Friday, 18 November 2011
ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်ရွယ် သီကုံးထားသော ကဗျာတပုဒ်
အချိန်ကျပါပြီ သခင်မ
ပြည်သူတွေအပေါ် ပြုခဲသမျှ ခေါင်းဆောင်တွေရဲ့ အမှားအတွက်
မေ့ ပျောက်ပစ်ကာ မထားသင့် ဘူးဆိုတာ သိပေမဲ့ လဲ
ခွင့်လွှတ်ခြင်းတရားတွေကို ဆုပ်ကိုင်ကာထားတဲ့  သခင်မကို
အားလုံးက မြတ်နိုးစွာ လေးစားဆဲပါ။
လုပ်ငန်းမပြနိုင်တဲ့  နိုင်ငံရေးဒဿန သမားတွေကြောင့်
ဦးတည်ကာ လျှောက်နေတဲ့ ငြိမ်းချမ်းတဲ့ ပန်းတိုင်ကို
လှမ်းကိုင်လုနီးနေတဲ့  ချိန်အခါကြတော့မှ
တွေဝေကာ နောက်ပြန်ဆုတ် မသွားလိုက်ပါနဲ့ ။
ဒဏ်ရာတွေ ရရှိထားကြတဲ့  ပြည်သူတွေဘဝကို
ကုစားကာ ပေးနိုင်သူတယောက်ကို ပြပါဆိုရင်
အစဉ်ထာဝရ သခင်မကိုသာပါပဲ။
မြန်မာတို့ရဲ့ ခေါင်းဆောင်သာမက
ကမ္ဘာ့ ခေါင်းဆောင်တွေ အဆင့်တောင် ကျော်လွန်နေတဲ့ 
သခင်မ ပိုင်ထာားတဲ့ အရည်အသွေးတွေကို
ဇရာအိုသဘာဝကြောင့် 
အလိုလို ဆွေးမြေ့ ကာ ကုန်ဆုံးမသွားစေချင်ပါဘူး။
သခင်မဟာ
ကြမ်းတမ်းလှတဲ့  နိုင်ငံရေးကန္တရထဲမှာ
ကြိုးစားပွင့် လန်းလာတဲ့  ပန်းဆိုသော်လည်း
လှပတင့် ဆန်းဘိရုံတင်သာ မက
ရနံ့ ကလဲ သင်းပြန့် ကာ မွှေးကြိုင်နေတာပါလို့ ဆိုရင်
လွန်လိမ့် မည်တော့မထင်။
ပြောင်းလဲမှု မြန်တဲ့ နေပြည်တော်ရဲ့ ရာသီဥတုဒဏ်
ကြံ့ ကြံ့ ခံနိုင်တယ်များဆိုရင်
သခင်မရဲ့ ပြည်သူပြည်သား
မင်္ဂလာများ တိုးပွါးစေဖို့ အတွက်
ကျက်သရေတွေ မဲ့ နေတဲ့  လွှတ်တော်ခန်းမကြီးထဲမှာ
နေရာတခု ယူထားဖို့ ရန်
အချိန်တန်ပါပြီ သခင်မ။
သူ့ လူ (ကာရိုလိုင်နား)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment