Posted: 10 May 2012 12:24 AM PDT
Photo.. 7 days news journal "သူတို့စွပ်စွဲနေတဲ့ဟာတွေကဒီအတိုင်းကာလကြာရှည်နေရင်ကျွန်တော်တို့မှာအလုပ်အကိုင်ပျက်ပါတယ်။ကျွန် တော်တို့လုပ်ကိုင်နေတဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအများကြီးရှိပါတယ်။အဲဒီလုပ်ငန်းတွေအတွက်အဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့်ဒီပြသနာကိုဖြေရှင်းနိုင်မယ့်အကောင်းဆုံးနည်းလမ်းတစ်ခုကိုကျွန်တော်စဉ်းစားထားပါတယ်။အဲဒ...ါကို အခုကြွရောက်လာတဲ့သတင်းစာဆရာကြီးများကိုကျွန်တော်တင်ပြပါမယ်။ကျွန်တော်ဟာမြန်မာနိုင်ငံသားဖြစ်ပါတယ် ထိုင်းနိုင်ငံထဲကိုသွားပြီးအစစ်ဆေးခံဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံထဲမှာလာမေးမယ်ဆိုရင်တော့ဖြစ်နိုင်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာလည်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ် သက်တဲ့အဖွဲ့ရှိပါတယ်။အဲဒီတော့ ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တွေရယ်၊ကျွန်တော်တို့နိုင်ငံ ကမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေရယ်ပူးပေါင်းပြီးကျွန်တော်တို့နိုင်ငံထဲမှာကျွန်တော်တို့နဲ့တွေ့ဆုံမေးမြန်းမယ် ဆိုရင်တော့ဖြစ်နိုင်ပါတယ်။အဲဒီအချက်ကိုမူအရလက်ခံမယ်ဆိုရင်တော့ အချိန်နဲ့နေရာကိုဆက်လက်ညှိနှိုင်းလို့ရပါတယ်။ ကျွန်တော့်သဘောထားကို ဒီလောက်ပဲ ပြောကြားလိုပါတယ် "ဟုမြ၀တီတွင်ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးစောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး)ကပြောကြားသွားခဲ့ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲတွင်တက်ရောက်သတင်းရယူနေသော The Messenger သတင်းထောက်က တိုက်ရိုက်သတင်းပေးပို့သည်။ The Messenger journal |
Posted: 09 May 2012 11:00 AM PDT
မျိုးချစ်စိတ်ရှိကြောင်း ခဏခဏ မိန့်ခွန်းထဲထည့်ပြောတတ်တဲ့ ဦးသန်းရွှေခေတ်မှာ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ၊ သံတမန်အရ အဆက်အသွယ် ပြန်လည်ထူထောင်ပြီးနောက်ပိုင်း မြောက်ကိုရီးယား စစ်ဖက်ကျွမ်းကျင်သူပညာရှင်တွေ မြန်မာနိုင်ငံထဲမှာ ယနေ့အထိ အလုပ်လုပ်နေတာတွေရှိတယ်လို့ သတင်းတွေအရ သိရပါတယ် တောင်ကိုရီးယား နိုင်ငံရဲ့ သမ္မတ ဆက် (၁၇) နှစ် ဆက်မြောက် သမ္မတ Lee Myung-bak ဟာ မြန်မာပြည်ကို ယခုလ ဒုတိ ယအပတ် အတွင်းမှာ နှစ်ရက်ကြာ အလည်အပတ် ခရီးဖြင့် လာရောက် မယ်လို့ သိရပါတယ်။ အဲဒီသတင်းနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်အိမ်နားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံခြုံရေးလေ့ကျင့်မှုပြုလုပ်နေတယ်လို့ ကြားရပါတယ်..။ အဲဒီအဖြစ်အပျက်က တောင်ကိုရီးယားသမ္မတ တစ်ဦးဖြစ်သူ ချန်တူးဝမ် နောက်ဆုံးလာရောက်ခဲ့စဉ် ၁၉၈၃ အောက်တိုဘာ ၉ ရက်က မြောက်ကိုရီးယား ထောက်လှန်းရေးတပ်မှူးများက ချန်တူးဝန် လ...ာရောက်ဂါရ၀ပြုမယ့် အာဇာနည်ဗိမာန်ကို ဗုံးဖောက်ခွဲခဲ့တဲ့ ဖြစ်စဉ်ကြီးကို ပြန်သတိရစေပါတယ်..။ အဲဒီဗုံးကွဲမှုကြောင့် တောင်ကိုရီးယားသမ္မတ ချန်တူးဝန် လွတ်မြောက်သွားပေမယ့် ၀န်ကြီးအဆင့်တွေ အပါ အ၀င် တောင်ကိုရီးယားနဲ့ မြန်မာ အစိုးရအဖွဲ့ဝင် ၂၁ ဦး သေဆုံးခဲ့ပြီး ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြွင်းကျန်ရစ်တဲ့ အုတ်ဂူနဲ့ အရိုးပြာတွေ ပေါက်ကွဲမှုနဲ့ တစစီ လွင့်စင်ပျောက်ကွယ်သွားတာ ယနေ့အထိ ပါပဲ..။ ချက်ချင်းပဲ မဆလအစိုးရက မြောက်ကိုရီးယားကို သံတမန်အဆက်အသွယ်ဖြတ်လိုက်သလို တပ်မတော်ကလည်း ပင်လယ်ဝမှာစောင့်နေတဲ့ ရေငုပ်သင်္ဘောနဲ့ မြောက်ကိုရီးယားထောက်လှမ်းရေးတပ်မှုး တွေ ထွက်မပြေးခင် အသေခံ ၀င်ရောက်ဖမ်းဆီးခဲ့တဲ့အတွက် ခလရ (၉၀) က စစ်သည်သုံးဦး တိုင်းပြည် အတွက် အသက်စွန့်ခဲ့တာ ဘယ်လိုမှမေ့မရတဲ့ဖြစ်စဉ်ပါ..။ ကျွန်တော်တို့ဗိုလ်ချုပ်ခမျာမှာ သေတာတောင်မှ အရိုးပြာတောင် သူတပါးလုပ်ကြံတာ ခံခဲ့ရပြီး ပျောက်ကွယ် ခဲ့ရ တာပါ..။ ဒါကို ဘယ်လိုမှ မမေ့နိုင်သလို မြောက်ကိုရီးယားကိုလည်း ဘယ်တော့မှ အခဲမကျေပါဘူး..။ လွှတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရဲ့အချုပ်အခြာ ရန်ကုန် မြို့လည်ကောင်ကို တိုင်းတပါးစစ်တပ်က လက်နက်နဲ့ ဖောက်ခွဲသောင်းကျန်းခဲ့တဲ့ ပထမဆုံးနဲ့ နောက်ဆုံး ကျုးကျော်မှုပါ..။ မျိုးချစ်စိတ်ရှိကြောင်း ခဏခဏ မိန့်ခွန်းထဲထည့်ပြောတတ်တဲ့ ဦးသန်းရွှေခေတ်မှာ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ၊ သံတမန်အရ အဆက်အသွယ် ပြန်လည်ထူထောင်ပြီးနောက်ပိုင်း မြောက်ကိုရီးယား စစ်ဖက်ကျွမ်းကျင်သူပညာရှင်တွေ မြန်မာနိုင်ငံထဲမှာ ယနေ့အထိ အလုပ်လုပ်နေတာတွေရှိတယ်လို့ သတင်းတွေအရ သိရပါတယ်..။ (ဗိုလ်ချုပ်အရိုးပြာကို အိမ်သာတွင်းထဲ ပစ်ချလိုက်သလိုပါပဲ) မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကလည်း ယနေ့အချိန်အထိ တစ်ဖက်နဲ့တစ်ဖက် တင်းမာဆဲ ရန်ဘက်ဖြစ်နေဆဲပါပဲ..။ အခုလည်း ကျွန်တော်တို့ဟာ ဒါကို သင်ခန်းစာယူပြီး တောင်ကိုရီးယားသမ္မတက သီးခြားလာရောက် တွေ့ဆုံမယ့် ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက် ၀ိုင်းဝန်းရပါမယ်..။ ဘာ့ကြောင်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဗိုလ်ချုပ်ရဲ့ အငွေ့အသက်တစ်ခုပဲ ဖြစ်ပါတယ်..။ အစိုးရကလည်း အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အိမ်နားမှာ လုံခြုံရေးတပ်သားတွေ ရာနဲ့ချီပြီး ပြင်ဆင်ထားပုံရပါတယ်..။ အခုတကြိမ် လာရောက်လည်ပတ်မယ့် တောင်ကိုရီးယားသမ္မတရဲ့ ခရီးစဉ်မှာကျွန်တော်တို့လူငယ်များ information ထူးခြားရင် အချင်းချင်း လက်ဆင့်ကမ်းကြဖို့နဲ့ တပ်လှန့်နိုင်ကြဖို့ အားလုံးကို တိုက်တွန်းပါတယ်..။ Yan Aung ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေး တစ်ရာကျော် ရှိနေရခြင်းမှာ တောင်ကိုရီးယားသမ္မတ ၏ မြန်မာနိုင်ငံခရီးစဉ်တွင် လုံခြုံရေးအပြည့်အ၀ရရှိစေရန် အတွက် ၀တ်စုံပြည့်ဖြင့်လေ့ကျင့်နေခြင်းသာဖြစ်ကြောင်း လုံခြုံရေးခေါင်းဆောင် တစ်ဦးက အတည်ပြုပြောကြားသည်။ (Photo news.. Messenger journal) ၁၉၈၃ တုန်းက မြောက်ကိုရီးယားတွေ အာဇာနည်ကုန်းမှာ ဗုံးလာခွဲတဲ့ ဗွီဒီယိုမှတ်တမ်း |
Posted: 09 May 2012 09:29 AM PDT
၂၀၁၀ ပြည့်နှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူ၊ ဇနီး ဒေါ်ရွှေဇီးကွက် နှင့် ဆန်ဖရန်စစ္စကို(ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ် မေလ ၆ ရက်နေ့က6430, Thornton Ave., Newark ရှိ Newark Pavilion တွင် ကျင်းပရာ ပရိသတ် ၅၀၀ ခန့် တက်ရောက်ခဲ့သည်။ လော့စ်အိန်ဂျယ်လိစ်မြို့မှ လေယာဉ်ခရီးဖြင့်ရောက်ရှိလာသည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဒေါ်ရွှေဇီးကွက် တို့ နံနက် ၁၁ နာရီ ၂၀ တွင် အခမ်းအနားကျင်းပရာ ခန်းမသို့ ရောက်ရှိလာရာ ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲအဖွဲ့ဝင်များနှင့် စေတနာရှင်များက ၀ိုင်းဝန်းကြိုဆိုကာ ဦးကျော်သူတို့ နှစ်ဦး ကျန်းမာစေကြောင်း ဆုတောင်းစကား ပြောကြားကြသည်။ မွန်းတည့် ၁၂ နာရီတွင် ဈေးရောင်းပွဲ စတင်ပြုလုပ်ပြီး အခမ်းအနားသို့ ရောက်ရှိလာသူများက မုန့်ဟင်းခါး၊ ကြာဆံကြော်၊ ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ မြန်မာထမင်းဟင်း အစရှိသည့် အစားအသောက်များကို ၀ယ်ယူစားသောက်ကြသည့်အပြင် အလှူခံဌာနသို့ သွားရောက်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေများ ပေးအပ်ကြသည်။ တွေ့ဆုံပွဲ အခမ်းအနားကို မွန်းလွဲ ၁ နာရီခွဲတွင် စတင်၍ မမီးမီး နှင့်အဖွဲ့ တင်ဆက်သည့် 'ပြည်ထောင်စုအလှ' တေးသရုပ်ဖော်ဖြင့် ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားမှူးများအဖြစ် ကိုထိန်လင်းနှင့် မနန္ဒီကျော်မင်း တို့က ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ နွေဦးဒိုးပတ်အဖွဲ့၏ သံချပ်၊ တေးသံရှင် ဇယံဓ နှင့် မခင်ခင်အုန်းတို့၏ မြိုင်ထနှစ်ပါးသွားအက၊ ကိုဝေဖြိုး ကိုကျော်ကျော်စိုး ဂျနီဖာ နှင့် အဖွဲ့က 'လူပျို့ဝါဒ အပျို့ဝါဒ' တေးသရုပ်ဖော်တို့ကို တင်ဆက်ခဲ့ကြသည်။ ထို့နောက် ဒေါ်ရွှေဇီးကွက်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းကို မနန္ဒီကျော်မင်း က ဖတ်ပြပြီး ဒေါ်ရွှေဇီးကွက်က နာရေးကူညီမှုအသင်း(ရန်ကုန်) အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဦးကျော်သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပြီးနောက် ဦးကျော်သူက ၎င်း၏ အနုပညာဖြတ်သန်းမှုအကြောင်း မိတ်ဆက်စကား ပြောကြားကာ 'ကျော်သူ၏ အတိတ်ဘ၀ ဖြတ်သန်းမှု ပုံရိပ်များ' မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့သည်။ ထူးခြားချက်အနေဖြင့် ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ စကားပြောရန် စင်မြင့်သို့ ထွက်ခွာသည့်အချိန်များ၌ ပရိသတ်အားလုံးက မတ်တတ်ရပ်ကာ ဂုဏ်ပြုခဲ့ကြသည်။ အနုပညာ မှတ်တမ်းရုပ်ရှင် ပြသပြီးနောက် ဦးကျော်သူက နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဖြတ်သန်းမှုမှတ်တိုင်များနှင့်ပတ်သက်၍ အနည်းငယ်ရှင်းပြကာ 'F.F.S.S ပေးဆပ်မှု သမိုင်းကြောင်း' မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့သည်။ ယင်းနောက် ပရိသတ်များ၏ မေးခွန်းများကို ဦးကျော်သူ နှင့် ဒေါ်ရွှေဇီးကွက် တို့က ဖြေကြားခဲ့ကြသည်။ အခမ်းအနား အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေ ဒေါ်လာ ၂ သောင်း ၃ ထောင်ကျော် ရရှိကြောင်း ကြေညာခဲ့သည်။ အမေးအဖြေကဏ္ဍအပြီး၌ ကိုခင်မောင်အေးက ဦးကျော်သူ နှင့် ဒေါ်ရွှေဇီးကွက် တို့ကို မြန်မာမိသားစုများကိုယ်စား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။ ထို့နောက် ကိုကျော်ဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို မြန်မာနိုင်ငံတော်သီချင်း သီဆိုကာ အဆုံးသတ်ခဲ့သည်။ အခမ်းအနားပြုလုပ်သည့် မေလ ၆ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် လှူဒါန်းငွေစုစုပေါင်း ဒေါ်လာ ၂ သောင်း ၉ ထောင်ကျော် ရရှိခဲ့သည်။ ။ ဤနေရာတွင် ဓာတ်ပုံများ ကြည့်ရှုနိုင်ပါသည်.. Citizen of Burma Award |
Posted: 09 May 2012 09:22 AM PDT
သီချင်းများကို လွတ်လပ်စွာနားထောင်ကြရင်း "တိုင်းရင်းမျိုးနွယ် စစ်ဘေးဒုက္ခသည် ဘ၀များဆီသို့" စာနာစိတ်ဖြင့် ထောက်ပံ့ကူညီ ကုသိုလ်လည်း ရယူနိုင်သည့် ... မြန်မာပြည် သိန်းတန်၊ ပလေးဘွိုင်းသန်းနိုင်၊ ဗစ်တာခင်ညို၊ တူးတူး၊ ခင်မောင်ထူး၊ မေခလာ၊ ကော်နီ၊ ချောစုခင် ... LPJ & Friends music Band GUEST PLAYER: KEYBOARD AUNG MYAT HTUT ဂီတဖျော်ဖြေပွဲ ၁၀-၅-၂၀၁၂ (ကြာသပတေး) ညနေ (၆) နာရီ ၀င်ကြေး (၃၀၀၀၊ ၅၀၀၀) ကျပ်၊ ရှမ်းကျောင်း (၃၅ လမ်း၊ ၆၆ - ၆၇ ကြား) မန္တလေး။ CJ Myanmar |
Posted: 09 May 2012 08:40 AM PDT
(၉.၅.၂၀၁၂)ယနေ့ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ.ချုပ် ဗဟိုစည်းရုံးရေး ကော်မတီဝင် များဖြစ်ကြသော ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊မဖြိုးဖြိုးအောင်၊ ကိုအောင်အောင်ကျော်၊ ကိုမင်းသွေးသစ်၊ ကိုသီဟ၀င်းတင်း၊မဟန်နီဦး၊ကိုန္ဒာစစ်အောင်နှင်.ကိုဘုန်းပြည့် ကြွယ်တို့ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်( ရုံးချုပ်)တွင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေဆုံခဲ့ကြပါသည်။ ဗ.က.သများအဖွဲ့ ချုပ်(ဗဟိုစည်းရုံးရေးကော်မတီ) ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေက ပညာဆက်သင်ဖို့ ပိတ်ပင်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဗဟိုစည်းရုံးရေး ကော်မတီဝင် ၉ ဦးနဲ့ ဒီနေ့ တွေ့ဆုံတဲ့အချိန်မှာ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဗကသခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုသီဟ၀င်းတင်က ပြောပါတယ်။ "အန်တီက ကူညီမယ်ဆိုတာက အဓိကတော့ သူ့အနေနဲ့ လွှတ်တော်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြောမယ်ပေါ့။ ပြောခွင့်ရမယ်ဆိုရင် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ တင်ပြမယ်။ တင်ပြတဲ့အနေအထားမျိုးမှာ သူ့အနေနဲ့ ပြောတာက ကောင်းတဲ့အရာတခုကို တင်ပြလို့ သူတို့ဘက်က ငြင်းပယ်မယ်ဆိုရင် ဒီအရာကို ပြည်သူတွေက မုန်းမယ်ဆိုတဲ့အကြောင်းအရာကို၊ သူတို့အနေနဲ့ ခံရမယ်ဆိုတာကို သူတို့လည်း ကောင်းကောင်းသဘောပေါက်နေတယ် ဆိုတာကို ပြောတယ်။" ကိုသီဟ၀င်းတင်ဟာဥပဒေဒုတိယနှစ်တက်နေတုန်း ၂၀၀၈ခုနှစ်မှာဒီမိုကရေစီအရေး လှုပ်ရှားမှု နဲ့ ထောင်ကျခဲ့ပါတယ်။ မနှစ် အောက်တိုဘာလမှာ ထောင်က ပြန်လွတ်လာတဲ့နောက် ကျောင်းပြန်တက်ဖို့ ကျောင်းမှာ သွားရောက်စုံစမ်း ကြိုးစားပေမယ့် ကျောင်းက အကြောင်းပြချက်မပေးဘဲ ငြင်းပယ်ခဲ့တယ်လို့ ပြောပြပါတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ ဗကသ ဗဟိုစည်းရုံးရေး ကော်မတီဝင်တွေဖြစ်တဲ့ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ မဖြိုးဖြိုးအောင်၊ ကိုအောင်အောင်ကျော်၊ ကိုမင်းသွေးသစ်၊ မဟန်နီဦး၊ ကိုနန္ဒာစစ်အောင်နဲ့ ကိုဘုန်းပြည့်ကြွယ်တို့လည်း ထောင်က ပြန်လွတ်လာပြီးနောက် ကျောင်းတွေက ငြင်းပယ်ခံထားရတယ်လို့ ဆိုပါတယ်။ "ထောင်ကထွက်ထွက်ချင်းမှာပဲ ကျနော်က အောက်တိုဘာမှာ လွတ်တယ်။ မဖြိုးဖြိုးအောင်၊ ကျနော်၊ ကိုလင်းထက်နိုင်ရယ်က အောက်တိုဘာမှာ လွတ်တယ်။ လွတ်တော့ သွားစုံစမ်းကြတယ်။ စုံစမ်းတဲ့အနေအထားမှာ သူတို့ဘက်က အဲဒီလိုမျိုးတွေပြောပြီးတော့ ကျနော်တို့ကို ပယ်ချတယ်။ ကျန်တဲ့လူတွေက နောက်ဆုံးလွတ်တဲ့အခါကျတော့ ကျောင်းကိုသွားပြန်စုံစမ်းတယ်။ အဲဒီအချိန်မှာလည်း ကျနော်တို့ကို ပြောတဲ့ပုံစံအတိုင်းပဲ ပြောတယ်။ ရမလိုလို၊ မရဘူးလိုလို၊ ပြန်ဆက်သွယ်ပါမယ်လို့ ပြောပြီးတော့ ပြန်လည်းမဆက်သွယ်ဘူး။ သွားစုံစမ်းတော့ ခုနပြောသလို ၂နှစ်၊ ကျောင်းကို ပြန်မအပ်လို့ရှိရင် ကျောင်းကထုတ်ပြီးသားဖြစ်တယ်လို့ ပြောတယ်။" ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ ထောင်က လွတ်လာအပြီး ပထမဆုံး အကြိမ်လို့ သိရပါတယ်။ ဒီလို တွေ့ဆုံတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားသမဂ္ဂ တရားဝင် ပေါ်ပေါက်ရေးနဲ့ သမဂ္ဂ ခေတ်မီရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ကိုသီဟ၀င်းတင်က ပြောပါတယ်။ "ကျနော်တွေ့တဲ့အချိန်မှာ အန်တီ့အနေနဲ့ပြောတာက ပြည်သူတွေ ခံစားကြုံတွေ့နေရတဲ့ ဒုက္ခတွေရယ်၊ အဲဒါတွေ ပြောဆိုဆွေးနွေးတယ်။ ဗကသ အဖွဲ့ချုပ်ကို နိုင်ငံတကာ ကျောင်းသားသမဂ္ဂတွေရဲ့ ဖွဲ့စည်းပုံမျိုး လေ့လာဖို့ရယ်၊ ပြီးတော့ သမဂ္ဂ တရားဝင်ဖြစ်မြောက်ဖို့ ဥပဒေအရ ကူညီပေးမယ်။ ဒီမိုကရေစီ နိုင်ငံဆိုရင် ကျောင်းသားသမဂ္ဂ ရှိလိမ့်မယ်ဆိုတာကို သူမျှော်လင့်တယ်။ ပြီးတော့ ကျနော်တို့တွေ ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ရအောင် သူ့အနေနဲ့ ဥပဒေအရ ကူညီမယ်လို့လည်း ပြောတယ်။" ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံတဲ့ ဗကသခေါင်းဆောင် ၉ ဦးဟာ ၂၀၀၇၊ ၂၀၀၈ ခုနှစ်တွေက ဒီမိုကရေစီလှုပ်ရှားမှုကြောင့် ထောင်ကျပြီးနောက် မနှစ်တုန်းက ရှေ့ဆင့် နောက်ဆင့် ပြန်လွတ်လာ ကြတာ ဖြစ်ပါတယ်။ သူတို့ကို ပြည်တွင်း တက္ကသိုလ်တွေက ပြန်လက်မခံရုံသာမက ပြည်ပတက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့ အခွင့်အရေးလည်း သက်ဆိုင်ရာက နိုင်ငံကူးလက်မှတ်တွေ ထုတ်မပေးလို့ အခွင့်အရေး ဆုံးရှုံးနေရတယ်လို့ ကိုသီဟ၀င်းတင်က ပြောပါတယ်။ ( DVB New ) |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment