Saturday 7 April 2012




Posted: 06 Apr 2012 12:42 PM PDT
မဲပြားများပေါ်တွင် ဖယောင်းသုတ်သည့်ကိစ္စ မော်လမြိုင် ရွေးကောက်ပွဲ ကော်မရှင်စုံစမ်းမည်..
ဧပြီလ(၅)ရက်နေ့က မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ မော်လမြိုင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စား
လှယ် အဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်ခင်ဌေးကြွယ်သို့ အကြောင်းကြားစာ ပေးပို့ လာပါတယ်..။ စာပါအကြောင်း
အရ မဲပြားများပေါ်တွင် ဖယောင်းသုတ်သည့်ကိစ္စ ကော်မရှင်တခု ပြုလုပ်၍ စုံစမ်းမည်ဖြစ်ပြီး
လိုအပ်ပါက ပူးပေါင်းဆောင်ရွက်ပေးရန် ဖြစ်ပါတယ်။ မော်လမြိုင်အဖွဲ့ချုပ်မှလည်း မော်လမြိုင် (၆) နယ်မြေမှ ဖယောင်းသုတ်
သည့် အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ မဲပေးမရသည့် မဲပြားကိုလည်း ပြန်လဲလှယ်ခွင့်မရ
အခုလို တိုင်ကြားခြင်းဖြစ်ပါတယ်။ ယခုကဲ့သို့ ပြန်စုံစမ်း စစ်ဆေးပေးမယ် ဆိုရင်တော့ ပယ်မဲပြား
 များကိုအဓိက စစ်ဆေးပေးမယ်လို့ ထင်မြင်မိပါတယ်။
ဧပြီလ(၅)ရက်နေ့က မော်လမြိုင် လှိုင်နယ်မြေ ရွေးကောက်ပွဲ အောင်မြင်ပွဲအလှူ..
ဧပြီလ(၅)ရက်နေ့က မော်လမြိုင် လှိုင်နယ်မြေ အဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေးမှ ရွေးကောက်ပွဲ အောင်မြင်ပွဲ အထိမ်းအမှတ် အလှူအား ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံများအား ပဲကုလား ဟင်းနဲ့ ငါးခြောက်ကြော်ဖြင့် အလှူဒါနပြုခဲ့ကြောင်း သိရှိရပါတယ်..။

မော်လမြိုင်မဲစာရင်း
မဲပေးနိုင်သူပေါင်း-၁၅၈၃၂၁
မဲလာရောက်ပေးသူပေါင်း-
ပယ်မဲ-
ခိုင်လုံသောမဲ-၉၈၀၃၄
မေမေစု ခွပ်ဒေါင်း(NLD) -၇၁၄၈၀
ကြံ့ဖွံ့-၁၉၆၄၈
တစည-၄၈၂၄
မွန်-၂၀၈၂

သတင်း၊ ဓာတ်ပုံ မော်လမြိုင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)
Posted: 06 Apr 2012 11:43 AM PDT
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)ရုပ်သံမှ ဆွံအ၊ နားမကြားသူများအတွက် လက်သင်္ကေတနဲ့ သတင်းကြေငြာနေစဉ်..

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)ရုပ်သံမှ ဆွံအ၊ နားမကြားသူများအတွက် လက်သင်္ကေတနဲ့ သတင်းကြေငြာချက်ကို
ယခုအခါ စတင်ထုတ်လွှင့် နေပြီဖြစ်ပါတယ်..။ နိုင်ငံတကာ သတင်း ရုပ်သံလိုင်းများမှာတော့ ဆွံ့အ၊ နားမကြားသူများ
အတွက် လက်သင်္ကေတနဲ့ သတင်းထုတ်ပြန်တဲ့ Channelများ ထားရှိပါတယ်..။

ပြီးခဲ့တဲ့ ဇန္နဝါရီလက မြန်မာနိုင်ငံ မသန်စွမ်းသူများ အရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြဆွေးနွေးပေးရန်
.. စာရေးဆရာ မောင်သော်က (ခ) ဗိုလ်မှူးဘသော်၏ မြေးဖြစ်သူမှ ဒီချုပ်သို့ အကြံပြုတောင်းဆိုလွှာ ပေးပို့ခဲ့ပါသေးတယ်။

ပြန်ဖတ်မယ်ဆိုရင် http://www.demowaiyan.org/2012/03/blog-post_5708.html

လက်သင်္ကေတနဲ့ ကြေငြာချက်ပါတဲ့ ဖျာပုံမြို့မှ မဲမသမာမှုတွေ ရှိကြောင်းပြောကြားတဲ့ (ဒီဗွီဘီ)ရုပ်သံပါ။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment