Thursday, 29 March 2012



 နိုင်ငံကျော်အဆိုတော်လေးဖြူ၏ အင်တာဗျူးမှာလုပ်ကြံဖန်တီးထားခြင်းဖြစ်
Posted: 29 Mar 2012 12:07 AM PDT

လေးဖြူနှင့် Iron Cross ပရိသတ်များသို့ ................
ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသော လေးဖြူ၏ အင်တာဗျူးမှာ အမှန်တကယ် မေးမြန်းဖြေဆိုထားခြင်း လုံးဝ(လုံးဝ)
မဟုတ်ပဲ ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်း၊ တရားဥပဒေကြောင်းအရ အမြန်ဆုံး ရင်
ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါကြောင်း IronCross၏ Facebookစာမျက်နှာတွင်ဖော်ပြထားပါတယ်..

Posted: 28 Mar 2012 11:58 PM PDT


စ၊ လယ်၊ ဆုံး ပေးဆပ်မှုများ

၂၈.၃.၂၀၁၂ (ဗုဒ္ဓဟူးနေ့) ညနေ(၄း၀၀)နာရီချိန်တွင် (၈၈ကျောင်းသားခေါင်းဆောင်)များ ဖြစ်ကြသော ကိုဂျင်မီ နှင့်
မနီလာသိန်းတို့ မိသားစုဝင်များ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရောက်ရှိ လာကာ အလှူငွေကျပ်(၅သိန်း) နှင့်
အဝေးထိန်းခလုတ်ပါ လူနာကုတင်၊ အိမ်သာပါ လူနာသုံးထိုင်ခုံ၊ ရေမြုပ်မွေ့ယာ တို့ကိုလာရောက်လှူဒါန်းခဲ့သည်။
ကွယ်လွန်သွားရှာပြီဖြစ်သော မနီလာသိန်း၏ဖခင် ဦးသိန်း(ခ)ဦးကန့်ခိန့်ဘန် ရတနာပုံဆန်စက်(ဖျာပုံ) အသက်
(၈၁)နှစ်အား ရည်စူး၍ လာရောက် လှူဒါန်းခြင်း ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး တို့ကို (အခမဲ့)
ကူညီကုသပေးလျှက်ရှိရာ နေ့စဉ် လူနာဦးရေ (၂၀၀) ကျော်တို့အား ကုသိုလ်ဖြစ် ဆရာဝန်ပေါင်း (၅၀)ခန့်တို့သည် မေတ္တာ၊
 ဂရုဏာ၊ မုဒိတာ၊ အကြင်နာတရားများ ပွားများကာ လူသားချင်းစာနာစိတ်နှင့် ကုသ ပေးလျှက်ရှိသည်။

၂၁.၃.၂၀၁၂ (ဗုဒ္ဓဟူးနေ့) နံနက်စောစောပိုင်း၌် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်သို့ ၈၈မျိုးဆက် ကျောင်းသူ မနီလာသိန်း
 ၏ဖခင်ဖြစ်သူ ဦးသိန်း(ခ)ဦးကန့်ခိန့်ဘန်သည် ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးတွင် အစာအိမ်သွေးကြောပေါက် ဝေဒနာခံစားနေရ
သဖြင့် ရန်ကုန်မြို့ရှိဆေးရုံတွင် ဆေးကုသခံရန်လူနာအား ဖျာပုံမြို့မှ ရန်ကုန်မြို့သို့ပို့ဆောင်ရန် အခက်အခဲများစွာရှိနေသည့်
အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သုခကုသိုလ်ဖြစ်ဆေးခန်းရှိ အရေးပေါ်လူနာတင်ယာဉ်ဖြင့် သယ်ဆောင်ရန်
တယ်လီဖုန်းဖြင့် ဆက်သွယ် အကူအညီတောင်းခံခဲ့ပါသည်။

စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် စွန့်လွှတ်၊ စွန့်စားမှုများစွာဖြင့် ကြိုးပမ်းနေကြသော (၈၈မျိုးဆက်ကျောင်းသားများ)တို့၏
ဖခင်ဖြစ်သောကြောင့် အထူးအစီအစဉ်အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ တာဝန်ရှိသူများသည် နံနက်(၁၀း၀၀)နာရီအချိန်
တွင် ဖျာပုံမြို့သို့ သယ်ဆောင်ရန် သွားခဲ့ကြသည်။ ယင်းကုသိုလ်ရေးသည် ရပ်ဝေးသို့ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ယခင်က
ရန်ကုန်မြို့တွင်း၌သာ ကူညီမှုပြုခဲ့ သော်လည်း ယခုအခါတွင် အများပြည်သူအတွက် ပေးဆပ်ခဲ့သော (၈၈မျိုးဆက်ကျောင်းသူ)
မနီလာသိန်း၏ ဖခင်ဖြစ်သောကြောင့် အထူးအစီအစဉ်အဖြစ် ဖျာပုံမြို့သို့ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။ နေ့လည် (၁၂း၃၀)
 အချိန်တွင် ဖျာပုံမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိ သူများသည် (၁၂း၄၀)
အချိန်တွင် ဦးသိန်း(ခ) ကန့်ခိန့်ဘန်အား အရေးပေါ်လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်ကာ ဖျာပုံမြို့မှ ပြန်လည်ထွက်ခွာခဲ့
 ပါသည်။

