Sunday 1 April 2012




မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ယနေ့ထုတ်ပြန်ကြေငြာတဲ့ ဆန္ဒမဲလက်မှတ် ဖျက်ဆီးခြင်းကိစ္စ...
Posted: 01 Apr 2012 06:53 AM PDT
Posted: 01 Apr 2012 05:44 AM PDT
ဓာတ်ပုံ Reuters,AP
Posted: 01 Apr 2012 04:22 AM PDT
 ဒီမိုဝေယံကို ပေးပို့လာတဲ့ ဒီနေ့ရဲ့ အကြိုက်ဆုံးပုံ... စစ်ကိုင်းက မင်းလမ်းရပ်ကွက်.. အမေစု ၁၃၄၀ ကြံ့၁၀၂
သနားတယ်ဟေ့တဲ့ ရဲရဲနီတဲ့ မင်းလမ်းကို ခွပ်ဒေါင်းလမ်းလို့ ပြောင်းမယ်..။
Posted: 01 Apr 2012 03:12 AM PDT
ပခုက္ကူ အနိုင်အရှုံး စာရင်း...
Posted: 01 Apr 2012 02:09 AM PDT
(ဓာတ်ပုံ AP)
ပုလဲမြို့နယ် မဲဆန္ဒနယ်မှ ခွပ်ဒေါင်း အနိုင်စာရင်း

ကံသာကျေးရွာ
NLD၁၆၁ ကြံ့ဖွံ့၁ ပယ်မဲ ၁
ကံသစ်ကျေးရွာ
NLD ၂၅၄ ကြံ့ဖွံ့၂၄ ပယ်မဲ ၄၁
ပဲခင်း ကျေးရွာ
NLD၂၉၃ ကြံ့ဖွတ် ၁၈၇ ပယ်မဲ၁၆
ဇီးရင်း ကျေးရွာ
NLD ၂၈၂ ကြံ့ဖွတ် ၁၆၂ ပယ်မဲ၂

ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)၊ ထူးခြားဖြစ်စဉ်များ
၁။ ၆၇ ရပ်ကွက်မဲရုံရှေ့တွင် ကြံ့ခိုင်ရေးမှ ငွေကျပ် ၃၀၀၀ စီပေးပြီး ၄င်းတို့အား မဲထည့်ပေးရန် စည်းရုံးသိမ်းသွင်း ခဲ့သည်။

၂။ ၁၃၈ ရပ်ကွက်တွင် ကြံ့ခိုင်ရေးမှ မဲရုံနှင့်အိမ်အသွားအပြန် အကြိုအပို့လုပ်ပေးခဲ့ကြောင်း။

-နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ အေးမြင့်သာယာကျေးရွာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၊
 မဲရုံအမှတ်(၁)တွင် မဲရုံဧရိယာအနီးကိုက်(၅၀၀)အတွင်း မည်သူမျှမလာရဟု ဆိုသော်လည်း ကြံ့ခိုင်ရေး ယူနီဖောင်း
ဝတ်ဆင်ထားသူ ကိုစိုးလင်း (ဘ)ဥိးစံထွန်း ဆိုင်ကယ်အမှတ် ၄ယ/၆၅၅၈၇ သည် မဲရုံအနီးတွင်
 ဆိုင်ကယ်ဖြင့် လှည့်ပတ်စီးနင်းနေကြောင်း၊ ဟန့်တားသူ မရှိကြောင်းသိရှိရပါသည်။

---နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်တွင် မဲရုံသုံးရုံသည် ယနေ့နံနက် ၉ နာရီခန့်တွင် ပိတ်သိမ်းသွားခဲ့ရာ
အင်န်အယ်လ်ဒီက ၁၆ဝမဲ၊ ပြည်ခိုင်ဖြိုးက ၃၃၉ မဲ၊ တစည ၁၅မဲ၊ ပယ်မဲ ၂၇ မဲ ရလဒ်ရခဲ့သည်ဟုသိရသည်။
 အောင်သပြေ၊ လစခ(၈) နှင့် လစခ(၂)မဲရုံများမှ ဖြစ်သည်။

---မိတ္ထီလာမြို့နယ် ရတနာ့မာန်အောင်ရပ်ကွက် အမှတ် (၈) မဲရုံ မှ မဲရလဒ်
ဧပြီ ၁ ၊ ၂၀၁၂ ခုနှစ် မွန်းလွဲ ၁ ခွဲ ရတနာ့မာန်အောင် အမှတ် ၈ မဲရုံ မဲပေးသူအားလုံးပြီးစီး၍ ရေတွက်ရာ ကြံ့ခိုင်ရေးမှ
 ဦးလှမြင့် ၃၂၀ နှင့် ကြိုတင် ၈ မဲ စုစုပေါင်း ၃၂၈ မဲ၊ ဒီချုပ် ဦးဝင်းထိန် ၂၄ မဲ၊ တသီးပုဂ္ဂလ ဒေါ်မြင့်မြင့်အေး ၄ မဲနှင့်
 ပယ်မဲ ၂ မဲဖြစ်သည်ဟု မိတ္ထီလာ YPI သတင်းထောက်မှ သတင်းပေးပို့သည်။

---ထန်းတပင်မြို့နယ် နတ်ရွာ၌ မဲပေးခွင့်ရှိသူ ၂၄၇၀ ဦးရှိသည့် အနက် ၃၀၀ ဦးခန့်မှာ မဲစာရင်းတွင်
 အမည်စာရင်း မပါဝင်သည့်အတွက် မဲပေးခွင့် မရရှိခဲ့ကြောင်း၊ မဲပေးရမည့် စာရင်းတွင် အသက် ၃နှစ်ရွယ်ရှိ
ကလေးငယ်များ ပါဝင်နေသည့်အပြင် လွန်ခဲ့သော ၈နှစ်နှင့် ၁၅နှစ်အကြား သေဆုံးပြီးသူများ ပါဝင်နေခဲ့ကြောင်း
 သိရသည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ်က မဲပေးခဲ့သူအချို့လည်း ယခုမဲစာရင်းတွင် ပါဝင်လာခြင်း မရှိကြောင်း သိရသည်။

---နေပြည်တော်၊ ပုဗ္ဗသီရိမြို့
မကွေးမြို့ မကြီးကန်ကျေးရွာ အုပ်စုအတွင်းရှိ ပုထိုးစမ်းကျေးရွာတွင် မဲပေးခွင့်ရသည့် လူဦးရေ ၃၃၇ ဦးရှိပြီး၊
 NLD ပါတီမှ အနိုင်ရရှိသွားကြောင်း သိရသည်။ NLD ပါတီမှာမဲအရေတွက် ၂၅၀ ကျော်၊ ပြည်ခိုင်ဖြိုးမှ ၈၀ ကျော်၊
တစညမှ ၂ မဲနှင့် NDFမှ ၁ မဲ အသီးသီးရရှိထားကြောင်း မကွေးမြို့ NLD အောင်နိုင်ရေးတာဝန်ခံ
 ဦးဉာဏ်စိန်က အတည်ပြုပြောကြားသည်

နွာထိုးကြီးမြို့နယ် လုံတောကျေရွာတွင် မဲပေးခွင့်ရှိသူ ၃၀၀ နီပါးရှိ၊ နံနက် ၆နာရီမှာ NLD မှ
 မဲရုံကိုယ်စားလှယ်ကို ၀င်ခွင့်မပြုခြင်းဖြစ်ပွားခဲ့၊ ၆နာရီ ခွဲခန့်တွင် ၀င်ခွင့်ရပြီး မဲပုံးစစ်သည့်အခါ
 မဲ ၂၀ခန့် ထည့်ထားပြီးကြောင်း တွေ့ရှိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်စာတင်ထားသည်။

မဲပုံးထဲ ကြိုတင်ရောက်ရှိနေသော မဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မဲနံပတ် ၃၈၈၆ ဦးသန်းလှ
မဲနံပတ် ၃၈၈၇ ဒေါ်စောတင့်
မဲနံပတ် ၃၈၉၁ မစုစုဝင်း
မဲနံပတ် ၃၈၇၃ မစမ်းတင့်
မဲနံပတ် ၃၈၇၅ မောင်သန်းဇော်လင်း
မဲနံပတ် ၃၇၀၀ ဒေါ်သန်း
မဲနံပတ် ၃၇၀၁ မမုန်းခင်
မဲနံပတ် ၃၇၇၄ မခင်နှင်းဝေ
မဲနံပတ် ၃၇၃၆ မစန္ဒာဦး
မဲနံပတ် ၃၇၃၄ မမျိုးကြီး
မဲနံပတ် ၃၇၃၃ ဦးမန်းတင်
မဲနံပတ် ၃၇၈၉ မောင်ခိုင်ဦး
မဲနံပတ် ၃၇၈၈ ဒေါ်ခင်ရီ
မဲနံပတ် ၃၇၉၀ မောင်ခိုင်ဇာ
မဲနံပတ် ၃၇၇၀ ဒေါ်ဌေးရီ
မဲနံပတ် ၃၇၇၁ ဒေါ်ဌေးကြည်
မဲနံပတ် ၃၇၇၂ မစံ
မဲနံပတ် ၃၇၃၂ ဒေါ်ဝိုင်ကီ
မဲနံပတ် ၃၇၃၅ မောင်ကိုကိုချစ်ဦး
မဲနံပတ် ၃၉၀၈ ဦးမျိုးထွန်းနိုင်
မဲပေးနိုင်သူဦးရေ ၈၈ ဦးသာရှိသည့် ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက် မဲရုံအမှတ် ၃ (GTI) တွင် မဲပေးသူ
၈၈ ဦးစလုံးမဲပေးပြီး ဖြစ်သည့်အတွက် မဲရုံပိတ်ပြီး မဲများရေတွက်ရာတွင် အင်န်အယ်လ်ဒီပါတီက ၅၃ မဲ၊ ပြည်ခိုင်ဖြိုးပါတီက
 ၃၅ မဲရှိခဲ့သည်ဟု သတင်းရရှိသည်။

ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု ပေါင်းကူစွန်းကျေးရွာ မဲရုံအမှတ်(၁၂) တွင် ဆန္ဒမဲပေးသူ ၁၁၃ ဦးမှ ၊ NLD က ၉၀မဲ၊
 ပြည်ခိုင်ဖြိုးက ၁၆မဲ၊ ပယ်မဲ ၇ မဲတို့ဖြင့် မဲရေတွက်ပြီးစီးသွားပြီး မဲအပြတ်အသတ်နှင့် NLD ပါတီအနိုင်ရသွားကြောင်း
7 Day News သတင်းထောက်က သတင်းပေးပို့သည်။ 
Posted: 01 Apr 2012 12:26 AM PDT
ကျွန်းစုမြို့နယ် မဲဆန္ဒနယ် အတွင်းရှိ မြန်မာ တာဆာကီ၊ ရေကန်တောင် ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က
 ၁၂၁ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၄ မဲ၊ ပသျူးချောင်း ကျေးရွာ၊ ကံမော် ကျေးရွာအုပ်စုတွင်
 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၇၇ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၃ မဲနှင့် ပယ်မဲ ၅ မဲ
အသီးသီး ရလဒ်ထွက်ပေါ်ခဲ့ပြီး မနွဲ့ကျေးရွာ ရေမျက်ကြီး ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က
 ၇၀ ရာခိုင်နှုန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၀ရာခိုင်နှုန်းဖြင့် အမျိုးသား ဒီမိုကရေစီ
 အဖွဲ့ချုပ်က အနိုင်ရရှိကြောင်း ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သော သတင်းများအရ သိရသည်။
Posted: 31 Mar 2012 11:50 PM PDT
နေပြည်တော် တိုင်းဒေသကြီး ဥတ္တရသီရိမြို့နယ်မှာ ဆန္ဒမဲပေးပြီးတဲ့ နေရာ
၂ခုအနက် ငလိုက်ချောင်းအထက် အောင်သပြေ ကျေးရွာမှာ မဲဆန္ဒရှင်အားလုံး မဲပေးပြိးလို့ မဲရုံပိတ်ပြီးတဲ့ အချိန်အထိ
 လာရောက် မဲပေးသူ ၂၁၅ဦးအနက် အဖွဲ့ချုပ်မှ ဦးမင်းသူမှ ၁၅၈မဲ အနိုင်ရရှိခဲ့သည်။

နေပြည်တော်တိုင်းဒေသကြီး၊ ဥတ္တရသီရိမြို့နယ် မင်းကုန်ကျေးရွာ မဲရုံအမှတ်၇/၁၉ တွင် လေကြောင်းရန် ကာကွယ်ရေးတပ်
 ၁၀၁၆ တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂၀၀ကျော်အနက် ကြံ့ဖွံ့ပါတီက ၁၉၇မဲရရှိပြီး နံနက် ၁၁ အချိန်က မဲရုံပိတ်သွားကြောင်း
 သိရသည်။ ထိုမဲရုံတွင် မဲရုံမှူးမှာ တပ်ရင်းမှူး ဇော်မင်းသိန်း ဦးစီးသောကြောင့် ၎င်းမဲရုံကော်မရှင်က ဘာမှမလုပ်ပေးနို
င်ကြောင်း သိရှိရသည်။ အနီးကပ် စောင့်ကြည့်ဖို့လည်း အခြေအနေ မပေးခဲ့ကြောင်း သိရသည်..။
လေကြောင်းရန် ကာကွယ်ရေးတပ်၁၀၁၆ရဲ့ မဲရုံဟာ တပ်ထဲမှာမဲရုံဖွင့်ထားတာ ဖြစ်ပြီး ဂိုဒေါင်လို ဟာမျိုးထဲမှာပါ။
 တပ်ရင်းမှူးက ကြံ့ဖွံ့ကိုပေးခိုင်းတယ်လို့ သိရှိရပါတယ်..။ မဲတွေပေါ်မှာ 
အမှန်ခြစ်ထားတာက တဦးထည်းက ခြစ်ထားသလိုမျိုး ဖြစ်နေကြောင်း သိရှိရပါသည်..။

ဒီမိုဝေယံနဲ့ ကောင်းစုလင်း ဆက်သွယ်မေးမြန်း ထားတာပါ..။

ဆက်လက် မေးမြန်းစုံစမ်းနေပါသည်..။ ဒါကတပ်နယ်မြေနဲ့ ပြည်သူတွေ နယ်မြေ ယှဉ်ပြတာပါ..။ နေပြည်တော်မှာ
 ၄ဦးလုံး အခြေအနေကောင်းတယ် လို့လည်း သိရှိရပြီး ယနေ့မြန်မာမှ ဆက်သွယ် မေးမြန်းချက်ကို မကြာမှီတင်ပေးပါမယ်.။

Posted: 31 Mar 2012 09:49 PM PDT
ယနေ့ နံနက်ပိုင်း ကော့မှူးမဲဆန္ဒနယ်မှ မဲရုံတရုံ မြင်ကွင်း (Getty Images)
မြန်အောင်သတင်း ဧရာဝတီတိုင် မြန်အောင်မြို့မှာ မဲစာရင်းထပ်မှုများနဲ့ မဲစာရင်းပျောက်ဆုံး မှုများ ရှိနေကြောင်းသိရှိရပါတယ်..။

မြိတ်ခရိုင် (ကျွန်းစုမြို့နယ်) (ပထက်ကမ်းရွာ ပြည်သူများ)အား မောင်လှသန်း(လုပ်ငန်းရှင်)မှ
 .ခြင်္သေ့အား မဲမပေးရင်ကျွန်းက မောင်းထုတ်မယ်ဟု ခြိမ်းခြောက် ပြောဆိုနေကြောင်း ပေးပို့လာပါတယ်..။
 ပထက်ကမ်းဟာ၊ လုပ်ငန်းရှင် မောင်လှသန်းနဲ့ ကြံ့ဖွံ့အမတ် ကျားမောင်ပိုင်တဲ့ အအေးခန်းစက်ရုံတွေနဲ့
 လှေထောက်ကျင်းတွေမှာ လုပ်ကိုင်နေကြရတဲ့ အလုပ်သမားတွေနဲ့ မိသားစုတွေဟာ သူတို့ကို မှီခိုနေရတဲ့အတွက်
ယခုကဲ့သို့ ကျွန်းမှ မောင်းထုတ်မည်ဟု ပြောဆိုခြင်း ဖြစ်ကြောင်းသိရှိရပါသည်..။

ဒေါ်အောင်ဆန်းစုကြည်လာရောက်စဉ်က ရှပ်ပြေးယာဉ်ငှားခွင့်
ပိတ်ပင်တာလည်း ၎င်းတို့(၂)ဦးဖြစ်ကြောင်း ရေးသားပေးပို့လာပါတယ်..
Posted: 31 Mar 2012 08:40 PM PDT
ယနေ့ မနက်(၆)နာရီက မရမ်းကုန်းမြို့နယ်(မဲရုံ ၂)တွင် အဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်အား
 မဲပေးခဲ့တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီးမရွှေဇီးကွက်(ခ)
မမြင့်မြင့်ခင်ဖေတို့အား ယနေ့နံနက်ပိုင်းက တွေ့ရစဉ်...
Posted: 31 Mar 2012 07:16 PM PDT
(အထူးသတင်း) အဖွဲ့ချုပ် ခွပ်ဒေါင်း အမှတ်အသားနေရာမှာ ဖယောင်းသုတ်ထားမှုများ
 တပြည်လုံး အတိုင်းအတာမှာ ဖြစ်ပေါ်နေကြောင်း ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်း
 မှပြောဆိုသွားပြီး မကြာခင် ရွေးကောက်ပွဲ ကော်မရှင်အား ဖက်စ်ဖြင့်ပေးပို့ကာ အများသိရှိနိုင်ရန်
 ကြေငြာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောဆိုသွားပါတယ်..။
Posted: 31 Mar 2012 06:49 PM PDT
မင်္ဂလာတောင်ညွန့်မြို့နယ် မဲရုံတခုမြင်ကွင်း.. ဓာတ်ပုံ(AP)
ဆန္ဒမဲလက်မှတ်တွေမှာ ရွေးကောက်ပွဲ ကော်မရှင် တံဆိပ်အမှတ်အသားများ မပါဝင်တဲ့ြ
ဖစ်ရပ်များ ရန်ကုန်နဲ့ နေရာအနှံအပြားမှာ ဖြစ်ပေါ်နေကြောင်း အဖွဲ့ချုပ်ရွေးကောက်ပွဲ
 အောင်နိုင်ရေး မန်နေဂျာဦးဥာဏ်ဝင်းက ပြောဆိုပါတယ်..။ တချို့နေရာတွေမှာတော့ မြို့နယ်ကော်မရှင်မှ တံဆိပ်မပါလည်း
 ပယ်မဲ မဖြစ်ပဲ ဆက်လက်အတည် ပြုပေးမယ်လို့ ကတိပြုပြီး အချို့မြို့နယ်တွေမှာတော့ မည်သို့မျှ တုန့်ပြန် ပြောဆိုခြင်း
 မရှိလို့လည်း ဆိုပါတယ်..။ 

အဓိကချို့ယွင်းချက်ကတော့ ရွေးကောက်ပွဲကော်မရှင်မှာ လူအင်အားမရှိ၊ ပစ္စည်းမရှိ
 ဖြစ်နေတာဟာ အဓိက ပြသနာတခု ဖြစ်နေကြောင်း ပြောဆိုပါတယ်..။ နောက်ပြဿနာ တခုကတော့ မဲရုံတချို့မှာ
 မဲပေးပိုင်ခွင့် ရှိသူ စာရင်းကပ်ထားခြင်း မရှိကြောင်း သိရှိရပြီး သာဓက တခုအနေနဲ့ ယနေ့မနက်ပိုင်းက
 မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလ မဲရုံအမှတ်(၃)မှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းကပ်ထားခြင်း
 မရှိတဲ့အတွက် တိုင်ကြားလာကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုသွားပါသည်..။ နီုင်ငံခြားသတင်းထောက်
 များအား မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ် အတွင်းပိုင်းအထိ ဝင်ရောက် မှတ်တမ်း သတင်းယူခွင့်ပေးကြောင်း
သိရှိရပါသည်..။

ဒီမိုဝေယံမှ ဆက်သွယ် မေးမြန်းချက် သတင်းများအား အချိန်နဲ့ တပြေးညီ ထပ်မံ တင်ဆက်ပေးပါမယ်..။
Posted: 31 Mar 2012 05:16 PM PDT
 ယနေ့မနက် (၆)နာရီကတည်းက ပြည်သူတွေ ဇွဲကောင်းကောင်းနဲ့ မဲပေးနေတဲ့ မင်္ဂလာတောင်ညွန့် မြို့နယ် မဲရုံ မြင်ကွင်း.
. (AP)
စစ်ကိုင်းကန့်ဘလူနဲ့ ပဲခူးတိုင်း ဇီးကုန်းမဲဆန္ဒနယ်တွေမှာ ဆန္ဒမဲလက်မှတ်များ၌ ကော်မရှင် တံဆိပ်တုံးများ
 မပါတာကို သိရှိရတဲ့အတွက် ကိုယ်စားလှယ်များမှ ကန့်ကွက်တဲ့
အတွက်ကြောင့် မဲပေးမှု ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်..။ မြို့နယ်ကော်မရှင်သို့ ဆက်လက်တိုင်ကြားရာမှ
 မြို့နယ်ကော်မရှင်မှ ဒီအတိုင်း ဆက်သွားပါ မဲလက်မှတ်များအား အတည်ပြုပေးပါမယ်လို့ ကတိပြုတဲ့အတွက်
 ဆက်လက် မဲပေးမှု ပြန်လည်စတင်နေကြောင်း ဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။ ဇီးကုန်းမြို့မှာ
မနက်(၆)နာရီကတည်းက မဲပေးရန် ပြည်သူများ ရာနဲ့ချီစောင့်ဆိုင်းနေကြကြောင်း သိရှိရပါတယ်..။
(ရန်ကုန် မနက် ၇နာရီသတင်း)Update သတင်းများ ဒီမိုဝေယံမှ အတတ်နိုင်ဆုံး ကြိုးစားဖော်ပြသွားပါမယ်..။


အဖွဲ့ချုပ်ဗဟိုအောင်နိုင်ရေး မန်နေဂျာ ရှေ့နေကြီး
ဦးဥာဏ်ဝင်းနဲ့အဖွဲ့ မနက်(၆)နာရီ ကျော်ကတည်းက ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးကို ရောက်ရှိနေပါပြီ..။ မနေ့က
 ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့အား နှောင့်ယှက်မည်ဟု သတင်းများ
 ထွက်ပေါ်ခဲ့ပါတယ်...။ မနေ့ညကတော့ လူထုခေါင်းဆောင်ေ
ဒ်ါအောင်ဆန်းစုကြည်နှင့် အဆင်ပြေချောမွေ့စွာ ရောက်ရှိကြောင်း ပြောဆိုပါတယ်...။
သတင်းများထပ်မံ ဆက်သွယ် ဖော်ပြပေးပါမယ်..။

စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် ကလော မဲဆန္ဒနယ် ၂နေရာမှာ မဲရုံးမှူး လက်မှတ်ပါပြီး ရွေးကောက်ပွဲ
 ကော်မရှင်မှ အတည်ပြုထားသော တံဆိပ်တုံး လက်မှတ် မပါရှိသော မဲလက်မှတ် အတုဟု ယူဆရတဲ့
 မဲလက်မှတ်များ ပါဝင်လာတဲ့အတွက် သက်ဆိုင်ရာနယ်မြေမှ ကော်မရှင်သို့ တိုင်တန်း အကြောင်းထားကြောင်း
 ရှေ့နေကြီး ဦးဥာဏ်ဝင်းမှ ယနေ့ရောက်ရှိလာတဲ့ သတင်းအား ပြောဆိုပါတယ်။ နိုင်ငံခြား သတင်းထောက်
 အချို့ အဖွဲ့ချုပ်ရုံးသို့ ရောက်ရှိနေပါပြီ။ (ရန်ကုန် မနက် ၆နာရီခွဲ)
Posted: 31 Mar 2012 11:41 AM PDT

ပြည်သူကို ဘယ်လိုမြင်ပါသလဲ
(ကဗျာရှင် နေရဲနီ)

ဖန်ခွက်၂လုံးရှေ့မှာ ချထားသောကြောင့်
ကျွန်တော်တို့ သည်
အသောက်သမားများဖြစ်ကြသည်
ဝါကြန့်ကြန့်အရည်များသည်ကား
နေရာဒေသနှင့် ရာသီဥတု အနေအထားကိုကြည့်၍
ယမကာဟုဆိုအပ်သော
သူရာရည်မှလွဲ၍ တခြားမဖြစ်နိုင်။

တစ်ယောက်သောသူက
အက်ျီနှစ်ထပ် ရင်ဘက်ဟဗြဲ
အနီတထပ်အဖြူတစ်ထပ်
ဆန့်ကျင်ဘက်ဖြစ်သောကြောင့်
အမြင်မှာထင်ပေါ်သော်လည်း
ကြည့်ရသည်မှာ မတင့်တယ်လှ။

တစ်ယောက်သောသူကား
ကုလားထိုင်ကိုမှီထားသောကြောင့်
ဆူဖြိုးသောဝမ်းဗိုက်က
ရှေ့သို့ငေါထွက်နေပေရာ
ဝအစ်သောမျက်နှာနှင့်အင်မတန်မှလိုက်ဖက်လှ၏။

ခမ်းနားထည်ဝါခြင်းမရှိသော်လည်း
စားပွဲနှင့်ကုထားထိုင်တို့၏အနေအထားက
သပ်ရပ်မှုမရှိသည်ကိုတော့ငြင်းပယ်၍မရနိုင်
တစ်ယောက်နှင့်တစ်ယောက်မျက်နှာလွှဲထားကြသော်လည်း
ကြည်လင်ရွှင်ပျမှုကားမရှိကြ။
အဆီပြန်နေသော မျက်နှာများမှ
ဦးတည်ချက်မဲ့နေသော ဝေခွဲမရသည့်အကြည့်များသည်ကား
စာဖတ်သူအား မေးခွန်းပေါင်းများစွာကို
ပြန်မေးသကဲ့သို့ရှိချေ၏။
စိတ်ကိုဒွိဟပွားစေ၏။

မေးသောသူကား
ဘယ်လိုလုပ်ကြမှာလဲဟူသော
စိတ်ပျက်အားငယ်စွာ
ဝေခွဲမရသောအနေအထားတွင်ရှိပြီး။

ဖြေသောသူကား
တင်းမာခက်ထန်သော မျက်နှာထား၏နောက်ကွယ်မှ
စိတ်၏အတွေး အကြံပေါင်းများစွာကို
ထွင်းဖောက်၍ မြင်နေရသကဲ့သို့ ရှိချေ၏

ဖတ်ခဲ့ဘူးလေသော အင်တာဗျူးပေါင်းများစွာတွင်
စာဖတ်ပရိတ်သတ် ဖြစ်သောပြည်သူအား
ဤကဲ့သို့မထေမဲ့မြင်ပြုသော အနေအထားမျိုး
တစ်ခါမှမတွေ့ဘူးခဲ့။

မည်သို့ပင်ဆိုစေကာမူ ဟုဆိုအပ်သော
ချုံ့၍ချဲ့၍ရနိုင်သော တရားသူကြီး၏
လက်သုံးစကားနှင့်ဆိုရချေသော်...

အနှီဝန်မင်းဟောင်းနှင့်အယ်ချုပ်ကြီးတို့ခင်ဗျား
ခင်ဗျားတို့လည်းပြည်သူ
ကျုပ်တို့လည်းပြည်သူ
ဆင်းရဲသားလည်းပြည်သူ
သမ္မတကြီးလည်းပြည်သူ
သူတောင်းစားလည်းပြည်သူ
သူဌေးကြီးလည်းပြည်သူ
အားလုံးဟာ အတူတူနဲ့ အနူနူ
ပြည်သူတွေချည်းပါဘဲ
ဒါကြောင့်မို့
စာဖတ်ပရိတ်သတ်ဖြစ်သော
ပြည်သူအား
ဘယ်လိုမြင်ပါသလဲခင်ဗျား။
ဘယ်လိုထင်ပါသလဲခင်ဗျား။

နေရဲနီ
Posted: 31 Mar 2012 10:18 AM PDT
သုံးခွမဲဆွယ် စည်းရုံးရေးခရီးစဉ်မှာ တွေ့ရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် 
သုံးခွမြို့နယ် အဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်စုစုလွင် (ဓာတ်ပုံ ဒီမိုကောင်းကင်)
 သုံးခွမြို့နယ်ရဲ့ ကြိုတင်မဲမှာ အဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်စုစုလွင် အနိုင်ရနေကြောင်းသိရ..
(သတင်း မြစ်မခ)

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် ကြိုတင်မဲတွင် NLD ကိုယ်စားလှယ် ဒေါ်စုစုလွင် (ကွယ်လွန်သူ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် အတွင်းရေမှူးဦးလွင်၏ သမီးဖြစ်သူ)မှ အနိုင်ရရှိသွားကြောင်း သုံးခွမြို့သို့ ရောက်ရှိနေသော
 မြစ်မခ သတင်းထောက် ထွန်းနေအောင်မှ သတင်းပေးပို့သည်။ ကြိုတင်မဲပေါင်း ၂ထောင် မကျော်ဘူး၊ အဲဒီထဲမှာ
 ဒေါ်စုစုလွင်က ၁၆၅၀နဲ့ အနိုင်ရနေတယ်`ကြောင်း မြစ်မခ သတင်းထောက်က သတင်းပေးပို့သည်။
Posted: 31 Mar 2012 09:03 AM PDT
ဓာတ်ပုံများ Reuters
နားနှင့် နည်းပညာတက္ကသိုလ်ကျောင်းသားများအား ပါမောက္ခချုပ် ဒေါက်တာစံလင်းမှ ခေါ်ယူစစ်ဆေး ဖိအားပေးနေခြင်း
Posted: 31 Mar 2012 07:50 AM PDT
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့(ဟင်္သာတခရိုင်)အား ၂၀၁၂ခုနှစ် မတ်လ ၂၉ ရက်နေ့ ညနေ
၆နာရီတွင် ဖွဲ့စည်းခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကို၊ ဒုတိယဥက္ကဋ္ဌကိုလင်းထက်နိုင်၊ အတွင်းရေးမှူး
 မဖြိုးဖြိုးအောင်၊ တွဲဖက်အတွင်းရေးမှူး ကိုအောင်အောင်ကျော် တို့ပါဝင်တဲ့အဖွဲ့တက်ရောက်ခဲ့ပါတယ်။
 အခမ်းအနားကို တက္ကသိုလ်အသီးသီးမှ ကျောင်းသား/ကျောင်းသူ ၅၀ ကျော်ခန့် တက်ရောက်ခဲ့ပါတယ်။
ဟင်္သာတခရိုင် ဗကသ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့အား ရွေးချယ်တင်မြှောက်ပြီး အသီးသီးအမှာစကားများ
 ပြောကြားခဲ့ပါတယ်။ အခမ်းအနားအား သွေးသစ္စာသီချင်းအား စုပေါင်းသီဆိုပြီး ပြီးဆုံးခဲ့ပါတယ်။
 အဆိုပါ အခမ်းအနားသို့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ လာရောက် သတင်းယူကြပါတယ်။

ယနေ့ ၃၁-၃-၂၀၁၂ နေ့တွင် ဟင်္သာတတက္ကသိုလ် တွင် တက်ရောက်ပညာသင်ကြားနေ့

သည့် ဗကသအဖွဲ့ဝင် ကျောင်းသား/ကျောင်းသူများကို ၃၀ ရက်နေ့တွင် ဟင်္သာတသို့ရောက်ရှိလာသည့် ဒုတိယ
ညွှန်ကြားရေးမှူး ဦးမျိုးသိန်းကြည်နှင့် အဖွဲ့မှ တစ်ဦးချင်းခေါ်ယူကာ ကျောင်းသားများအနေဖြင့် တရားမ၀င်ဖွဲ
စည်းထားသော အသင်းအဖွဲ့သို့ မ၀င်ရောက်သင့်ကြောင်း ပညာရေးကို ထိခိုက်နိုင်သည်ကို သိသင့်ကြောင်း
 တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်ပြီး ခြိမ်းခြောက်သတိပေးမှုများ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဟင်္သာတတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ စံလင်းမှာလည်း
လူမှုရေးအသင်းအဖွဲ့ တစ်ခုဖြစ်သည့် ရွှေမင်းသားဖောင်ဒေးရှင်း ဖွင့်ပွဲတွင်လည်း NLD ပါတီဝင်
တစ်ချို့အားတွေ့ရှိသဖြင့် ဖွင့်လှစ်မပေးပဲ ထွက်ပြေးခဲ့ဘူးပါတယ်။
ဟင်္သာတမှ သတင်း၊ ဓာတ်ပုံ ပေးပို့လာသူအား ကျေးဇူးတင်ပါသည်..။ အောက်မှာတော့
 ABSFU ဟသာင်္တရဲ့ (Facebook)ကြေငြာချက် သတင်းကို ဖတ်ရှုနိုင်ပါတယ်..။
 ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစံလင်း၊
ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစံလင်း၊ (အ.ဆ.ည)မှ ဒု ညွှန်ကြားရေးမှူးချုပ်
 ဒေါက်တာမျိုးသိမ်းကြီး ၊ ဦးကျော်ဝင်းအောင် နှင့် အဖွဲ့သည် ဗ.က.သ အဖွဲ့ချုပ်(ဟင်္သာတခရိုင်)
အဖွဲ့ဝင် ဟင်္သာတ တက္ကသိုလ် ကျောင်းသားကျောင်းသူများအား မိဘများနှင့်တကွ ခေါ်ယူစစ်ဆေးပြီး ဖိအားပေးခဲ့ကြသည်။

ဗ.က.သ အဖွဲ့ချုပ်(ဟင်္သာတခရိုင်)ဥက္ကဌ နည်းပညာတက္ကသိုလ်ကျောင်းသား ကိုသန့်ဇင်ဦး ၀င်ရောက်တွေ့ဆုံရန်
 သွားခဲ့သော်လည်း ပါမောက္ခချုပ် ဒေါက်တာစံလင်းမှ "ငါတို့ကျောင်းသား ငါတို့ခေါ်စစ်တာ
မင်းတို့နဲ့မဆိုင်ဘူး၊ ခုလောလောဆယ် ပြန်သွားပေးပါ" ဟုပြောခဲ့ပါသည်။နောက်ထပ် ဆက်သွယ်ခဲ့သော်လည်း
 ထပ်ပြီးတော့ မဆက်သွယ်ပါနဲ့တော့ ဟု ပြောပြီး ဖုန်းချသွားကာ နောက်ထပ် ဆက်သွယ်၍ မရတော့ပါ။

"သူငယ်ချင်းခေါ်၍ အဖွဲ့ဝင်တာပါ"ဟုဖြေသော ကျောင်းသူလေးတစ်ဦးအား "သူငယ်ချင်းခေါ်တိုင်း
 လိုက်မယ်ဆိုရင် မကောင်းသော နေရာအားခေါ်ရင် လိုက်မလား "ဟု အ.ဆ.ည မှ မေးမြန်းသူ တစ်ဦးက
 မိန်းကလေး အရှက်သိက္ခာ ကို ထိပါးစေသော စကားလုံး အား သုံးနှုန်းပြောဆိုခဲ့သည်။ ၃၁.၃.၂၀၁၂

ဖြည့် စွက်ချက်။

(အော် တော်တော်လည်းယဉ်ကျေးတဲ့ တက္ကသိုလ်ပါမောက္ခချုပ်ပါလား။ ကိုယ်ဘယ်နေရာရောက်နေတယ်ဆို
တာလည်းပြန်ကြည့် ပါအုံး။ ဒီလိုအပြောအဆိုမျိုးကိုအတုမယူကြပါနဲ့ လို့ မြန်မာပြည်ကကျောင်းသူ ကျောင်း
သားများကို တောင်းပန်ချင်ပါတယ်)

အောက်တိုဘာမိုး
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment