ဝန်ကြီးတွေ ၀န်ကြီးချုပ်တွေ နဲ့ နီးစပ်တဲ့ ရွှေဟိန်းထက် ကျောက်မျက်ကုမ္မဏီ လူနေအိမ်.တွေပါသိမ်းဖို့ကြံနေ Posted: 20 Apr 2012 12:06 AM PDT |
ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်မတက်ရန်သေချာသလောက်ရှိ Posted: 19 Apr 2012 11:58 PM PDT ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်များ ဧပြီ ၂၃ ရက်တွင်ကျင်းပမည့် စတုတ္ထပုံမှန်လွှတ်တော်အစည်းအဝေးများသို့ မတက်ရန်ရာခိုင်နှုန်းများနေပြီဖြစ်ကြောင်း အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မီဒီယာများသို့ ယခုနာရီပိုင်းအတွင်းပြောကြားလိုက်သည်။ "ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ပြီးပြတ်အောင် ပြေလည်အောင်ကြိုးစားမယ်။ ဒီနေ့ ၂၀ ရက်ဖြစ်နေတော့ စာအသွားအလာနဲ့တော့မှီနိုင်လောက်တဲ့အနေအထားမတွေ့ဘူး" ဟု ဦးဥဏ်ဝင်းကပြောသည်။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကျမ်းသစ္စာကျိန်ဆိုရာတွင်ပါဝင်သည့် "အခြေခံဥပဒေကို ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်" ဆိုသည့်စကားရပ်အစား"အခြေခံဥပဒေကို လေးစား လိုက်နာပါမည်" ဆိုသည့် စကားရပ်နှင့်ပြင်ဆင်ပေးရန်အဖွဲ့ချုပ်ကတောင်းဆိုထားခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကို နေပြည်တော်ရှိဖွဲ့စည်းပုံဆိုင်ရာအခြေခံဥပဒေခုံရုံးက ပြင်ဆင်ရေးသားပေးရန်မလိုအပ်ကြောင်း အဖွဲ့ချုပ် တာဝန်ရှိသူကိုခေါ်ယူရှင်းပြခဲ့ခြင်းကြောင့်ဖြစ်သည်ဟုဦးဥဏ်ဝင်းကဆိုသည်။ "ဒီကိစ္စနဲ့ပတ်သက်ပြီး ခုံရုံးကကျါန်တော်တို့ကို ကောင်းမွန်စွာဆက်ဆံတယ်။ စိတ်ရှည်လက်ရှည်ရှင်းပြတယ်။ ဒါကိုလက်ခံပါတယ်။ ဒါပေမယ့် သူတို့ရှင်းပြတာတွေကို သဘောမတူတဲ့အချက်တွေရှိပါတယ်" ကိုယ်တိုင် သွားရောက် ခဲ့သည့် ဦးဥဏ်ဝင်းကပြောသည်။ ဧပြီ ၁ ရက်ကကျင်းပခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်နေရာ ၄၅ နေရာအနက် ၄၃ နေရအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 7Day News Journal |
Posted: 19 Apr 2012 09:57 AM PDT An-ahsin gambia to ko nyi nyi lwin 19042012 by dvbradio၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးအခင်းမှာ ဦးဆောင်ခဲ့မှုနဲ့ ထောင်ဒဏ် ၆၃ နှစ် ကျခံခဲ့ရာက မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုညီညီလွင် (အရှင်ဂမ္ဘီရ ဟာ ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်နေ့က လူဝတ်လဲလိုက်ပြီလို့ပြောပါတယ်။ လွတ်လွတ်လပ်လပ်နေချင်လို့ လူဝတ်လဲလိုက်တာဖြစ်ပြီး မိတ္ထီလာမြို့ မိတ္ထီလာစက်မှုဇုန်မှာရှိတဲ့ မိဘတွေရဲ့ နေအိမ်မှာပဲ နေထိုင်တယ်လို့ကိုညီညီလွင်က ပြောပါတယ်။ လူထွက်လိုက်တာဟာ အပြီးထွက်လိုက်တာဖြစ်ပြီး အပြင်မှာ ဘာတွေလုပ်ကိုင်စားသောက်မယ်ဆိုတာတော့ တိတိကျကျ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ ကိုညီညီလွင် ခေါ်အရှင်ဂမ္ဘီရ ဟာ သာသနာဘောင်မှာ ၁၃ ဝါနေထိုင်ခဲ့တယ်လို့ ပြောပါတယ်။ dvb |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment