Tuesday 1 May 2012






Posted: 29 Apr 2012 01:22 AM PDT
ယနေ့ မြန်မာနိုင်ငံသို့ (၃)ရက်ကြာ အလည်အပတ် ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာအား Ban Ki-moonနဲ့ဇနီး Yoo Soon-taekတို့အား ကြိုဆိုနှုတ်ဆက် သူများနဲ့ အတူတွေ့ရစဉ်..

ဓာတ်ပုံ AP
Posted: 29 Apr 2012 01:05 AM PDT
 "ငါ့နိုင်ငံတော်ငါ့နိုင်ငံသားငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏" 
လေးလုံးဆောင်ပြီး တိုင်းပြည်မျက်နှာကို မကြည့်တဲ့ အမျိုးချစ် တပ်မတော်သား အဟောင်းတွေ မလိုအပ်တော့
ပါဘူး။ စားလို့လည်း လျှံ နေကြပါပြီ တိုင်းပြည်အတွက်၊ မိမိ ကိုယ်ကျိုးအတွက် တိုင်းပြည် သယံဇာတတွေ
 ရောင်းစားခဲ့လို့ ကုန်နေပါပြီ။ နားကြပါတော့လို့ အကြံပြုချင်ပါတယ်။

ဌာနဆိုင်ရာတွေမှာလည်း တပ်မတော်သား အဟောင်းတွေက ဦးစီးအရာရှိ / လက်ထောက်မန်နေဂျာ ကနေ ညွှန်ကြားရေးမှူး
ချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူး အထိ နေရာယူထားကြပါတယ်။ တပ်က အငြိမ်းစားယူလာတော့ သူတို့ရတဲ့ လစာက
 တပ်ပင်စင် လစာ + လက်ရှိရာထူးလစာ (ဦးစီးအရာရှိ /မာန်နေဂျာ ၊ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေး
မှူး ) ကိုရယူထားတော့ သူတို့အားလုံးက လစာ နှစ်မျိုးခံစားနေကြတာပါ၊၊ဥပမာ - တပ်ကအငြိမ်စားယူလာတဲ့
 ဦးစီးအရာရှိ တစ်ယောက်က လစာ၁၀၀၀၀၀ိ/+ ပင်စင်လစာ ၈၀၀၀၀ိ/ = ၁၈၀၀၀၀ိ/ ရပါတယ်။
 အရပ်သားဦးစီးအရာရှိ တစ်ယောက်က လစာ၁၀၀၀၀၀ိ/ ပဲရပါတယ်။ အလားတူ အခြားရာထူးကြီး 
ယူထားသူတွေလည်း လစာနှစ်ဆ ယူကြတာပါဘဲ။ ယခင်ပင်စင် ဥပဒေမှာပင်စင်စား တယောက်တစ်ယောက် ဟာ 
အစိုးရရာထူး တစ်ခုခုကို ပြန်လည်ရယူရင် ပင်စင်လစာကို ပြန်လည်အပ်နှံရပါတယ်။ ယခုကတော့ လူကိုမုန်းရင်မူကို 
သုံးပြီး လူကိုချစ်ရင် မူကိုပြစ်နေကြတာပါ။ ဒါကတော့ အရပ်သားဝန်ထမ်းအားလုံး ခံစားနေကြရတာပါ။

လစာ နှစ်ဆ ရရှိနေကြတဲ့ သူတွေက သူတိုအချင်းချင်း ညီလေးရေ အကိုကြီးရေနဲ့ ဌာနဆိုင်ရာရဲ့ ဂွင်
ရှိတဲ့နေရာတွေ ကိုပို့ပေးကြတယ်။ ညီလေးက အကိုကြီးတွေအတွက် ဂွင်ဖန်ပေးရပါတယ်။ အကိုကြီးတွေအတွက်
 ဖန်ပေးရသလို ညီလေးကလည်း ကိုယ့်အတွက် အိတ်ထဲ ထည့်တာပေါ့။ အရပ်သားတွေထဲက သူတို့အတွက်
 အောက်ဆိုက် ဂွင်ဝိုင်းဖန်ပေးနိုင်သူတွေကို ပညာအရည်အချင်း မရှိလည်း ရာထူးတိုးပေးတယ်။ Diploma: Master :
MBA တွေ ဘယ်လောက်ကြီးပဲ ရနေ၊ တတ်နေလည်း သူတို့နဲ့ မပြေလည်ရင် ၊ Sorry ပါဘဲ။ နေပြည်တော်မှာက
 အရာရှိ စစ်ဗိုလ်လူထွက်တွေရဲ့မိန်းမတွေက ရန်ကုန်မှာ ကျန်ခဲ့တော့ သူအိမ်မှာ ၀န်ထမ်းတွေက ထမင်းဟင်းသွား
ချက်ပေးရတယ်။ တပ်ထဲ စစ်သားလုပ်သူရဲ့မိသားစုက တပ်ရင်းမှူးအိမ်မှာ ကျွန်လုပ်ရသလိုပေါ့။ ပညာတတ်တွေ
ကတော့ ဘယ်သွားကြမှာလဲဗျာ။ ဒီမှာတင် ဖားနိုင် ကျွန်ခံ နိုင်တဲ့ လူတွေ နေရာရတော့တာပါဘဲ။

မကျေနပ်ပေမဲ့လည်း ပြောပိုင်ခွင့် မရှိသလို နယ်ပြောင်းခံရမှာ ကြောက်ပြီး ငြိမ်နေကြရပါတယ်။ ဒီမကျေနပ်ချက်တွေ
 ပွင်အံ ကုန်တာကတော ၁-၄-၂၀၁၂ ရက်နေ့ နေပြည်တော် ရွေးကောက်ပွဲမှာ NLD ကို အပြတ်မဲပေးလိုက်ကြတာပါဘဲ။
ဒီအတွက် ရလဒ်ကတော့ ယခုနှစ် ၁၀၁၂-၁၀၁၃ Budget မှာ ၀န်ကြီးဌာနတွေ ကိုယ်ဝင်ငွေ ကိုယ်ရှာရမှာမို့
ဝန်ထမ်းများ ရာထူးတိုးပေးရေး ကို မစဉ်းစားနိုင်သေးသလို စက်သုံးဆီ သုံးစွဲမှုချွေတာရန် အတွက် ရန်ကုန်မှာ
 ဌာန အချို့ဝန်ထမ်းကြိုပို့ ယာဉ်တွေ မေလဆန်းမှာ စပြီးမကြိုတော့ဘူးလို့ အရာရှိကြီများက
ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်းပါ။

နေပြည်တော်မှာတော့ တစ်ပတ်နှစ်ရက် ပို့ပေးတဲ့ဈေးကြိုပို့ မလုပ်ပေးတော့ဘူးတဲ့။ အရာရှိကြီးတွေ နေပြည်တော်-ရန်ကုန်
စနေ တနင်္ဂနွေ အိမ်ပြန်ဘို့ ထည့်ပေးရတဲ့ဆီ ကိုတော့မလျှော့ပါဘူး။ တင်ပြချင်တာတွေ ကတော့ အများကြီးပါဘဲ။ တိုင်းပြည်
အတွက် စဉ်းစားပေးမဲ့ နိုင်ငံကို ချစ်တဲ့ စစ်သားကောင်းတွေ မှန်တယ်ဆိုရင် သစ္စာ စူးမှာ 
မကြောက်ကြဘူးလား။ နားကြပါတော့လို့ ပြောချင်ပါတယ်။

နေပြည်တော်မှ ၀န်ထမ်းတဦး

Posted: 29 Apr 2012 12:29 AM PDT
၂၀၁၀ခုနှစ်က နိုဝင်ဘာလက မြစ်ဆုံ၊ ချီဖွေ ဒေသများသို့ ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရေး ဆောင်ရွက်မည့် မြန်မာနှင့် နိုင်ငံခြားသားစာရင်း အစီရင်ခံစာတခု... ဤသို့ လူစုံတက်စုံ ပါဝင်ဆောင်ရွက်ခဲ့ကြသည်..။
Posted: 28 Apr 2012 11:19 PM PDT
ပြည်ထောင်စု ဝန်ကြီး၅ဦး အနားပေးဆိုပြီး ယခုတလော သတင်းစာမျက်နှာ အချို့မှာ
ဒီမိုဝေယံအမည်နဲ့ ထပ်မံဖြန့်ချီ ဖော်ပြနေပါတယ်..။ ၂၀၁၁ခုနှစ် နိုဝင်ဘာလက ဒီမိုဝေယံ ဘလော့ဂ်မှာ
 မှားယွင်းဖော်ပြခဲ့ပြီး ဖျက်သိမ်းထားခဲ့တဲ့ အဆိုပါသတင်းအား ယခုလတ်တလော ဒီမိုဝေယံမှ
 ရေးသားဖော်ပြသယောင် ထင်ယောင်ထင်မှား အမြင်မှားဖြစ်အောင် တစုံတဦးမှ
 ဖြန့်ချီသော သတင်းအား ရေးသားဖော်ပြနေပါတယ်..။

အဆိုပါ၂၀၁၁ခုနှစ် နိုဝင်ဘာလက ဖျက်သိမ်းထားခဲ့သော အဆိုပါသတင်းအား ဖော်ပြနေသည့်

သက်ဆိုင်ရာ အင်တာနက်ဘလော့ဂ်နှင့် သတင်းဋ္ဌာနသို့ စာရေး အကြောင်းကြား ထားပြီးဖြစ်ပါကြောင်း
 အသိပေးအပ်ပါသည်။ ဖျက်သိမ်းခြင်း မရှိပဲ ဆက်လက်ဖော်ပြနေပါက ဒီမိုဝေယံနှင့် မသက်ဆိုင်ပါကြောင်း အသိပေးအပ်ပါသည်...။ စိုးရိမ်ပူပန်မှုဖြင့် ဖုန်း၊  အီးမေးလ်များဖြင့် ဆက်သွယ် မေးမြန်းလာသူများ အားလည်း ကျေးဇူး အထူးတင်ရှိပါကြောင်း။

မည်သို့ပင် ယုံကြည်မှုကင်းမဲ့အောင် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်နေပါစေ
အမှန်တရားဘက်မှ ဆက်လက်ရပ်တည် ရေးသားတင်ပြသွားမှာ ဖြစ်ပါကြောင်း...

ဒီမိုဝေယံ
Posted: 28 Apr 2012 10:46 AM PDT
ရွှေညဝါဆရာတော်ကြီးအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ ဂါရဝပြုစဉ်..
 
ရွှေညဝါဆရာတော်ကြီးအား ဂါရဝပြုနေတဲ့ အမေစု..

ရဟန်းဘောင် ဝင်ရောက်ခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုကိုကြီးစမ်းချောင်း(ဝဲစွန်)၊ ကိုဇော်ဇော်မင်း(ညာစွန်)
ရဟန်းဘောင် ဝင်ရောက်ခဲ့တဲ့ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများနဲ့ အဖွဲ့
မှော်ဘီ ရွှေညဝါတောရကျောင်းမှာ ဆွမ်းကပ်လှူစဉ်...
မှော်ဘီ ရွှေညဝါတောရကျောင်းမှ ဧည့်ခံပွဲ..
ဧပြီလ(၂၄)ရက်နေ့က ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှာ ရွှေညဝါဆရာတော်ကြီးအား သိက္ခာထပ်ပွဲနှင့်
  ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများမှ ရွှေညဝါ ဆရာတော်ကြီးထံမှာ
 ရဟန်းခံ၊ ရှင်ပြုပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်..။

 အဆိုပါ အခမ်းအနားသို့ ပြည်သူလူထုခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊
 နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နယ်ပယ်အသီးသီးမှ နိုင်ငံရေး လှုပ်ရှားသူများနဲ့ ဖိတ်ကြားထားတဲ့
နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်..။


ဓာတ်ပုံ... ဒီမိုဝေယံ
Posted: 28 Apr 2012 09:46 AM PDT
အမရပူရမှ အသက် ၁၂၀ကျော်ပြီ ဖြစ်တဲ့ အဖွား ဒေါ်မြကြည်အား ဂရင်းနစ် မှတ်တမ်းဝင်နိုင်ဖို့ တတ်နိုင်သူတွေ လုပ်ဆောင် ပေးကြပါ...

ကမ္ဘာကျော် ဂရင်းနစ် မှတ်တမ်းမှာ ပါဝင်စေလိုပြီး
 ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တဦးမှ အောက်ပါအတိုင်း ရေးသား ပေးပို့လာပါတယ်..။

အမရပူရမှ အသက် ၁၂၀ကျော်ပြီ ဖြစ်တဲ့ အဖွား ဒေါ်မြကြည်ဟာ
 ဂရင်းနစ် မှတ်တမ်းဝင်ဖို့ ကျော်လွှန်နေပြီလို့ ပြောလို့ရပါတယ်။ နိုင်ငံပိုင်သတင်းစာမှာ ဆောင်းပါးပါတော့
ပါလာပါတယ်၊ ဆက်သွယ် ဆောင်ရွက်ဖို့ကျတော့ နိုင်ငံတော်က ဘာမှ ဆက်မလုပ်ဘူးဆိုတဲ့ သဘောပေါ့
မဖြစ်သင့်ဘူးဗျ၊ သူများနိုင်ငံတွေမှာ ပရဟိတလုပ်ငန်းတွေ၊ ကိုယ့်မြို့ရွာနဲ့ ပါတ်သက်တာတွေ ပြည်သူတွေသိဖို့၊
 နိုင်ငံတကာကသိဖို့၊ ဂုဏ်ယူချင်လွန်းလို့ စိတ်ပါကိုယ်ပါ လိုက်လုပ်ကြတယ်၊ ကိုယ့်နိုင်ငံမှာကတော့ သိတဲ့အတိုင်းပေါ့တဲ့။

အထက်ပါ ရေးသားပေးပို့ လာသူက ဂင်းနစ် မှတ်တမ်း ဝင်ဖို့ အင်္ဂလန်က Guinness World
 Records Ltd.ကို မေးလ် ပေးပို့ပါတယ်တဲ့။ ဟိုက အချက်အလက်တွေ ပြန်တောင်းတဲ့ အတွက် တဦးတည်း
 လုပ်ဆောင်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။ ပြည်တွင်း မီဒီယာတွေနဲ့ တတ်ကျွမ်း နားလည်သူတွေ Guinness
World Records Ltd.အထောက်အထားတွေ ပေးပို့ပြီး ကူညီလုပ်ဆောင်ပေးဖို့ တိုက်တွန်းနှိုးဆော် အပ်ပါတယ်..။

တောင်းဆို လာတဲ့ အချက်အလက်တွေ ကတော့
We will require proof of age documents which include:

· Birth Certificate or census report outlining and verifying date of birth

· Photo ID

· Passport copy (if applicable)

· Any other supporting documents which can help us verify age
many thanks,

အထောက်အထားတွေ ပြန်လည် ပေးပို့ရမယ့် အီးမေးလ်နဲ့ လိပ်စာကတော့

Vin.Sharma@guinnessworldrecords.com

Vin Sharma
Talent Manager
Guinness World Records Ltd.
184-192 Drummond Street, London, NW1 3HP
T: +44 (0)20 7891 4570

အမရပူရမှ အသက် ၁၂၀ကျော်ပြီ ဖြစ်တဲ့ အဖွား ဒေါ်မြကြည်ရဲ့ ပြည်တွင်းပြည်ပ သတင်းများ လင့်ခ်..

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwtkakeYJSDbDEWoMVmavHDGOcYyojms6DHGwLJUdowMxeqhYHo0c8FYfRafSSCIIUTKgV4pSlkxHQNx2Ax1IABeoTSm73hW19oAQ9omIuHf0IJNrBCjam7d_eeTciTfi0ZIOPLRdV7zw/s1600/024.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOv_-hSU9rduYClF3G5O0mVoQmzaNwFG1MCYegn9eusrfcTsucebJFah303xbrm7K_UAwQy77OVTvsw8ckiSMBwUaZkmxJ0b4ljFw_BwSS2oqACmlFFctjJTmXWakWC7M1ui3_SX4U2qg/s1600/022.jpg

http://in.news.yahoo.com/myanmar-daw-mya-kyi-world.html

http://www.mmtimes.com/feature/healthy/health06.htm

http://www.dvb.no/news/world%E2%80%99s-oldest-person-found-in-burma/11300

http://www.seniorsworldchronicle.com/2010/08/myanmar-daw-mya-kyi-118-may-be-worlds.html
ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါ...
Posted: 28 Apr 2012 08:36 AM PDT
ဂျပန်နိုင်ငံသို့ ကြွရောက်သီတင်း သုံးနေတော်မူသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ နဝမမြောက်ဗန်းမော်ဆရာတော် "ဒေါက်တာအရှင်ကုမာရာဘိဝံသ" ဗန်းမော်ဆရာတော် ဘုရားကြီးမှ မနက်ဖြန် ၂၉ရက်နေ့ တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား တရားရေအေး တိုက်ကျွေးမှာ ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါတယ်..။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment