Thursday, 26 January 2012



၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ်တွေ့ဆုံသောဓာတ်ပုံများ(၂၄.၁.၂၀၁၂)
1 Comments - 26 Jan 2012
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် အဖြစ် ယနေ့ညနေ ခြောက်နာရီခန့်တွင် တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်(၅၄) နေအိမ် တွင် တွေ့ဆုံကာ ညစာစားခဲ့ကြကြောင်း သိရသည်။ ယခုလ ၁၃ ရက်နေနေ့က စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်အသီးသီးမှပြန်လည်လွတ်မြောက် လာကြသော ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အနေဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် ပြန်လ...

More Link
ဦးခင်ညွှန့်ဘာကြောင့် လစာ ဒေါ်လာ ၅ထောင်ရသလဲ?
1 Comments - 26 Jan 2012
ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ကို တလ အမေရိကန်ဒေါ်လာ ငါးထောင် (ကျပ်ငွေ သိန်း ၄၀ကျော်) လစာပေးမယ်လို့ ဆိုတယ်။ ခင်ညွန့်ရမဲ့လစာ တလ ဒေါ်လာ ငါးထောင်ဆိုတာ ဖိလစ်ပိုင်သမ္မတလစာထက် ၄ ဆများပါတယ်။ ဗီယက်နမ်သမ္မတလစာထက် အဆ၂၀ များတယ်။ ထိုင်းဝန်ကြီးချုပ်လစာထက် ၂ ဆနီးပါးများတယ်။ သဘောကတော့ ခင်ညွန့်ကို သိက္ခာမကျအောင် အာဆီယံခေါင်းဆောင်တွေနဲ့ ခင်ရွှေက ကြေးတန်းညှိပေးလိုက်တာ ဖြစ်ပါတယ်။ ခင်ညွန့်ကို ခင်ရွှေပေးမဲ့လစာက သမ္မတသိန်းစိန်ရမဲ့လစာထက် ဒေါ်လာ တထောင်ဘဲနည်းပီး ဒုသမ္မတ တင...

More Link


  ဒီ စကား (ဒေါ်အောင်ဆန်းစုကြည်) ဒီလှိုင်း အမှတ် ၀၂



ဒီမိုကရေစီ

ဒီလှိုင်း

ဒီရေ

ဒီအရေး

ဒီစကား တွေကတော့

အများကြီးပါပဲ။


ဒီအပတ်တော့ ဒီမိုကရေစီရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဒီမိုအကြောင်း နည်းနည်းဆွေးနွေးချင်ပါတယ်။ဒီမိုကရေစီ ဆိုတဲ့ စကားလုံးက ဂရိဘာသာကလာတာပါ။ ဒီမို(စ်) (demos) ပြည်သူနဲ့ ကရာတို့(စ်)(kratos) အင်အား ၊ အာဏ ကို ပေါင်းစပ်ထားတဲ့ (demokratia) က ဆင်းသက်လာတာပါ။ ဒီတော့ဒီမိုကို ပြည်သူလို့ အဓိပ္ပာယ် ဖော်ရမှာပါ။ အချိန်နေရာမရွေး အမြဲကြားနေတဲ့ပြည်သူပါပဲ။ ဒီနိစ္စဓူဝသုံးနေတဲ့ စကားလုံးအကြောင်းကို စဉ်းစား မိပါတယ်။

ကျွန်မတို့ငယ်ငယ်တုန်းက ဇာတ်ပွဲတွေမှာ မကြာခဏ ၀န်ကြီးတွေ ၊ အမတ်ကြီးတွေ ပုံစံနဲ့လူရွှင်တော်တွေ က ခန့်ခန့်ကြီး တစ်လှမ်းခြင်းလျှောက်ပြီး စာလိပ်ကြီးကိုမြှောက်၊ တိုင်းသူပြည်သားလူအများတို့လို့ အသံအောကြီး နဲ့ဖက်လိုက်တာနဲ့ ၊ မောင်းကိုထမ်းလာတဲ့ တပည့်တွေက ''ဒူ -အူ-အူ''လို့ မြည်းဟည်းအောင်တီးလိုက်ကြပါတယ်။ အဲ့ဒီတော့ ကျွန်မက ''တိုင်းသူပြည်သား လူအများတွေဟာ တော်တော်အရေးပါပါလားလို့ ထင်မိပါတယ်။

ဘာမှန်းသိပ်နားမလည်ပေမယ့် ဆော့ကစားတဲ့အခါ''တိုင်းသူပြည်သား လူအများတို့ ၊ ဒူ-အူ-အူ လို့အော် ဟစ်ပြီး ပြောရာ တာ ပြောစရာကြီးပါပဲ။ ဇာတ်ဆရာတွေရဲ့ ရည်ရွယ်ချက်ကတော့ ဘာလို့မသိပါဘူး၊ ကျွန်မကတော့ ပြည်သူတွေကို ဦးထိပ်ထားတယ်လို့ယူဆမိပါတယ်။

ဒီမိုကရေစီဟာ '' ပြည်သူ့အင်အား၊ အာဏာ'' ကိုမဏ္ဍိုင်ပြုတဲ့ နိုင်ငံရေးစနစ်ဖြစ်လို့ တိုင်းသူပြည်သား လူအများ တို့ရဲ့ ခံစားချက်၊ မျှော်လင့်ချက်တွေကို အလေးအနက်ထားရမှာပါ။ ''ကျုပ်တို့ ဆင်းရဲသားတွေက ဘယ်အစိုးရ တက်တက် ဆင်းရဲနေမှာပဲ'' ''နင်းပြားက နင်းပြားပါပဲ'' လို့ စိတ်လျှော့လက်လျှော့၊မျှော်လင့်ချက် စွန့်လွှတ်ထား သူတွေကို ယုံကြည်နိုင်အောင် လက်တွေ့လုပ်ပြကြရမယ်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံမဲ့ အမတ်လောင်းတွေ (ကျွန်မအပါအ၀င်) ရဲ့တာဝန်ပါပဲ။

ဒီနေ့တော့ဒီမျှသာ… အောင်ဆန်းစုကြည်

ဒီမိုဖက်တီး fbအားကျေးဇူးတင်ရှိပါသည်.။

No comments:

Post a Comment