Posted: 20 Apr 2012 09:46 PM PDT
|
Posted: 20 Apr 2012 11:25 AM PDT
မြန်မာနိုင်ငံရဟန်းတော်များအဖွဲ့ချုပ်မှ ၂၀-၄-၂၀၁၂ နေ့တွင် အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာလိုက်သည်။ ယနေ့အချိန်သည် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီရေးလိုလားကြသူအားလုံးမှ ငြိမ်းချမ်းသောနည်းဖြင့် အသွင်ကူးပြောင်းနိုင်ရေးကိုဦးတည်နေချိန်တွင် ယင်းလုပ်ရပ်များမှာ မလိုလားအပ်သော အခြေအနေများကိုဖန်တီးလိုသူများ၏လုပ်ရပ်ဖြစ်ကြောင်းနှင့် ရဟန်းသံဃာတော်များနှင့်ယင်းလုပ်ရပ်များမှာ လုံးဝ ပတ်သက်မှုမရှိကြောင်းကို သိစေလိုသဖြင့် ထုတ်ပြန် ရခြင်းဖြစ်သည်။ |
Posted: 20 Apr 2012 10:44 AM PDT
မြန်မာနိုင်ငံအနှံ့အပြားတွင့်နေ့အပူချိန်များသိသိသာသာတိုးလာနေသော ကြောင့်မြန်မာနိုင်ငံမြောက်ပိုင်းစွန်း ဒေသ များ မှလွဲပြီးတနို င်ငံလုံးတွင်အပူချိန်ပြင်းထန်စွာခံစားနေကြရပါသည်။
ယနေ့ရန်ကုန်မြို့၏ UV index နေအပူချိန်ပြင်းဆုံးသောအချိန်တွင်(၁၃)အထိပြင်းထန်စွာ မြင့်တက် နေကြောင်းကိုတွေ့ရပါတယ်။ http://www.wunderground.com/cgi-bin/...weekday=Friday UV တန်ဖိုးဆိုသည်မှာနေထဲတွင်ပါလာသောခရမ်းလွန်ရောင်ခြည်ကိုစံနှုန်းတခုအဖြစ် သတ်မှတ်ထားတာကိုဆိုလိုခြင်းဖြစ်ပါတယ်။ နိုင်ငံတကာမှာ(+၁၁)သတ်မှတ်လေ့ရှိပြီးအချို့နိုင်ငံတွေမှာတော့(၁၁)ကျော်သည်အထိပြထား တာ ကို လည်းတွေ့ရပါတယ်။ မည်သို့ပင်ဆိုစေUVတန်ဖိုး(၈-၁၀)ဟာပြင်းထန် တဲ့အခြေအနေကို ရောက်ပြီဖြစ်တဲ့အတွက်နေရောင်ထဲကြာရှည်မ နေသင့်ပါ။ အကယ်၍နေရောင်ထဲသွားမည်ဆိုပါက ထီး၊ဦးထုပ်၊အဖြူရောင်အဝတ်အစားများကိုဝတ်သွားသင့် ပါတယ်။ အခုပုံလေးကတော့UVတန်ဖိုးကိုစံအဖြစ်သတ်မှတ်ထားပုံလေးဖြစ်ပါတယ်။အပေါ်ကဖေါ်ပြထားတဲ့မြေပုံမှာ မြန်မာနိုင်ငံရဲ့အရောင်လေးကို မှတ်ထားပြီးအောက်က ဇယားမှာပါတဲ့အရောင်နဲ့ တိုက်ကြည့်ရင်လည်း သိနိုင်ပါတယ်။ မြေပုံမှာတိုက်ရိုက်အညွန်းကိုလည်းကြည့်နိုင်ပါတယ်။ အောက်ဆုံးမှာအရောင်လေး နဲ့ဖေါ်ပြထားတာ ကိုတွေ့နိုင်မှာဖြစ်ပါတယ်။ အခုပုံလေးကတော့မနက်ဖန်မှာဖြစ်နိုင်မဲ့နေရောင်ခြည်အပြ င်းဆုံးအချိန်မှUV တန်ဖိုးကိုခန့်မှန်းထားတာပါ။ အခုတလောနေပေါက်ကွဲမှုခဏခဏဖြစ်တာကြောင့်မို့လို့လည်းအ ပူချိန်မြင့်တက်နေတာကိုသိသိသာသာ ခံစားနေရတာလည်းပါပါတယ်။ ဘာဘဲဖြစ်ဖြစ်ကျွန်တော်တို့အပူချိန်မြင့်တက်မှုဒါဏ်ကို ကြိုတင်ကာကွယ်ထားသင့်ပါတယ်။ MMCPမှ heronaing အားကျေးဇူးတင်ရှိပါသည်.. |
Posted: 20 Apr 2012 08:27 AM PDT
မဲခေါင်မြစ်ဝှမ်းနိုင်ငံ့ခေါင်းဆောင်များအား ဂျပန်ဘုရင် အာကီဟီတိုက ဘုရင့်နန်းတော်ဝယ် လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံပွဲပြုလုပ်ရာ သမတဦးသိန်းစိန်နှင့်အတူတွေ့ရစဉ် (reuters )
source: Asahi Shimbun | Bloomberg မြန်မာပြည်သည် ဂျပန်ပြည်မှချေးယူထားသော အကြွေးတို့ကို ပြန်ဆပ်ရန်အခက်အခဲရှိနေသဖြင့် ယန်း ၃၀ဝ ဘီလျံကို ဂျပန်က လျှော်ပေးမည်ဟု သိရသည်။ ဧပြီလ ၂၁ ရက်နေ့တွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ်Yoshihiko Noda တို့ တွေ့ဆုံကြသောအခါ သဘောတူညီမှု စာချုပ်ချုပ်ကြလိမ့်မည်ဟု သတင်းများကဆိုသည်။ မြန်မာပြည်သည် ၁၉၆၇ မှ ၁၉၈၇ ခုနှစ်များအတွင်း ဂျပန်နိုင်ငံမှ ယန်း ၄၀၃ ဘီလျံချေးယူထားခဲ့ပြီး အတိုးနှင့်အရင်း စုစုပေါင်း ယန်း ၅၀ဝ ဘီလျံကျော်ခန့် ပြန်ဆပ်ရန်ရှိသည်ဟု သိရသည်။ ပထမအဆင့်အနေဖြင့် ၂၀ဝ၂ ခုနှစ်ကတည်းက ဂျပန်နိုင်ငံသည် မြန်မာပြည်၏အကြွေး ယန်း ၁၂၇.၄ ဘီလျံကို လျှော်ပေးရန် စဉ်းစားခဲ့သော်လည်း စစ်အစိုးရနှင့်အဆင်မပြေသဖြင့် အောင်မြင်မှုမရခဲ့ပေ။ ဒုတိယအဆင့်အနေဖြင့် အတိုးနှင့်ဒဏ်ကြေးများ ယန်း ၁၇၆.၁ ဘီလျံကို လျှော်ပေးရန်ဖြစ်ပြီး ၎င်းးမှာ တစ်နှစ်အတွင်း မြန်မာပြည်၏ ဒီမိုကရေစီဖေါ်ဆောင်မှုတို့ကြောင့် ဖြစ်ကြောင်းသိရသည်။ ထို့နောက် ပေးဆပ်ရန်ကျန်ရှိနေသည့်အကြွေး ယန်း ၁၉၈.၉ ဘီလျံကို ဂျပန်အစိုးရနှင့် ဂျပန်စီးပွားရေးinstitutionတို့မှ အကြွေးသစ်ချေးယူပြီး ပြန်ဆပ်မည်ဖြစ်ကြောင်း သိရသည်။ တိုကျိုမြို့ Sophia တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ Kei Nemoto က အဆင့်နှစ်ခုစုစုပေါင်း ယန်း ၃၀ဝ ဘီလျံမှာ မြန်မာပြည်၏အကြွေး ယန်း ၅၀ဝ ဘီလျံအတွက် ၆၀% ကို လျှော်ပေးခြင်းဖြစ်ကြောင်း သိရပြီး လုပ်အားခနည်းပါးမှု၊ သသဘဝအရင်းအမြစ် ကြွယ်ဝမှု၊ သမိုင်းကြောင်းဆက်စပ်မှုများနှင့် တရုတ်၏လွှမ်းမိုးလာမှုတို့ကြောင့် မြန်မာပြည်သည် ဂျပန်အတွက် အရေးကြီးသော နိုင်ငံတစ်ခုဖြစ်နေသဖြင့် ယခုကဲ့သို့ လျှော်ပေးရန်စဉ်းစားခြင်းဖြစ်ကြောင်း ဆိုသည်။ မောင်သစ်စိမ်း (MMCP) |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment