ဆန္ဒပြမိဘပြည်သူများအား အာဏာပိုင်များမှ စတင်ဖမ်းဆီးရိုက်နှက်(ဓာတ်ပုံ)
Posted: 24 May 2012 09:22 AM PDT
![]() ![]() ![]() ဖမ်းဆီးထားသူ ၆ ဦးအား ပြည်သူ လူထုရဲ့ အိမ်မပြန်လူစုမခွဲဘဲ ပြည်ထောင်အရှေ့မှာ ထပ်မံတောင်းဆိုဆန္ဒပြမှုကြောင့် အာမခံဖြင့်လွှတ်ပေးလိုက်လေပြီ။ ဓာတ်ပုံ..flygon thapyay ပြည်မြို့မှာ ဒီကနေ့မနက်ပိုင်းက သုံးရက်မြောက်ဆန္ဒပြခဲ့တာကို အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက ကြိုတင် ပြင်ဆင် စီစဉ်ပြီး တော့ကို အတင်း ၀င်ရောက်ရိုက်နှက်ပြီး ဖမ်းဆီးတာတွေ လုပ်ခဲ့တာပါ။ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး တဦး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ပြည်ထောင်ထဲမှာ ချုပ်ထားခဲ့ပါတယ်။ ဆန္ဒပြသူတွေက ထောင်ရှေ့ကို လိုက်သွားကြပြီး စုဝေး စောင့်ဆိုင်း နေခဲ့ကြတာ လူ ၂,၀၀၀ လောက်ထိ ရှိခဲ့တယ်လို့ အဲဒီမှာ ရှိနေသူတဦးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ နေ့လည် ၂ နာရီကျော် မှာတော့ အဲဒီလူ ၆ ယောက်ကို အာမခံနဲ့ပြန်လွှတ်ပေးခဲ့တာပါ။ ပြန်လွတ်လာသူ တဦးဖြစ်တဲ့ ကိုကျော်ဆွေက - "လွှတ်တော်ကိုယ်စားလှယ် ၅ ဦးကနေပြီးတော့ ကျနော်တို့ကို အာမခံလိုက်တယ်ပေါ့။ ခံဝန်လုပ်ပေးတော့ ကျနော်တို့ကို ပြန်လွှတ်ပေးလိုက်တယ်။ ဆန္ဒပြမှုကို သူတို့က ခွင့်မပြုပဲနဲ့ ပြတယ်၊ အဲဒီအတွက် ဒီဥစ္စာကို သူတို့က အပြစ်ရှိတယ်၊ ပုဒ်မ (၁၈) အရ အရေးယူပါ့မယ်ဆိုပြီးတော့ ကျနော်တို့ကို အမှုဖွင့်တာပေါ့။ အမှုမပေးသေးတဲ့ သဘောပါပဲ။ တရားရုံးက တရားစွဲမယ် ထင်ပါတယ်။ ကျနော်တို့က အဲဒါကို မသိသေးပါဘူး။ တရားစွဲလည်း ကျနော်တို့က အများအတွက် လုပ်တဲ့အတွက် တရားစွဲတာ ကျနော်တို့ ခံမှာပါပဲ။" အတင်း ၀င်ပြီး ရိုက်နှက်တာကို အပြင်းထန်ဆုံး ခံခဲ့ရသူကတော့ ကိုဝင်းနိုင် ဆိုသူပါ။ သူ အရိုက် ခံရပုံနဲ့ နောက်ပိုင်း ဖြစ်ရပ်တွေကို သူက အခုလို အသေးစိတ် ပြန်ပြောပြပါတယ်။ "ကျနော့် ကျောကုန်းကို ၂ ချက်၊ ခါးကို ၁ ချက်၊ နောက်ပြီး ဘေးတစောင်းကို ၁ ချက်၊ နောက် ခေါင်းကို ၁ ချက်ရိုက်တဲ့အချိန်မှာ ကျနော် လက်ကို ကာလိုက်တယ်။ အဲ . . ဗိုက်ကို စောင့်ကန်တော့ရင်ဗျာ၊ ကျနော့်ကို ကတ္တရာနဲ့ ခေါင်းနဲ့ ကျမှာစိုးလို့ ရဲတွေက အင်္ကျီကိုပိတ်ပြီးတော့ အားရပါးရ ပိတ်စွဲထဲ့လိုက်တာ ကျနော် ကြယ်သီး ပြုတ်သွားတယ်။ အင်္ကျီကလည်း ပြဲသွားတယ်။ ကျနော့်ကိုဗျာ အဲဒီလို သူတို့က ၀ိုင်းချုပ်တယ်၊ ပြီးလည်ပြီးရော ခြေထောက်က လူ ၄ ယောက်စွဲတယ်၊ လက်က ၄ ယောက်စွဲပြီးတော့ရင် ကျနော့်ကို အချုပ်ကားပေါ်ကိုဗျာ၊ ခွေးကိုတင်နည်း ပစ်တင်လိုက်တာ ဗုံးဆိုပဲ။ အဲဒီမှာ ကျနော်က ခေါင်းနဲ့ အချုပ်ကားနံရံနဲ့ ကျတယ်။ ဒါပေမယ့် ကျနော့်လွယ်အိတ်ခံနေတော့ ခေါင်းက နဲနဲပဲ ထူပူသွားယုံပဲ ရှိတာ။ အဲဒါပြီးတော့ ကျနော်တို့ကို မြို့ထဲပတ်ပြီးတော့ အချုပ်ကားကြီးနဲ့ ခေါ်သွားတယ်ဗျ။ ကျနော်တို့ ၆ ယောက်ပေါ့။ ထောင်ထဲ တန်းထဲ့တယ်ဗျ၊ ထောင်ထဲကို။ ထောင်ထဲကျတော့ ကျနော်တို့က ထောင်ပိုင်ကြီးရုံး ခန်းအောက်မှာ နေရတယ်။" ပြည်မြို့ဘက်မှာ အဲဒီလို အကြမ်းဖက် နှိမ်နင်းတာတွေရှိခဲ့တာကြောင့် ရန်ကုန်မြို့က ပြီးခဲ့တဲ့ရက်ပိုင်း ဆန္ဒပြပွဲတွေကို စီစဉ်ခဲ့သူ တွေကြားမှာ စိုးရိမ်မှုတွေဖြစ်လာပြီး တချို့ဆိုရင် အာဏာပိုင်တွေ ခေါ်ယူစစ်ဆေးမှာကို မလိုလားတဲ့အတွက် တိမ်းရှောင် နေကြပါတယ်။ အကြမ်းဖက် နှိမ်နင်းတဲ့ လုပ်ရပ်မျိုးတွေ တခြားနေရာတွေမှာပါ ဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူ ကိုညီထွေးလေးက ဗွီအိုအေကို ပြောပါတယ်။ "အခု ပြည်မှာဖြစ်သွားတဲ့ကိစ္စဆိုရင် ဒါဟာ ခနတဖြုတ် ထိန်းတယ်ဆိုတာ ဒါဟာ အခုလောလောဆယ်မှာ ရှိသင့် ရှိထိုက်တဲ့ဟာလို့ ပြောနိုင်ပေမယ့် ဒီလူတွေကို ထပ်မံပြီး တစုံတရာ ဒုက္ခ မပေးစေချင်ဘူး၊ ဒါဟာ လူထုတွေ လိုအပ်ချက်ကို တောင်းဆိုနေကြတာ ။ ပြီးတော့ ကိုယ်ထိလက်ရောက် သူတို့ အရင်တုန်းကအတိုင်း နှိမ်နင်းခဲ့တာကို ကျနော်တို့ မကြိုက်ဘူးဗျ။ ဒီလိုဟာတွေက ပြည်မှာ စဖြစ်ပြီး ဒိပြင်နေရာတွေမှာလည်း ဖြစ်လာနိုင်တယ်လေ။ အဲဒါကြောင့်မို့ ကျနော်တို့ စိုးရိမ်မှုတော့ ရှိပါတယ်ဗျ။" နှစ်ရက်ဆက်တိုက် ဆန္ဒပြပွဲဖြစ်ခဲ့ပြီးတဲ့နောက် တတိယမြောက်ရက်မှာ လူ ၁၅ ယောက်ထက်မနည်းကို ရဲအထူး သတင်းတပ်ဖွဲ့က ခေါ်ယူ မေးမြန်းတာတွေ ဖြစ်ခဲ့တဲ့ မန္တလေးမြို့မှာတော့ ဆန္ဒပြပွဲကြီးတွေ ထပ်မဖြစ်တော့ဘဲ ဒီကနေ့မနက်ပိုင်း မှာ အသေးလေးတခု ပဲရှိခဲ့ပါတယ်။ အဲဒီအခြေအနေကို သိထားတဲ့ ပြီးခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူ ဒေါ်အမာနီက - "မနက်ပိုင်းတုန်းကတော့ ဆီဒိုနားရှေ့မှာ အီလက်ထရစ် (Electric) တစီးနဲ့လာပြီးတော့ မီးသီးတွေ ပါးစပ်ထဲကို ကိုက်တယ်တဲ့။ ၀ါယာကြိုးတွေ ပါးစပ်ထဲမှာ ကိုက်ပြီးတော့ ဆန္ဒပြသွားတာ ရှိတယ်။ မနက်ကတော့ သူတို့ကိုတော့ ရဲစခန်းထဲကိုတော့ ရဲစခန်းထဲကို ပြန်ခေါ်သွားတယ်လို့ ပြောတယ်။" မန္တလေးနဲ့ရန်ကုန်မြို့တွေမှာ လျှပ်စစ်မီး အပြည့်အ၀ ပြန်ပေးနိုင်အောင် ပြည်ပကနေ မီးစက်တွေမှာထားသလို ပျက်စီးနေတဲ့ ဓာတ်အားတိုင်တွေကိုလည်း အလျင်အမြန် ပြင်ဆင်နေတယ်လို့ သက်ဆိုင်ရာ ဒေသ တာဝန်ရှိသူတွေက ပြောထားပါတယ်။ အခု တော့ မန္တလေးမြို့မှာ ဆန္ဒပြပွဲတွေ မတိုင်ခင်ကထက်စာရင် အချိန်မှန်လေး ပျက်၊ အချိန်မှန်လေး လာနေတယ်လို့ ဒေါ်အမာနီက ပြောပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်မြို့မှာကတော့ ခုချိန်ထိ ပုံမှန် ပြန်မဖြစ်သေးဘဲ ပျက်ချိန် များနေတုန်း၊ လာမယ်ဆိုတဲ့အချိန်မှာ မလာဘဲ ရှိနေတုန်းပဲလို့ မြို့ခံတွေက ပြောပါတယ်။ လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ တရားဥပဒေနဲ့ မကိုက်ညီဘူး ဆိုတဲ့သဘောမျိုး မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ လျှပ်စစ်မီး အပြည့်အ၀ ပြန်လည်ရရှိရေး တာဝန်ရှိသူတွေဘက်က အပြင်းအထန် ကြိုးစားနေသလို လူထုဘက်က စိတ်ရှည်သည်းခံပြီး လျှပ်စစ်မီးကို ခြိုးခြံ ချွေတာပြီးတော့ သုံးစွဲခြင်းအားဖြင့် ပူးပေါင်း လုပ်ဆောင်ပေးဖို့ကိုလည်း ပန်ကြား ထားပါတယ်။(VOA) |
အကြံပေး ဦးကိုကိုလှိုင်
Posted: 24 May 2012 08:39 AM PDT
![]() U koko hlaing audioFile by thanwinhtut အိမ်မှာပဲ ဖယောင်းတိုင်ထွန်းပြီး မီးတွေမှိတ်ထားလိုက်ရင် ပြသနာတွေ ပြေလည်သွားနှိုင်လိမ့်မယ်လို့ သမတ အကြံပေး တဦးဖြစ်တဲ့ ဦးကိုကိုလှိုင်က ပြောပါတယ်။ သမတအကြံပေးရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ခုလိုပြောဆိုတာပါ။ ဂျပန်နိုင်ငံက ညူကလီယားဓါတ်အားပေးစက်ရုံပိတ်ရတဲ့အခါ နိုင်ငံသားတွေ ၀ိုင်းဝန်းချွေတာ ဖြေရှင်းပြီး မီးမပြတ်ခဲ့တာတွေနဲ့ အင်္ဂလန်နိုင်ငံမှာ လူထုကပါ ၀ိုင်းဝန်းချွေတာခဲ့ကြတာတွေ ကို ဥပမာပေးပြီး ပြည်သူလူထုလဲ ၀ိုင်းဝန်းချိုးခြံချွေတာဖို့ တိုက်တွန်းပြောဆိုပါတယ်။ ဒါ့အပြင် ဆန္ဒပြပွဲတွေဟာလဲ ဥပဒေနဲ့ အညီဖြစ်ဖို့လိုတဲ့အကြောင်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ လိုတဲ့အကြောင်း ပြောပါတယ်။ ဆန္ဒမပြပဲ သက်ဆိုင်တဲ့အဖွဲ့အစည်းနဲ့ ညှိုနှိုင်းပြေလည်သွားနှိုင်ရင်တော့ အကောင်းဆုံးပဲလို့ ဝေဖန်ပြောဆိုပါတယ်။ ဖယောင်းတိုင်တွေ ထွန်းပြီး မီးကို ခြွေတာပါတဲ့ ပိတ်ထားလိုက်ပါတဲ့ ဒါဆို အဆင်ပြေသွားမယ်တဲ့ ။ ဘယ်လိုပြောရမှန်းတော င်မသိ ဒီလို အကောင်းစား အကြံဥာဏ်တွေကြောင့် - - အင်းထားပါတော့ ကျွန်တော်ကတော့မေးစရာမေးခွန်းတွေ စီပြီးထွက် ကျလာတယ် ။ - လျှပ်စစ်မီးဟာ ဘာကြောင့်မလုံလောက်တာလဲ ? - ပိုနေလို့ တောင် သူများနိုင်ငံကို ရောင်းစားနေတယ်ဆို ဘာလို့အခုမလုံလောက်ရတော့တာလဲ ? - မိုးရွာမှ လျှပ်စစ်မီးရမည့် ဘ၀ကို ကျွန်တော်တို့မလိုချင်ပါ ။ ဘေးနိုင်ငံများနှင့်ယှဉ်လျှင် မိုးရာသီတစ်ခုထဲ တန်းတူလျှပ်စစ်ရမည့်အခြေအနေဖြစ်နေပါသည် ။ ဒါကြောင့် ဘာကြောင့် မိုးရွာမှပဲ လျှပ်စစ်မီးအပြည့်ပေးနိုင်ပြီး နွေနှင့်ဆောင်းမှာရော လျှပ်စစ်မီးပေးဖို့ တခြားနည်းလမ်း မရှိတော့ဘူးလား ? - ဂျပန်လို ဖွံ့ဖြိုးတိုးတက်ပြီး နည်းပညာခေတ်ရှေ့ပြေးနေတဲ့နိုင်ငံနဲ့ ဖွံ့ဖြိုးဆဲ အမှောင်ဘ၀ကနေ ရုန်းထွက်နေရတဲ့ မြန်မာကို အခုလို ယှဉ်မပြောစေချင်ဘူး ။ မယှဉ်နိုင်လို့မဟုတ်ဘူး ။ အခြေအနေ ဘက်ပေါင်းစုံ ကနေ နှစ်ပေါင်းများစွာ မျက်စိတွေ မှိတ် နားတွေ ပိတ်ခံထားရတဲ့ ဘ၀တွေမို့ ။ -ရေနဲ့ Run ရတာ ဖြစ်တဲ့အတွက် ရေမရှိရင် ဘာမှ မဖြစ်ဘူး ဆိုလျှင် ကျွန်တော့်ဆီ မိုး ရာသီ မိုးမရွာပဲ မိုးခေါင်နေပါက မည်သို့လုပ်မည်နည်း ။ ? မိုးမရွာပဲ ရေမရှိပဲ လျှပ်စစ်ပေးနိုင်အောင် ကြံဆောင်ရမည်မဟုတ်ပါလား ။ " ကျွန်တော်တို့အားလုံး ၂၄ နာရီပတ်လုံး လျှပ်စစ်မီး လိုချင်ပါသည် ။ အကြောင်းပြချက်များသည် စစ်မှန်သော ဖြေရှင်းချက်ကို မပေးနိုင်ပါ ။ ထို သို့အကြံကောင်းဥာဏ်ကောင်း ( မီးပိတ်ထားလိုက်ကြပါ ဖယောင်းတိုင် နှင့်နေကြပါ ) ဆိုတာကိုလည်း ပြည်သူများက ကျေးဇူး များစွာ ထပ်ခါထပ်ခါ တင်နေသည် ။ " ![]() "ဂျပန်မှာ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါနဲ့ ကြောက်လန့်ပြီး Nuclear Plant တွေအကုန်ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခုပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ခြိုးခြံချွေတာတယ်။ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီးလေး ပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။" " "သက်ဆိုင်ရာက အကောင်းဆုံးဖြစ်အောင် လုပ်နေကြတယ်။ အမြန်ဆုံးဖြစ်အောင် လုပ်နေကြတယ်။ မိုးရွာတာနဲ့ Voltage ထုတ်နိုင်တဲက Power တက်လာပြီ။ မိုးမရွာရင် ရေအားလျှပ်စစ်က Run လို့မရဘူး။ ရေနဲ့ Run ရတာ ဖြစ်တဲ့အတွက် ရေမရှိရင် ဘာမှ မဖြစ်ဘူး။ မိုးက အခုဆိုတော်တော် စရွာနေပြီ။ မကြာမီ ပြေလည်သွားမှာပါ။" နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က့ (မေလ ၂၄ ရက်နေ့) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သက်တန့်ချို Source : EMG Photo : Weeklyeleven |
Posted: 24 May 2012 08:17 AM PDT
ယနေ့နံနက် (၉) နာရီတွင် စတင်ခဲ့သည့် ပဲခူးတိုင်း၊ ပြည်မြို့ လျှပ်စစ်မီး ၂၄ နာရီ အပြည့်အဝရရှိရေး ဒုတိယနေ့ ဆန္ဒပြမှုတွ
င် လုံထိန်းရဲများ၏ ရိုက်နှက်ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူတဦးက ပြောသည်။ ပြည်မြို့တွင် ယမန်နေ့မှစတင်ကာ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် လူနှစ်ထောင်ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာ ပထမနေ့တွင် အာဏာပိုင်တို့နှင့် ညှိနှိုင်းမှုဖြင့် အောင်မြင်စွာ ဆန္ဒပြနိုင်ခဲ့သော်လည်း ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက် ဆန္ဒပြကြရာတွင် လုံထိန်းရဲများ၏ ရိုက်နှက်ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ "မနေ့က စပြီး ဆန္ဒပြတဲ့ မြို့နယ်လျှပ်စစ်ရုံးရှေ့ကနေပြီး လူတစ်ထောင်ကျော်နဲ့ ဒီနေ့ စထွက်တယ်။ စထွက်ထွက်ချင်းပဲ HRDP ကိုကျော်ဆွေနဲ့ NLD ကိုဝင်းလှိုင်တို့ကို ရိုက်နှက်ပြီး ခေါ်သွားတယ်။ ဆန္ဒပြတဲ့လူတွေကလည်း သူတို့နှစ်ဦးကို ရဲလက်က ပြန်လုယူကြတယ်။ ဒါပေမယ့် မရဘူး။ ပါသွားတယ်" ဟု ဆန္ဒပြမှုတွင် ပါဝင်သူက ပြောသည်။ ဆန္ဒပြခေါင်းဆောင်နှစ်ဦးအား အာဏာပိုင်လုံထိန်းရဲများက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသော်လည်း ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြခဲ့ကြကြောင်း သူက ဆက်ပြောသည်။ သူက "(၁၀) နာရီခွဲလောက်မှာ တကြိမ် ထပ်ပြီး ရိုက်နှက်ဖမ်းဆီးမှု လုပ်တယ်။ ဆောက်လုပ်ရေးဝိုင်းလမ်းချိုး၊ ထွန်းသီ လမ်းထဲမှာပါ။ ဒီတခါတော့ ကိုဇော်ထွန်း၊ ကိုကျော်ဆွေ၊ ကိုမြင့်အေးအပါအဝင် ၆ ဦး ပါသွားတယ်" ဟု ပြောသည်။ ယခု သတင်းရေးသားနေချိန်တွင် ရိုက်နှက်ဖမ်းဆီးခံရသူများအား အာဏာပိုင်များက အာမခံဖြင့် ပြန်လည်လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၂၀) ရက်နေ့၊ ညတွင် လျှပ်စစ်မီး ၂၄ နာရီပတ်လုံး ရရှိရေးအတွက် မန္တလေးမြို့မှ ပြည်သူများက ဖယောင်း တိုင်မီးများထွန်းညှိကာ ငြိမ်းချမ်းစွာ စတင်ဆန္ဒပြခဲ့ကြသည်။ ယခုအခါ ရန်ကုန်၊ မုံရွာ၊ သုံးခွအပါအဝင် မြို့ကြီးအချို့တွင် လျှပ်စစ်မီးရရှိရေးအတွက် ညဘက်၌ ဖယောင်းတိုင်မီးများဖြင့် ဆန္ဒပြနေကြပြီး ပြည်မြို့တစ်မြို့တည်းတွင်သာ နေ့ဘက်၌ ဆန္ဒပြနေခြင်းဖြစ်သည်။ http://www.yoma3.org |
မှု့များ နောက်ကွယ်တွင်....
Posted: 24 May 2012 08:10 AM PDT
|
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment