Thursday, 14 June 2012
မည်သူတွေ ပျော်မည်နည်း......
စဉ်းစားကြပါကုန်...
ဘင်္ဂလား - ရေပိုင်နက် နိုင်ပေမယ့်
ကုသိုလ်နောက်ခံအား နည်းလေတော့ သယံဇာတ မရှိတဲ့ အပိုင်းကိုသာ ရသွားလေတဲ့
ဘင်္ဂလား --- အတင်းများများပြောပြီး မြန်မာပြည် လဗျောင်းသတ်သမျှ သူတို့ 
အောင်ပွဲ မဟုတ်ပါလား။
တရုတ် - ၀က်ခြေထောက်ပေါင်း နှင့်
ဟူခြင်ထောင်း တို့  အဆီတ၀င်းဝင်း စားမြိန်လှမည့် သုံးထပ်သား မြစ်ဆုံကြီးကို
သွားရေတမြားမြားနှင့် လက်လွှတ်ခဲ့ရသည်။ ဒင်းတို့ သည် သံပုရာသီး (အချဉ်) တွေ
မဟုတ်ချေ။ ၀င်းအိနေသော မြစ်ဆုံ သုံးထပ်သားတုံးကြီး ကို ၀င်ဆွဲဖို့ 
အချိန်အခါကို ချောင်းနေကြသည်။ မည်သူတွေပျော်သနည်း။ မြန်မာပြည်သားတွေ
အိမ်နောက်ဖေးက သူခိုးဓါးပြတွေကို အာရုံစိုက်နေကြပါသည်....... ကဲ...
တရုတ်ကြီးတို့  မပျော်ပေဘူးလား။ ကျနော်သာ ၀က်ခြေထောက်ပေါင်းတို့  အုပ်စု
ဆိုလျှင် ကွေးနေအောင်ကို ထထ ကပါမည်။
လောက်ကောင် ဇော်မင်း နှင့် အပေါင်း အပါတစ်စု
- ကိုယ့်အိမ်ထဲက သစ္စာဖောက် လောက်ကောင် ဇော်မင်းနှင့် အပေါင်းအပါ
တစ်စုကလည်း
ပြည်သူ့ အလစ်မှာ ပိုနေသည့် မီဂါဝပ်တွေ ခိုးရောင်းရန် အသင့်ရှိနေသည်။
မြန်မာပြည်သား မှန်သမျှ၊ မီဒီယာ မှန်သမျှ အားလုံး အိမ်နောက်ကို
စိတ်ရောက်နေကြသည်။ ဆူလွယ်နပ်လွယ်သော မြန်မာနိုင်ငံသားများကို နိုင်ငံရေး
လှည့်စားရခြင်းလောက် ဘယ်အရာမှ လွယ်ကူသော ကိစ္စ မရှိနိုင်ချေ။ ဟုတ်ကဲ့....
သို့ ဆိုရလျှင်.. ဇော်မင်းလည်း ပျော်ပါသည်။ မီးတွေပျက်သမျှ လူတွေ မေ့ကြပြီ။
ဇော်မင်းကို ဆဲဖို့ ထက် အိမ်နောက်က သူခိုးတွေကို ဆဲပွဲကြီး ကျင်းပကြပြီ။
ပျော်ပါသည်။ ကျနော်သာ ဇော်မင်း တို့  အုပ်စု ထဲက ဆိုလျှင်
ဝိုင်တစ်ခွက်သောက်ပြီး အေးအေးဆေးဆေး စောင့်ကြည့်နေလိုက်ပါမည်။
ဦးသန်းရွှေအုပ်စု (သို့ မဟုတ်) ထမိန်ခြုံ အုပ်စု
- သည်အုပ်စုရဲ့ ရည်မှန်းချက်ကလည်း သိပ်မသေးလှ။ ၂၀၁၅ အတွက် ဒင်းတို့ 
ကျိတ်ကြံနေခြင်းအား မည်သူမျှ ငြင်းမရနိုင်ချေ။ လက်ရှိ ကာလမှာ သူတို့ ရဲ့
ပြိုင်ဖက်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဘုန်းတန်ခိုး အလျှံငြီးငြီး
တောက်လောင်လျက် ရှိသည် မဟုတ်လား။ ခုလို အိမ်နောက်က ပြဿနာမျိုးကို အရင်ကဆို
ဖုန်းဒိုင်း ၀ုန်းခွမ်းနှင့် ၀င်ကြမ်းပြီး အားလုံး တိတ်ဆိတ်သွားစေရမည်။
ခုတော့ အသာလေး --- ဟ --- ပေးထားလိုက်သည်။ နင်တို့  အားကိုးလှတဲ့ ဒေါ်စု --
ကဲ အားကိုးကြည့်ကြပေါ့။ လွှတ်ပေးထားလိုက်သည်။ ဘာပဲပြောပြော -- တစ်မဲ
ဖြစ်ဖြစ် ၂ မဲဖြစ်ဖြစ် ဒေါ်စုဖက်က လျော့သွားပြီ။ သေချာသည်။ သူတို့  အုပ်စု
ပျော်ကြပါမည်။ ပျော်ရက်ကြပါသည်။ ရခိုင်လူမျိုး ကိုယ့်အိမ်သားတွေ
လည်လှီးမီးရှို့  ခံရသမျှ သူတို့  ပျော်ရက်ကြပါသည်။
ရိုဟင်ဂျာ -- သူတို့ လည်း အသကုန်လွှတ် ပျော်နေလောက်ပါပြီ။ သူတို့ ခြေလှမ်းကား အဘယ်နည်း။ နောက်ကွယ်တွင် ဘယ်သူတွေ ရှိသနည်း။ ဘီဘီစီလည်း ရှိနိုင်ပါသည်။ သူတို့ ရဲ့ ခြေလှမ်းအတွက် သူတို့ ရဲ့ ရိုဟင်ဂျာများကို လူသားတံတိုင်း လုပ်ထားတာလည်း ဖြစ်နိုင်ပါသည်။ Co-lateral Damage အဖြစ် လုပ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဘီဘီစီ နှင့် ဝေနှင်းပွင့်သုံတို့ လည်း စစ်တပ် မကောင်းကြောင်း နှစ်ပေါင်းများစွာ ပြောလာခဲ့လေရာ --- ကျန်တာဘာမှ မပြောတတ်တော့သည်နှင့် သနားစရာကောင်းသော “လူသတ်သမား အကြမ်းဖက်သမား” ရိုဟင်ဂျာများကိုသာ ကမ္ဘာ့  ဇတ်ခုံပေါ် အသနားခံ ဘ၀ အဖြစ် တွန်းတင်ပေးလျက်ရှိကြတော့သည်။ အသင် ဝေနှင်းပွင့်သုံ --- သင့်အား ကျနုပ် အထင်ကြီးခဲ့ဖူးပါသည်။ ခုတော့ အတော်ကို ရွှံရှာလျက်ရှိပြီး မြန်မာနိုင်ငံသားအဖြစ် ခံယူရန် မဖြစ်သင့်တော့ ကြောင်း အကြံပေးလိုက်ရပါသည်။

အချုပ်အားဖြင့် ဆိုရသော် --- အားလုံး (ရွှေပြည်သား များမှလွဲလို့ )
ပျော်နေကြပါသည်။ နိုင်ငံရေး တွင် ဘာမှ အတွေ့ အကြုံ မရှိသေးသော၊ ဆူလွယ်
နပ်လွယ်သော၊ သုံးသပ်မှု အားနည်းချက် ရှိသော မြန်မာပြည်သားများသည်
နောက်ကွယ်မှ (မည်သူမှန်း မသိပါ) လူတစ်စု၏ လေယူရာသို့  ယိမ်းယိုင်လျက်
ရှိနေကြလေတော့သည်။
တစ်ခုပဲ သတိပေးချင်ပါသည်။ ဒေါသတွေကို ရသလောက် ပြန်သိမ်းလိုက်ကြပါ။
ပြန်သုံးသပ်ကြပါ။ ဘယ်သူတွေ ဘာကိုလိုချင်သလဲ စဉ်းစားကြည့်ကြပါ။ အားလုံး
ရှုးရှုးရှဲရှဲ ဖြစ်နေကြတုန်း ၀င်ဆွဲမည့် ခွေးဝဲစားများ ပါးစပ် ပြင်နေကြပြီ
ဖြစ်ကြောင်း --- လေးစားစွာ သတိပေး --- လိုက်ရပါသည်ခင်ဗျာ။
ကိုကိုလတ်
နိုင်ငံရေး မကျွမ်းကျင်သူ၊
တစ်ချိန်က ကြောင်ဖြူများရှင်။
(အမှောင်ထုထဲက အလင်းစက်များ blog မှကူးယူဖေါ်ပြပါသည်)
No comments:
Post a Comment