Sunday 1 July 2012





Posted: 30 Jun 2012 07:24 AM PDT
ဇွန်လ ၁၄ရက်နေ့မှ ၂၉ရက်နေ့အထိ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံများသို့
 သွားရောက်ခဲ့ပြီး ကမ္ဘာကျော် မိန့်ခွန်းများအပါအဝင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု၊ ကမ္ဘာကျော်ေ
အာက်စ်ဖို့ဒ် တက္ကသိုလ်မှ ဒေါက်တာဘွဲ့ဆု အပါအဝင် ဂုဏ်ထူးဆောင် ဆုများအား သွားရောက်ရယူ
ခဲ့ကာ   ဥရောပ(၅)နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များရဲ့ အထူးဂုဏ်ပြု ကြိုဆိုမှုကို
ရရှိခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက် ၁၀နာရီ
၂၀မိနစ်က ရန်ကုန်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာပါတယ်..။

၂၄နှစ်တာအတွင်း ပထမဦးဆုံး ဥရောပခရီးစဉ်ဖြစ်တဲ့ မြန်မာ့ဂုဏ်ဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
၏ အိမ်အပြန်ခရီးအား ရန်ကုန်လေဆိပ်နဲ့ လမ်းတလျှောက်မှာ သောင်းနဲ့ချီတဲ့ ပြည်သူလူထုမှ ကြိုဆိုခဲ့ကြပါတယ်
..။ အဖွဲ့ချုပ်ခေါင်းဆောင်များ၊ အနုပညာရှင်များနဲ့ အနယ်နယ်အရပ်ရပ်မှ ထောက်ခံသူ ပြည်သူများမှလည်း
 ဂုဏ်ပြု ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြပါတယ်..။

ကမ္ဘာ့သတင်းမီဒီယာတွေမှာ ထိပ်တန်းသတင်းအဖြစ် ဖော်ပြခြင်းခံခဲ့ရသော်လည်း မြန်မာအစိုးရပိုင် သတင်း၊
 မီဒီယာ၊ သတင်းစာများမှာ ဖော်ပြခြင်းမပြုခဲ့ပါ။ ထို့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်၏ ဥရောပခရီးစဉ်အတွင်း ထူးခြားတိုက်ဆိုင်စွာ အဖွဲ့ချုပ် အတွင်းရေးမှူးလည်းဖြစ် ရွေးကောက်ပွဲ
 အောင်နိုင်ရေး မာန်နေဂျာ ဦးဥာဏ်ဝင်းအား ရွေးကောက်ပွဲ ကော်မရှင်မှ တရားစွဲဆိုခြင်း၊
အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ နေအိမ်ပိုင်ဆိုင်ခွင့် ရယူလိုမှုအား တရားရုံးမှ
တဝက်စီခွဲဝေယူရန် အမိန့်ချမှတ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပအပြန်ခရီးမတိုင်မှီ တရက်အလို၌
 မြန်မာအား ဘားမားဟု သုံးစွဲခြင်းအား နိုင်ငံပိုင် သတင်းစာများမှ သတိပေးခြင်းများစသည့်
အဖြစ်အပျက်များ တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်ခဲ့ပါတယ်..။

ဓာတ်ပုံ AP,Getty Images, Reuters
အမေစုရဲ့ အိမ်အပြန်ခရီး  နေအိမ်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ ပြည်သူလူထုအား တွေ့ဆုံနှုတ်ဆက်စဉ်
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment