Monday 29 October 2012






မနက်က ညီမလေးဆုကဗျာက ဖုန်းဆက်လာပါတယ်။ " မမ၀ါရေ- ဆုမွေးနေ့(၆.၁၀.၂၀၁၂)နေ့ကျရင် စိတ်ရောဂါဆေးရုံ ၊ မိဘမဲ့ဂေဟာ၊ မရမ်းချောင် အနာကြီးရောဂါဝေဒနာရှင်တွေကို အလှူသွားလုပ်မှာမို့ အထည်ဟောင်းတွေလှူစရာ ရှိရင် လှူလိုက်လို့ရပါတယ်"လို့ ဆိုလာလို့ ကျွန်မက၀မ်းသာအားရနဲ့ပဲ ပုသိမ်-သာပေါင်းရေဘေးအလှူအတွက် စင်္ကာပူမှ မောင်နှမများလှူဒါန်းထားတဲ့ ညီမလေးခင်ဖြူစင်မှ စေတနာအပြည့်နဲ့ မြန်မာပြည်သို့ သယ်ယူလာပေးသော အ၀တ်အထည်ဟောင်း ၂ထုတ်ကို ရေဘေးအလှူအတွက်က ထပ်သွားဘို့ မသေခြာသေးတာနဲ့ မရမ်းချောင်သို့ လှူချင်ပါကြောင်း နဲ့ တခြားဘာတွေလှူလို့ရနိုင်ပါသေးလဲ"လို့ ညီမလေးဆုကို မေးတဲ့အခါ ဆုမှ အနာကြီးရောဂါသည်တွေအတွက် ကော်ဖီထုတ်တွေ လှူဘို့ စီစဉ်ထားပါကြောင်း ၊မမ၀ါ လှူချင်ရင် ကွေကာအုတ်ထုတ်တွေ လှူနိုင်ပါကြောင်း အထုတ်(၅၀)ပါ ကွေကာအုတ် တစ်ထုတ်ကို ၃၈၀၀ကျပ်- ၄၀၀၀ ကျပ် အတွင်း ဈေးနှုန်းရှိပြီး လူနာတစ်ဦးလျှင် (၅)ထုတ်နှုန်းနှင့် လှူပါက လူနာ ၁၃၀ ဦးအတွက် အထုတ်ပေါင်း (၆၅၀)ထုတ် လိုအပ်မှာမို့ အထုတ်ကြီး (၁၃)ဆိုပါလျှင် ၅၂၀၀၀ ကျပ်ခန့်ကျပြီး လူနာအားလုံးအတွက် တစ်ဦးကို (၅ထုတ်)စီ လှူနိုင်မှာ ဖြစ်ပါကြောင်း ၊တစ်ဦးကို (၁၀)ထုတ်စီလှူပါက (၁၀၄,၀၀၀ကျပ်)ခန့် ကုန်ကျမှာ ဖြစ်ပါကြောင်း သိလိုသမျှကို စိတ်ရှည်စွာ ဖြေကြားပေးတာကြောင့် ကိုယ်တိုင်သွားရောက်ရန်အခက်အခဲရှိသောနေရာများသို့ စေတနာသဒ္ဓါပေါက်စွာဖြင့် လှူချင်သူများရှိပါက ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း ကုသိုလ်အကျိုးမျှော်၍ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

(အလှူရှင်များအနေနှင့် ၄.၁၀.၂၀၁၂ နေ့နောက်ဆုံးထား၍ ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။)

လေးစားစွာဖြင့်

ဝါ၀ါခိုင်မင်း@ နန်းဝါ၀ါမောင်

မတင်ဇာပိုင် (စင်္ကာပူ)
Bank Account: POSB Saving 245-83465-9

No comments:

Post a Comment