ဖျာပုံမြို့နှင့်ဒေးဒရဲသည် (၁၆) မိုင်သာရှိသော လမ်းခရီးအား တစ်နာရီကြာ ခက်ခက်ခဲခဲ မောင်းနှင် ခဲ့ရာ အသွားခရီးတွင်
(၂း၃၀)နာရီခန့်သာ ကြာမြင့်ခဲ့သော်လည်း အပြန်ခရီးတွင် (၄း၀၀)နာရီခန့် ကြာမြင့် ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်
လမ်းခရီးသည် ကြမ်းတမ်းသည့်အတွက် လူနာအား ထိခိုက်နာကျင်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်သဖြင့် ဖြေးညှင်းစွာ
 မောင်းနှင်ခဲ့ရာ ညနေ (၄း၁၀)နာရီ အချိန်မှသာ ရန်ကုန်မြို့ရှိ (ဗဟိုစည် အထူးကုဆေးခန်း) သို့ရောက်ရှိခဲ့ကြသည်။

သို့ရာတွင် ၂၅.၃.၂၀၁၂ (တနင်္ဂနွေနေ့) ၌ ဦးသိန်း(ခ)ကန့်ခိန့်ဘန်သည် အစာအိမ်ဝေဒနာမှာ ပြင်းထန် လွန်း၍ နံနက်
 (၅း၅၅) နာရီတွင် (ဗဟိုစည် အထူးကုဆေးခန်း)၌ ကွယ်လွန်အနိစ္စ ရောက်ရှိ သွားပါသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ
 နာရေးပို့ဆောင်ရေးယာဉ်ဖြင့် သွားရောက်၍ ကျန်ရစ် ခဲ့သော ဦးသိန်း(ခ) ဦးကန့်ခိန့်ဘန် အသက်(၈၁)နှစ်၏ ရုပ်ကလာပ်အား
 ရေဝေးသုဿန်အအေးခန်းရှိရာသို့ ပို့ဆောင်ခြင်းကို ပြုလုပ်ပေးခဲ့သည်။

၂၇.၃.၂၀၁၂ နေ့လည် (၁၂း၀၀) နာရီ အချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်) အစီအစဉ်ဖြင့် ကွယ်လွန်
သူ၏ တရုတ်ထုံးတမ်းအစဉ်အလာအရ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား ကျင်းပ ပြုလုပ်ခဲ့သည်။ ကွယ်လွန်သူ ဦးသိန်း(ခ)
ဦးကန့်ခိန့်ဘန်အား ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်
များ၊ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အသင်းသား/သူများနှင့် ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့မှစည်ကားသိုက်မြိုက်စွာ
လိုက်လံပို့ဆောင် သင်္ဂြိုလ် ပေးခဲ့ကြပါသည်။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် လူသားတို့၏ နောက်ဆုံး ခရီးအား ကာယကံရှင်မိသားစု
တို့၏ ဆန္ဒအတိုင်း ပြုလုပ်ပေးဆပ်နေရသလို၊ နာမကျန်းသောလူနာများ အတွက်ပါ အသက်သာဆုံး ကူညီဖေးမမှုများကို
 ပြုလုပ်ပေးဆပ်ခဲ့ရသည့်အပြင် လူ့လောကသို့ ရောက်ရှိကာ ပညာ သင်ကြားရမည့်အရွယ်တွင် ပညာရေးအားလည်းမလစ်
ဟင်းစေရန် တဖက်တလမ်းမှ ပံ့ပိုးကူညီ သင်ကြား ပေးခြင်းများ၊ ဘွဲ့ရရှိပြီး အလုပ်အကိုင်မရရှိသေးသော လူရွယ်လူငယ်
များအား အလုပ်အကိုင် ရရှိရန်အတွက် အခြေခံသင်တန်းများဖြစ်သော ကွန်ပျူတာပညာရပ်၊ စာရင်းကိုင် ပညာရပ်၊
ဟိုတယ်နှင့်ခရီးသွားပညာရပ်၊ ဒီဇိုင်နာပညာရပ်၊ အင်္ဂလိပ်စာ အရေး အဖတ် အပြော သင်တန်းများ အခမဲ့ပို့ချသင်ကြားပေး
 ခဲ့ရသောကြောင့် လူ့ဘ၀တွင် စ၊ လယ်၊ ဆုံး ကူညီဖေးမ ပေးဆပ်ခွင့်ရရှိမှုများ အပေါ် ကျေနပ်ပီတိ ဖြစ်ရကာ အများပြည်သူ
တို့အား မိမိတို့လုပ်ဆောင်မှုများ၊ ပေးဆပ်ခဲ့မှုများအပေါ် အမျှ … အမျှ … အမျှ ဟူ၍ပေးဝေငှ လိုက်ပါတော့သည်။

ကိုကျော်သူ

Posted: 28 Mar 2012 10:24 AM PDT


မဲရုံကနေ ကိုက် ၅၀၀ အတွင်း ၀င်ရောက် သတင်းယူတာ၊နိုင်ငံရေးပါတီတွေ အနေနဲ့ ၀င်ရောက် မဲဆွယ်တာလုပ်ရင် တရားစွဲအရေးယူခြင်း 
ခံရမယ်လို့ ရွေးကောက်ပွဲကော်မရှင် က သတင်းစာရှင်းလင်းပွဲ မှာ သတိပေးလိုက်ပါတယ်။(DVB)

ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေး ကောက်ပွဲ ကာလတိုအတွင်း မဲရုံမှ ကိုက်ငါးရာအကွာ၏ ပြင်ပကသာ ဓာတ်ပုံရိုက်ယူခွင့်နှင့်
သတင်းမေး မြန်းရရှိမှာဖြစ်ကြောင်း ယခုလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက
 ပြောသည်။''ခင်ဗျားတို့ကို ဓာတ်ပုံဝင်ရိုက်ပါ၊ မရိုက်ပါနဲ့လို့တော့ ဘာမှမပြောချင်ပါဘူး။ တကယ်လို့ ကိုက် ၅ဝဝ အတွင်း
 သတင်းဝင်ယူရင် အနှောင့် အယှက်မရှိရင် ပြဿနာမရှိဘူး။ အနှောင့်အယှက်ဖြစ်လာရင်တော့ အရေးယူမှာပဲ''ဟု ၄င်းက
 ပြော သည်။

သတင်းရယူရေး၏ အဓိက ဆောင်ရွက်ချက်နှစ်ခုဖြစ်သော ဓာတ်ပုံရိုက်ခြင်းနှင့် သတင်းမေးမြန်း ခြင်းတို့ကို ကိုက် ၅ဝဝ
 ပြင်ပက သာ ပြုလုပ်ခွင့်ပေးထားသဖြင့် ၄င်း အခွင့်အရေးသည် မီဒီယာသမား များ သတင်းရယူရေးကို ကန့်သတ် ပြီးမှ
 ထားပေးသည့် အခွင့်အရေး ဖြစ်နေသည်ဟု ပြည်တွင်းမီဒီယာ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။ မဲရုံနှင့် ကိုက်
 ၅ဝဝ အတွင်း ဝင်ရောက်ဓာတ်ပုံရိုက်ယူခွင့် မပေး ထားသော်လည်း လျှို့ဝှက်၊ လွတ်လပ်စွာ မဲပေးမှု အနှောင့်အယှက် မဖြစ်ပါက
 ဝင်ရောက်ရိုက်ကူးခွင့် ရှိသည့်သဘာ သက်ရောက်သော စကားလုံးများကို ဥက္ကဋ္ဌက သုံးနှုန်း ကာ မီဒီယာသမားတို့၏အမေးကို
 ဖြေကြားခဲ့သည်။

''ဥပဒေအရ မဲရုံကနေ ကိုက် ငါးရာအတွင်းမှာ အနှောင့်အယှက် ဖြစ်စေရင် ရွေးကောက်ပွဲဥပဒေနဲ့ ငြိမယ်၊ ခုနက ကိုက်ငါးရာ
အပြင်မှာ ဆိုရင် လွတ်လပ်စွာမေးခွင့်ရှိပါတယ်။
ကျွန်တော်က လုပ်ပါ မလုပ်ပါနဲ့ မပြောဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်ပါတီက ဒီလိုမေးတာဟာ မဲဆွယ်စည်းရုံးနေပါတယ်လို့
 ပြောရင် မကောင်းဘူးလေဗျာ။ ဒီလို ပြော လာရင် ရွေးကောက်ပွဲ ဥပဒေအရ အရေးယူခံရမှာပဲ''ဟု ပြောကြား သည်။
ယခုတစ်ကြိမ် ရွေးကောက် ပွဲတွင် သတင်းရယူခွင့် သည် ယခင် ၂ဝ၁ဝ ရွေးကောက်ပွဲ နှင့်ယှဉ်ကြည့်ပါက မီဒီယာ၏ အခန်း
 ကဏ္ဍပိတ် ဆို့ အမှောင်ချလိုက်သည် သဘော သက်ရောက်နေပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလက မဲရုံများအတွင် ဝင်ရောက်၍
သတင်းမေးမြန်းခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများအတိုင်းအတာ တစ်ခုအထိ ခွင့်ပြုခဲ့သည်ဟု သိရသည်။

''ရွေးကောက်ပွဲမှာ သတင်းရ ယူဖို့အတွက် သတင်းထောက်ရဲ့ ဓာတ်ပုံပါတဲ့ ကတ်ပြားတွေ ထုတ် ပေးမယ်လို့ သိရတယ်။
 ဒီကတ်ပြား က သာမန်ကြည့်ရင် သတင်းရယူ နိုင်ရေး အသိမှတ်ပြု ကတ်ပြားလို့ သဘောရပေမယ့် အခု ကန့်သတ်
ချက်နဲ့ဆိုရင် ''ကျွန်တော် သတင်း ထောက်ပါ'လို့ အော်ဟစ်ကြေညာပြီး ကိုယ့်အခွင့်အရေးကိုယ် ပိတ် ပင်တဲ့ကတ် ဖြစ်နေပြီဗျာ။
 ဒီတော့ အဲဒီကတ်တွေက သတင်းရရှိရေးကို အထောက်အကူ မပြုတဲ့အပြင် အနှောင့်အယှက်ပေး မယ့်ကတ်တွေ လို့
သဘောသက် ရောက်နေပြီ။ မဲရုံနဲ့ ကိုက် ၅ဝဝ ဝေးတဲ့ နေရာ ကနေ သတင်းယူရမယ်ဆိုတော့ သတင်းကောင်းစုံအောင်
 ဘယ်လို လုပ်ရမလဲ မသိတော့ဘူး'' ဟု အထက်ပါ ပြည်တွင်းမီဒီယာတစ်ခု ၏ တာဝန်ရှိသူက ပြောသည်။

Popular Myanmar News Journal

Posted: 28 Mar 2012 09:36 AM PDT
11-4r
ယခုတစ်ပတ် 7Day News ဂျာနယ်ရှိ ဧပြီ ၁ ရက်၌ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲလမ်းညွှန်အဖြစ် "မဲဆန္ဒရှင်
လမ်းညွှန်" အထူးအချပ်ပိုကို ဖော်ပြလိုက်ပါတယ်..

Posted: 28 Mar 2012 09:04 AM PDT
စစ်ကိုင်း NLD အောင်နိုင်ရေးပွဲသို့ သွားရောက်ဖျော်ဖြေမည့် အနုပညာရှင်များအား စစ်ကိုင်းတံတား အနီးတွင် အမှတ်တရ.
..(Andy Chen-Aung Win Htut)
နိုင်ငံကျော်အနုပညာရှင်များရဲ့ NLD ရွေးကောက်ပွဲအောင်နိုင်ရေးခရီး (ဓါတ်ပုံ-မောင်ဘဦး)

Posted: 28 Mar 2012 08:43 AM PDT

ရန်ကုန်တိုင်း၊ ကော့မှူးမြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP မှ ယနေ့မနက်တွင် ပြုလုပ်ခဲ့သည့်
 မဲထည့်ပုံထည့်နည်း ရှင်းလင်းပြောပြမှုမှာ မဲများကို ပယ်မဲဖြစ်အောင် လုပ်ခိုင်းနေခြင်းဖြစ်ကြောင်း မြို့ခံများက ဝေဖန်ပြော
ဆိုနေကြသည်။

မြို့ခံအမျိုးသမီးကြီးတစ်ဦးက "ဒီနေ့ ကြံ့ခိုင်ရေးပါတီက မဲထည့်ပုံ၊ ထည့်နည်းအကြောင်းပြောတယ်။ ဒေါ်စုကိုကြိုက်ရင် 
အမှန်ခြစ်ပြီး ကြံ့ ခိုင်ရေးကို မကြိုက်ရင် အမှားခြစ်ထည့်ခိုင်းတယ်။ ကြံ့ခိုင်ရေးကို မကြိုက်လို့ အမှားခြစ်ခိုင်းမှတော့ ဒါ ပယ်မဲ
 ဖြစ်သွားမယ်လေ။"ဟု ပြော သည်။

ကော့မှူးမြို့၊ မြို့မရပ်ကွက်ရှိ ကြံ့ခိုင်ရေးရုံးတွင် ယနေ့မနက် ၉နာရီမှ မွန်းတည့်အထိ ပြုလုပ်ခဲ့သည့် မဲထည့်နည်းရှင်းလင်းပွဲတွင်
 လူဦးရေ ၁,၀၀၀ခန့် တက်ရောက်ခဲ့ကြသော်လည်း အခြားမြို့နယ် သုံးမြို့နယ်မှ USDP ပါတီဝင်များသာဖြစ်ပြီး ကြံ့ဖွံ့ပါတီဝင်
 မဟုတ်သူ ကော့မှူးမြို့ ခံများမှာ ပါဝင်ခြင်းမရှိကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက "ဌာနဆိုင်ရာ အပြာနုရောင် ဂျစ်ကားတွေနဲ့ Light truck ကားတွေ ၁၅စီးဝန်းကျင်လောက်ရှိတယ်။ အများစုကတော့
 ရွှေပြည်သာ၊ လှိုင်သာယာနဲ့ ဒလက သူတို့(ကြံ့ဖွံ့)ပါတီဝင်တွေချည်း အင်အားလာပြတာပါပဲ။"ဟု ဆိုသည်။

ကော့မှူးမြို့နယ်မှ ဒေသခံပြည်သူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုသာ မဲပေးရန်
 ဆန္ဒရှိကြ ပြီး ကြံ့ဖွံ့ပါတီထက် ဒေါ်အောင်ဆန်းစုကြည် ပါတီက လူထုအတွက် လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း
 ပြောဆိုနေကြသည်။

"သူတို့(ကြံ့ဖွံ့)က ပြည်သူတွေ မလုပ်နိုင်တာကို ဒေါ်စုက လုပ်ပေးနိုင်တယ်။ အရင် ၂၀၁၀တုန်းကတော့ ထည့်စရာပါတီမရှိလို့
 ကြံ့ခိုင်ရေး ကို မဲပေးခဲ့တယ်။ ဒါပေမယ့် သူတို့ဘာမှမလုပ်ပေးဘူး။ အခု သူတို့မလုပ်ပေးနိုင်တာကို ဒေါ်စုက လုပ်ပေးနိုင်တယ်။
 အဲဒါကြောင့် ဒေါ်စုကို မဲထည့်တာပါ။"ဟု မြို့ခံ မွတ်ဆလင်မ်လူမျိုး ဈေးသည်တစ်ဦးက ပြောသည်။

ကော့မှူးမှ ကရင်အမျိုးသမီးကြီးတစ်ဦးက "ဒေါ်စုကို ယုံကြည်လို့။ ဗိုလ်ချုပ်(အောင်ဆန်း)သမီးဖြစ်လို့။ ကရင်ရွာမှာ
သန်းခေါင်းစာရင်းဝင် ထားလို့။ ဒီမှာတော့ အားလုံးက ဒေါ်စုကိုပဲ မဲထည့်မယ်။"ဟု ပြောသည်။

ယမန်နေ့က ကော့မှူးမြို့မှ ကြံ့ဖွံ့ပါတီဝင်များသည် ၎င်းတို့ပါတီ၏ လက်ကမ်းစာစောင်များကို လူနေအိမ်များရှေ့တွင်
 ညဘက် လိုက်လံချ ထားပေးခဲ့သလို ၎င်းတို့ပါတီ၏ မဲထည့်နည်းရှင်းလင်းပွဲသို့ လာရောက်နားထောင်သူများအား ငွေ
 ၃၀၀၀ကျပ် ပေးမည်ဟုလည်း မကျီးကန် ကျေးရွာမှ ကြံ့ဖွံ့ပါတီဝင်များက အိမ်တိုင်ရာရောက် ပြောဆိုခဲ့ကြောင်း သိရသည်။

"ဒီအတိုင်းပေးရင် ဒေသခံတွေက မယူဘူး။ ညဘက်လိုက်ထားတော့ မနက်ပိုင်းကျရင် လူတွေက ယူကောက်ကြည့်တယ်။
ဒါပေမဲ့ အား လုံးက ဆွဲဖြဲပစ်တယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၀တုန်းက ကြံ့ခိုင်ရေးကို မဲထည့်ခဲ့ပေမယ့် ကြံ့ခိုင်ရေးက
ဘာမှလုပ်ဆောင်ပေးခြင်း မရှိ ဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ပြုလုပ်သည့် ကော့မှူးမြို့နယ် ကြံ့ခိုင်ရေးပါတီ၏ မဲထည့်နည်းရှင်းလင်းပွဲတွင် ပါတီဝင်များက ၎င်းတို့ယူဆောင်လာသည့်
 ခြင်္သေ့ပုံပါ မဲစာရွက်ပေါ်တွင် အမှန်၊ အမှား ခြစ်ကာ လာရောက်သူများအား ပြသပေးခဲ့သည်။

ဧပြီလ ၁ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်၌ ၃ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်တော်
အမတ်လောင်းများမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပါတီမှ ဦးတင်ရီနှင့် USDP မှ
 ဒေါက်တာစိုးမင်းတို့ ဖြစ်သည်။

ကေအိုင်စီ

ချိန်းချောက်နှောင့်ယှက်မှု များ ရှိနေသည်ဟု သိရှိရ
Posted: 28 Mar 2012 08:25 AM PDT

မအူပင်မှာ လမ်းခင်းပေးမယ် မီးသွယ်ပေးမယ် ဆိုပြီးမဲဆွယ်ထားတဲ့ ပိုစတာပါ . . .
နမူနာပါပဲ . . ဒေါက်တာမျိုးသန့်တင် . .
မဲ မပေးရင် မခင်းဘူး။
မလင်းဘူး။ပေါ့လေ . . .
တော်တော်ကြောင်တဲ့ မဲဆွယ်မှု ။


မင်းကင်းမြို့နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ အတွင်းသတင်းယူရာ၌ ချိန်းချောက်နှောင့်ယှက် မှုများ ရှိနေသည်ဟု ဒေသခံသတင်းထောက်များ၏ ပြောပြ ချက်အရ သိရှိရပါသည်။ ``ကျွန်တော်တို့က ကြားဖြတ်ရွေးကောက်ပွဲ
အကြိုကာလ အတွင်းမှာ သတင်းယူဖို့ မင်းကင်းမြို့ကိုသွားခဲ့တယ်။ ရွေးကောက်ပွဲ ၀င်မယ့် ပါတီတွေက လွှတ်တော်ကိုယ်စား
လှယ်လောင်း တွေနဲ့ တွေ့ ဖို့ ကြိုးစားခဲ့ပါတယ်။မင်းကင်းမြို့မှာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့် ဦးေ
ဆာင်ပြီးပြုလုပ်တဲ့ မျက်စိဝေဒနာရှင် များအတွက် အခမဲ့ မျက်စိစမ်းသပ်ခြင်းနှင့်မျက်မှန်လှူဒါန်းခြင်း ပွဲကို သွားပြီး သတင်း
ယူတယ်။ အဲဒီမှာပြည်ခိုင်ဖြိုး ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဆန်းဝင်း ကလည်းတက်သဗျ။ သူ့ကို
ဗျူးဖို့သွားတော့ သူက အဲဒီပွဲ တက်ဖို့ သွားတော့လိုက်ခဲ့တယ်။ သူ့ ကိုပြောတယ်။ ကျွန်တော် မှတ်တမ်းယူမယ်ဆိုတော့ ယူပါတဲ့
။ဒါနဲ့ ဓါတ်ပုံ ရိုက်တယ်။ အသံတွေ ယူတယ်။ ဒါကို ရဲ ကလာပြီး မေးတယ်။ ဘယ်ကလဲ တဲ့ ။ ဒါနဲ့ ပြန်ဖြေတယ်။------မီဒီယာ
ကသတင်းထောက်ပါ လို့ ပြောလိုက်တယ်။ ဒါကို အသက်၊ မှတ်ပုံတင် ၊နေရပ်လိပ်စာ အတိ အကျ ။အဲလို တွေ လျှောက်မေးနေ
တယ်ဗျာ။ ဒါနဲ့ ပြန်တော့ပြောလိုက်တယ်။ ခများတို့ မေးပုံကထူးဆန်းတယ်လို့ ၊ ဧည့်စာရင်းစစ်သလိုပဲ လို့ ။ အဲလိုဆိုတော့
 လူကြီးမေးရင် ပြန်ဖြေ ရအောင်လို့ ပါတဲ့ ဗျာ။

ခက်ဘူးလား ။နောက် ကျွန်တော် တို့က ခများတို့ သတင်းယူတာကို မတားဆီးပါဘူး ၊ မနှောင့်ယှက်ပါဘူး တဲ့ဗျ.။ ဒါပေမယ့်ဗျာ
သူလာမေးတဲ့ အချိန်ကကျွန်တော်က ဒုဝန်ကြီး ပြောတဲ့စကားတွေကိုလိုက်မှတ် နေတဲ့ အချိန် ၊ ကျွန်တော် အလုပ်လုပ်နေတာ။
အနှောင့် အယှက်ဖြစ်တာပေါ့ဗျာ။ ပွဲပြီးမှ မေးပေါ့ဗျာ။ရတာပဲ ။ ကျွန်တော် က တစ်ယောက်ထဲ သွားတာမဟုတ်ဘူးဗျ။ အဖေါ်
 တစ်ယောက် ပါ သွားသေးတယ်။ အဲဒီကောင်လေးကိုလည်း သတင်းလိုက်မှတ်နေတာကို သူကဘာလဲ ညာလဲ ဆိုတောပြော
တယ်။ နောက် အရပ်ဝတ်နဲ့ ကောင်တစ်ယောက်က ဧည့်စာ ရင်း မတိုင်ဘူး ဘာညာ ဆိုပြီးလာလုပ်တယ်။ နောက် ရဲတ
စ်ယောက်က လာပြီး ဧည့်စာရင်းတော့ တိုင်ပါတယ်ဆိုပြီး လာပြောတယ် ။ ကောင်လေးက လည်းကျွန်တော်နဲ့ လိုက်ခဲ့တာ
လို့ပြောလိုက်တယ်။ ကျွန်တော် သတင်းယူရာမှာအကူလုပ်ဖို့ ခေါ်ခဲ့တဲ့ကောင်လေးပါ ။ တခြား ဂျာနယ်တွေမှာလည်း စာတွေ
 ရေးနေတဲ့အလွတ်သတင်းထောက်လေးပါ။ သူလည်းတော်တော် ညစ်သွားတယ်။ ပြည်ခိုင်ဖြိုး ပါတီက အမျိုးသာလွှတ်တော်
 အမတ်ကသတင်းလေးတော့ ယူပေးပါလို့ မနက်က ပြောတယ်။သွားတော့လည်း စစ်လားဆေးလားနဲ့ဗျာ။ ကျွန်တော်တို့ က
 မဟုတ်တာလုပ်တာ မဟုတ်ဘူးလေ ။

တရားဝင်သတင်းယူနေတာ။ ဥပဒေနဲ့ မလွတ် ကင်းတာလုပ်နေတာမှ မဟုတ်တာ။ ဒါကသူတို့ပြောသလို တာဝန်အရ ဆိုပြီး
 သူတို့လုပ်ချင်ရာကိုလုပ်နေမှာလား ။ ဘယ်ဂျာနယ်က သတင်းထောက်လို့ ပြောလိုက်ရင်၊ သတင်းထောက်ဆိုသူ ပြောတာဟုတ်
မဟုတ်သိချင်ရင် တိုက်ကို ဖုန်ဆက်အတည်ပြုခိုင်းပေါ့။ နောက်ပြီးတွေ့ကရာနေ ရာမှာ တာဝန် အရဆိုပြီး တရားခံ စစ်စစ်နေ
တာတွေ က ဒီမိုကရေစီနည်း လမ်းကျမကျ ဆိုတာလူတိုင်းသိပါတယ်။ ဒီလို နယ်ဖက်မှာ ရှိတယ် ခရိုင်အဆင့် ၊မြို့နယ် အဆင့်
 ဌာနဆိုင်ရာ အရာရှိဆိုတဲ့သူတွေက အရင် စစ်အစိုးရ ရဲ့ ပုံစံ တွေမပျောက်သေးတော့ ကျွန်တော်တို့ တိုင်းပြည် အတွက် ရ
င်လေးစရာပါ။ ပြည်သူတွေ ရဲ့ ၀န်ထမ်းတွေက ပြည်သူတွေအပေါ်ကနေ မိုးပြီး အာဏာပြနေကြတော့ ခက်နေတော့တာပေါ့။
 ဒီမိုကရေစီ ဆိုတဲ့ ပြည့်သူ့အာဏာကို သမတ ကြီး ပဲ သိပြီး သူ့ရဲ့ အစိုးရ အဖွဲ့အစည်းလက်အောက်က၀န်ထမ်းတွေ မသိေ
သးတာ ၊မကျင့်သုံးကြသေးတာ။ တော်တော် လေး ရုပ်ဆိုးလွန်းပါတယ်။မကြာမီလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီလို
တာဝန်အရပါဆိုပြီ လွတ်လပ်စွာ သတင်းယူ ခွင့်ကို လာရောက် ထိပါးနေရင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာ ဖြစ်လာနိုင်ပါ့
မလား ဆိုတာ သံသယ ရှိစရာပါ။ ``ဟု နယ်သတင်းထောက် အောင်သူထွန်း(ကလေးမြို့) ပြောကြားခဲ့ပါသည်။

``ဒီလို အဖြစ်မျိုး တွေက နယ်တွေမှာ ခဏခဏဖြစ်လေ့ ရှိပါတယ်။ ဒီလို တာဝန်အရ ဆိုတာ ကြီး နဲ့ကိုင်ပေါက်ပြီး သူတို့လုပ်
ချင်ရာ လုပ်နေတာတွေ အများ ကြီး ရှိတယ်။ စကားနဲရန်စဲ ဆိုပြီး သူတို့ ကိုဘာမှ ပြန်မပြောဘူးဆိုရင် လုပ်ကောင်းတယ် ၊
လုပ်လို့ ရတယ်။ သူတို့ ဒီလိုရှောက်လုပ်နေတာ ဥပဒေ နဲ့ ညီတယ်လို့ အယူအကောက်တွေ ရှိ သွားရင်ကျွန်တော်တို့ သတင်း
သမား အဖွဲ့အစည်း အတွက် မကောင်းဘူး ။ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို အစိုးရ ၊ ပါတီနဲ့ တစ်နိုင်ငံလုံး သုံးစွဲ နေချိန်မှာ
အကျင့်ပျက် ၀န်ထမ်းတွေ ၊ ဥပဒေကို တလွဲသုံးနေတဲ့ ၀န်ထမ်းတွေ ရဲ့ တာဝန်အရ ဆိုတာ မျိုး မဖြစ်သင့်တော့ပါဘူး ။ ဒီလို
 အဖြစ်မျိုးတွေကိုလည်းအသာနေပါကွာ ပြီးသွားမှာပါ ဆိုပြီး ခဏခဏ အသာနေခဲ့ ရင် ကျုပ်တို့လို နယ်သတင်းထောက်တွေ
 အသေနာ ကုန်မှာ မြင်ယောင်ပါသေးတယ်။ ဒီလိုဆိုရင်နယ်သတင်းထောက် လုပ်ချင်တဲ့သူ ရှားပါး ကုန်လာပါလိမ့်မယ်။ ဒီလို
 ရင်မဆိုင်ချင်ကြလို့ သတင်းထောက်ရယ်လို့ မလုပ်ချင်ကြတာ များပါတယ်။နယ်သတင်းထောက်တွေ အတွက်တင်မက ပဲ
သတင်းထောက်အားလုံး အတွက် အကာအကွယ် ပေးနိုင်တဲ့ အဖွဲ့ အစည်းတွေသမဂ တွေ ပေါ် ပေါက်သင့်နေပါပြီ ။ ``ဟု
 နယ်သတင်းထောက် တစ်ဦးမှပြောကြားခဲ့ပါသည်။

ချင်းတွင်းကိုကို။

Posted: 28 Mar 2012 08:08 AM PDT



မကြာခင်ရက်ပိုင်းတွင်ရောက်ရှိလာတော့မည့် ဧပြီလကြားဖြတ်ရွေးကောက်ပွဲတွင်
မဲဆန္ဒရှင်ပြည်သူများ မည်သည့်အတိုင်းအတာအထိ တရားမျှတလွတ်လပ်စွာမဲပေး
ခွင့်ရရှိနိုင်ခဲ့သည်ကိုလေ့လာဖော်ထုတ်ရန်နှင့် မဲဆွယ်စည်းရုံးရေးကာလ၊မဲပေးသည့်နေ့ရက်နှင့်
မဲပေးအပြီး မဲရေတွက်မှုကာလ စသည့်အချိန်များတွင် မသမာမှုများရှိခဲ့ပါကဖော်ထုတ်တင်ပြရန်
အတွက် ပြည်သူများမှ ၀ိုင်းဝန်းပါဝင်စောင့်ကြည့်ပြီး သတင်းများပေးပို့ခြင်းဖြင့်ကူညီကြပါရန်
ကျနော်တို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးကွန်ရက်မှ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
ယခုပေးပို့လိုက်သော အီးမေးလ်နှင့် အတူ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးအဓိကစောင့်ကြည့်
ရမည့်အချက်များနှင့် ဆက်သွယ်သတင်းပို့နိုင်မည့် ဖုန်းနံပါတ်များပါဝင်သည့်လက်ကမ်းစာစောင်ကို
attached file ဖြင့်ပူးတွဲဖြန့်ချိထားပါသည်။ မိမိရရှိလာသောဖိုင်ကို ရွေးကောက်ပွဲတွင်ပါဝင်သည့်
မဲဆန္ဒနယ်များမှ နီးစပ်ရာမဲဆန္ဒရှင်ပြည်သူများထံသို့ မိတ္တူကူး၍ဖြန့်ဝေပေးကြပါရန်လည်းလေးနက်စွာ
ပန်ကြားအပ်ပါသည်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးကွန်ရက်

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment