Posted: 16 Dec 2011 08:35 PM PST
လက်ရှိအနေအထားကို ပြန်ကြည့်ရင် ၂ဝ၁ဝ ရွေးကောက်ပွဲအရ အမတ်အများဆုံးနဲ့ အပြတ်အသတ် အနိုင်ရ
နိုင်ငံရေးပါတီဟာ ကြံ့ဖွံ့သာ ဖြစ်မြဲဖြစ်နေတဲ့အပြင် လွှတ်တော်ထဲမှာလည်း ၂၅% တပ်မတော် အမတ်တွေက
ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။ သမ္မတဟာလည်း ဦးသိန်းစိန်ပင် ဖြစ်မြဲဖြစ်လျက် ရှိနေပြီး၊ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့
ပြည်သူ့လွှတ်တော် ဥက္ကဌတို့ဟာလည်း အရင်လူတွေအတိုင်းပဲ ဆက်လက် ရှိနေပါတယ်။ တခါ သမ္မတကို
ရွေးချယ်တဲ့စနစ်၊ တရားရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေကို ခန့်ထားတဲ့ စနစ်ကလည်း
အရင်အတိုင်းပဲ ရှိနေပြီး အရင်လူတွေသာ ဆက်လက် တာဝန် ထမ်းဆောင်နေတာ တွေ့ရပါတယ်။ နိုင်ငံရေး
လှုပ်ရှားမှုတွေကို နှိပ်ကွပ်တဲ့ တည်ဆဲဥပဒေတွေအပေါ် ပြင်ဆင် ဖျက်သိမ်းတာတွေလည်း မရှိသေးပါဘူး။
တရားဥပဒေစိုးမိုးမှု အမှန်အကန် ဖြစ်မလာသေးပါဘူး။မကြာခင် ကျင်းပဖို့ ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ပြည်သူတွေအလိုကျ လွတ်လပ်ပြီး တရားမျှတဖို့ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာ့ “မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသော ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်း” ဆိုတဲ့ နိုင်ငံရေးပြယုဂ် ဖြစ်လာစေမယ့် နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးနိုင်ဖို့က အင်မတန် အရေးပါနေလို့ ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်နိုင်ခြင်းအာြး
ပြန်လည် အဖတ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။
| ||||||||||||||||

No comments:
Post a Comment