Monday, 16 January 2012








Posted: 15 Jan 2012 05:24 AM PST
် ပြင်သစ်နိုင်ငံမှ နိုင်ငံခြားရေးနှင့် ဥရော
ပရေးရာ

ဝန်ကြီးဖြစ်သူ မစ္စတာ
အာလန်ရီပေး အမျိုးသားဒီမို
ကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဇန်န၀ါရီလ
၁၅ ရက်နေ့ မနက် ၁၀နာရီခွဲ
က တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင်
တွေ့ ဆုံခဲ့ပါတယ်။
ယနေ့ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထုတ်ပြန်ချက်ကို ပြင်သစ်ဘာသာဖြင့်
ပြောကြားသွားပြီး သတင်းထောက်များ၏ မေးမြန်းမှုကို အင်္ဂလိပ်ဘာသာဖြင့် ဖြေကြားသွားခဲ့သည်။


Posted: 14 Jan 2012 06:18 PM PST
ကျွန်တော် မတ်တပ်ရပ် ပြီးတော့ ထောင်ထဲက ထွက်လာနိုင်တာ အကြောင်းရှိ ပါတယ်။ အခုဆိုရင် ကျွန်တော်လို့ မတ်တပ်
ရပ်ပြီး ထွက်မလာနိုင်ပဲ ပက်လက်ကလေး အသက်မပါဘဲ ထွက်သွားရတဲ့ သူတွေလည်း အများကြီးပါဘဲ။ ကျောင်းသားတွေ၊
နိုင်ငံရေးသမားတွေ အများကြီးပဲ ရှိပါတယ်။ အခုလို ကျွန်တော်ကို မိဘ အရင်းတွေနဲ့ အတူထပ်တူထပ်မျှ ကြိုဆိုခဲ့တယ်။
အဲဒီလို ပြည်သူလူထု တွေရှိတဲ့အတွက် ကျွန်တော် ယုံကြည်တဲ့အတွက် ဒီနေ့အထိ နေနိုင်ခဲ့တာပါ။ အဲတာကို ကျေးဇူး
အများကြီး တင်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

အခု ပြည်သူလူထုကြီးဟာ ကျွန်တော့်ရဲ့ မိဘများရှေ့မှာ ကျွန်တော် ပြောချင်ပါ တယ်။ အဲဒီ ပြည်သူလူထုကြီးဟာ
ကျွန်တော့်ရဲ့ ဒုတိယမိဘများပါပဲ။ ကျွန်တော်ဟာ မိဘရင်းနှစ်ပါးက မွေးတာမှန်ပေမယ့် အကြောင်းကြောင်းသော
အကြောင်းကြောင်းကြောင့် ၈၈မှာ နိုင်ငံ့ဝန်ကို ထမ်းခဲ့ပါတယ်။ ဒေါင်းအလံကို ကျွန်တော့်အဖေရဲ့ဆီဆေးတွေနဲ့
ုခြယ်ပြီးတော့ ကျွန်တော် ထွက်သွားခဲ့ရပါတယ်။ အခုမှ ကျွန်တော် အမေအိမ်ကို နောက်တစ်ခေါက် ပြန်ရောက်ရပါပြီ။
ကျွန်တော် ဖြတ်သန်းခဲ့ရတာတွေ များပါပြီ။ ပထမ တစ်ခေါက်တုန်းက ကျွန်တော် ၁၆နှစ်ထောင်ကျပြီး ကျွန်တော် တိတ်တ
ဆိတ်လေး အိမ်ကို ပြန်ခဲ့ရပါတာပါ။အခုကျတော့ ခေတ်ပြောင်းလာတယ်လို့ လွယ်လွယ် ပြောလို့ရပါတယ်။ ဒါပေမယ့်
ဒါတွေအားလုံးဟာ လွယ်လွယ်နဲ့ရတာမဟုတ်ပါဘူး။ ဘာကြောင့်လဲ။ အားလုံးလည်း သိကြပါတယ်။ လောကကြီးမှာ
အလကားရတာ ဘာမှ မရှိပါဘူး။
သရက်မြို့က ထွက်လာတဲ့ လမ်းတလျှောက်မှာ ခွပ်ဒေါင်းအလံတွေ ထူပြီးတော့ လမ်းတလျှောက်မှာ ပိတ်ဆို့ထားတာ
စင်မြင့်တွေ ထားပြီးတော့ အသံချဲ့စက်တွေ ထားပြီးတော့ နောက်ဆုံးဗျာ ရဲတပ်ဖွဲ့ကတောင် လာပြီးတော့
အကူအညီပေးရတယ်။ ပေးဆပ်ခဲ့လို့ပါ။ ထိုက်ထိုက် တန်တန် ပေးဆပ်ခဲ့ရလို့ ထိုက်ထိုက်တန်တန် ပြန်ရတယ်လို့ ယူဆပါ တယ်။

နောက်ထပ်တစ်ဆင့် ဒီမိုက ရေစီ ပိုပါတယ်။ လိုချင်ကြတယ် မ ဟုတ်လား။ လိုချင်တယ်ဆိုရင် နောက်ထပ် ထိုက်ထိုက်
တန်တန်ကြိုး စားရဦးမယ်ဆိုတာလည်း လက်ခံ တယ်မလား။ ထိုက်ထိုက်တန်တန် ပေးဆပ်ဖို့အတွက် ခွန်အားတွေရော
ရှိသေးတယ် မဟုတ်လား။ ကျွန်တော်တို့က ဓားမှန်းသိအောင်လို ဓားအိမ်ကောင်းကောင်း ပြစားရုံနဲ့ ဓားမှန်းသိတယ်
ဆိုရင်တော့ လုံလောက်တယ်ပေါဗျာ၊ မဟုတ်ရင်တော့ တစ်ခါ တစ်ခါကျရင် ဓားမှန်းသိအောင် ဓားအိမ်ထဲကနေ
ထုတ်ပြရတာလေးတွေလည်း ရှိတာပေါ့။ အဲဒီ သတ္တိမျိုးကော ရှိသေးလား။ ဒါဆိုလို့ရှိရင် လောလော ဆယ်ကတော့
စည်းကမ်းရှိပြီး ညီညွတ်ဖို့ လိုပါတယ်။

အခုချိန်မှာ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကို နောက်ဆုံး ပြောပြပါ့မယ်။ လမ်းတလျှောက်လုံးမှာ
သက်ဆိုင်ရာ အာဏာပိုင်တွေက ကျွန်တော်တို့ကို လုံးဝ နှောက်ယှက်တာ မရှိဘူး။ တားမြစ်တာ မရှိဘူး။
စိတ်ငြိုငြင်အောင်လို့ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ တစ်ခါတစ်ရံ လမ်းတွေပိတ်ဆို့သွားတာရှိရင် ကျွန်တော် တောင်းပန်တယ်။
ဖယ်ခိုင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ကြောင့် လမ်းပိတ်သွားတယ် ဆိုတာမျိုး အဖြစ်မခံနိုင်ဘူး။
ဘာဖြစ်လို့လဲဆို ရင် ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်ဆိုတာ ပြရမယ်။ ဒီမိုကရေစီနဲ့
ထိုက်တန်အောင်ဆိုရင် စည်းကမ်းမဲ့တာတွေကို ကျွန်တော်တို့ စပြီးတော့ ရှောင်ကျဉ်ရမယ်။
အားလုံးဟာ အနှစ် ၂၀ကျော် ဘဝတွေ များစွာ၊ အသက်တွေ များစွာ ပေး ခဲ့ပြီးမှ ရခဲ့တာ၊ လမ်းမှာ ကျွန်တော် တွေ့ခဲ့တယ်။
တစ်ချို့ လယ်ထဲတွေ ကနေတက်လာပြီးတော့ ရွာသူမလေးတွေက ငိုတာ၊ ဘာ ဖြစ်လို့ ငိုတာလည်းလို့ မေးကြည့် တဲ့အခါ
တစ်ချို့အရပ်တွေမှာ သူတို့ သားတွေ၊ သူတို့မောင်တွေဟာ ထောင်တွေထဲမှာအသက်ပေးလိုက် ရတဲ့ ကျောင်းသားတွေ၊
အဲဒီတော့ သူတို့က ပြောတယ်။ မင်း ကံ ကောင်းပါတယ်ကွာတဲ့၊ ငါတို့မောင် လေးဆိုရင် မရှိတော့ဘူးတဲ့၊ ကျွန်တော်
အင်မတန်ခံစားရတယ်။ နောက် အဘိုးကြီးတစ်ယောက်က ကျွန်တော့်ကို ပြောတယ်။ ငါဟာ လူအို တစ်ယောက်ပါကွာတဲ့။
နောက်ထပ်တစ်ခါ မင်းတို့ကို ထောင်မကျစေချင်တော့ဘူး။ နောက်ထပ်တစ်ခါ မင်းတို့ကို မမြင်ရက်ဘူး။ အဲဒီ အဖြစ်မျိုးကို
ငါမကြုံချင်တော့ဘူးတဲ့။ အဲဒီတော့ အဲဒီလို မကြုံစေချင်ဘူး။ အဲဒီလို မိတစ်ကွဲ ဖတစ်ကွဲနဲ့ မိဘပြည်သူတွေရဲ့ မျက်ရည်တွေကို
ကျွန်တော်တို့ မမြင်ရက်တော့ဘူး။ အမှန်တကယ်ကတော့ မျက်ရည်ကို သုတ်ပေးရပေမဲ့ ကျွန်တော်တို့အပေါ်ကို
မျက်ရည်ကျခဲ့ရတဲ့ ဘ၀၊ အဲဒီလို အနိဌာရုံ၊ စနစ်ဆိုးကြီးတွေကို မချုပ်ငြိမ်းစေချင်ဘူးလား၊ ညနေပြန်လို့ရှိရင် မိသားစု
ထမင်းဝိုင်းတွေ အိမ်မှာ လူစုံတာမျိုးကို ကျက်သရေ မရှိဘူးလားဗျာ။ တကယ်ပါ။ ဘယ် မိသားစုမဆို မိသားစုစုံညီ
ထမင်းဝိုင်းလေးတွေကို မြင်ချင်ကြမှာပါ။

နောက်ဆုံး နိုင်ငံရေး လုပ်သည်ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ ထောင်ကျကျ၊ မကျကျ အကြောင်းကြောင်းကြောင့် တိုင်းတပါးမှာ
ဆင်းဆင်းရဲရဲနဲ့ အသက်မွေးခဲ့ရတဲ့ မိသားစုတွေ အများကြီး ရှိပါတယ်။ ကွဲကွာနေရတယ်။ အားလုံးက ကိုယ့်မိသားစုနဲ့
ကိုယ် နွေးနွေးထွေးထွေး နေပြီးတော့ ညနေကျရင် လူစုံအိမ်၊ လူစုံတဲ့အိမ် လူစုံတဲ့ ထမင်းဝိုင်းဖြစ်အောင်လို့ အားလုံးဝိုင်းပြီးတော့
အလုပ်လုပ်နိုင် ကြမယ် မဟုတ်လား။

ကောင်းမွန်တဲ့ ရည်ရွယ်ချက် ယုံကြည်ချက် အဲတာတွေ အားလုံးအတွက် ကျွန်တော်တို့ လက်တွဲကြမယ်ဆိုရင် အဖွဲ့အစည်း
အစွဲအလန်းမထားပဲ လက်တွဲမယ်။ သဘောတူပါသလား။ ဘယ် အဖွဲ့အစည်း ဝင်သည်ဖြစ်စေ၊ မဝင် သည် ဖြစ်စေ၊
ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ တစ်ပိုင်တစ်နိုင်ပေါ့။ ခုနက တစ်ယောက်က ပြောပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက်
ဘာပြောချင်လဲတဲ့။ အဲတာကတော့ နောက်ဆုံးကျတော့ ကျွန်တော်တို့ မိဘပြည်သူတွေရဲ့ ရင်ခွင်ကို ခွပ်ဒေါင်းအလံနဲ့ အတူ
အိုးဝေ အိုးဝေအသံပေးပြီးတော့ ဟိုးတုန်းက၊ ၈၈ က ဒေါင်းတွေ ပြန်ရောက်ပါပြီ။ မိဘ ပြည်သူတွေရဲ့ ရင်ခွင်ကို ကျွန်တော်
ပြန်ရောက်ပါပြီလို့ ပြောရင်း နှုတ်ဆက်ပါတယ်။

Posted: 14 Jan 2012 06:15 PM PST


ဝမ်းသာကြည်နှုးမှုနဲ့အတူ ကြေကွဲခံစားမှုတို့ဖြစ်ရပါတယ်။ မိဘတို့နှင့်ဝေးနေကြသောသူများ အမြန်ပြည်လည်ဆုံစည်းနိုင်ကြပြီး
ယခုလို မိသားစုတွေတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စားရတဲ့ ထမင်းဝိုင်းကလေးများကိုပြန်လည်ရရှိနိုင်ကြပါစေ။
Photo..ဒီငြိမ်းလင်း

Posted: 14 Jan 2012 10:17 AM PST

ယမန်နေ့က လွှတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသမားများထဲတွင် ကျွန်တော်များအင်တာနက်သုံးစွဲသူများ ကြားတွင်
(၂၀၀၇) ဆီက နာမည်ကြီးခဲ့သည့် ဘလော့ဂါနေဘုန်းလတ်လည်း အပါအ၀င်ဖြစ်ပါသည်။ ကိုနေဘုန်းလတ်နှင့်
ကျွန်တော်များမော်နီတာသတင်းဂျာနယ် ယနေ့နံနက် (၇) နာရီက ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သူ့နေအိမ်သို့
သွားရောက်တွေ့ဆုံနှုတ်ဆက်ဖြစ်ခဲ့ပြန်ပါသည်။ ကိုနေဘုန်းလတ်က ၄ နှစ်ကြာ ခွဲခွာနေရသော သူ့အွန်လိုင်းပရိသတ်ကြီးအား
နှုတ်ခွန်းဆက်သသည့် စာသားလည်း ဤသို့ရေးပေးလိုက်၏။ ... သူ့ဘလော့လိပ်စာကတော့
http://www.nayphonelatt.blogspot.com/ ပဲဖြစ်ပါလေသတည်း။

myatkhine facebook

Posted: 14 Jan 2012 09:37 AM PST





source: m&c
အမေရိကန်ဂြိုလ်တု Landsat 7 ၏ အကူအညီဖြင့် မြန်မာပြည်၏ အကြီးဆုံးရွှေကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း
မြန်မာ့ဘူမိဗေဒပညာရှင်တစ်ဦးက စနေနေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။ "ကျွန်တော် ဒီရွှေကြောကို ရှာနေတာကြာပြီ။
အခုမှပဲ အသေအချာတွေ့တော့တယ်"ဟု အငြိမ်းစားပါမောက္ခဖြစ်သူ ဦးစိုးသိန်းက ပန်းသတင်းဂျာနယ်တွင် ပြောကြားခဲ့ကြောင်း
သိရသည်။ "အဲဒီကနေ နှစ်ပေါင်းများစွာ ရွှေတန်ချိန်ပေါင်း ထောင်နဲ့ချီပြီး ထုတ်နိုင်ပါလိမ့်မယ်"ဟု ဆိုသည်။ သတင်းအရ
အဆိုပါရွှေကြောကြီးမှာ မြန်မာပြည်အရှေ့ပိုင်း ကရင်ပြည်နယ်တွင် တည်ရှိကြောင်းသိရသည်။ "မင်းတုန်းမင်း
လက်ထက်ကတည်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွှေကျင်လာခဲ့ကြတဲ့ အစဉ်အလာရှိပါတယ်"ဟု၎င်းးက ဆက်
လက်ပြောကြားထားသည်။ သတ္ထုတွင်းဌါနအဆိုအရ မြန်မာပြည်တွင် လက်ရှိရွှေတွင်းပေါင်း ၂၂ ခုရှိကြောင်း သိရသည်။

KNU နဲ့ငြိမ်းချမ်းရေးယူပြီးခါစပဲရှိသေးတယ် ဒီသတင်းကတက်လာတယ်။ ဘယ်လိုသဘောဆောင်သလဲ နားမလည်ပေမယ့်
သာမန်ပြည်သူတစ်ယောက် အနေနဲ့ကတော့ ဟိုတစ်ခါ Al Jazeera သတင်းဌါနက မိုးကုတ်ကျောက်တွင်းတွေကို
သွားပြီးရိုက်ပြထားတဲ့ သတင်းလေးကိုသတိရမိနေတယ်။ နိုင်ငံတော်က ရွှေတွင်းတွေဘာတွေ လုပ်ဖို့များအစီအမံရှိခဲ့ရင်
ကရင်တိုင်းရင်းသားများအတွက် လက်ဝါးကြီးအုပ်ခံရခြင်း၊ အဓမ္မမြေအသိမ်းခံရခြင်း အစရှိတဲ့ဘေးများက
ကင်းဝေးကြစေဖို့ စောစောစီးစီး ဆုတောင်းပေးလိုက်ပါတယ်။

မောင်သစ်စိမ်း(MMCP)

Posted: 14 Jan 2012 08:45 AM PST
Add caption
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ သရက်ထောင်ကနေ ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းကနေ
လွတ်မြောက်လာခဲ့တာ ဖြစ်ပြီး လမ်းတလျှောက် မြို့ နယ်တွေမှာ လူထုကို တရားဟောခဲ့ရတာကြောင့် မြောက်ဥက္ကလာကို
ရောက်ချိန်မှာ ပင်ပန်းနွမ်းနယ်စပြုနေပြီဖြစ်ပါတယ်။ သရက်ထောင်ကအတူတူလွတ်လာတဲ့ ကိုတင်ထွဋ်ပိုင်ကို အိမ်ဝင်ပို့ရင်း
နဲ့မြို့ခံ
မြောက်ဥက္ကလာလူထုနဲ့တွေ့ တာဖြစ်ပါတယ်။ လူထုရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုကို အထင်းသားမြင်ရပါတယ်။(Zaw Win)




သရက်ထောင် ကနေ ရန်ကုန်မြို့ ကို ပြန်လည်ရောက်ရှိလာတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့ 
ည ၈ နာရီခွဲမှာ ကြိုဆိုနေတဲ့ မြောက်ဥက္ကလာ လူထုကို မိန့် ခွန်းပြောခဲ့ပါတယ်။
BurmaVJ Media network
ထောင်ထဲမှာပြင်းပြင်းထန်ထန်အနှိပ်စက်ခံခဲ့ရပြီးလွတ်မြောက်လာတဲ့ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို
NLD ရုံးမှာ ယနေ့တွေ့ရသော မြင်ကွင်း ။
Posted: 14 Jan 2012 08:06 AM PST

BGသွေးအကူအညီပေးရေးအဖွဲ့နဲ့အတူဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့သူ့ရဲ့လေးစားဂုဏ်ယူဖွယ်ကောင်းတဲ့လူမှုရေးလုပ်ဆောင်
ချက်များအားvideoဖိုင်တိုလေးများတစုတည်းပေါင်းဖော်ပြပေးလိုက်ပါတယ်.. ဒီနေရာမှာ ကြည့်လို့ရပါတယ်..
Photo..Ah Bayah Facebook

ကိုဌေးကြွယ် တိုက်တွန်း (ရုပ်/သံ)
Posted: 14 Jan 2012 07:51 AM PST






ဘူးသီးတောင်ထောင်မှ လွတ်မြောက်လာတဲ့
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်
ကိုဌေးကြွယ်သည် ဒီကနေ့ နေ့လည်
၃နာရီခန့်တွင် ရန်ကုန် မင်္ဂလာဒုံလေဆိပ်
သို့ ရောက်ရှိလာခဲ့ပါသည် ။
Burma vj media network

ထွန်းနေအောင်(ရွှေမြစ်မခ)

ဇန်န၀ါ၇ီလ ၁၄၊ ရန်ကုန်မြို့။
ဇန်န၀ါရီလ ၁၂ရက်နေ့လွတ်ငြိမ်းချမ်းသာ
ခွင့်နှင့် ဘူးသီးတောင်ထောင်မှ
လွတ်မြောက်လာသော ကိုဋ္ဌေးကြွယ်ကို
ဇန်န၀ါရီလ ၁၄ ရက်နေ့၊
ညနေ ၅နာရီဝန်းကျင်အချိန်ခန့်တွင်
သူ၏ နေအိမ်၌ သွားရောက်တွေ့
ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ ထောင်ကျခဲ့ရတာနဲ့ ထောင်ထဲမှာ
ကြုံခဲ့ရတဲ့ အနေအထားလေး ပြောပြပေးပါ။

ဖြေ။ ။ ထောင်ထဲကကြုံခဲ့ရတဲ့
အခြေအနေတွေကတော့ အများကြီးပေါ့
(၂၀၀၇) ရွှေဝါရောင်သံဃာ့အရေးအခင်း
လှုံ့ဆော်ခဲ့ မှု့တွေနဲ့ ပတ်သတ်ပြီးတော့ ထောင်ကျခဲ့ပါတယ်။ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့နဲ့ပေါ့၊ (၆၅)နှစ်နဲ့ (၆)လ
ကျပါတယ်။ ပုဒ်မတွေကတော့ တပ်ချင်တာတွေတပ်နေတာပါပဲ၊(၆)လ ဆိုတာကတရားရုံးမှာ သူတို့ကို ပြန်လှန် မေးခွန်းထုတ်
မှု့နဲ့ပါ၊ကိုမင်းကိုနိုင်
အပါအ၀င် (၉)ယောက်ဟာ တရားရုံးကို မထေမဲ့မြင်မှု့ ဆိုပြီးတော့ (၆)လထပ်တိုးပါတယ်။

မေး။ ။ ခုလွှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အပေါ်ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အခု လွတ်ငြိမ်းချမ်းသာခွင့်က နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါး ပါတယ်။ (၈၈) မျိုးဆက်ကျောင်းသား အပါအ၀င် အဓိက ခေါင်းဆောင် တော်တော်များများပါလာ ပါတယ်။ ခုလိုလွှတ်ပေးခြင်း အပေါ် ၀မ်းသာတယ် ဆိုတာထက် ဒီလွှတ်ပေးမှု့ရဲ့ရလဒ်ကနေ ပေါ်ပေါက်လာမယ့် တိုင်းပြည်ရဲ့ကောင်းကျိုးတွေအတွက် ပိုပြီးတော့ ၀မ်းသာပါတယ်။ တိုင်းရင်း
သားတွေ ကြားထဲမှာရော ကောင်းတဲ့ ရလာဒ်ပါ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ပှုးပေါင်းဆောင် ရွက်သွားဖို့ရော အစီစဉ် ရှိ ပါသလား။

ဖြေ။ ။ (၈၈) ထဲက ပှုးပေါင်းဆောင်ရွက်ခဲ့တာပါပဲ၊ ခုမှမဟုတ်ပါဘူး၊ အခု ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်တယ်
ဆိုတာကလည်း တိုင်းပြည်ကို လွှတ်တော်ထဲကနေ ညင်သာတဲ့ အပြောင်းအလဲဖြစ်ဖို့ ကြိုးစားနေတဲ့ ကြိုးစားချက်ဖြစ်ပါတယ်

မေး။ ။ နိုင်ငံရေးအကျဉ်းသား အများစု လွတ်မြောက်လာတဲ့ အတွက် ဖြစ်လာနိုင်သော နိုင်ငံရေး အပြောင်းအလဲ။

ဖြေ။ ။ စပါပြီ၊ ပြောင်းလဲမှု့တွေ စပြီလို့တော့ ပြောလို့ရတယ်။

မေး။ ။ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေနွေးတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

တွေ့ဆုံဆွေနွေး၊ အဖြေရှာခြင်းဟာ ကောင်းတဲ့အလုပ်ပါ။ အဲဒီကနေပြီးတော့ ခုလို ရလဒ်တွေ ဆက်တိုက်ထွက်လာတယ်။
ကွာခြားတာက အုပ်ချုပ်ပုံ စနစ်ပြောင်းပြီဆိုတဲ့ဟာကို သတိထားဖို့လိုပါတယ်။ ဟိုတုန်းက စစ်အစိုးရပေါ့။ စစ်အစိုးရရဲ့ဝန်ကြီးချုပ်
ဦးသိန်းစိန်၊ အခု ပြည်သူကိုတာဝန်ခံရတဲ့ ဦးသိန်းစိန် နဲ့ အနှစ်သာရခြင်းလည်း မတူပါဘူး။ အသွင်သဏ္ဍာန်ခြင်းလည်းမတူပါဘူး။

မေး။ ။ ဒီမိုကရေစီ နိုင်ငံစစ်စစ်ဖြစ်ဖို့အတွက် ဘယ်အပိုင်းတွေကို အရင်ဆုံး ပြုပြင်သင့်ပါသလဲ။

ဖြေ။ ။ တခွန်းတည်းပြောပြရရင်တော့ တရားမျှတရေးပေါ့။ ဒီကြားထဲမှာ နိုင်ငံရေး၊စီးပွားရေး၊လူမှု့ရေးတွေမှာ တရားမျှတမှု
မရှိဘူး ဆိုရင် ဒီလိုနိုင်ငံကို ဒီမိုကရေစီ ပေးလို့ကိုရမှာမဟုတ်ဘူး။ ဒီမိုကရေစီ ဆိုတာ ပေးပါပေးပါ ဆိုပြီးတောင်းနေရတဲ့
ကိစ္စမဟုတ်ပါဘူး။ကျွန်တော်တို့ နိုင်ငံသားတွေ လက်တွေ့ကျင့်သုံးဖို့လိုပါတယ်။နိုင်ငံသား တစ်ယောက်ရဲ့အခွင့်အရေးဘာလဲ
ဆိုတာ သိနေရမယ်။ဒီအခွင့်အရေးကို ရယူပြီးတော့ ထိန်းသိမ်းနိုင်စွမ်းလည်း ရှိရပါ့မယ်။ ကိုယ်ကအခွင့်အရေးတော့လိုချင်တယ်။
တာဝန်ယူပြီး မလုပ်ဘူးဆိုရင်လည်း မဖြစ်ပါဘူး။ တာဝန်ခံပြီး၊ တာဝန်ယူပြီး တွဲသွားရမယ်။ အဓိကအားဖြင့် တရားမျှတရေး ရှိမှ
ဖြစ်မှာပါ။

မေး။ ။ ပါတီနိုင်ငံရေးမလုပ်ဘဲနဲ့ နိုင်ငံရေးလုပ်နေတဲ့သူတွေကို အကြုံပြုစကားလေး ပြောပေးပါ။

ဖြေ။ ။ နိုင်ငံရေးဆိုတာ ပါတီဖွဲ့ပြီးမှ လုပ်ဆောင်ရတဲ့ နိုင်ငံရေးလည်းရှိတယ်။ ဒါကတော့ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊စီမံခန့်ခွဲမှု့
အပိုင်းထိကို သွားဖို့ပေါ့လေ။ လွှတ်တော်ရဲ့ပြင်ပကနေ လူထုကို အခြေခံတဲ့ အဖွဲ့အစည်းတွေ အလုပ်တွေ လုပ်ဖို့ကလည်း
အင်မတန်ကို လိုအပ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေ ပြုရေးဆိုတဲ့ (၃) ရပ်နဲ့တင်
မလုံလောက်တော့ပါဘူး။ သတင်းမီဒီယာတွေလည်း လိုအပ်ပါတယ်။

မေး။ ။ လက်ရှိ ပြည်သူတွေရဲ့ နိုင်ငံရေး ရေချိန်ကို ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ။ ။ မြန်မာပြည်သူတွေက နိုင်ငံရေးနဲ့ ပတ်သတ်ရင်တော့ အရမ်းနိုးကြားပါတယ်။ အရှေ့တောင်အာရှ နိုင်ငံ အားလုံး မှာ
မြန်မာ ပြည်သူတွေလောက် မတရားမှု့ကိုကျင့်သုံးနေတဲ့ အစိုးရတွေကို စိန်ခေါ်ခဲ့တဲ့ နိုင်ငံ တနိုင်ငံမှ မရှိပါဘူး။ ကျွန်တော်တို့
ပြည်သူတွေကို ဖိနှိပ်လို့ ရခြင်ရမယ်၊ ဒါပေမယ့်လို့ ဒီပြည်သူတွေရင်ထဲက အမှန်တရားကို ချစ်တဲ့စိတ်၊ လွတ်လပ်ချင်တဲ့စိတ်၊
လွတ်လပ်မှု့ကို မြတ်နိုးတဲ့စိတ် ဒါတွေကိုတော့ ဖိနှိပ်လို့ မရပါဘူး။ ဒါကို သူရယ် ကိုယ်ရယ်လို့ စဉ်းစားမနေပဲနဲ့ အစိုးရကလည်း
အစိုးရအဖွဲ့အစည်းတွေရော အခု နိုင်ငံရေးမှာ ပါဝင်ပတ်သတ်နေတဲ့ အင်အားစုအားလုံး အသီးသီးဟာ တသားတည်း
ခံစားပြီးတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အားလုံးစုပေါင်းပြီးတော့ ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။

မေး။ ။ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ဘာတွေလုပ်ပေးဖို့ ရှိနေပါသလဲ။

ဖြေ။ ။ နိုင်ငံရေး အရအကျဉ်းကျခံခြင်းဆိုတာက နိုင်ငံရေးယုံကြည်ချက်၊ နိုင်ငံရေးပြစ်မှု့ ဆိုပြီးတော့ အကျဉ်းကျခံခြင်းဟာ
တိုင်းပြည်မှာ မမျှတတဲ့ စနစ်တွေ ဖြစ်လာတဲ့ အခါမျိုးမှာ စနစ်ရဲ့ သားကောင်တွေ ဖြစ်လာတယ်။ အခု ဗိုလ်ချုပ်ခင်ညွှန့်
တချိန်တုန်းက မဟုတ်တဲ့ စနစ်ကို သူတို့ အကောင်အထည် ဖော်ခဲ့ကြတယ်။ အဲ့စနစ်က အသားထဲ အသက်လည်း ၀င်သွားတဲ့
အခါမှာ အဲ့ဒီ စနစ်ရဲ့ သားကောင်အဖြစ် ပြန်ဖြစ်ခဲ့ပါတယ်။ အဲဒါဟာ အုပ်ချုပ်ခံရသူတွေပဲ သက်ရောက်တာမဟုတ်ပါဘူး။
အုပ်ချုပ်တဲ့သူတွေ အပေါ်မှာလည်း သက်ရောက်ပါတယ်။ အဲ့လိုမျိုး အခြေအနေတွေပေါ့လေ၊ ဟိုတုန်းကတော့ အာဏာပိုင်စနစ်၊
အဲ့ဒီ အခြေနေတွေကနေခု စနစ်တစ်ခုလုံးပြောင်းနေပြီ ပြည်သူကို တာဝန်ခံရမယ်ဆိုတဲ့ နိုင်ငံရေး ပုံစံ ပြောင်းနေပြီ၊ ပြောင်းနေပြီ
ဆိုတဲ့ အချိန်မှာ နိုင်ငံရေးကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ သူတွေ မရှိသင့်တော့ဘူး။ စနစ်သစ်ကို
လုပ်မယ်ဆိုရင်လည်း တကယ့် အသစ်ပဲဖြစ်စေချင်တယ်။ အဟောင်းကို ပုံစံပြင်တာမျိုး မဖြစ်စေချင်ပါဘူး။ ခုထောင်ထဲမှာ
ကျန်နေသေးတယ်။ မလိုအပ်တော့ပါဘူး။ အစိုးရကို ပြောချင်တာက လွှတ်ပေးလိုက်ပါတော့။ မျှတတဲ့နိုင်ငံကို အားလုံး
ဝိုင်းဝန်းပြီးတော့တည်ဆောက်ကြမယ် လို့ပဲ ပြောချင်ပါတယ်။

မေး။ ။ ခုလက်ရှိ မီဒီယာတွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ မီဒီယာတွေရဲ့ အခန်းကဏ္ဍကို ပြောရမယ်ဆိုရင် တကယ်ဖွံ့ဖြိုးသွားတဲ့ နိုင်ငံတွေရဲ့ထူထောင်ရေးတွေကို ပြန် ကြည့်ကြည့်၊
ဘယ်နိုင်ငံမှာ မဆို မီဒီယာ လွတ်လပ်ခွင့်ဆိုတာရှိတယ်။ ဖွံ့ဖြိုးမှု့နဲ့ မီဒီယာဆက်စပ်မှု့ဟာ တသားတည်းလို့တောင် ပြောလို့ရတယ်။
ဂျပန်နိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်အပြီးမှာ စစ်ရောကြေးတွေ တပုံတပင်နဲ့ တိုင်းပြည်ကို ပြာပုံထဲကနေ ပြန်ပြီးတော့ ရုန်းရတယ်။
အဲ့ဒီ နိုင်ငံဟာကမ္ဘာပေါ်မှာ တခုတည်းသော အနုမြူးဗုံးချခြင်းခံရတဲ့ နိုင်ငံ၊ တိုင်းပြည်က စစ်ရောကြေးတွေနဲ့ ပိနေတယ်။
နေ့တိုင်း ဆန္ဒပြပွဲတွေ ဖြစ်နေတယ်။ နိုင်ငံရေးပါတီ ရာကျော်ရှိနေတယ်။ အဲဒီအချိန်မှာ အာဏာရထားတဲ့ (LPP) ပါတီက
လည်းရှိနေတယ်။ မီဒီယာတွေဟာ အစိုးရရဲ့ အခက်အခဲတွေကို ဖော်ပြတယ်၊ စစ်ရောကြေးဘယ်လောက်ရှိနေပြီ၊
ဘယ်လောက်ကြပ်တည်းမှု့ရှိနေပြီ၊ ဒါတွေတိုင်းပြည်ကို သိအောင်ပြောသလို၊ လူထုရဲ့အခက်အခဲတွေ အလုပ်လက်မဲ့နှုန်းတွေ
ဘယ်လောက်ရှိနေပြီ၊ ငတ်ပြတ်နေတယ်၊ ဆင်းရဲနေတယ်ဆိုတဲ့ အခြေအနေတွေ ကိုလည်း အစိုးရသိအောင် ပြန်ပြောတယ်၊
မတရားမှု့တွေကိုလည်း ဒီအစိုးရသိမှဖြစ်မယ်၊ မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အုပ်ချုပ်သူတွေရဲ့ လုပ်ပိုင်ခွင့်တွေ လူထုရဲ့
အကျပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် မောင်းထိုးပေးရတဲ့ ကိစ္စပါ မီဒီယာလွတ်လပ်ခွင့်ဟာ ခုထက်ပိုပြီးတော့ လွတ်
လပ်ဖို့လိုပါတယ်၊ မီဒီယာ လွတ်လပ်ခွင့်ကြောင့် တိုင်းပြည်ဟာကောင်းဖို့ပဲရှိတယ်၊ ဆိုးဖို့မရှိဘူးဆိုတာ ခုအုပ်ချုပ်ရေး
အပိုင်းမှာရှိနေတဲ့ သူတွေ ပိုပြီးတော့ သိဖို့ သဘောပေါက်ဖို့ လိုအပ်ပါတယ်။

မေး။ ။ ပြည်သူတွေကို ပြောချင်တဲ့ စကားလက်ဆောင်လေး ရှိရင်လည်းပြောပေးပါဦး။

ဖြေ။ ။ တိုင်းပြည်က အပြောင်းအလဲတွေကို တကယ်သွားနေပါပြီ။ လူထုကလည်း ၀ိုင်းဝန်းပြီးတော့ ပူပေါင်းပါဝင်ကြပါလို့
ပြောချင်ပါတယ်။

"ဟုတ်ကဲ့ ကိုဌေးကြွယ်ကိုလည်း ကျွန်တော်တို့ ရွှေမြစ်မခက ကျေးဇူးတင်ပါတယ်။"(Shwe Myitmakha Media Group )

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment