Thursday 1 March 2012













Posted: 28 Feb 2012 08:56 AM PST
ယနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။

ပြီးခဲ့တဲ့ တစ်လ နှစ်လခန့်အတွင်း ကျွန်တော် ခရီးယာယီလေးတွေ များ ခဲ့ပါတယ်။ စာပေဟောပြောပွဲ လိုက်နေတာပါ။
 အရင်က ဟောပြောပွဲ စင်တွေ ပေါ် မတက်နိုင်ခဲ့တာ နှစ်နဲ့ချီကြာခဲ့ရာက ခုတော့ အတန်အသင့် ပွင့်လင်းလာ ပြီမို့
 ကျွန်တော်လည်း စမ်းသပ်င်္ပြီး လိုက်ဟောနေခဲ့ပါတယ်။ ရန်ကုန်မြို့ပေါ်မှာ ကျောက်မြောင်း သြဘာလမ်း၊ အလုံ၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံက နာရေးကူညီမှုအသင်း၊ ၀ါဏိဇဘွဲ့ရအသင်း၊ လူငယ်များ အစည်းအရုံးစ
သည်ဖြင့် အတော်ကို နေရာစုံပါတယ်။

ပထမဆုံးပွဲတွေ


ထူးခြားတာတစ်ခုက နာရေးကူညီမှုအသင်းနဲ့ ၀ါဏိဇအသင်း ကလွဲလို့ ကျန်တဲ့နေရာတွေအားလုံးဟာ ကျွန်တော်တို့ပါဝင်တဲ့ စာပေ ဟောပြောပွဲတွေနဲ့ ပြန်လည် `ကွင်းဖွင့်´ ခဲ့တာဖြစ်တယ်လို့ သိရတာပဲဗျ။ နှစ်ပေါင်းများစွာ စာပေဟောပြောပွဲတွေ မကျင်းပနိုင်ဘဲနေခဲ့ရာက ဒီနှစ်မှ ပထမဆုံး ပြန်လည် ကျင်းပကြတာဖြစ်တယ်။ အဲဒီမှာ ပထမဆုံး စင်ပေါ် ပြန်တက်တဲ့
 မောင်ဝံသနဲ့ ဂွပ်ခနဲ အံကိုက်ပဲပေါ့ဗျာ။

ဟင်္သာတ၊ ဇလွန်၊ ပဲခူး၊ ဥက္ကံ၊ ဒိုက်ဦး၊ မုပ္ပလင်၊ ကလေး၊ တမူး စတဲ့ နေရာ တွေကိုလည်း ရောက်ခဲ့တယ်။ များသောအားဖြင့်
စာကြည့်တိုက် အသင်းတွေက ဦးဆောင်ကျင်းပတာကို တွေ့ရတယ်ဗျ။ အခုနောက်ဆုံးရောက် ခဲ့တဲ့ ကလေးမြို့မှာဆိုရင် နေသာဆရာတော်ဦးစီးတဲ့ နေသာစာကြည့်တိုက် သုံးနှစ် မြောက် စာပေဟောပြောပွဲ ဖြစ်ပါတယ်။ ဆရာဦးအောင်သင်း၊ ဦးဘုန်း (ဓာတု)၊ ကဗျာဆရာ ညီမင်းညိုတို့နဲ့ နေရာတွေဖြန့်ပြီး ဟောပြောခဲ့ကြတယ်။ ကျွန်တော်က ကလေးမြို့ပေါ်မှာ နှစ်ညအပြင် နတ်ချောင်းရွာနဲ့ ထိုမာရွာ မှာလည်း သွာပြီးဟောခဲ့တယ်။ သာစည်ရွာစာကြည့်တိုက်ကိုလည်း လေ့လာခွင့် ရခဲ့တယ်။ ကလေးမြို့နဲ့ တမူးမြို့က ဒီချုပ်စာပေမိတ်ဆွေတွေနဲ့လည်း ဆွေးနွေးခဲ့ ပါတယ်။

ပရဟိတ များများလုပ်ကြဖို့

စာပေဟောပြောပွဲတိုင်းမှာ ကျွန်တော် အဓိက ပြောတာကတော့ စတုတ္ထမဏ္ဍိုင်လို့ တင်စားခြင်းခံရတဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း ပေါ်ထွန်းရေးအကြောင်းပဲ ဖြစ်ပါတယ်။ လူထုအခြေပြု အရပ်ဘက်ပရဟိတအဖွဲ့အစည်းတွေမှာ များများပါဝင်ကြဖို့နဲ့ ပြည်သူကြားက သတင်းသမားတွေ (Citizen Journalists) များများ ပေါ် ထွက်ရေးကို တွန်းအားပေး ပြောပါတယ်။

အတူဟောဖော်ဟောဖက်တွေက အလွန်အဟောအပြောကောင်း သူတွေပါ။ ဆရာဦးအောင်သင်းဆိုရင် နာလန်ထခါစအချိန်မှာ တပည့်တွေ အဖေးအမနဲ့ လိုက်လာခဲ့တာ ဖြစ်ပါတယ်။ စင်ပေါ်မှာ ထိုင်ခုံချပေးပြီး ထိုင်ဟော ဟောရပေမယ့် ပရိသတ်မငြီးရအောင် နှစ်နာရီနီးနီး ပြောနိုင် ဆိုနိုင်တာ အံ့သြလောက်ပါတယ်။ ဦးဘုန်းနဲ့ ညီမင်းညိုတို့ကလည်း နာမည်ကြီး နည်းပြဆရာတွေဆိုတော့ ပရိသတ်ထဲက ကျောင်းသားကျောင်းသူတွေနဲ့ မေးလိုက် ဖြေလိုက် အတိုင်အဖောက်ညီညီ ဟောပြောသွားကြပါတယ်။ အင်မတန်မှာ အောင်မြင်တဲ့ စာပေခရီးတစ်ခုပါပဲဗျာ။

မိုးလေ၀သ ဦးထွန်းလွင် အတွေ့အကြုံ

ကလေးမြို့တစ်ခွင်မှာ စာပေပရိသတ်များနဲ့ စာရေးဆရာများ လှိုက်လှဲပျော်ရွှင်စွာ စာပေပွဲသဘင် ဆင်နွှဲနေကြတာကို
 ကြည့်ပြီး မကြာခင်က မိုးလေ၀သ ဒေါက်တာထွန်းလွင်ပြောပြတဲ့ ရင်နင့်စရာဖြစ်ရပ်ကလေးကို သတိရနေမိပါတယ်။ ဆရာထွန်းလွင်၊ ဆရာကောင်းသန့်နဲ့ ကျွန်တော် ဥက္ကံမြို့ စာပေဟောပြောပွဲ အတူသွားကြရင်း ဆရာက ပြောပြခဲ့တာပါ။ ဒေါက်တာ ထွန်းလွင်က သူကြုံတွေ့ခဲ့ရတဲ့ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မဲဇလီရွာ ကလေးမှာ စာပေဟောပြောပွဲ အချိန်ကပ်ပြီးမှ အပိတ်ခံရပုံကို ဆောင်းပါး ရေးပေးလို့ ပြီးခဲ့တဲ့အပတ် ပြည်သူ့ခေတ် ဂျာနယ် (၂၃၊ ၂၊ ၁၂)မှာ ဖော်ပြ ပြီးပါပြီ။ ]]ထိုအချိန်ဝယ် ...တိမ်ညိုမည်းတစ်ခုက... လခြမ်းလေးကို... ဖုံးအုပ်လိုက်... ပြန်ပါပေါ့ကွယ်}}ဆိုတဲ့ ဆောင်းပါးပါ။ မဖတ်မိလိုက် သေးသူများ ပြန်ရှာဖတ်ကြည့်ကြဗျာ။ ဒေါက်တာထွန်းလွင်ဟာ စကားပြော ကောင်းရုံမက စာအရေးအသား
လည်း ဘယ်လောက်ကောင်းတယ်ဆိုတာ လက်တွေ့ပြလိုက်သလိုပါပဲ။

အလွန်အကျိုးမဲ့တဲ့ လုပ်ရပ်


ဆရာထွန်းလွင်က မဲဇလီရွာမှာ စာပေဟောပြောပွဲစီစဉ်သူတွေ ဘယ်လို စိတ်အားထက်သန်စွာ၊ တက်ကြွပျော်ရွှင်စွာ ပြင်ဆင်မှုတွေ ပြုလုပ်နေ ကြပုံ၊ ဖီးလိမ်း ပြင်ဆင်နေကြပုံကို လှပစွာ စာပန်းချီခြယ်ပြီး ည ၇နာရီ စင်ပေါ် တက်ခါနီးကျမှ ပွဲမိန့်ပိတ်တယ်ဆိုလို့ ငိုကြယိုကြ မချိတင်ကဲ ဖြစ်ကြရပုံကို ဆက်ရေးပြပါတယ်။ သူပြောတာကို နားထောင် သိရှိပြီး ဖြစ်ပေမယ့် ဆောင်းပါးအဖြစ် ပြန်ရေးထားတာကို ဖတ်ရတဲ့အချိန်မှာလည်း ကျွန်တော်ပါ ရင်ထဲဆို့နင့်နေမိတယ်ဗျာ။

``ဟာ...ဗျာ ဆိုပြီး ပါးစပ်ဟောင်းလောင်း ဖြစ်ကုန်ကြတော့ တာပါပဲ။ အားလုံး ငြိမ်ကျသွားပါတယ်။ ကျွန်တော်တို့ စာရေးဆရာတွေပါ ငြိမ်ကျသွားပါတယ်။ ဆရာတစ်ဦးကတော့ မျက်ရည်တွေ ၀ဲလာပြီး အသံ မထွက်တော့ပါဘူး။ နောက်ဆရာတစ်ဦးကလည်း အသံတွေ တုန်တုန်ယင်ယင်နဲ့ စာရေးဆရာမလည်း ခေါင်းငိုက်စိုက်နဲ့၊ ငိုနေတဲ့ တပည့်လေးတွေကို ချော့ နေပါတယ်။ ကျွန်တော်လည်း စိတ်မကောင်းလိုက်တာဗျာ။ ဘာလို့ ဟော ပြောပွဲအမိန့်က မရရတာလဲ၊ ဒီဒေသဟာ ဟောပြောပွဲကျင်းပဖို့ ခွင့်မပြုတဲ့ ဒေသမို့လား _ _ _ ဘာမှန်းဆိုတာကိုတော့ သက်ဆိုင်ရာတွေက ပွင့်ပွင့် လင်းလင်း မြင်မြင်သာသာ ရှိစေအောင်ွသသွိသလနမညညေခန ဆိုတာနဲ့အညီ ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ ဒီမဲဇလီရွာ ဟောပြောပွဲ ပြောခွင့်မရတာဟာ မဲဇလီရွာအတွက်သာမက သက်ဆိုင်ရာ တိုင်းဒေသကြီးအတွက်ရော၊ နိုင်ငံတော်အတွက်ပါ ထိခိုက်နစ်နာလှပါတယ်။ အလွန်အကျိုးမဲ့တဲ့ ဖြစ်ရပ်၊ လူထုရဲ့ တိုးတက်မှု အရှိန်ကို ဟန့်တားစေတဲ့ ဖြစ်ရပ်ပဲလို့ ရိုးရိုးလေး မြင်မိပါတယ် _ _ _´´

နာမည်ကြီးတဲ့ မကွေးတိုင်းဒေသကြီး

ဆရာထွန်းလွင် ခုလို ထုတ်ဖော်ရေးလိုက်တာကို ဖတ်ရတဲ့ ပြည်သူ့ ခေတ်ဂျာနယ် ပရိသတ်များလည်း ကိုယ်ချင်းစာနာ
မိကြမှာပါ။ မကွေးတိုင်းဒေသကြီးမှာ စာပေ ဟောပြောပွဲများ အချိန်ကပ်ကပ်ပြီး အပိတ်ခံရလို့ စိတ်မချမ်းမသာဖြစ်ပြီး ပြန်လာရတဲ့ စာရေးဆရာတွေ အတော်များနေပါပြီ။ ပြည်သူ့ခေတ် အယ်ဒီတာ ချုပ် ဆရာဖေမြင့်တောင် အရင်လထဲမှာ မကွေးတိုင်းဒေသကြီးထဲက မြို့တစ်မြို့က ဖိတ်လို့ သွားခဲ့စဉ် အလားတူ ကြုံခဲ့ရတယ်လို့ ပြန်ပြောဖူးပါတယ်။ ကျွန်တော်ကတော့ စာပေဟောပြောပွဲများကို ပိတ်ခြင်းဟာ ဆရာထွန်းလွင် ရေးသလိုပဲ အလွန် အကျိုးမဲ့တဲ့ ဖြစ်ရပ်၊ လူထုရဲ့ တိုးတက်မှု အရှိန်ကို ဟန့်တားစေတဲ့ ဖြစ်ရပ် လို့ ထပ်ပြောလိုက်ချင်ပါတယ်။

ကိုယ်တွေ့ခံစားချက်

အဓိပ္ပာယ်မရှိ ပိတ်ပင်ခံရတဲ့ အဖြစ်မျိုးကို ကိုယ်တိုင် ကြုံတွေ့ခံစား ရဖူးတဲ့ ကျွန်တော်ကတော့ ဆရာထွန်းလွင်တို့ ဆရာဖေမြင့်တို့ရဲ့ ရင်ထဲက ခံစားချက်ကို ပိုပြီး ထဲထဲဝင်ဝင် နားလည်တယ်ဗျာ။ ကျွန်တော့်မိသားစုရဲ့ ဒေါင်းစာပေကို ၁၉၇၃ခုနှစ်က တည်ထောင်ခဲ့ပါတယ်။ မူလနာမည်က ခွပ်ဒေါင်းစာပေပါ။ ကျောင်းသားသမဂ္ဂသံယောဇဉ်နဲ့ မှည့်ခေါ်ထားတဲ့နာမည်ပါ။ ၁၉၈၆ အထိ ကျွန်တော့်တိုက်က ထုတ်ဝေခဲ့တဲ့ စာအုပ်တွေမှာ ခွပ်ဒေါင်း စာပေက ထုတ်ဝေ သည်လို့ပဲ ဖော်ပြခဲ့တာ ပြန်ကြည့်လို့ရပါတယ်။ ၁၉၈၆ ကျတော့ အဲဒီနာမည် သုံးခွင့်မပေးနိုင်ဘူးဆိုလို့ ခွပ်ကို ဖြုတ်လိုက်ရတယ်ဗျ။ ဒေါင်းစာပေအဖြစ်ပဲ နေခဲ့ရတာ ခုထိပါပဲ။ ၂၀၀၃ မှာ ဒေါင်းစာပေ နှစ်၃၀ ပြည့် ပွဲတစ်ပွဲလုပ်ပါတယ်။ ၂၀၀၃ မေ ၃၁ တိပိဋကကျောင်းမှာ ကျင်းပတဲ့ အဲဒီပွဲကို မော်တော် ဆိုင်ကယ်တွေနဲ့ အ၀ိုင်းခံရတယ်ဗျာ။ ကျွန်တော့် ဧည့်ခံပွဲ လာတဲ့ဧည့်သည်တချို့ တထိတ်တလန့် ဖြစ်ရတာပေါ့။ ၂၀၀၈ ခုနှစ်ကျတော့ ဒေါင်းစာပေ ၃၅ နှစ် ပြည့်ပွဲကို စီးတီးစတားဟိုတယ်မှာ လုပ်ပါတယ်။ မနက် ၉နာရီကျင်းပဖို့ အားလုံး ပြင်ဆင်ထားပြီးသားပွဲကို အကြိုည ၉နာရီလောက်မှာ ဖျက်သိမ်းခိုင်းတယ်။ မနက်ကျတော့ ဧည့်ခံပွဲ ဖျက်ရတာကို မသိတဲ့ ဧည့်သည်တွေ လာကြတော့ ဟိုတယ်အောက်ကနေ ပြန်ခိုင်းတယ်။ မဟာဗန္ဓုလ ပန်းခြံလမ်းထဲမှာလည်း ကားသုံးစီးနဲ့ အင်အားပြထားသေးတယ်။ စဉ်းစား ကြည့်ကြပါ။ ကျွန်တော် ဘယ်လို ခံစားရမလဲဆိုတာ။ ဒါကြောင့် မကွေးတိုင်းက ဖြစ်ရပ်ကို ကျွန်တော် အများကြီးစာနာပါတယ်လို့ ပြောတာ ဖြစ်တယ်ဗျ။ ဒေါင်းစာပေပွဲကိစ္စဖြစ်ပြီး နောက်တစ်နှစ်မှာ စီးတီးစတားဟိုတယ်မှာပဲ တော်ဘုရားကလေး စာပေဆုပေးပွဲကို အချိန်ကပ်ပြီး ပိတ်ပင်ခံရသေးတယ်ဗျာ။ ကွယ်လွန်သူ တော်ဘုရားကလေးရဲ့ ဇနီး ဒေါ်ခင်မေနဲ့ သမီး ဒေ၀ီသန့်စင် တို့လည်း အတော်စိတ်ဆင်းရဲခဲ့ရမှာသေချာ
တယ်ဗျ။

အရင်ကလို မဟုတ်တော့ပါ

ယနေ့ခေတ်မှာတော့ စီးတီးစတားဟိုတယ်မှာ ပွဲမျိုးစုံ လွတ်လွတ် လပ်လပ် ကျင်းပနေကြပါပြီ။ ကျွန်တော့်ရဲ့ ဒေါင်းစာပေပွဲနဲ့ တော်ဘုရား ကလေးပွဲ အပိတ်ခံရတဲ့ ဖြစ်ရပ်မျိုးကို ၀န်ထမ်းအသစ်လေးတွေ သိတောင် မသိကြတော့ပါဘူး။ တော်ဘုရားကလေး စာပေဆုပေးပွဲကိုလည်း ယခုဆိုရင် လွတ်လွတ်လပ်လပ် ကျင်းပနေပါပြီ။ ဆရာထွန်းလွင်တို့ လတ်တလော ကြုံခဲ့ရ တဲ့ ဖြစ်ရပ်မျိုးတွေဟာ ယနေ့ခေတ် အဖို့တော့ အင်မတန် ရှားပါးတဲ့ ထူးထူး ဆန်းဆန်း သတင်းထဲမှာ ပါနေမယ် ထင်ပါရဲ့ဗျာ။

အချုပ်အားဖြင့် အုပ်ချုပ်ရေးယန္တရားထဲက ပုဂ္ဂိုလ်အချို့အနေနဲ့ ယနေ့နိုင်ငံတော်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတယ်လို့ တကယ် ခံယူရင်၊ တကယ် ယုံကြည်ရင် ဒီမိုကရေစီနည်းမကျတဲ့ လုပ်ရပ်တွေကို တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း မလုပ်သင့်ဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိတိကျကျ လိုက်နာပြီး ဒီမိုကရေစီကျင့်စဉ်နဲ့ အညီ ဆောင်ရွက်သင့်ကြပါပြီလို့ အပြုသဘောနဲ့ ကျွန်တော် ပြောချင်ပါတယ်ဗျ။

သံချပ်
Posted: 28 Feb 2012 07:52 AM PST



(၈၈) မျိုးဆက်ကျောင်းသားများအား ကြိုဆိုနှုတ်ဆက်ဧည့်ခံပွဲ(၂၈.၂.၂၀၁၂)
... Oriental House, Mandalay

ညိုကြီး Nyo Gyi(Facebook)ရိုက်ကူးသည်။

Posted: 28 Feb 2012 07:26 AM PST
ဒေါ်အောင်ဆန်းစုကြည် မန်းလေးမြို့မှ ပြည်သူလူထုအား မိန့်ခွန်းပြောကြားမည့် နေရာ မြေပုံအညွှန်း







မန္တလေးမှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုမည့် ယာဉ်အား မွမ်းမံနေပုံဖြစ်ပါသည်။
ခွပ်ဒေါင်းတန်းဘိုး ကျပ်၇ သိန်းကျသင့်ကြောင်း၊တံတားဦးမြို့နယ်(အင်းဝ)ဟံသာဝတီကျေးရွာမှ ဦးကတိုး(ကထိက -ငြိမ်း)ယွန်းသိပ္ပံမှ ပုံမှန် ၃ လကြာမည့်အချိန်အစား ၁၆ ရက်ဖြင့် အပြီးပြုလုပ်ပေးခြင်းဖြစ်ကြောင်းသိရပါသည်။ လက်ရှိမှာ အချောမပြီးသေးကြောင်း ကြိုဆိုရေးကိစ္စပြီးမှ ထပ်မံအချောပြုလုပ်မည်ဖြစ်ကြောင်းသိရပါသည်။(Mandalay voice)

Posted: 28 Feb 2012 07:00 AM PST




တိုက်ကြီးမြို့ နယ်က မိတ်ဆွေတစ်ယောက်က အကူအညီတောင်းတာနဲ့ 
ဖြန့် ဝေပေးလိုက်ပါတယ်။မိတ်ဆွေရဲ့ နာမည်က.. ဦးမြင့်သိန်း
ဖုန်းနံပတ်က... ၀၅၅ ၂၉၂၉၈


(S ခင်ဇိုင်)

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment