Saturday 31 March 2012

ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်းပြည်ပ သတင်းထောက်များ မေးမြန်းမှုကို ဖြေကြားစဉ်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်းပြည်ပ သတင်းထောက်များ မေးမြန်းမှုကို ဖြေကြားစဉ်
လက်ရှိ တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေအရ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်ပါတယ်။ ဒါပေမယ့်လည်း
ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမှာဖြစ်သလို လွှတ်တော်ထဲ ရောက်ရင်လည်း လွယ်လွယ်နဲ့ လွှတ်တော်ထဲက စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေက
သတင်းထောက် ၃၀၀ လောက် တက်ရောက် သတင်းယူခဲ့တဲ့ ဒီသတင်းစာ ရှင်းလင်းပွဲမှာ တောင်ငူမြို့ကို မဲဆွယ် စည်းရုံးသွားရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့လွှတ်တော် ကိုယ်စားလှယ်လောင်း လေးခွနဲ့
အပြစ်ခံရတာတွေ ရွေးကောက်ပွဲကာလ တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေအပြင် သူ့ရဲ့ကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့အမေးကို ဒေါ်အောင်ဆန်းစုကြည်က ကျယ်ကျယ် ပြန့်ပြန့်
ပြန်လည် ဖြေကြား ခဲ့ပါတယ်။

ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ)


(Photos - Zimbio)

No comments:

Post a Comment