Sunday, 10 June 2012






    Posted: 10 Jun 2012 04:08 AM PDT
    ရခိုင်ပြည်နယ်စစ်တွေမြို့တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေသည်ကို လေယာဉ်ကွင်းမှတွေ့မြင်ရစဉ်
    Photo..konaung oo face book
    ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာနဲ့ အမြစ်တွယ်လာခဲ့တဲ့ ရိုဟင်ဂျာ ကိစ္စဟာ အခုဆိုရင် အကြီးမားဆုံး အချိန်ကို ရောက်လာပြီဆိုတာ သေချာ နေပါပြီ။ လူ့အသတ်တွေ သေကြေအောင် အထိ တိုက်ခိုက်ကြတာ၊ အိမ်ယာတွေကို ဖျက်စီးတာ၊ မီးရှို့တာ တွေဟာ .. ပြဿနာကို ညင်ညင်သာသာ ဖြေရှင်းရမယ့် အခြေအနေကနေ .. အကြမ်းဖက် လာတဲ့ အထိ ဖြစ်လာနေတယ်။

    ၈၈ မျိုးဆက် ခေါင်းဆောင် ကိုကိုကြီးနဲ့ ကိုမြအေးတို့က ရိုဟင်ဂျာဟာ တိုင်းရင်းသား မဟုတ်ဘူးလို့ အတိအလင်း ထုတ်ဖေါ်ပြောသွားခဲ့ပြီးသလို .. ဒါကို ဘယ်ရိုဟင်ဂျာတွေက ငြင်းမလဲ။ မြန်မာပြည်ဟာ ၈ ခုသော တိုင်းရင်းသားနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ရိုဟင်ဂျာဆိုတာ မရှိဘူး။ ဒါဟာ အရမ်းကို ရိုးရှင်းပြီး ငြင်းမရတဲ့ အမှန်တရားပါပဲ။ ဒါတွေက အကြိမ်ကြိမ် အထပ်ထပ် ပြောပြီးလို့ အကြိမ်ကြိမ် အထပ်ထပ်လည်း သက်သေနဲ့တကွ ပြခဲ့ပြီး ဖြစ်တာကြာင့် အဲဒီ အပိုင်းကို ဘာမှ ဆက်မပြောတော့ပါဘူး။

    အခု လက်တလော ကိစ္စမှာကိုသာ ပြောလိုပါတယ်။ လက်တလော ကိစ္စမှာ အမြင် ၃ ပိုင်း ရှိကြပါတယ်။

    ၁။ ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေ အပြန်အလှန် အထိကရုံး ဖြစ်ကြတယ်။
    ၂။ စစ်တပ်က နိုင်ငံရေး အာရုံလှည့်အောင် အကွက်ဆင်ပြီး ရိုဟင်ဂျာ ပြဿနာ ကြီးထွားအောင် အကွက်ဆင်တယ်။
    ၃။ ဒေသတွင်းမှာ အစပြု ဖြစ်ခဲ့တဲ့ ဒုစရိုက်မှုတွေကို ပြည်တွင်း ပြည်ပ မီဒီယာတွေနဲ့ အဖွဲ့အစည်းတွေ အပါအဝင် လူမှု ကွန်ယက်တွေကနေ အသားပေး ဖေါ်ပြရာက .. တနိုင်ငံလုံး အထိတ်တလန့်ဖြစ်လာပြီး .. ဒေသတွင်း ဒုစရိုက်မှု၊ လူသတ်မှု အဆင့်ကနေ .. တနိုင်ငံလုံး တုန်လှုပ်ရတဲ့ အမျိုးသားရေး အဆင့်အထိ ဖြစ်လာတယ် .. ဆိုပြီး ၃ မျိုး ဖြစ်ကြပါတယ်။

    ဒီလို ပြောကြတဲ့ အချက် ၃ ချက်ကနေ ဘယ်ဟာက ဖြစ်နိုင်သလဲ .. ဆိုတာထက် .. အဲဒီ အချက်တွေကို အခြေခံပြီး ... အနာဂတ် မြန်မာပြည် အရေး၊ ရိုဟင်ဂျာတွေရဲ့ ရန်ဘေးကနေ ရခိုင်ပြည်သူတွေရဲ့ ခံစားရမှုတွေ သက်သာ ပျောက်ကင်းအောင် ဘယ်လိုပုံစံနဲ့ အကွက်ကျကျ ကိုင်တွယ် ဆောင်ရွက်မလဲဆိုတာကို အဓိက ပြောဆိုလိုပါတယ်။

    နံပါတ် ၁ အချက်ကတော့ .. နောက်ကွယ်က ဖြစ်ရပ်ကို မကြည့်ဘဲ သာမန် ပြောတာကြောင့် ဘာမှ ဆက်ပြောစရာ မရှိပါ။ နံပါတ် ၂ အချက်က စစ်တပ်က အကွက်ဆင်တယ်လို့ ပြောဆိုကြတယ်။ ဒါဟာ ဘယ်လောက် အထိ သေချာပါသလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါ။ အဲဒီလို သတင်းတွေဆိုတာ ဘယ်တော့မှ အတည်ပြုလို့ မရနိုင်တာကြောင့် ဆက်မဆွေးနွေးလိုပါ။

    ဒါပေမယ့် မြန်မာ့သမိုင်း အနှစ် ၅၀ အတွင်းမှာ ပြည်သူလူထုက စစ်တပ်ကို လိုလိုလားလားဖြစ်ပြီး.... ပြည်သူနဲ့ စစ်တပ် ပူးပေါင်း ဆောင်ရွက်တယ်ဆိုတာကို ပထမဦးဆုံး ပြန် မြင်ရတာဖြစ်တယ်။ ဒါဟာ ရလဒ်ကောင်းပါပဲ။ ပြည်သူတွေရဲ့ လိုလားချက်နဲ့ စစ်တပ်ရဲ့ ဆောင်ရွက်ချက်ဟာ တစ်ထပ်တည်းကျလာပြီး .. ဘုံရန်သူ ရိုဟင်ဂျာတွေရဲ့ ရန်ကနေ တပ်နဲ့ ပြည်သူပူးပေါင်းပြီး ခုခံ ကာကွယ်ပေးနေရတာ ဖြစ်တယ်။ ဒါဟာ အဆိုးတွေထဲက လှပတဲ့ ပုံရိပ်ပါ။ တူတာတွေ ပေါင်းလုပ်ကြတာပေါ့ ဆိုတဲ့ စကားကို အကောင်အထည်ဖေါ်ပြီး တပ်နဲ့ ပြည်သူကြားက မယုံမကြည် ရန်ဆောင်နေမှုကို စတင် အရည်ဖျော်မယ့် စမှတ် ကောင်းအဖြစ် ဆက်လက် လုပ်ဆောင်နိုင်မယ်ဆိုရင် အနာဂတ် နိုင်ငံအတွက် အဆိုးထဲက အကောင်းဆုံး ရလဒ်ကို ရလာနိုင်စရာ ဖြစ်သလို .. ရိုဟင်ဂျာဆိုတဲ့ ကျူးကျော်သူတွေရဲ့ ရန်ကိုလည်း ကာကွယ်ပြီးသား ဖြစ်လာပါတယ်။ (သေဆုံး၊ ထိခိုက် ဒဏ်ရာရ၊ နစ်နာခဲ့ရသူ တိုင်းရင်းသားတွေအတွက်တော့ ကြေကွဲ ဝမ်းနည်းရပါတယ်။)

    နံပါတ် ၃ အချက် ဖြစ်တဲ့ ဒေသတွင်း ဒုစရိုက်မှုကို မီဒီယာ၊ အင်တာနက် စာမျက်နှာ .. အဖွဲ့အစည်းတွေကနေ အသားပေး ဖေါ်ပြရာက .. နိုင်ငံအဆင့် အမျိုးသားရေးပုံစံ ထိတ်လန့် တုန်လှုပ်တဲ့အထိ ဖြစ်လာတယ်ဆိုတဲ့ ကောက်ချက်ကလည်း အတိုင်းအတာ တစ်ခု အထိ မှန်ပါတယ်။ ဒါဟာ ရခိုင်ပြည်တွင်းမှာ ထိလွယ် ရှလွယ်တဲ့ ကိစ္စဖြစ်နေတော့ အသားပေး ဖေါ်ပြလိုက်တယ်ဆိုတာနဲ့ ရှိပြီးသား အခံပေါ်မှာ ချက်ခြင်းကို တုန့်ပြန်လာကြတာဖြစ်လို့ မဆန်းပါဘူး။

    ဒီဖြစ်ရပ်ကို ထွင်းဖေါက်သိမြင်ဖို့ လိုပါတယ်။ ဒါမှ ဘယ်လိုပုံစံနဲ့ မြန်မာတိုင်းရင်းသားတွေအားလုံး ကြေနပ်တဲ့အထိနဲ့ ဖြေရှင်းနိုင်မလဲ ဆိုတာကို နားလည်နိုင်မှာ ဖြစ်ပါတယ်။ မီဒီယာတွေရဲ့ အသားပေး ဖေါ်ပြမှု၊ အရေးအသား၊ အစိုးရ အဖွဲ့အစည်းရဲ့ တုန့်ပြန်မှု၊ လူထုခေါင်းဆောင်တွေရဲ့ တုန့်ပြန်မှု၊ ဒေသခံ ပြည်သူတွေနဲ့ ပြည်တွင်း ပြည်ပ မြန်မာနိုင်ငံသားတွေရဲ့ တုန့်ပြန်မှု ဒါတွေ အားလုံးဟာ စက္ကန့်ပိုင်းအတွင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး .. အဲဒီ စက္ကန့်ပိုင်းတွေဟာ ဖြစ်ရပ်အားလုံးရဲ့ ရလဒ်ကို စဉ်ဆက်မပျက် ပုံဖေါ် ဖြစ်ပွားနေစေပြီး .. ပြည်သူတွေရဲ့ စိုးရိမ်စိတ်နဲ့ ဒေါသဖြစ်မှုတွေကို အရှိန်မြှင့်ပေးနေပါတယ်။

    ဒီလို အမျိုးသားရေး ပုံစံအထိ ဖြစ်ပေါ်လာတဲ့ တုန်လှုပ်မှု ဖြစ်ရပ်ထဲမှာ စက္ကန့်နဲ့အမျှ လည်ပတ်နေတဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်အောင် လုပ်နိုင်စွမ်းဟာ ... အာဏာကိုင်စွဲထားတဲ့ အစိုးရကလွဲရင် .. ဘယ်သူမှ မရှိပါဘူး။ (အစိုးရကို အရာရာ လွှဲချတာ မဟုတ်ပါ။ တားမြစ်နိုင်စွမ်း သူတို့ဆီမှာပဲ ရှိတယ်ဆိုတာကို ထောက်ပြတာပါ။)

    ပထမဆုံး အကြမ်းဖက်မှုတွေကို ရပ်တန့်အောင် အမိန့်ထုတ်ပြီး လုံခြုံရေး အင်အား အလုံအလောက် ချဖို့လိုပါတယ်။

    ဒုတိယ မီဒီယာတွေကို လွတ်လပ်ခွင့် ပေးသော်လည်း ပြည်သူတွေ အထိတ်တလန့်ဖြစ်မယ့် ပုံတွေ၊ အမျိုးသားရေးကို ထိခိုက်မယ့် အရေးအသားတွေ မရေးအောင် ထိန်းသိမ်းဖို့ ဂျာနယ်လစ် သမဂ္ဂလို အဖွဲ့တွေနဲ့ ညှိနှိုင်းဖို့ လိုပါတယ်။ (မလုပ်ရလို့ အမိန့်ထုတ်၊ ဆင်ဆာ အဖွဲ့နဲ့ ထိန်းချုပ်တာထက် .. မီဒီယာ သမားတွေ အချင်းချင်း တည့်မတ်အောင် ဆောင်ရွက်ဖို့ အခင်းအကျင်းသာ လုပ်ပေးသင့်ပါတယ်။)

    ဒါမှ ပြည်ပ မီဒီယာတွေကိုပါ ထိန်းချုပ်ပြီးသား ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် အစိုးရဟာ ဗီလိန်ဖြစ်နိုင်သလို .. စာပေကင်ပေတိုင်လည်း အရင်လို အသက်ပြန်ဝင်သွားနိုင်မယ့် စိုးရိမ်စရာ အခြေအနေဖြစ်ပါတယ်။

    တတိယအချက်ကတော့ ပြည်သူတွေက ကုလားတွေကို မုန်းတီးရေး၊ တိုက်ခိုက်ရေး၊ သတ်ဖြတ်ရေး ပြောနေမယ့်အစား .. ရိုဟင်ဂျာတွေက တိုက်ခိုက်နေမှု၊ ပြည်သူတွေ ဒုက္ခရောက်နေမှု၊ ဒေသခံတွေရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက် လာနေမှုတွေကို စိုးရိမ်မှုတွေကို ဖေါ်ပြပြောဆိုခြင်းအားဖြင့် .. မတရားတာကို မုန်းတီးတတ်တဲ့ လူသားတွေရဲ့ စိတ်ဓါတ်ကို နှိုးဆော်ပေးရာ ရောက်ပြီး ... မတရားတောင်းဆို အကြမ်းဖက်နေတဲ့ ရိုဟင်ဂျာဆိုရင် .. နာမည်တောင် မရှိသင့်ဘူးလို့ လူတိုင်းက လက်ခံလာရင် .. အနာဂတ် မြန်မာပြည်မှာ ရိုဟင်ဂျာရန်ကနေ ထာဝရ အေးချမ်းသွားမှာ ဖြစ်ပါတယ်။

    အတိုချုပ် ပြောရရင်တော့ ..

    ၁။ တပ်နဲ့ ပြည်သူ ပူးပေါင်းပြီး ဘုံရန်သူတွေရဲ့ ကျူးကျော်မှုကို ခုခံကြပါ။
    ၂။ အကြမ်းဖက်မှု ဖြစ်ပွားရာ ဒေသတွေက ပြည်သူတွေအတွက် လုံခြုံရေး တိုးမြှင့် ချထားပါ။
    ၃။ အစိုးရနဲ့ မီဒီယာတို့ ပူးပေါင်းပြီး လူထု တရပ်လုံး စိုးရိမ်နေမှုတွေရဲ့ အရှိန်ကို လျော့ချပါ။

    ၄။ ပြည်သူတွေ အားလုံးက အမုန်းတရားနဲ့ သတ်ကြ၊ ဖျက်ကြ စကားလုံးတွေ အစား .. ရိုဟင်ဂျာတွေရဲ့ ကျူးကျော်မှု၊ မတရားမှု၊ ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်မှုတွေကို အဓိက ဖေါ်ထုတ်ပြီး .. မတရားမှုကို မနှစ်မြို့တဲ့ လူသားတွေ အားလုံးရဲ့ တွန်းလှန်မှုကို ရယူပြီး ရိုဟင်ဂျာတွေရဲ့ ခြိမ်းခြောက်မှုကို ရခိုင်ပြည်နယ်မှသာမက၊ မြန်မာတနိုင်ငံလုံးကနေ ပပြောက်သွားအောင် ရေရှည် စီမံကိန်းနဲ့ စနစ်တကျ ဆောင်ရွက်ကြပါ။

    ၅။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လက်ရှိ ကူညီ ဝိုင်းဝန်းဆောင်ရွက်နေကြတဲ့ လူသားခြင်း စာနာမှု အကူ အညီတွေကို ဝိုင်းဝန်း တိုးမြှင့် လုပ်ဆောင်ကြပါ။

    ၆။ လူသတ်မှု ကျူးလွန်သူများ အားလုံးကို ပြည်သူများ ရှေ့မှောက် ပွင့်လင်း မြင်သာတဲ့ တရားစီရင်ရေးနဲ့ ထိထိရောက်ရောက် အပြစ်ပေး အရေးယူဖို့ ... စတာတွေကို တဆင့်ချင်း လုပ်ဆောင်ပါလို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

    လေးစားစွာဖြင့်
    ကိုထိုက်

    Ko Htike


    Posted: 10 Jun 2012 12:53 AM PDT

    Photo..The voice weekly
    ဆူပူ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ရှိ မြို့တော် စစ်တွေမြို့တွင် ဆူပူ အကြမ်းဖက် မှု အခြေအနေများကို ထိန်းသိမ်းရန် သေနတ်ပစ် ထိန်းသိမ်းခွင့် အမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံများ က ပြောကြားသည်။

    "သေနတ် စပစ်နေပြီ" ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ပါတီဝင်တစ်ဦးက ဆိုသည်။

    စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်တွင် ဆူပူ အကြမ်းဖက်မှုတွင် ရခိုင်တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးများ အပြန်အလှန် သတ်ဖြတ်မှုများကြောင့် ရခိုင်တိုင်းရင်းသား တစ်ဦးသေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရှိသွားကြောင်း၊ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုး နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အနည်းငယ်ရှိ ကြောင်း ဒေသခံများက ပြောကြားသည်။

    ရိုဟင်ဂျာ အဓိကရုဏ်း ကူးစက်နေပြီဖြစ်သော စစ်တွေမြို့တွင် ဘင်္ဂါလီလူမျိုးများ၏ ဆူပူ အကြမ်းဖက်မှုကြောင့် ယနေ့ နံနက် ၁၀ နာရီ ၀န်းကျင်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ရခိုင်တိုင်းရင်းသား တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက် အရသိရှိရသည်။

    မင်းဂံရပ်ကွက် အကွက် (၁) ကို ဘင်္ဂါလီလူမျိုး...များ ယမန်နေ့ ၁၂နာရီခန့်တွင် ၀င်ရောက် မီး ရှို့ ဖျက်ဆီးမှုကြောင့် ဗလီတစ်ခု အပါအ၀င် အိမ်ခြေ ၄၀ကျော် ပျက်စီးသွားပြီး အဆိုပါ အစ္စလာမ်ဘာသာ ၀င် ဘင်္ဂါလီလူမျိုးများသည် ယနေ့မနက် ငါးနာရီခန့်တွင် ဝေသာလီ အားကစားကွင်း အနီးရှိ ရထားဘူတာမှ မြို့ ပတ်ရထားကို မီးရှို့ဖျက်စီးနေစဉ် ရဲတပ်ဖွဲ့ဝင်များ အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

    စစ်တွေမြို့ လုံခြုံရေးအင်အားမှာ အားနည်းနေကြောင်း၊ တပ်မတော်သားနှစ်ဆယ် ၀န်းကျင်၊ ရဲတပ်ဖွဲ့ဝင် ၃၀၀ ၀န်း ကျင်သာရှိကြောင်း၊ ယင်းအင်အားနှင့် လက်ရှိဆူပူနေမှုကို ထိန်းသိမ်းတားဆီးရန် ခက်ခဲနေကြောင်း ရခိုင် တိုင်း ရင်းသား တိုးတက်ရေးပါတီမှ ပါတီဝင် တစ်ဦးက ဆိုသည်။

    "မင်းဂံမှာ လုံးဝထိန်းမနိုင်ဘူးဖြစ်နေတယ်။ အရမ်းဆူနေတယ်" ဟု ၄င်းက လက်ရှိ အခြေအနေကို ရှင်းပြသည်။

    လက်ရှိ စစ်တွေမြို့တွင် ဘေးလွတ်ရာထွက်ပြေးနေရသော ရခိုင်တိုင်းရင်းသား ဒုက္ခသည် ၆၀၀ ၀န်းကျင်ထိရှိနေပြီ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

    The voice weekly

    Posted: 09 Jun 2012 09:15 PM PDT



    Posted: 09 Jun 2012 09:05 PM PDT
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်ကို လာမယ့်ဇွန်လ ၁၃ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီးတော့ ဆွစ်ဇာလန်၊ နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်နဲ့ ပြင်သစ်နိုင်ငံတွေကို ရောက်ရှိမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ ထွက်ခွာလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမခရီးတထောက် အဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ဇွန်လ ၁၃ ရက်နေ့မှာ ရောက်ရှိလာပြီးတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ညီလာခံမှာ မိန့်ခွန်းမှာ ပြောကြားမှာဖြစ်ပါတယ်။

    ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်(စ်) နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter နဲ့လည်း တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ ဆွစ်(စ်) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၈ ရက်နေ့က ကြေညာပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်(စ်)ပါလီမန်ကို သွားရေက်မှာဖြစ်ပြီးတော့ အဲဒီန့မှာပဲ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ကို ခရီးဆက်မှာဖြစ်ပါတယ်။

    ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ အော်စလိုမြို့တော်ခန်းမှာ ကျင်းပမယ့် ၁၉၉၁ ခုနှစ်အတွက် နိုဘဲလ်ဆု ငြိမ်းချမ်းရေးဆုနှင်းအပ်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်လ်ဆုကို လက်ခံရယူပြီး နေ့လယ်ပိုင်းမှာ အော်စလိုဆိပ်ကမ်းက ငြိမ်းချမ်းရေး စင်တာမှာ နိုင်ငံတကာ ဧည့်သည်တွေ၊ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

    ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့တော်ခန်းမရှေ့မှာ လူထုကို မိန့်ခွန်းစကား ပြောကြားမှာ ဖြစ်ပါတယ်။ နောက်တနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်းမှာ နော်ဝေနိုင်ငံခြားရေးဝန်ကြီး အပါအ၀င် အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နော်ဝေးနိုင်ငံ ဒုတိယမြို့တော် ဘာဂင်မြို့သို့ သွားရောက်ပြီးတော့၊ သူ့ကို နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုတွေထဲက ပထမဆုံး ချီးမြှင့်ခံရတဲ့ ရပ်ဖ်တို လူ့အခွင့်အရေးဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။

    ဇွန် ၁၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေကနေ အိုင်ယာလန်နိုင်ငံ Dublin မြို့တော်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ Dublin မြို့တော်မှာ ညနေပိုင်းကျင်းပမယ့် ဂုဏ်ပြုအခမ်းအနားမှာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့က ချီးမြှင့်တဲ့ Ambassador of Conscience "ယုံကြည်ချက် ခိုင်မာပြတ်သားမှု သံတမန်" ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။ အဲဒီပွဲကို Board Gais Energy ဇာတ်ရုံ ခန်းမကြီးမှာ ကျင်းပမှာဖြစ်ပြီး အဆိုတော်ဘိုနိုက ဒေါ်အောင်ဆန်းစုကြည်ကို AI အဖွဲ့ ကိုယ်စား ဆုပေးအပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ဆုပေးပွဲနဲ့ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့နဲ့ အဆိုတော် Bono တို့ရဲ့ ဂုဏ်ပြုဂီတ ဖျော်ဖြေပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။

    ဇွန် ၁၈ ရက်နေ့ ညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ Dublin မြို့တော်ကနေ London မြို့တော်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံမှာ ဇွန်လ ၂၆ ရက်နေ့ထိ နေထိုင်စဉ်အတွင်း ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် (၆၇) နှစ်မြောက် မွေးနေ့ကို မိသားစုနဲ့အတူ ဆင်နွှဲမှာ ဖြစ်ပါတယ်။

    ဇွန်လ ၂၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Oxford တက္ကသိုလ်က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၁ ရက်နေ့မှာ၊ ဗြိတိသျှပါလီမန်ရဲ့ အထက်အောက်လွှတ်တော်နှစ်ရပ်ပေါင်းမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း(ဒ်)ရဲ့ ဖိတ်ကြားချက်နဲ့ London မြို့တော်ကနေ Paris မြို့တော်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကနေ ဇွန်လ ၂၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ကို ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။(VOA)

    Posted: 09 Jun 2012 09:13 AM PDT
    တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံမှာ လူတိုင်းလူတိုင်း တန်းတူညီမျှ အခွင့်အရေးရသင့်တယ်ဆိုပြီး၊ ကျနော်တို့တစ်လျှောက်လုံးတောင်းဆိုခဲ့ကြတာဟာ ကျနော်တို့နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့၊ ပြည်ထောင်စုဖွားတိုင်းရင်းသား မျိုးနွယ်များအတွက်သာဖြစ်တယ်..။ ဒီအရာတွေ ကျနော်တို့ တစ်ကယ်ရကြပြီးလား။ လုံးဝမရသေးပါဘူး။ ယခုလက်ရှိအခြေအနေဟာ အပြောင်းလဲကိုရှေ့ရှူးနေတယ် ဆိုရုံလေးပဲရှိတယ်။ လက်ရှိအာဏာရအစိုးရအနေနဲ့ ဘာတစ်ခုမှ ဟုတ်တိပတ်တိ မရှင်းလင်းနိုင်သေးပါဘူး။

    ကိုယ်တိုင်းရင်းသားတွေရဲ့ အရေးဆိုရင် လေးလေးနက်နက်ထားပြီး မလုပ်ဆောင်တတ်တဲ့၊ ကိုယ့်ပြည်သူ တွေအပေါ်မှာ နှစ်ပေါင်းများစွာနိုင်ထက်စီးနင်းပြုကျင့်ခဲ့တဲ့၊ အုပ်ချုပ်သူတွေကြောင့် ယခု ရိုဟင်ဂျာကိစ္စဟာ ဒီလောက်ထိ အတင့်ရဲလာတယ်လို့ပဲကျနော် မြင်မိပါတယ်.။ နယ်စပ်ဒေသတွေမှာ အစိုးရ၀န်ထမ်းတွေဟာ လာဒ်လာဘ တစ်ခုတည်းကိုသာ ကြည့်ကြတယ်.။

    ကိုယ်ကောင်းစားရင်ပြီးရော၊ ဥပဒေကို အလွဲသုံးစား လုပ်ကြတယ်.၊ ဒါလည်း သိပ်တော့မဆန်းပါဘူး။ အုပ်ချုပ်သူတွေ ကိုယ်တိုင်ကိုက ဥပဒေဆိုတာ သူတို့ရဲ့ ခြေဖ၀ါးအောက်မှာလို့ သတ်မှတ်ထားကြတာကိုး။ အဲဒီတော့ ဘင်္ဂလားက စိမ့်ဝင်လာတဲ့ ဘင်္ဂလီလူမျိုးတွေ ကို မျက်နှာသာပေးတယ်၊ ဒေသခံတိုင်းရင်းသားကျောမွဲတွေကို ဖိနှိပ်တယ်။ ဂရုမစိုက်ဘူး။ အမျိုးဘာသာ၊ သာသနာဆိုတဲ့ အသိလုံးဝမရှိတော့ဘူး။ ကိုယ်ကောင်းစားရင်ပြီးရော၊ ကိုယ်ကျိုးတစ်ခုတည်း ကိုပဲ ကြည့်ခဲ့ကြတယ်.။

    အဆိုးဆုံးကတော့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေအပေါ် အာဏာပိုင်တွေနဲ့လက်ပါးစေတို့ရဲ့ ဖိနှိပ်ရက်စက်မှုဟာ အခြားနိုင်ငံက စိမ့်ဝင်လာတဲ့ တစ်ခြားဘာသာဝင် တွေအတွက် အားတက်စရာ ဖြစ်စေခဲ့တယ်.။ သူတို့ရဲ့အတွေးထဲမှာ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ ဆိုပေမယ့် အုပ်ချုပ်သူလူတန်းစားလူတန်းစားတွေနဲ့ သူတို့ရဲ့နောက်လိုက်တွေဟာ ဗုဒ္ဓဘာသာအစစ် အမှန်မဟုတ်ဘူးလို့သူတို့မြင်တယ်။ ဘာကြောင့်ဒီလို ကျနော် ပြောရသလဲဆိုရင် ဘယ်ဘာသာတရားမှ သူတို့ရဲ့ အတွဋ် အမြတ်ထားတဲ့၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေအပေါ်မှာ ရက်စက်တဲ့ အပြုမူတွေနဲ့ မတုံ့ပြန်ခဲ့ဘူး။

    အထူးသဖြင့် စစ်တပ်ကစစ်ဗိုလ်တွေဟာ ငွေပေးရင် ဘာမဆိုဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ ငွေနဲ့လမ်းခင်းပြီး၊ တိုင်းတစ်ပါးသားနယ်ချဲ့တွေက ကျနော်တို့တိုင်းပြည်မှာ လူပါးဝ မင်းမူနေကြတော့တာပဲ။

    နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်ဆိုတာ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ အဲဒီစစ်တပ်ဆိုတာ ဟာလဲ တိုင်းတစ်ပါးကျူးကျော်ရန်ကို ကာကွယ်ဖို့နဲ့ သဘာဝဘေးအန္တရာယ်တွေကျရောက်လာရင် တိုင်းသူပြည်သားတွေအပေါ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိရောက်စွာလုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်တယ်.။ ကိုယ့်ပြည်သူကို ပြန်သတ်ဖို့မဟုတ်သလို… နိုင်ထက်စီးနင်းလုပ်ဖို့လည်း မလိုဘူး။

    ကျနော် နိုင်ငံက စစ်တပ်ကို ပြည်သူတွေက အပြည့်ဝ ယုံကြည်အားကိုးလေးစားတဲ့၊ သိက္ခာရှိတဲ့ စစ်တပ်အဖြစ်ပဲ ကျနော် မြင်ချင်တယ်ဗျာ..။ ကျနော် တို့အခုခံစားနေရတာ ရိုဟင်ဂျာကိစ္စ တစ်ခုတည်း မဟုတ်ပါဘူး။

    ကျနော်တို့နိုင်ငံသမိုင်းမှာ ယဉ်ကျေးမှုအစဉ်လာကြီးမားခဲ့တဲ့ မန္တလေးရွှေမြို့တော်ကြီးကို ကြည့်လိုက်ပါ..။ တရုတ်တွေရဲ့ ၀ါးမျိုခြင်းကိုခံနေရပြီး၊ တရုတ်တွေရဲ့ ကြီးစိုးမှုအောက်မှာ၊ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းခဲ့တဲ့၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ပျောက်ဆုံးကုန်ပါပြီး။ အဲဒီအရာတွေရဲ့အဓိကတရားခံဟာ၊ အုပ်ချုပ်သူတွေရဲ့ ညံ့ဖျင်းမှု၊ ကိုယ်ကျိုးကြည့်မှု၊ တိုင်းသူပြည်သားတွေအပေါ်မှာ လုံးဝစေတနာမဲ့မှု၊ လာဒ်လာဘ တွေရဲ့ နောက်မှာ သာယာပျော်ရွှင်နေမှု၊ တွေပဲဖြစ်ပါတယ်။ အဲဒီအပြုမူတွေရဲ့ တန်ပြန်သက်ရောက်မှုတွေဟာ အခုကျနော် တို့စတင်ခံစားနေရပါပြီး။

    ဒီတော့ လက်ရှိအစိုးရအနေနဲ့ ဘာလုပ်မှာလဲ။ စစ်တပ်ကရော ဘယ်လိုဖြေရှင်းမှာလဲ။ လက်ရှိအစိုးရဆိုတာကလည်း၊ အားလုံးသိပြီးဖြစ်တဲ့ အတိုင်း၊ နဂိုလူတွေ ယူနီဖောင်းပြောင်းလိုက်တာပဲ ရှိတယ်။ အဲဒီတော့ အစိုးရမှာ တာဝန်လုံးဝရှိပါတယ်..။ ကိုယ်မွှေးတဲ့မီး ကိုယ်ကိုတိုင်ငြိမ်းဖို့ လိုပါတယ်..။ ဘာအကြောင်းပြချက်မှ မလိုချင်ပါဘူး..။ ခင်ဗျားတို့ ကျုပ်တို့နိုင်ငံရဲ့ မြေပေါ်ကနေ.. ခင်ဗျားတို့ကြောင့် ရောက်လာတဲ့ တိုင်းတစ်ပါးသားတွေကို လုံးဝ ရှင်းထုတ်ပေးပါ။ ဒါဟာ တစ်မျိုးသားလုံးရဲ့ ဆန္ဒ။ ယခု ဖြစ်နေတဲ့ ပြဿနာတွေဟာ အာဏာရှင်စနစ်ရဲ့ ခါးသီးတဲ့ရလာဒ်တွေပဲ ဆိုတာ ခင်ဗျားတို့သိဖို့လိုတယ်..။ ဒါတွေကို ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအနေနဲ့ ပြတ်ပြတ်သားသားရှင်းလင်းနိုင်မှာသာ ခင်ဗျားတို့ရဲ့သမိုင်း၊ မရိုင်းပဲ လှပမယ်ဆိုတာ သိထားစေချင်ပါတယ်..။

    ညီမင်းသစ်

    Posted: 09 Jun 2012 08:55 AM PDT

    ယနေ့(ဇွန်လ ၉ ရက်) နေ့လည် ၂ နာရီက ရန်ကုန်မြို့၊ရွှေတိဂုံဘုရားအနီးရှိ ဓည၀တီ ရခိုင်ဘုန်းကြီး ကျောင်း တွင် ရခိုင်သံဃာတော်များနှင့် ရခိုင်လူငယ်များစုဝေးကာ မနေ့က မောင်တောမြို့တွင် ရိုဟင်ဂျာတို့အကြမ်းဖက်မှုကြေင့် အတိဒုက္ခရောက်နေကြရသော ပြည်သူလူထုအတွက် ဆုတောင်းမှုပြုရန်နှင့် ရခိုင်ပြည်သူလူထုကိုအစိုးရမှအမြန်ဆုံးအကာအကွယ်ပေးရန် မေတ္တာရပ်ခံခြင်းတို့အတွက်
    စုဝေးခဲ့ကြပါတယ်။ညနေ ၃ နာရီခွဲလောက်မှာ ရွှေတိဂုံရင်ပြင်ဆီကိုငြိမ်းချမ်းစွာ
    လမ်းလျှောက်ချီတက်ကြပါတယ်။

    သတင်း..Shwe than zin

    Posted: 09 Jun 2012 08:35 AM PDT
    ဇွန်လ ၈ ရက်နေ့ မောင်တောမြို့နယ် မှတ်တမ်းဓါတ်ပုံ(Hmuu zaw facebook)
    ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများမှာ စစ်တွေမြို့သို ကူးစက်လာခဲ့ပြီး ဘုမေ ကျေးရွာမှ အစ္စလာမ် ဘာသာဝင်များက ယနေ့ညနေပိုင်းတွင် ရခိုင် တိုင်းရင်းသား အများစု နေထိုင်ရာ ဓညဝတီ ရပ်ကွက်...သို့ ဝင်ရောက် အကြမ်းဖက် ဖျက်ဆီးရန် ကြိုးစားခဲ့ရာမှ လုံခြုံရေး အခြေအနေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။

    စစ်တွေမြို့ အခြေစိုက် တပ်မတော်သား ခြောက်ရာခန့်ကို ယမန်နေ့က ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားသော မောင်တော မြို့နယ်သို့ စေလွှတ်ထားသဖြင့် မြို့ပေါ်၌ လုံခြုံရေး အခြေအနေ အားနည်းမှုကို အခွင့်ကောင်း ယူကာ ယင်းကဲ့သို့ အကြမ်းဖက်မှုများ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

    "မြို့ထဲမှာ လုံခြုံရေး လုံးဝ မရှိဘူး။ လူတွေက အိမ်ပြင် မထွက်ရဲတော့ဘူး" စစ်တွေမြို့ မြို့မ ဈေးကြီးတွင် ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေသခံ အမျိုးသား တစ်ဦး လက်ရှိအခြေအနေကို သုံးသပ်ပြောဆိုသည်။

    အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ လူမျိုးများ အများစုနေထိုင်ရာ ဘုမေကျေးရွာမှ အင်အား ၃၀၀ ခန့်က ရခိုင် တိုင်းရင်းသား အများစု နေထိုင်ရာ ဓညဝတီ ရပ်ကွက်သို့ ဝင်ရောက် ဖျက်ဆီးရန် ကြိုးစားရာမှ ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းမှုကြောင့် ဆူပူ အကြမ်းဖက်သူများ နောက်ဆုတ် သွားခဲ့သော်လည်း လေယာဉ်ကွင်း အနီးရှိ ဝန်ထမ်းလိုင်းခန်း တစ်ခုကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပါတီဝင် တစ်ဦးက ပြောဆိုသည်။

    ယနေ့ည ၈ နာရီ မိနစ် ၃၀ ခန့်ကလည်း စစ်တွေမြို့ရှိ အဓိက လျှပ်စစ်ဓာတ်အား ဖြန့်ဝေနေသော မီးစက်ကြီးကို ဖျက်ဆီးရန် အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ လူမျိုး အင်အား ၃၀၀ကျော် ရောက်ရှိလာရာ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား ၃၀ ဦးခန့်က တာဝန်ယူ ထိန်းသိမ်းခဲ့ရကြောင်း စစ်တွေမြို့ခံများက ပြောကြားသည်။

    "မီးပျက်သွားရင် ပိုဆိုးတော့မယ်။ ခုလည်း တစ်ညလုံး အိပ်လို့ ရတော့မှာ မဟုတ်ဘူး" ဟု စစ်တွေ ဒေသခံ တစ်ဦးက ပြောဆိုသည်။

    အလားတူ ယနေ့ည ရှစ်နာရီခန့်က မင်းကံရပ်ကွက်ရှိ နေအိမ် သုံးလုံးကို အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ လူမျိုးများ မီးရှို့ဖျက်ဆီးခဲ့ရာ အမျိုးသမီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

    ထို့အပြင် အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီလူမျိုးများ၏ အကြမ်းဖက်မှုများကြောင့် စိတ်မထိန်းနိုင်သော ရခိုင် တိုင်ရင်းသား အချို့က လေယာဉ်ကွင်း အနီးရှိ ဗလီတစ်လုံးကို မီးရှို့လိုက်ကြောင်း သိရှိရသည်။

    စစ်တွေမြို့၏ လုံခြုံရေး အခြေအနေ စီမံ ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ The Voice Weekly က ယနေ့ည ၉ နာရီခန့်တွင် စစ်တွေရဲစခန်းမှ အကြီးတန်း အရာရှိ တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ဆူပူမှုများ ဖြစ်ပွားနေသည်မှာ မှန်ကန်ကြောင်းနှင့် ရဲတပ်ဖွဲ့ အင်အား တစ်ထောင်ကျော်က လုံခြုံရေး တာဝန်ယူ ဆောင်ရွက်လျှက် ရှိကြောင်း အတည်ပြု ပြောကြားသည်။

    The Voice Weekly

    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610

    No comments:

    Post a Comment