
နေပြည်တော်ခရိုင်
ပုဗ္ဗသီရိမြို့နယ်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် (ခ)
ဦးဇေယျာသော်
ပုဗ္ဗသီရိမြို့နယ်မှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ပြောဆို လိုက်ပါတယ်။ ၂၀၁၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ တော်ဝင်
နှင်းဆီ ခန်းမမှာ ကျင်းပတဲ့ ဒီစာနယ်ဇင်း ရှင်းလင်းပွဲ အတွင်း နေပြည်တော်ခရိုင် သီရိလေးမြို့နယ်က လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ကိုယ်စား ဦးဖြိုးဇေယျာသော်နဲ့ ဒေါ်စန္ဒာမင်း
တို့က သတင်းထောက်တွေ မေးမြန်းတာတွေကို ပြန်လည် ဖြေကြား ခဲ့ပါတယ်။ လာမယ့် ရက်အနည်းငယ် အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်
တော်ကို လာရောက်မယ့် အချိန်မှာ ပြည်သူလူထုနဲ့ တွေ့ဆုံဖို့ ကွင်းနေရာ အခက်အခဲ၊ ပုဗ္ဗသီရိမြို့နယ် ဆိပ်နံတုံးကျေးရွာက NLD ပါတီဆိုင်းဘုတ် ဓားနဲ့ ခုတ်ဖြတ်ခံရတဲ့ အခက်အခဲ စတဲ့
အကြောင်းခြင်းရာတွေနဲ့ ပတ်သတ်ပြီး ဦးဖြိုးဇေယျာသော်က စာနယ်ဇင်းသမားတွေကို ရှင်းပြ ခဲ့ပါတယ်
No comments:
Post a Comment