L. နေတောင်
ကဲ တိုင်းပြည်ကို ကာကွယ်ပါဆိုပြီး ပြသနာဖြစ်အောင် တတွင်တွင်အော်နေတဲ့ ပြည်မနဲ့  နိုင်ငံခြားကလူတွေက အချိန်တန်ရင် ရေခဲရေသောက်၊ ထမင်း ၀အောင်စားပြီး၊ အိပ်မောကျနေလောက်ပြီ။ နိုင်ငံခြားမှာနေတဲ့လူတွေအတွက် အနစ်နာဆုံးကတော့ အိပ်ရေးပျက်ရုံလောက်ပေါ့။ အမှန်တကယ် ပေး ဆပ်လိုက်ရတာကတော့ ရခိုင်ပြည်နယ်က ပြည်သူတွေပါပဲ။
ဆွပေးတဲ့ သတင်းမီဒီယာတွေကို ကြည့်ပါ။ ပြည်မကလူတွေပါပဲ။ ရခိုင်ပြည်နယ်ရဲ့  နေ့ တဓူဝကိစ္စတွေနဲ့ ကောင်း ကျိုးဆိုးကျိုးကို ထိရောက် ခံစားမှုမ လိုတဲ့ မြို့ နေအလယ်အလတ်လူတန်းစား ဗမာ (သို့ ) မြန်မာတွေပါပဲ။ ရခိုင်ပြည်သွေးစွန်းတဲ့ သတင်းတွေအတွက် ဂျာနယ်စောင်ရေတိုးသလို ပေါ်ပျူလာ တွေလည်းဖြစ်ကုန်လေရဲ့ ။
အွန်လိုင်းမှာ တက်တက်ကြွကြွဖြစ်နေတဲ့ သာမန်ပြည်သူအများစုကတော့ ကွန်ပျူတာရှေ့ ထိုင်ပြီး ချကြလေကွာ ဆိုပြီး အားမာန်တွေသွင်းပြီး တိုင်းပြည်ကို ကာကွယ်နေကြလေရဲ့။ သူတို့ အတွက် ဆုံးရှုံးမှုကတော့ အင်တာနက် ဖိုးလောက်ပါပဲ။
သူတို့ ကြားချင်တာ ဖြစ်ချင်တာကို ရခိုင်ပြည်သူတွေက သွေးနဲ့ ရင်းပြီး ပေးနေကြရပြီ။ သူတို့ ပြောတဲ့ တိုင်းပြည်ကို ကာကွယ်ကြပါဆိုတာကို ရခိုင်ပြည် သူတွေရဲ့  အသက်နဲ့ သိက္ခာနဲ့ ကာကွယ်ပေးနေရပြီ။
အမျိုးဘာသာ သာသနာကို ကာကွယ်ပါဆိုပြီး တိုင်းပြည်ကို နှစ်ပေါင်း ၆၀ ဒုက္ခပေးလာတဲ့အစိုးရ လှုပ်ဆော်မှုတွေ ကိုတော့ ပြောစရာတောင်မလိုပါ။
မြန်မာပြည်ရဲ့  အချုပ်အခြာအာဏာ၊ အမျိုးဘာသာသာသနာကို ကာကွယ်ဖို့  ရခိုင်ပြည်မှာ လူသတ်ပွဲ၊ သွေးရေချိုး ပွဲနဲ့ မှဖြစ်မှာလား။ တရုတ်အစိုးရကို မြစ်ဆုံထိုးပေးလိုက်တာ၊ ထားဝယ်ဆိပ်ကမ်းအတွက် နှစ်ပေါင်း ၃၀-၄၀ နိုင်ငံ ခြားကိုအပြီးပေးလိုက်တာ၊ ရွှေဂတ်စ်ပရောဂျက်အတွက် နိုင်ငံခြား ကုမ္ဗဏီတွေကို နယ်မြေတွေ လွဲပေးလိုက်တာ၊ ဒါတွေက နယ်မြေနဲ့  အချုပ်အခြာအာဏာကိုထိပါးတာပဲမဟုတ်ဘူးလား။
ဘုန်းကြီးတွေကို ၂၀၀၇ တုန်းက အကြမ်းဖက်တုန်းကကျတော့ ဘာသာသာသနာကို စော်ကားဖျက်ဆီးတာပဲ မဟုတ်ဘူးလား။ နယ်စပ်တွေမှာတင်မက မြို့ ကြီးတွေမှာပါ နိုက်ကလက်တွေဖွင့်ပြီး မိန်းကလေးတွေကစ သောက်စားမူးယစ် ပျက်ဆီးနေတာတွေကြတော့ အမျိုးသားရေးကို ထိပါးတာမဟုတ် ဘူးလား။
ဒါတင်မကဘူး မြန်မာအ၀ှမ်းမှာဖြစ်နေတဲ့ အလုပ်သမားဆန္ဒပြမှု၊ တောင်သူလယ်သမားတွေဆန္ဒပြမှု၊ လျှပ်စစ်မီးရရှိရေးဆန္ဒပြမှုတွေ အားလုံးအခု ငြိမ် သွားပြီ။ ဒါပေမဲ့ ရခိုင်ပြည်သူတွေ အသက်လုပြေးနေကြရပြီ။
ရခိုင်ပြည်နယ်က ချင်းပြည်နယ်ပြီးရင် အဆင်းရဲဆုံးပြည်နယ်လို့ ဖတ်ဖူးပါတယ်။ ငြိမ်းချမ်းရေးမရှိရင် ဖွံ့ ဖြိုးရေး လည်းမရှိဘူးလို့ ပြောကြတယ်။ မမြင်မ ရှင်းတဲ့ အိမ်နီးချင်းတွေ ဒီလောက်ဖြစ်ပြီးမှ ငြိမ်းချမ်းကြပါအုံးမလား။ ဒါ ကြောင့် အချက် ၂ ချက်တောင်းဆိုချင်ပါတယ်။
- အဓိကရုဏ်းဖြစ်အောင် အမျိုးသားရေးလှုံ့ ဆော်နေတဲ့ ပြည်တွင်းပြည်ပ ပြည်သူများ ရခိုင်ပြည်သူများ မျက်နှာထောက်ပြီး ငြိမ်းချမ်းရေးအတွက် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လက်တွဲကြဖို့ ကြိုးစားကြပါ။
- အဓိကရုဏ်းဖြစ်အောင် မောင်းခတ်ပေးနေတဲ့ လူတွေ၊ သတင်းဌာနတွေ၊ အစိုးရဌာန (သို့ )အရာရှိတွေ ကို စုံစမ်းဖော်ထုတ်ကြပါ။
- ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသားရေး စိတ်ဓာတ်ပျင်းထန်နေတဲ့ အသိများ မိတ်ဆွေများကို နှီးစပ်ရာ ထိန်းပေးကြပါ။
ရခိုင်ပြည် အမြန် အေးချမ်းပါစေ။
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here
--
You received this message because you are subscribed to the Google Groups "Share from HYDE" group.
To post to this group, send email to hydegroup@googlegroups.com.
To unsubscribe from this group, send email to hydegroup+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/hydegroup?hl=my.
No comments:
Post a Comment