင်းပြည်အတွက် အတော်လေး အလေးထားမှန်းသိတော့ (မင်းကိုအန်ကယ်ပြချင်ပါတယ်.. မင်းအန်ကယ့်ကို ပြသနာမတက်အောင်တော့ ကတိပေးပါ) ပြောပြီး စာအုပ်ကြီးကို သူ့အိမ်ယူလာပါတယ်။ ကျနော်ကသူ့ အိမ်အလည်သွားပေါ့.. သူက အပြင်သွားနေတော့ ရှောင်နေတဲ့ သဘောလုပ်ပြီး ကျနော်က စာအုပ်ကြီးထဲက ကူးချင်တာတွေ ကူးယူရတာပါ။ ဘုန်းကြီး အာပတ်လွတ် ဆိုတာလိုမျိုးပေါ့။ သူကရခိုင်လူမျိုး။ အဲဒီလို ရေအားလျှပ်စစ်တွေ ထုတ်လုပ်နိုင်တဲ့ အကြောင်းရေးထားတဲ့ ဒီအစီရင်ခံစာ စာအုပ်ကြီးထဲမှာ ဧရာဝတီမြစ်ဆုံကို ထဲ့ရေးထားတာ မတွေ့ရတာပါဘဲ။ တခြားဧရာဝတီ အထက်ပိုင်းက မြစ်ဆုံမရောက်ခင် နေရာက အခုချီဘွေ ဘာညာတွေကို ရေးထားပါတယ်။ စိတ်ထဲမှာ အင်္ဂလိပ်ကိုလိုနီ မသိတာမှ မဟုတ်တာ။ သိပ်သိတာပေါ့။ သူတို့တောင်ဒါကို စိတ်နဲ့တောင် မကြံစည်ဘူးဆိုတာ သုံးသပ်လို့ရပါပြီ။ သန်းရွှေရဲ့ မျိုးချစ်စိတ်နဲ့ သူတချိန်လုံး လက်ညှိးထိုးအော်နေတဲ့ ကိုလိုနီနယ်ချဲ့ရဲ့ စိတ်ထက် မျိုးချစ်စိတ်ကင်းမဲ့နေတာ ပြလိုက်တာပါဘဲ။ မျိုးချစ်စိတ်ဆိုတာ ဘာကိုဆိုလိုတယ်တောင် သိမယ်မထင်ပါဘူး။ ဦးစောလွင်ဟာ ထမံသီရေကာတာကြီးကို ကုလသမဂ္ဂ အကူအညီနဲ့ တိုင်းတာရေးမှာ မြန်မာဘက်က ဦးဆောင်ပါဝင်ခဲ့သူ အင်ဂျင်နီယာချုပ်ပါ။ နိုင်ငံခြားပညာတော်သင် (အင်္ဂလန်ပညာတတ်ဟု ထင်မိပါတယ်)။ ထမံသီရေအား လျှပ်စစ်က မီဂါဝပ်-၁၂၀၀ ဘဲရှိပါတယ်။ အဲဒါကို လေးနှစ်တိုင်းတာရတာပါ။ အခုက မီဂါဝပ်-၆၀၀၀ နဲ့အထက်မှာ နောက်ထပ် ဆည်-ရ-ခု ရှိသေးတယ်။ ဒါကိုလေးလတင် လေ့လာတာ ဘယ်လိုလုပ် ပြည့်စုံလုံလောက်တယ်ဆိုတာ ကျနော် မသိဘူး။ ထမံသီရေအားလျှပ်စစ်က တည်ဆောက်ဖို့ ကုလသမဂ္ဂက သဘောတူ ခွင့်ပြုထားပါတယ်။ ၁၉၇၂- ကနေ ၁၉၇၆ ခုနစ်အထိ လေ့လာရေး လုပ်ခဲ့တာပါ။ ဒါပေမဲ့ လျှပ်စစ်ရောင်းဖို့ အိန္ဒိယနဲ့ စကားပြောတော့ အဲဒီတုန်းက ၀န်ကြီးချုပ်အိန္ဒီယာဂန္ဒီ က ရောင်းရငွေကို အိန္ဒိယ ရှုးပီးငွေနဲ့ ဘဲချေမယ်ဆိုပြီး တဖက်သတ်လုပ်နေလို့ ရပ်ထားရတာပါ။ ဒေါ်လာနဲ့ ပေးချေမယ်ဆိုရင် တည်ဆောက်ဖြစ်ပါတယ်။ နောက်ဆုံးဦိးနေ၀င်းက ၅၀-%ကိုဒေါ်လာ နဲ့ပေးဖို့ အထိ ညှိနိုင်းခဲ့ပါသေးတယ်။ အခုမြစ်ဆုံဆည်ဟာ ပတ်ဝန်းကျင်ဆိုးကျိုးကိုလဲ သေသေချာချာ မလေ့လာရသေး လေ့လာတော့လဲ ရှားပါးတိရိစ္ဆာန်ဆိုရင် စားပစ်ဖို့ သာသိတဲ့ တရုတ်က ဘယ်အလေးထားမှာလဲ။ ရှားလေ ဆေးဘက်ဝင်လေ။ ဒါက ပတ်ဝန်းကျင်ကိစ္စ။ ဒီထက်ပိုအရေးကြီးတာက ဒီဧရာဝတီမြစ်ဆုံကြီးကို သန်းရွှေလက်ထက်မှာကို မြန်မာ့ရုပ်မြင်သံကြား ပေါ်ကနေ အမျိုးသားရေး လက္ခဏာအဖြစ် အကြိမ်ကြိမ် ပြသွားထားပါတယ်။ အမျိုးသားရေး လက္ခဏာဆိုတာ မျိုးချစ်စိတ်ရှိသူတွေသာ အမျိုးသားရေးဆိုတဲ့ တန်ဖိုးထား တတ်ကြတာပါ။ ဟာဒါအရေးမကြီးဘူး ပြောချင်လား။ ရတယ် အဲဒီလိုပြောတဲ့ အကောင်ဟာ မိန်းမသာဆိုရင် အပျိုရည်ဆိုတာ အလေးထားစရာ မလိုပါဘူး။ ပြောတတ်တဲ့ မိန်းမစားနဲ့ တစ်ထေရာထဲပါဘဲ။ ပြည့်တန်ဆာမဆိုတာ ဒီလိုစိတ်ရှိသူတွေက ဖြစ်လာတာများပါတယ်။ တစ်ခါအမျိုးသားရေး လက္ခဏာ ကို သိပ်အလေး မထားချင်သေးရင် လုံခြုံရေး ရှုဒေါင့်ကနေ သုံးသပ်ကြပါမယ်။ သန်းရွှေဟာ ယောက်ျားတန်မဲ့ ၂၀၀၃-မှာ ဒီပဲယင်း မိန်းမယာဉ်တန်းကို သတ်မိပြီး ပြည်သူလူထုက ဒါသူ့လက်ချက်ဆိုတာ အားလုံးက သိလိုက်ပြီဆိုတော့ (ထောက်လှမ်းရေး အစီရင်ခံစာတွေကနေ သိတာပါ) သူ့လုံခြုံရေးအတွက် ကြပ်ပြေးကို တက်သုတ်ရိုက် ဆောက်တယ် ဘာမှမပြီးသေးဘဲ ရွှေ့တယ်။ ဒါကိုတောင် သူစိတ်မှာ မလုံခြုံလို့ နိုင်ငံတော်ဘဏ္ဍာငွေ ရသမျှကို သူစိတ်လုံခြုံမှုအတွက် မြေအောက်လှိုဏ်ခေါင်းတွေ တူးတဲ့အထိ လုပ်ဆောင်ပါတယ်။ တကယ်က အဲဒီလောက် ကြောက်နေစရာ အကြောင်းလဲ မရှိပါဘူး။ မြစ်ဆုံရေကာတာကြီး ပြိုခဲ့သော်လို့ ကြောက်နေသူတွေကို မိုးမပြိုပြိုခဲ့သော် ပြောချင်သူတွေ မင်းတို့ စစ်ဗိုလ်ချုပ်မှူးကြီး ကြယ်လေးပွင့်တပ်ထားပြီး ဖင်တုန်နေတာကိုပြောပါဦး။ တပ်ထားတဲ့ ကြယ်ပွင့်မှ အားမနာ။ မြစ်ဆုံ ရေကာတာကြီးက စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ ထိစပ်နေတယ်။ အပေါ်မှာ တိုးလာမဲ့ ရေထုအလေးချိန် (ဖိအား)က တန်ပေါင်းထရီလျှံနဲ့ များမယ်ဆိုတာကိုတော့ အများကြီး စဉ်းစာရမှာပါ။ မကျိုးနိုင်ပါဘူး ဘယ်သူက လည်ပင်းကြိုး တပ်ကြေးအာမခံမှာလဲ။ ပါးစပ်ဖျားနဲ့ အာမခံတာလာမလုပ်နဲ့။ တစ်ခါ ကျနော်က ပိုပြီး သံသယရှိနေတာက သန်းရွှေစကားကိုဘဲ ပြန်ကိုးကား ပြောပါမယ် ။ နိုင်ငံတော်သမ္မတသည် လုံခြုံရေးအမြင်ရှိရမည်တဲ့။ လုံခြုံရေးအမြင် ကျနော်မကန့်ကွက်ပါဘူး။ သူတို့ လုံခြုံရေးအတွက်ဘဲလား လို့သာ မေးစရာဖြစ်လာပါပြီ။ နောက် အခုဆောက်နေတာက တရုတ်တွေကို စိတ်လွတ်လက်လွတ် လုပ်ချင်သလို လုပ်ခွင့်ပေးထားပါတယ်။ ကျနော်ကတော့ ကြံကြံဖန်ဖန် တွေးတာမဟုတ်ဘူး။ တရုတ်က နစ်ရှည်စီမံကိန်းတွေ ချတတ်ကြတတ်တာ ဟိုအရင်ကထဲကိုက။ အခုမြစ်ဆုံ ရေကာတာကြီး တည်ဆောက်မယ်။ ဆည်ကြီးအောက်ခြေမှာ ဗုံးလေးငါးခုလောက် မြုပ်ထားမယ်။ မြုပ်ထားလို့ ရနေပြီလေ။ သူတို့လက်၊ သူတို့ခြေ စိတ်ထင်ထိုင်း လုပ်ခွင့်ပေးထားတာကိုး။ ဆယ်နှစ်လောက် ရေအားလျှပ်စစ် အလုပ်ပြထားပြီး မိုးတွေဆက်တိုက် ရွာတတ်တဲ့နှစ်ပေါ့ အခုထိုင်းမှာ ဖြစ်သလို မိုးလွန်ကဲတဲ့ နှစ်တနှစ်မှာ ဆည်အောက်မှာ မြုပ်ထားတဲ့ဗုံးတွေကို တစ်ပြိုင်ထဲ ဖေါက်ခွဲလိုက်မယ်ဆိုရင် မြန်မာပြည်လူဦးရေ ထက်ဝက်ရေဘေး ဒုက္ခရောက်ကုန်မယ်။ အဲဒီမှာ သူတို့တာဝန်ပါ ဇွတ်လုပ်၊ တရုတ်တွေကို ကယ်ဆယ်ရေးဗန်းပြပြီး လူဦးရေ သန်းချီ မြန်မာပြည်ထဲဝင်ခိုင်းမယ်။ တရုတ်ပြည်မှာက ကလေးတစ်ဦးထဲဘဲ ယူခွင့်ပြုတော့ တရုတ်ကလဲ မျိုးဆက်နာမည်ကို သားယောက်ျားလေးကသာ မျိုးဆက်အမည် ဆက်ခံရတဲ့ ထုံးစံဆိုတော့ မိန်းခလေး ကိုယ်ဝန်ဆိုရင် ဖျက်ချကြတော့ အခုတရုတ်ပြည်မှာ ယောက်ျားလေးတွေ အတွက်မိန်းမသိပ်ရှားနေတော့ ကယ်ဆယ်ရေးလုပ်ရင် စောင်မကြည့်ရှုလိုက်ရင် တရုတ်ပြည်ကလူဦးရေ တစ်သန်း ကနေ နှစ်သန်းလဲ လျှော့သွားမယ်။ မြန်မာပြည်မှာ မိန်းမလဲရမယ်။ နိုင်ငံသားလဲဖြစ်လာမယ်။ အို ဘက်စုံ ကိုအိုကေလို့။ ဇွတ်ရောအတင်းရော သူတို့မှာ တာဝန်ရှိပါတယ်အော်.. ဘီလျှံပေါင်းများစွာ အကုန်အကျခံ အိုး မြန်မာတွေကို အိမ်ဆောက်ပေး ဆေးကုသပေး စောင်မကြည့်ရှုလိုက်ကြမဲ့ဖြစ်ခြင်း မျက်စေ့ထဲ မြင်ယောင်ကြည့်စမ်း။ တရုတ်မြန်မာ မောင်ရင်းနှမ ပေါင်းခြင်းခွ စီမံကိန်းကြိးလေ။ ဒီတရုတ်တွေ ဗန်းပြပြီးနောက်ထပ် မှတ်ပုံတင်အတုတွေနဲ့ ခင်ညွှန့်တရုတ်သွင်းပေးသလို ထပ်သွင်းလိုက်ရင် ၂၀၃၀-လောက်ဆိုရင် မြန်မာပြည်က လမ်းတွေမှာ ဗမာစာတွေနေရာမှာ တရုတ်စာတွေ ရေးလိုက်ရပါတော့မယ်။ သေနတ်တစ်ချက်တောင် ဖေါက်နေစရာ မလိုပါဘူး။ မြန်မာမတစ်ယောက် မြန်မာအထီး တစ်ယောက်နဲ့ယူသူကို ထောက်ပံ့ကြေး တိုးတိုးတိတ်တိတ် ပေးတာလဲလုပ်နိုင်တယ်။ ငွေကထောနေတာကော သေနတ်ကျည်ဆံဖိုး မကုန် ကမ္ဘာကလဲ အော်ချက်ထုတ်လို့ မရတဲ့ စီမံကိန်းဆိုတော့ ငွေမျှောတာပေါ့။ ဆွေမျိုးအပေါက်ဖေါ် စီမံကိန်း။ အဲဒီတော့ ပြန်သေသေချာချာ စဉ်းစားလိုက်တော့ သန်းရွှေဟာ သူအလှည့်ကျတော့ ကြောက်တတ်လို့ ကြပ်ပြေးကို ခွေးပြေး၊၀က်ပြေးပြေးတယ်။ တစ်ခါ သူ့လုံခြုံရေးအတွက် သုံးဖို့ငွေ ဒေါ်လာသန်း-၅၀၀၀-ကို ကချင်လူမျိုး လူနှစ်သိန်းမကရဲ့ အသက်ကို စတေးပြီး အဲဒီကငွေနဲ့ ထပ်လုံခြုံအောင် လုပ်ချင်တယ်ဆိုတော့ လွန်လွန်မင်းမင်း အတ္တစိတ် လွန်ကဲနေတာပြနေပြီ။ ကျနော်ဟာနိုင်ငံရေးမှာ တစ်ချိန် ဒီမိုကရက် အင်အားစုတွေ အာဏာရလာရင် ဟိုလူကိုကြိုးစင်တင်၊ ဒီလူကိုသတ်ဆိုတာကို ကန့်ကွက်မဲ့သူပါ။ အမှားတစ်ခုအတွက် လူတစ်ယောက်ကို သတ်တာလဲ မလုပ်ချင်ဘူး။ ထောင်ချတာလည်း မလုပ်ချင်ဘူး။ သူတို့ကို ပြည်သူလူထုကို ကိုယ်တိုင်မှားတာတွေ ဘာတွေလုပ်မိခဲ့ပါတယ် ဆိုတာ ကိုယ်တိုင် ပြည်သူတွေရှေ့ထွက် တောင်းပန်ခိုင်းတာဘဲ လုပ်စေချင်သူပါ။ သူတို့ကို သတ်ရလို့လည်း အကျိုးအမြတ်မရှိပါဘူး။ ထောင်ချရင်လဲ အပိုတောင်ကုန်သေးတယ်။ အခုဒီလို သူ့လုံခြုံရေး (စိတ်ကမလုံခြုံမှုလေး) အတွက် ကချင်လူမျိုးနှစ်သိန်း၊ သုံးသိန်းနဲ့ မြန်မာလူမျိုး နောက်ထပ် သိန်းဂဏန်းများစွာရဲ့ အသက်ကို ရင်းတဲ့အထိ လုပ်ဆောင်လာတာ တော်တော့်ကို အသေ သတ်ပြစ်ချင်စိတ် ပေါက်မိတယ်။ လွန်တာမှ တော်တော်ကို လွနပ်ါတယ် ။ ဆက်လက်ရေးသားပါဦးမည်။ တရုတ်ပြည်မှာ ယန်စီမြစ်ကြီး ညစ်ညမ်းလာမှု နောက် အခုရေကာတာကရတဲ့ လျှပ်စစ်ရောင်းဈေးကို တရုတ်ကပေးထားတာ အလွန်နည်းနေတဲ့ ကိစ္စတွေကို နောက်အပတ်မှာ ဆက်လက်ရေးသား တင်ပြပါဦးမည် ။ အားလုံးကို လေးစားလျှက် လှိုင်မြင့် |
ဖက်ဒရယ်ပြည်ထောင်စုကို ကြောက်တဲ့ ပြဿနာ အပိုင်း (၃) Posted: 19 Oct 2011 09:17 AM PDT ဖက်ဒရယ်ပြည်ထောင်စုကို ကြောက်တဲ့ ပြဿနာ အပိုင်း (၃) (ဆောင်းပါးရှင် The Peace) ကျွန်တော်ရေးသားတင်ပြတဲ့အခါမှာ ပုဂ္ဂိုလ်ရေးပုတ်ခတ်တာလည်း မပါဘူး။ စော်ကားတာလည်း မပါဘူး။ ကျွန်တော် ဒီဆောင်းပါးရေးနေတာ တစ်ဖတ်သတ် ပုတ်ခတ်ပြောဆိုချက်တွေ တစ်ဖက်သတ် အမြင်တွေကို နည်းလမ်းကျမကျ။ စဉ်းစားနိုင်ဖို့ တင်ပြနေခြင်း ဖြစ်ပါတယ်။ ဒေါက်တာလှိုင်မြင့် ရေးလိုက်တဲ့ အပိုင်း (၃) ပိုင်းသော ဖက်ဒရယ် အရေးကြောင့် မြန်မာပြည်သားတွေ ပိုညီညွတ်လာသလား။ ဒေါက်တာလှိုင်မြင့်ရေးလိုက်တဲ့ အပိုင်း (၃) ပိုင်းသော ဖက်ဒရယ် အရေးကြောင့် ဗမာလူမျိုးတွေ ပိုလို့ မျက်စိပွင့်လာတာလား၊ မျက်မှန်စိမ်း တပ်ပေး ခံလိုက်ရတာလား။ ဒေါက်တာလှိုင်မြင့်ရေးလိုက်တဲ့ အပိုင်း (၃) ပိုင်းသော ဖက်ဒရယ် အရေးကြောင့် ဖတ်ရသူတွေ မေတ္တာစိတ်တိုးပြီး ပြည်ထောင်စုသားတွေ တစ်ဦးနဲ့ တစ်ဦးပိုချစ်ကြည်လာကြ၊ ရိုင်းပင်းလာကြသလား။ တစ်ယောက်နဲ့ တစ်ယောက် ထသတ်တော့မတတ် ဖြစ်လာကြတယ်ဆိုရင် ဒေါက်တာလှိုင်မြင့် ဆောင်းပါးဟာ အကျိုးအကြောင်း သိပ်ဆီလျော်သင့်မြတ်တဲ့ ဆောင်းပါလား။ ဖတ်ရတဲ့ သူတိုင်း ခံစားနားလည် မိကြမယ်ထင်ပါတယ်။ ဒါက သူ့ဆောင်းပါးရဲ့ ရလာဒ်ပါ။ သူ့ဆောင်းပါးဖတ်လို့ လူတွေ အမုန်းပိုပွားလာကြတယ်ဆိုရင်။ လူတွေ မေတ္တာစိတ် ခေါင်းပါးလာကြတယ်ဆိုရင်.. ဒီလို ဆောင်းပါးမျိုးဟာ ရေးတာထက် မရေးဘဲ နေတာပဲ ကောင်းတဲ့ ဆောင်းပါးပါ။ ယခုလက်ရှိ မြန်မာပြည်လို့ အမည်ခံထားတဲ့ တိုင်းပြည်အတွက် လွတ်လပ်ရေးကြိုးပမ်းတော့ ထိုင်းနိုင်ငံ ဖက်ကနေ ချီတက်လာတာပါ။ ထိုင်းဖက်မှာ ဗမာတွေ ရှိနေတာ မဟုတ်ပါဘူး။ အဲဒီနယ်ထဲ ရောက်နေတဲ့။ ကရင်တွေ၊ ရှမ်းတွေ၊ မွန်တွေနဲ့ BIA ဖွဲ့ပြီး။ အင်္ဂလိပ်လက်အောက်ရောက်နေတဲ့ တနင်္သာရီ ဒေသဖက်ကနေ စစ်ချီလာခဲ့တာပါ။ မယုံရင်လည်း ဗိုလ်ချုပ်အောင်ဆန်းအစ်ကို အောင်သန်းရေးတဲ့ အောင်ဆန်း စာအုပ်မှာ ရှာဖတ်ပါ။ အဲဒီနေရာဟာ ဗမာ အများစု ရှိတဲ့နေရာ မဟုတ်ပါဘူး။ လွတ်လပ်ရေးရဖို့ ဗမာတွေက အများစု ကြိုးစားခဲ့ရတယ် ဆိုတဲ့ စကားမျိုးပြောလို့ မပြောသင့်ပါဘူး။ အဲဒီအချိန်က လူမျိုးပေါင်းစုံ တက်ညီလက်ညီ ကြိုးပမ်းခဲ့ကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်း အဖိုး ဗိုလ်မင်းရောင် လက်ထက်က တောင်တွင်းကြီး နဲ့ ရှမ်းပြည်နယ်မှာ လူစုပြီး အင်္ဂလိပ်ကို ပြန်တိုက်ခဲ့တာပါ။ အောက်ကစာလို လူအများလေးစားတဲ့ ဗိုလ်ချုပ်ကို ချီးကျူးသလိုနဲ့ မျက်နှာချီးနဲ့ သုတ်တဲ့ အပေါက်မျိုး မလုပ်စေဖို့ ပြောနေတာပါ။ ဒေါက်တာလှိုင်မြင့်ပြောထားတာ ဒီလိုပါ
ဒါဟာ မပြောသင့်၊ မရေးသင့်တဲ့ စကားတွေ၊ စာတွေပါ။ တိုင်းရင်းသားလို့ သတ်မှတ်ခံထားရတဲ့ လူမျိုးတွေကိုယ်တိုင်က ခေါင်းဆောင်အဖြစ် တင်မြှောက်ပြီး ပံ့ပိုးပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို လူလိမ် လို့ စွပ်စွဲလိုက်တာနဲ့ အတူတူပါပဲ။ ကိုယ်လိုရာ ကိုယ့်ဖာသာဆွဲတွေးပြီး တိုင်းရင်းသားတွေ ယုံကြည်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဗီလိန်လုပ်ပစ်တာ အတော်ဆိုးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဗီလိန် လုပ်ပစ်တာ ကောင်းမယ်ထင်ရင်လည်း ဆက်သာ ပြောပါ။ လူလိမ်အောင်ဆန်းအဖြစ် သွတ်သွင်းချင်သပ ဆိုလည်း သဘောပါပဲ။ ဒေါက်တာလှိုင်မြင့် ခင်ဗျာ ဒေါက်တာကြီးရဲ့ ဆင်ခြင်မှု ကောင်းကြောင်း ပြချင်တာနဲ့ ဗိုလ်ချုပ် လုပ်ရပ်တွေကို ခြေထောက်နဲ့ တက်မနင်းပါနဲ့ လို့ ပြောပါရစေ။ နောက်ထပ် အဆင်အခြင်မဲ့ ပြောတဲ့ စကားက အောက်ကလိုပါ။ အဲဒီလိုသာဆိုရင် ဗမာတွေက တခုခုလုပ်ချင်ရင် တိုင်းရင်းသားတွေ အကြပ်ကိုင်သမျှ လည်စင်းခံနေရတော့မှာ။ ဒီတော့တချို့ ဗမာတွေက နယ်ချဲ့ကို တော်လှန်တာ ဗမာက ဦးဆောင်တယ်။ တချို့တိုင်းရင်းသားတွေဆိုရင် နယ်ချဲ့ရဲ့ လက်ကိုင်ဒုတ် နယ်ချဲ့ကို အသက်ဆက် ပေးနေသူတွေ။ အသက်ပေးကြရတာ အများစုက ဗမာ။ အခုလွတ်လပ်ရေး ရလာပြီး ပြည်ထောင်စုဖွဲ့တော့ ဗမာက ဘာလုပ်ချင်လုပ်ချင် ငါတို့က သူတို့သနားမှ လုပ်ခွင့်ရတော့မဲ့ ဘ၀ကို ချိုးထားတယ်ဖြစ်လာပြီ။ ကလေး ၂ ယောက်ကို မုန့်လေးပြပြီး ရန်တိုက်ပေးတဲ့ လုပ်ရပ်မျိုးတွေပါ။ လူများစု ဖြစ်တဲ့ ဗမာကို လူနည်းစု ဖြစ်တဲ့ တိုင်းရင်းသား ဆိုသူတွေက ဘယ်လိုများ အကြပ်ကိုင်လို့ ရမှာလည်း သေချာ စဉ်းစားပြီးမှ ပြောပါလို့ ထပ်ပြောချင်ပါတယ်။ တိုင်းရင်းသားတွေကို နယ်ချဲ့လက်ကိုင်ဒုတ်၊ နယ်ချဲ့ကို အသက်ဆက်ပေးနေသူတွေ ဆိုပြီး စွပ်စွဲမှုမျိုးကို ဘယ်တော့မှ မလုပ်သင့်ပါဘူး။ ခုမြန်မာပြည်လို့ ခေါ်ဆိုဖို့ ဖြစ်လာမယ့် နေရာကြီး အင်္ဂလိပ်လက်ထဲ ရောက်သွားတာ တိုင်းရင်းသားတွေကြောင့် ရောက်သွားတာလား၊ ဗမာဘုရင်တွေကြောင့် ရောက်သွားတာလား။ ဒါမျိုးတွေ ပြောနေတာဟာ လမ်းဘေးအဆင့် ဆန်လွန်းပါတယ်။ ကျွန်တော် မပြောချင်ဘူး။ ၁၉၄၈ မှာ လွတ်လပ်ရေးရပြီးတော့ ရေးခဲ့တဲ့ ပြည်ထောင်စု အခြေခံဥပဒေကြောင့်၊ အဲဒီအချိန်က နိုင်ငံခေါင်းဆောင်လုပ်သူတွေရဲ့ ညံ့ဖျင်းမှု၊ သဘောထားသေးသိမ်းမှု၊ အမြင်ကျဉ်းမြောင်းမှုတွေကြောင့် တိုင်းပြည်ခုလို ဖြစ်နေတယ် ဆိုတာ အချိန်က သက်သေပြပြီးပါပြီ။ ၁၉၄၈ နောက်ပိုင်း ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ တစ်ချို့တစ်ဝက်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ လွတ်လပ်ရေးရပြီး တောင်ပေါ်သားများ ရရှိသော ဒီမိုကရေစီ ၁၉၅၁-၅၂ တွင် ပြုလုပ်သော အထွေထွေရွေးကောက်ပွဲကြီးတွင် ကချင်ပြည်နယ်၌ ယှဉ်ပြိုင်အရွေး ခံသော အဖွဲ့အစည်းပေါင်း ၄ ဖွဲ့ရှိရာ ကချင်အမျိုးသားကွန်ဂရက်အဖွဲ့သည် အားလုံးသော အဖွဲ့များထက် အများဆုံးရရှိကြ၏။ ထို့ကြောင့် အမျိုးသားကွန်ဂရက် အဖွဲ့ဝင်များနှင့် အမတ်များ၏ ယုံကြည်ချက်မှာ ပြည်နယ်၏ အုပ်ချုပ်မှုအာဏာကို မိမိတို့က ရရှိလိမ့်မည်ဟု ယုံကြည်ခဲ့ကြ၏။ ယုံကြည်ခဲ့သည့်အလျောက် ဖဆပလ အဖွဲ့မှ အရွေးခံသော ဖဆပလ အမတ်ငါးယောက်အား တွေ့ဆုံ၍ မိမိတို့နှင့် ပူးပေါင်း၍ အစိုးရဖွဲ့ရန် စေ့စပ်တော့၏။ ပြည်နယ်တွင် ဖဆပလ အဖွဲ့ဝင်များသည်လည်း ကေအင်စီ အဖွဲ့နှင့်သာ ပူးပေါင်းလိုကြောင်း၊ ကေအင်စီအဖွဲ့၏ ဝါဒလမ်းစဉ်သည် ဖဆပလ အဖွဲ့ချုပ်ကြီးက ချမှတ်သော လမ်းစဉ်နှင့် ဝါဒအတိုင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ် အစိုးရဖွဲ့ရေးတွင် ကေအင်စီနှင့် ပေါင်းမည်ဖြစ်ကြောင်း ပြောပြကြ၏။ ၁၉၅၂ ခုနှစ် မတ်လတွင် လွှတ်တော်နှစ်ရပ်လုံးခေါ်၍ ပြည်နယ်အမတ်များ အားလုံး ရန်ကုန်သို့ ရောက်လာကြ၏။ ကေအင်စီအမတ်များသည် ၁၉၅၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဝန်ကြီးချုပ် သခင်နုနှင့် တွေ့ဆုံ၍ ကချင်ပြည်နယ် အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်၍ မိမိတို့အဖွဲ့သည် ကချင်ပြည် နယ်လူထု အများဆုံးထောက်ခံ၍ အမတ်အများဆုံးရသော အဖွဲ့ဖြစ်သဖြင့် ကချင်ပြည်နယ်၏ အုပ် ချုပ်ရေးအာဏာကို ရသင့်ကြောင်း တင်ပြကြသည်။ သခင်နုကပြောသည်မှာ ခင်ဗျားတို့အဖွဲ့ကို မယုံကြည်၍တော့ မဟုတ်ပါ။ သို့သော်လည်း ကျုပ်အနေနှင့် ဆမားဒူဝါကိုပဲ ကချင်ပြည်နယ် ဥက္ကဋ္ဌ အဖြစ် ဆက်လက်ခန့်ချင်တယ်။ ခင်ဗျားတို့လည်း ပြည်မမှာ ဝန်ကြီးချုပ်၏ ပါလီမန်အတွင်းဝန် တစ်နေရာကိုယူပါ။ ကချင်ပြည်နယ်မှာ ဆမားကို အတိုက်အခံမလုပ်ကြပါနဲ့။ ခင်ဗျားတို့အချင်းချင်း ညီညွတ်ကြပါလို့ ပြောပါသည်။ ကေအင်စီ အမတ်များက ပြန်ပြောသည်မှာ "ဝန်ကြီးချုပ်။ ဒီမိုကရေစီတိုင်းပြည် ဖြစ်တဲ့အတိုင်း အမတ်များရာက အုပ်ချုပ်ရေးအာဏာကို ရရမယ်မဟုတ်လား အခုတော့ အမတ်လေးယောက်ပဲရတဲ့ ဆမားကို ပြည်နယ်ဥက္ကဋ္ဌ ပြန်တင်တော့ ဒီမိုကရေစီကျပါ့မလား။ ကျွန်တော်တို့အနေနှင့်က အမတ်အများဆုံး ရထားတာက တစ်ကြောင်း၊ ပြီးတော့ ကချင်ပြည်နယ်က အရွေးခံရတဲ့ ဖဆပလ အမတ်ငါးယောက်ကလည်း ကျွန်တော်တို့နှင့် ပူးပေါင်းရန် ပြောထားပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့အဖွဲ့က ကချင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးအာဏာပဲ ရရမယ်" လို့ ပြန်ပြောပါသည်။ ဒီတော့ ဝန်ကြီးချုပ်သခင်နုဟာ "ခင်ဗျားတို့အဖွဲ့က အမတ်အများဆုံးရတာတော့ ဟုတ်ပါပြီ။ ကျုပ်လည်း မငြင်းဘူး။ ဒါပေမဲ့ ပြည်နယ်က ဖဆပလအမတ်များဟာ သူတို့သဘောနှင့် လုပ်လို့မရဘူး။ ဖဆပလ ဌာနချုပ်က ညွှန်ကြားသည့်အတိုင်း လိုက်ရမယ်။ ဖဆပလ ဌာနချုပ်ကလည်း တစ်ခြား ပြောမှာမဟုတ်ဘူး။ ယခု ငါပြောတဲ့အတိုင်း ဆမားကိုပဲထောက်ခံဖို့ ပြောမှာပဲ" ဟု ပြန်ပြောလိုက်သည်။ ဒီနောက်မှာ ကေအင်စီ အမတ်များသည် ပြည်နယ်မှ ဖဆပလ အမတ် ငါးယောက်ဆီသွားပြီး "ဘယ့်နဲ့လဲ။ ခင်ဗျားတို့ ဟိုပြည်နယ်မှာတုန်းကတော့ ကျွန်တော်တို့နဲ့ ပေါင်းမယ်ဆိုတယ် မဟုတ် လား။ ယခု ဝန်ကြီးချုပ်ကတော့ ခင်ဗျားတို့ကို ဆမားဒူဝါကိုပဲ ထောက်ခံခိုင်းမယ်ဆိုပါလား" ဟု သွားပြောကြသည်။ ပြည်နယ်က ဖဆပလ အမတ်ငါးယောက်သည် "ကျွန်တော်တို့ အနေနှင့် ခင်ဗျားတို့ ကေအင်စီအဖွဲ့ကို ထောက်ခံချင်တယ်။ ခင်ဗျားတို့နှင့် ပူးပေါင်းချင်တယ်။ ဒါပေမဲ့ ဖဆပလဌာနချုပ် ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတော် ဝန်ကြီးချုပ်လည်းဖြစ်တဲ့ သခင်နုရဲ့အမိန့်ကိုတော့ ဘယ်လွန် ဆန်နိုင်မလဲ" ဟု ပြန်ပြောပါသည်။ ဒါကြောင့် နောက်ဆုံးတွင် "ကချင်ပြည်နယ်မှ ရွေးကောက်လိုက်တဲ့ လူထုကိုယ်စားလှယ်များ၏ ဆန္ဒအရ မဟုတ်ပါလား။ ဝန်ကြီးချုပ် လုပ်တဲ့သူရဲ့ ဆန္ဒအတိုင်းပါလား"လို့ ဝမ်းနည်းစွာနှင့် ကေအင်စီ အမတ်များသည် ကချင်ပြည်နယ်တွင် အတိုက်အခံအဖွဲ့ ဖြစ်လာရပေသည်။ မရှေးမနှောင်းသော အချိန်အတွင်း ကချင်ပြည်နယ် အစိုးရအဖြစ် ဆမားဒူဝါ ဆင်ဝါးနောင်သည် အစိုးရ ဖွဲ့စည်းနိုင်တော့၏။ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုက ကေအင်စီ ခေါင်းဆောင်များအား သူ၏ ပါလီမန် အတွင်းဝန်ရာထူး တစ်နေရာယူ၍ ကချင်ပြည်နယ် ကောင်စီတွင်လည်း ကောင်စီ သဘာပတိယူရန် တိုက်တွန်းခဲ့သည်။ ဆမားဒူဝါကို ဝိုင်းဝန်းထောက်ခံရန် နားချခဲ့သည်။ ကေအင်စီ အမတ်များအနေနှင့်က ကချင်ပြည်နယ်သည် ဗိုလ်ချုပ်အောင်ဆန်း အမိန့်ရှိခဲ့သလို ပညာရေး၊ စီးပွားရေး၊ ကြီးပွားရေး၊ ကျန်းမာရေး အစစအရာရာ၌ အင်မတန် အောက်ကျနောက်ကျ ဖြစ်ခဲ့သဖြင့် ရရှိသမျှသော ဘဏ္ဍာတော်ငွေများဖြင့်၎င်း လူထုအကျိုးပြု လုပ်ငန်းများကို အမြန် ဆောင်ရွက်ချင်ကြ၏။ ဆမားဒူဝါအနေနှင့် ၎င်းပထမလုပ်ရမည့် အရေးကြီးသောလုပ်ငန်းများကို လျစ်လျူရှုခဲ့၍ သူ၏ ယာယီအစိုးရအချိန်တွင် မော်တော်ကား တည်ဆောက်ရန်စီမံကိန်း၊ ဂျက်လေယာဉ်ပျံ တည်ဆောက်ရန် စီမံကိန်း၊ မီးသင်္ဘော မီးရထားခေါင်းတွဲ လုပ်ရန် စီမံကိန်း၊ ရွှေတူးရန်၊ ငွေတူးရန် စီမံကိန်းများကိုသာ ပထမချခဲ့၏။ ဤကိစ္စများကြောင့် ကေအင်စီအဖွဲ့သည် ဆမားဒူဝါအား မထောက်ခံနိုင်ကြောင်း ဝန်ကြီးချုပ် သခင်နုအားပြောပြခဲ့ရာ ဝန်ကြီးချုပ်က "အေးကွာ ဒါတွေက သူမှားတာပဲ။ သူရဲ့ ဒီစီမံကိန်းတွေကို ငါရပ်ခိုင်းပါ့မယ်။ ယခုကစပြီး ခင်ဗျားတို့ လိုလားတဲ့ လူထုအကျိုးပြု လုပ်ငန်းတွေကို ပထမလုပ်ဖို့ ငါပြောပါ့မယ်"ဟု ပြော၏။ တစ်ဖန် ကေအင်စီအမတ်များက "ကောင်းပြီ ဝန်ကြီးချုပ်၊ သူဒီစီမံကိန်း တွေကိုရပ်ပြီး တကယ် ပြည်နယ်လူထုအတွက် လောလောဆယ် အရေးကြီးတဲ့လုပ်ငန်းများကို စတင် လုပ်မယ်ဆိုရင် လုပ်တာနှင့် တစ်ပြိုင်နက် ကျွန်တော်တို့က ထောက်ခံပါမယ်" ဟု ကတိပေးထားခဲ့၏။ သို့ရာတွင် ဝန်ကြီးချုပ် သခင်နုသည် ဆမားဒူဝါ၏ စီမံကိန်းများကို မရပ်စေနိုင်သည် သာမက ဆမားဒူဝါ၏ ၈ မိုင် မရမ်းကုန်းစက်ရုံဖွင့်ပွဲတွင် သခင်နုသည် ဆမားဒူဝါကြီးအား ဟိမဝန္တာ ချီးမွမ်း ခန်းဖွင့်တော့သည်။ ကေအင်စီ အမတ်များအနေနှင့်ကား ဝန်ကြီးချုပ် သခင်နုသည် အပြောတစ်မျိုး အလုပ်တစ်မျိုးဟူ၍ ဤအခါက စသိခဲ့သည်။ ကချင်ပြည်နယ်ထက် ပိုမိုဆိုးသော ကိစ္စ ရှိပါသေးသည်။ ၄င်းမှာ အခြားမဟုတ်။ ချင်းများအရေး ပင်ဖြစ်သည်။ ချင်းတောင်သည် ပြည်နယ်မဟုတ်ဘဲ ပြည်မတွင်ပါဝင်သော ဝိသေသတိုင်းတစ်ခု ဖြစ်သည်။ ထို ၁၉၅၁-၅၂ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ချင်းတောင်၌ ယှဉ်ပြိုင်အရွေးခံသော နိုင်ငံရေးအဖွဲ့ ၂ ခု ရှိခဲ့သည်။ ဦးဇာရဲလျံ ခေါင်းဆောင်သော ချင်းအမျိုးသားကွန်ဂရက်အဖွဲ့သည် အမတ် ၁၀ ယောက်ရ၍ စစ်ဗိုလ်ထွက် ကပ္ပတိန် မန်တုံ့နုံးက သူနှင့်ပေါင်း အမတ် ၂ ယောက်သာ ရရှိခဲ့သည်။ ချင်းအမျိုးသားကွန်ဂရက် အနေနှင့် သူတို့သည် အမတ်အများဆုံးဖြစ်၍ ချင်းရေးရာဝန်ကြီးကို သူတို့ ရနိုင်မည်ဟု ယုံကြည်ချက်ကြီးကြီးဖြင့် ရန်ကုန်ဆင်းလာကြ၏။ ဝန်ကြီးချုပ် သခင်နုနှင့်တွေ့သောအခါ ချင်းကွန်ဂရက် အဖွဲ့ဝင်များသည် သူတို့က အမတ်အများဆုံးရ၍ လူထုဆန္ဒ အများဆုံး ထောက်ခံမှု ရရှိသောကြောင့် မိမိတို့ အဖွဲ့သာလျှင် ချင်းရေးရာဝန်ကြီးကိုရ၍ ချင်းဝိသေသတိုင်း၏ အုပ်ချုပ်ရေးကို ကိုင်ရမည်ဖြစ်ကြောင်း တင်ပြကြ၏။ ဝန်ကြီးချုပ် သခင်နုက ချင်းကွန်ဂရက်၏ အဖွဲ့ခေါင်းဆောင် ဇာရဲလျံသည် အသက်ငယ်သေးသည်။ အိမ်ထောင် မရှိသေးဘူး၊ နိုင်ငံရေး ဗဟုသုတ မရှိသေးဘူး၊ ဒါကြောင့် ဝန်ကြီးအဖြစ် လက်မခံနိုင်ပါ။ ကပ္ပတိန် မန်တုံ့နုံးကိုသာ ဝန်ကြီးပေးမည်ဖြစ်ကြောင်း ပြန်ပြောလိုက်၏။ ချင်းကွန်ဂရက် အမတ်များကလည်း ထိုသို့လုပ်ခြင်းမှာ ဒီမိုကရေစီ မကျကြောင်း၊ အမတ်များရာ အဖွဲ့သာလျင် ဝန်ကြီး ဖြစ်သင့်ကြောင်း၊ ဝန်ကြီးချုပ် ဆန္ဒအရ မဟုတ်ဘဲ လူထု၏ ဆန္ဒအရသာ ဖြစ် ရမည်ဖြစ်ကြောင်း ပြောသောအခါ သခင်နုက "မင်းတို့ ဘာနားလည်သလဲ၊ တိတ်ပါ" ဟု ငေါက်ငမ်းခဲ့၏။ ဝန်ကြီးချုပ် သခင်နုအနေနှင့် အမတ်နှစ်ယောက်သာရှိသော ကပ္ပတိန်မန်တုံ့နုံးကို ဝန်ကြီးခန့်လျှင် အရုပ်ဆိုးမည်ဟု မြင်လာသော အခါ ညီညွတ်ပြီးသားဖြစ်သော ချင်းကွန်ဂရက်အဖွဲ့မှ ဦးရှိန်ထန်းကို တိတ်တဆိတ်ခေါ်ယူ၍၊ ဝန်ကြီးနေရာနှင့်တော့ ခင်ဗျားပဲသင့်တော်တယ်၊ ခင်ဗျားက အသက်လည်း ကြီးပြီး ဗဟုသုတလည်း ရှိတယ်ဟု၊ အကြောင်းအမျိုးမျိုးပြ၍ ခွဲထုတ်ခဲ့၏။ ထိုအခါ ညီညွတ်ပြီးသား ချင်းအမျိုးသား ကွန်ဂရက်အဖွဲ့သည် ၂ ခြမ်း ကွဲသွားခဲ့၏။ ကွဲလာသောအခါ ဦးရှိန်ထန်းကို ချင်းရေး ရာဝန်ကြီး ခန့်ခဲ့၏။ ဝန်ကြီးချုပ် သခင်နု၏ အခွဲအုပ်ချုပ်ရေးစနစ်သည် ဤတွင် အောင်မြင်သွား၏။ သို့ရာတွင် ဝန်ကြီးဦးရှိန်ထန်းဘက်မှ အမတ်ဦးရေနည်း၍ ဦးဇာရဲလျံဘက်မှ အမတ်ဦးရေ များသဖြင့် ကောင်စီတွင် အလုပ်လုပ်လို့ မဖြစ်သောအခါ၊ အချိန် မကြာမီအတွင်း ဦးရှိန်ထန်းကို ပြည်မ အခြားဌာန တစ်ခုပေး၍ ချင်းကွန်ဂရက် အဖွဲ့၏ ခေါင်းဆောင် ဇာရဲလျံကိုပင် ချင်းရေးရာဝန်ကြီး ခန့်ပေးရ၏။ ချင်းနှင့် ကချင်ကိုသာ ဤသို့လုပ်သည် မဟုတ်ပါ။ ကရင်ကိုလည်း ထိုထက် ပိုဆိုးရွားအောင် လုပ်ခဲ့၏။ ကရင်ပြည်နယ်သည် ၁၉၅၄ ခုနှစ် ဇွန်လ ၁ ရက် နေ့မှာ ပြည်နယ်ဖြစ်ပေါ်လာ၏။ ကရင်ပြည်နယ် ဖြစ်ပေါ်လာသည်နှင့် ကရင်ပြည်နယ်တွင် ကရင်ပြည်နယ် ဝန်ကြီးခေါ် ကရင်ပြည်နယ် ဥက္ကဋ္ဌ ခန့်ရပေမည်။ ကရင်ပြည်နယ် ဥက္ကဋ္ဌခန့်ရာ၌ ကရင်ပြည်နယ်မှ ရွေးကောက်တင်မြှောက်သော ကိုယ် စားလှယ်များထဲက ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ရွေးချယ်ခန့်ထား ရပေမည်။ အခြေခံဥပဒေကလည်း ထိုသို့ခွင့်ပြုထား၍ ထိုသို့ ဖြစ်မှသာလျှင် သဘာဝကျပေမည်။ သို့ရာတွင် ထိုသို့မဟုတ်ဘဲ ကရင်ပြည်နယ် ဥက္ကဋ္ဌနေရာတွင် မြစ်ဝကျွန်းပေါ်ဒေသမှ အရွေးခံသော ဦးအောင်ပကို ကရင်ပြည်နယ်ဝန်ကြီးနှင့် ကရင်ပြည်နယ်ဥက္ကဋ္ဌ ခန့်ခဲ့သည်။ ဤသို့ လုပ်ခဲ့ရာတွင် ကရင်ပြည်နယ် လူထုသည်လည်းကောင်း၊ ပြည်နယ် ကိုယ်စားလှယ်များသည် လည်းကောင်း မကျေနပ်၍ ကန့်ကွက်ခဲ့သည်။ သို့သော် အချည်းနှီးသာ ဖြစ်ခဲ့သည်။ နောက်ဆုံး၌ ကောင်စီတွင် အလုပ်လုပ်၍ မဖြစ်တော့မှ ဦးအောင်ပကိုခေါ်ယူပြီး ပြည်မတွင် ကျန်းမာ ရေး ဝန်ကြီးဌာနပေး၍ ကရင်ပြည်နယ်မှ ရွေးကောက် တင်မြှောက်ခဲ့သော ဒေါက်တာစောလှထွန်းကို ကရင်ပြည်နယ်ဥက္ကဋ္ဌ ခန့်ခဲ့သည်။ ဝန်ကြီးချုပ်သခင်နုသည် ပြည်နယ်ကိုယ်စားလှယ်များ၊ လူမျိုးစုကိုယ်စားလှယ်များနှင့် တွေ့တဲ့အခါတိုင်း၊ မင်းတို့အားလုံးကို ငါချစ်ပါတယ်၊ သနားပါတယ်၊ မင်းတို့ အပေါ်မှာ သွေးခွဲစနစ် (Divide And Rule) ကို သုံးပြီး အုပ်ချုပ်နေတာ မဟုတ်ပါဘူးဟု မကြာခဏ ပြောလေ့ရှိသော်လည်း တကယ့် လက်တွေ့ကျသောအခါ ညီညွတ်ပြီးသား ပြည်နယ်သားများ၊ ညီညွတ်ပြီးသား လူနည်းစုများကိုကွဲ ပြားအောင် ဖန်တီးပေးခဲ့သည်။ ဒီမိုကရေစီ အစစ်ကိုမပေးဘဲ ဝါမိုကရေစီ ကိုသာပေးခဲ့၏။ ဒါတွေကြောင့် တိုင်းရင်းသားလို့ အသတ်မှတ် ခံရတဲ့ လူမျိုးတွေက ၈ ပြည်နယ်မူကို တင်လာတာ ဖြစ်ပါတယ်။ ကြည်လင်တဲ့ရေကို ဘယ်သူ စနောက်တယ်။ ဘယ်သူတွေက မယုံကြည်အောင် လုပ်လိုက်တယ်ဆိုတာ။ သမိုင်းက သက်သေပြနေပါတယ်။ ပြည်ထောင်စုကြီးလည်း မွဲပြာကျနေပါပြီး။ ဒီလိုမွဲပြာကျမယ်မှန်း ကြိုသိရင်၊ ဒီလိုလိမ်မယ် ညစ်မယ်မှန်းကြိုသိရင်၊ ခုကျွန်တော်တို့ သိပ်ချစ်ပတယ်ဆိုတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုတာကြီး ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ တိုင်းရင်းသား ခေါင်းဆောင်တွေ ရင်ထဲက ကတိတွေ၊ လေးနက်တဲ့ ယုံကြည်မှုတွေကို ဘယ်သူတွေက သုတ်သင်၊ သတ်ဖြတ်၊ အရောင်းဆိုး သွေးခွဲဖြစ်ခဲ့ကြတာလည်း။ ၁၉၄၈ ကတည်းက ဖောက်ဖျက်ခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ မုသာဝါဒ ကံကြောင့် တပြည်လုံးလဲ ဘေးအမျိုးမျိုးသင့်၊ မွဲပြာကျခဲ့ ပြီးပါပြီ။ အင်္ဂလိပ်လက်ထက် ကျန်အုပ်ချုပ်ရေး ယန္တာရားလည်း ပျက်စီးပြီး။ လက်နက်ရှိသူ အနိုင်ရတဲ့ ဖက်ဆစ်ဝါဒ ပေါ်ပေါက်လာခဲ့တာပဲ အဖတ်တင်ပါတယ်။ ခု ဒီဖက်ဆစ်ဝါဒကို မြန်မာမြေပေါ် အစေ့ချ အညှောက်ဖောက်ခဲ့တဲ့ ဦးနေဝင်းနဲ့တကွ ဗမာ့ ခေါင်းဆောင်တွေ မရှိတော့ပါဘူး။ ဒါပေမယ့် ဖက်ဆစ် စံနစ်ကြီးကတော့ မြန်မာပြည်ထဲမှာ အတွင်းလှိုက်ပြီး တိုင်းပြည်တစ်ခုလုံးကို တိုက်စား ချေဖျက်နေတုန်းပါပဲ။ ကတိသစ္စာ မတည်ကြည်ကြသေး သရွေ့တော့ တိုင်းပြည်လည်း သွေးအလူးလူးနဲ့ အကုသိုလ်တွင်းထဲ နစ်ပြီးရင်း နစ်နေကြရဦးမှာပါပဲ။ ဆက်ရေးပါဦးမည်... The Peace |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment