Wednesday 25 January 2012








Posted: 25 Jan 2012 05:45 AM PST
အဝေးရောက်ကုသိုလ်

မြန်မာနိုင်ငံရှိ ပြည်သူလူထုကို အလုပ်အကြွေးပြုနေသော အနုပညာရှင်များအနက် ဂီတ အနုပညာရှင်များသည် ပြည်ပနိုင်ငံ
များသို့ သွားရောက်၍ ပြည်ပရှိ မြန်မာပြည်သူ လူထုတို့အား ဖျော်ဖြေပွဲများ ပြုလုပ်ပေးခဲ့ရာတွင်
မိမိတို့၏ ဝမ်းရေးအတွက်သာမက ပြည်ပနိုင်ငံများ၏ တိုးတက်မှုများကိုလည်း ဗဟုသုတအဖြစ်
များစွာရရှိခဲ့ကြသည်။ ထို့အပြင်မိမိတို့၏ တတ်စွမ်းသော အနုပညာတို့ဖြင့် သွားရောက်
ဖျော်ဖြေခဲ့ကြသော eနိုင်ငံများမှ ပြည်တွင်းရှိ မြန်မာပြည်သူလူထုတို့ကို စောင့်ရှောက် ကူညီဖေးမ ပေးလျှက်ရှိသော
လူမှုရေး လုပ်ငန်းများအား တစ်နိုင်တစ်ပိုင် လှူဒါန်းလိုက်သော အလှူငွေများကိုလည်း လာရောက်၍
လှူဒါန်းခြင်းကုသိုလ်ကို လုပ်ဆောင်ခဲ့ကြသည်။
၂၅.၁.၂၀၁၂ (ဗုဒ္ဓဟူး)နေ့တွင် တေးသံရှင် ဗစ်တာခင်ညို၊ ကိုစိုးပိုင်၊
တူးတူးတို့သည် သြစတေးလျားနိုင်ငံတွင်းရှိ မြန်မာပြည်သူ/သားတို့ကို သွားရောက်ဖျော်ဖြေမှု ပြုလုပ်ခဲ့ရာ Sydney
Myanmar Groupနှင့် တေးသံရှင် ဗစ်တာခင်ညို၊ ကိုစိုးပိုင်၊ တူးတူးတို့ စုပေါင်းလှူဒါန်းခဲ့သော အလှူငွေ
ကျပ်၂၄၀၀၀၀၀ိ/- (နှစ်ဆယ့်လေးသိန်း) ကျပ်တိတိအား လာရောက်လှူဒါန်းမှု ပြုခဲ့သည်။
ထို့ပြင် လွတ်လပ်သော အနုပညာရှင် ကိုဇာဂနာမှလည်း၂၄.၁.၂၀၁၂
(အင်္ဂါနေ့)တွင် စင်္ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာကာစင်္ကာပူနိုင်ငံရှိ ရဲရင့်ပို့ဆောင်ရေး
(မိသားစု)မှတစ်ဆင့် လှူဒါန်းလိုက်သောစင်္ကာပူ $200၊စင်္ကာပူနိုင်ငံရှိဦးသန်းလွင် (မိသားစု)မှ လှူဒါန်းသောစင်္ကာပူ
$100နှင့် စင်္ကာပူနိုင်ငံရှိ ကိုတင်မောင်ဆွေ၊ ကိုသက်နောင် (ရသအလင်းဖောင်ဒေးရှင်း)မှ စင်္ကာပူ $500
တို့အားမအားမလပ်သည့် ကြားမှ လာရောက်၍ လှူဒါန်းမှုကို ပြုခဲ့ကြသည်။

ထို့ကြောင့် "တစ်ဦးနှင့်တစ်ဦးမည်မျှပင် ဝေးကွာစေကာမူ နှလုံးသားခြင်းနီးနီးလေးရှိ
ဖို့လိုတယ်" ဟူသောစကားအတိုင်း မြန်မာပြည်ဘွား မြန်မာတိုင်းရင်းသားများသည် မည်မျှပင်
မိုင်ပေါင်း ကွာဝေးကြသည်ဖြစ်စေ သွေးကစကားပြောသည့်အတိုင်း တစ်ဦး၏ ဒုက္ခအခက်အခဲများကို
တစ်ဦးမှ စာနာထောက်ထားသော စိတ်ဓါတ်တို့ဖြင့် ကူညီဖေးမ လှူဒါန်းမူများတို့ကို ပြုလုပ်ခြင်းအပေါ်သာဓု
…သာဓု… သာဓုဟု ခေါ်ဆိုလိုက်ရပါသည်။

Posted: 24 Jan 2012 10:17 AM PST
ပဲခူးရွှေမောဓော ဘုရားမှာ ဘုရားဝတ်ပြုစဉ်


ပဲခူးမြို့သူ မြို့သားများမှ  လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ 
(နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ ကြံ့ဖွံ့အစိုးရပြောတဲ့ ပြစ်မှုကျူးလွန်သူများ)အား ဤသို့ သောင်းသောင်းဖြဖြ ကြိုဆိုနေစဉ်...






ယနေ့ ၂၄ရက်နေ့ နံနက်၉နာရီက ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ၆၀ကျော်နှင့်
တွေ့ဆုံပွဲ အခမ်းအနားအား ပဲခူးတိုင်း Grand Social Food Center ခန်းမ၌
ကျင်းပပြုလုပ်ခဲ့ပါသည်..။ အဆိုပါအခမ်းအနားသို့ ပြီးခဲ့တဲ့ ၁၃ရက်နေ့က ပြန်လည်
လွတ်မြောက်လာကြတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကိုကြီး၊
ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး၊ မနိုဗယ်အေး၊ မမာမာဦး၊ စမ်းချောင်း ကိုကိုကြီး အစရှိတဲ့ ကျောင်းသားခေါင်းဆောင်များ၊
ကျော်ကိုကို ဒီငြိမ်းလင်း၊ စည်သူမောင် အစရှိသည့် မျိုးဆက်သစ် ဗကသ လူငယ်ခေါင်းဆောင်များပဲခူးမြို့
အဖွဲ့ချုပ်အဖွဲ့ဝင်များ ဖိတ်ကြားထားသူများ၊ ပဲခူးမြို့ခံများ စုံစုံညီညီ
တက်ရောက်ခဲ့ကြပါတယ်..။ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ အမှာစကားများ ပြောကြားခဲ့ပါတယ်..။
ပဲခူးတိုင်း ၈၈မျိုးဆက်ကျောင်းသား/ ကျောင်းသူများနှင့် ပဲခူးမြို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များမှ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါပြီး
နေ့လည် ၁၁နာရီကျော်မှာ ပြီးဆုံးခဲ့ပါတယ်..။
 ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနဲ့ မျိုးဆက်သစ် ဗကသ လူငယ်ခေါင်းဆောင်များ
ဒေါက်တာစိုးမြင့်သန်း (စာရေးဆရာအောင်ထိပ်)၏ ဂုဏ်ပြု အမှာစကား..
သတင်း၊ ဓာတ်ပုံ .... ဒီမိုဝေယံ၊ ခမိခဆဲ..
Posted: 24 Jan 2012 08:00 AM PST
မတရားဖမ်းဆီး အကျဉ်းချမခံရမှီ ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ ဓာတ်ပုံ
မတရားသဖြင့် လူမဆန်စွာ နှိပ်စက်ညှင်းပန်း ထောင်သွင်း အကျဉ်းချခံရပြီး ကျဆုံးချိန်မှာ မြင်တွေ့ရတဲ့
ကိုသက်နွယ်(ခ)ကိုငြိမ်းလူ
 ပြီးခဲ့တဲ့ ၂၀၀၂ခုနှစ် ထိုစဉ်က ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့
ထောက်လှမ်းရေး (၁၆)မှ ကိုသက်နွယ်(ခ)ကိုညိမ်းလူနဲ့ အမဖြစ်သူအား လက်နက်မှုနဲ့ မတရားဖမ်းဆီး
ခေါ်ဆောင်သွားခဲ့ပြီး ကိုသက်နွယ်(ခ)ကိုညိမ်းလူအား စစ်ကြောရေးမှ လူမဆန်စွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ
ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခြင်း ခံခဲ့ရပါတယ်..။

ပြီးခဲ့တဲ့ ၁၃ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ်(ခ)ကိုညိမ်းလူဟာ စစ်ကြောရေးအတွင်း ထောက်လှမ်းရေးများရဲ့
လူမဆန်စွာ စစ်ဆေးနှိပ်စက်မှုများနဲ့ ထောင်သွင်းမှရရှိလာတဲ့ အသဲရောဂါကြောင့် ထောင်မှ
လွတ်မြောက်ပြီး ကိုးရက်အကြာမှာ ဝေဒနာကို အပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်..။
ဒီကနေ့ ၂၄ရက်နေ့မှာတော့ ကိုသက်နွယ်(ခ)ညိမ်းလူရဲ့ ရုပ်ကလပ်အား ရေဝေးသုသာန်မှာ သဂြိုလ်ခဲ့ပါတယ်။

မတရားဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးနဲ့ အကျဉ်းထောင်အတွင်းမှ ရရှိခဲ့တဲ့
ဒဏ်ရာ ဒဏ်ချက်များကြောင့်  ထောင်မှ ပြန်လည်လွတ်မြောက်ပြီး ကိုးရက်အကြာမှာ ကျဆုံးခဲ့ရတဲ့
ကိုသက်နွယ်(ခ)ကိုညိမ်းလူရဲ့ ဈာပနအခမ်းအနားသို့ ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင်များ..၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊
မျိုးဆက်သစ် ဗကသ ဥက္ကဋ္ဌကိုကျော်ကိုကိုနဲ့ ကျောင်းသားခေါင်းဆောင်များ၊
ဒေါ်နော်အုံးလှနဲ့ အဂါင်္ဆုတောင်း အဖွဲ့ဝင်များနဲ့ ပြည်သူလူထုမှ တက်ရောက်ဂုဏ်ပြု လိုက်ပါပို့ဆောင် ခဲ့ကြပါတယ်..။

 ကိုသက်နွယ်(ခ)ကိုညိမ်းလူအတွက် မထက်ထက်ဦးဝေ(ရွှေပြည်သာမြို့နယ်) အမျိုးသမီးအဖွဲ့ရဲ့ ကဗျာ..
 ခွပ်ဒေါင်းအလံတင်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်..
 ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနဲ့  မျိုးဆက်သစ် ဗကသကျောင်းသား ခေါင်းဆောင်များမှ ဂုဏ်ပြုခဲ့ကြပါတယ်..။
၂၀၀၂ခုနှစ်က မိမိကိုယ်တိုင် ကျူးလွန်ခြင်းမရှိပဲ မတရားဖမ်းဆီး၊ လူမဆန်စွာ အနှိပ်စက်ခံရပြီး ထောင်တွင်းမှ ရရှိခဲ့တဲ့ ဒဏ်ရာ၊ ဒဏ်ချက်တွေနဲ့ ကျဆုံးခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုညိမ်းလူ ကောင်းရာ သုဂတိလားပါစေ..။
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ..။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ခမိခဆဲ..
Posted: 24 Jan 2012 07:07 AM PST
ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက်ရဲတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသော ၈၈ ကျောင်းသားများသည် သက်ဆိုင်ရာ
အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာပြီးသည့်နောက် မိမိတို့ယုံကြည်ချက်အတိုင်း ဒီမိုကရေစီ
လမ်းကြောင်းပေါ်သို့ ဆက်လက်ချီတက် လျှောက်လှမ်းကြမည်ဖြစ်သည့်အတွက် အကျဉ်းထောင်အတွင်း
ခံစားခဲ့ရသော ကျန်းမာရေးဝေဒနာများကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၌
အသီးသီးလာရောက်၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
၂၄.၁.၂၀၁၂ ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ ကိုသက်နွယ် အသက် (၅၄)နှစ်၏
ရုပ်အလောင်းအား မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ၈၈ ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်နှင့်အဖွဲ့သည် သွားရောက်ခဲ့ပြီးသည့်နောက် မြောက်ဒဂုံမြို့နယ်ရှိ
ဝဋ်ကြွေးတော်ပြေ ဆရာတော်ကြီးအားသွားရောက်ဖူးမြော်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်
သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ လေ့လာခဲ့ကြသည်။ ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံစကားပြောဆိုပြီး
သည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်ငန်းဆောင်ရွက်မှုများအား
လိုက်လံရှင်းလင်းပြသခဲ့ကာ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် အချိန်မအားလပ်သည့်ကြားမှ ၈၈
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သွေးဖောက်၍ ကျန်းမာရေးစစ်ဆေးမှုကို
ခံယူခဲ့သည်။ ကိုမင်းကိုနိုင် သွေးဖောက်စစ်ဆေးစဉ် ဥက္ကဋ္ဌ ဦးကျော်သူမှ "ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်
တို့ထက်ရဲတယ် .. ဟေ့" ဟု ပြောကြားခဲ့ရာ အဖွဲ့သား အားလုံးတို့အတွက် အားဆေးတစ်ခွက် တိုက်ကျွေးခဲ့ရသလို
ဖြစ်တော့သည်။
ကျန်းမာရေးစစ်ဆေးရန် ကျန်ရှိသော ၈၈ ကျောင်းသားအဖွဲ့များအားလည်း မိမိတို့ အားလပ်သည့် နေ့ရက်၊
အချိန်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ သွေးဖောက်ခြင်း၊
ECG၊ Ultra Sound၊ ဓါတ်မှန်ရိုက်ကူးခြင်းတို့အပြင် သက်ဆိုင်ရာဆရာဝန်ကြီးများနှင့်
ဆေးဝါးကုသမှု များကိုလည်း ပြုလုပ်ပေးလျှက် ရှိပါသည်။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment