Thursday, 1 November 2012
Posted: 31 Oct 2012 12:17 AM PDT
မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုရှိရန် လွှတ်တော်တရားဥပဒေ စိုးမိုးရေး ကော်မတီက ကြိုးစားဆောင်ရွက်နေသော်လည်း
အခုလပိုင်း အတွင်း ရန်ကုန်မြို့တွင် လူသတ်မှု ရိုက်နှက်မှုများ ပေါ်ပေါ်ထင်ထင် ဖြစ်ပွါးလျှက် ရှိပြီး လုံခြုံမှု မရှိကြောင်း ရန်ကုန်မြို့ခံများကြား ပြောဆိုနေကြသည်။
ပြီးခဲ့သည့်နှစ်က ပုဇွန်တောင်မြို့နယ်တွင် ဇာတ်လမ်းဆန်သောလူသတ်မှုနှင့် မြောက်ဥက္ကလာပမြို့နယ်တွင် စားသောက်ဆိုင်တွင်း
တက္ကသိုလ်(ပင်မ)နားရှိ အင်းယားကန်ဘောင် က စားသောက်ဆိုင်များကို လာရောက်ဖျက်ဆီး ရိုက်နှက် သတ်ဖြတ်မှုများလည်း
 ရှိခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့်အပတ် အင်္ဂါနေ့ညတုန်းကလည်း ပြိုင်ကားမောင်းလာသူ လူငယ်များက လမ်းဘေး သီချင်းဆို
သူများကို ရိုက်နှက်မှုတခု နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွါးခဲ့သေးသည်။
ယခုကဲ့သို့ လက်ရဲဇက်ရဲဖြစ်လာရခြင်းမှာ တရားဥပဒေစိုးမိုးမှုမရှိခြင်းကို ပြနေသည်ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက ပြောဆိုသည်
။ ယ္ခုအခါ ရန်ကုန်မြို့တွင် နိုက်ကလပ်များ ပွဲလမ်းသဘင်များတွင် မူးယစ်ဆေးသုံးစွဲ အကျင့်ပျက်မှုများက လူငယ်တွေကြား
 အလွယ်တကူ ခိုက်ရန်ပွါးစေသည်ဟု ယူဆကြသည်။ ဒါ့အပြင် ငွေကြေးတတ်နိုင်သည့် လူငယ်များကလည်း ရာဇ၀တ်မှုကို ငွေကြေးဖြင့်ဖြေရှင်းလို့ရသည်ဆိုသော အသိများဝင်နေသည့် အတွက် ရာဇ၀တ်မှုကို ပို၍ကျုးလွန်လာကြသည်ဟု ရဲဝန်ထမ်းဟောင်းတဦးက ပြောဆိုသည်။
လူသတ်မှု လူသေဆုံးမှုဖြစ်ပါက ထောင်ဒဏ်အနှစ်၂၀ မှ တသက်တကျွန်းထိ ကျနိုင်သော်လည်း တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့များ
ကရော တရားရုံးများကပါ ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်း မရှိသောကြောင့် အမှုအခင်းများ တိုးပွါးနေရကြောင်း အငြိမ်းစားတရားသူကြီးတဦးကလည်း ပြောသည်။ ယခုလ အစပိုင်းတွင် လွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီ က ရဲစ
ခန်းများနှင့် တရားရုံးများကို ရှောင်တခင် ၀င်ရောက်လေ့လာ စစ်ဆေးသော်လည်း အဖြစ်မှန်ကိုဖုံးပြီး အဆိုပါကော်မတီကိုပါ
လိမ်လည်လှည့်ဖျားသည့် ကိစ္စရပ်များ ပေါ်ပေါက်ခဲ့သည်ကို သတင်းများတွင် တွေ့ရသည်။
ရန်ကုန်မြို့နေ ပြည်သူများ လုံခြုံမှုအေးချမ်းမှုရရှိဖို့အတွက် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီက အစည်းအဝေးများ ပြုလုပ်နေရုံနှင့်မပြီးပဲထိရောက်သည့်အရေးယူဆောင်ရွက်မှုများ ဖြစ်ပေါ်လာအောင် ပြည်ထဲရေးဝန်ကြီးဌာန
ကဲ့သို့သော သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုသလို ၊ ရာဇ၀တ်မှုပပျောက်ရေးကို တိုက်ရိုက်တာဝန်ယူ ဆောင်ရွက်နေသည့်ဝန်ထမ်းများအကြား ဆုပေးဒဏ်ပေး စနစ်များကျင့်သုံးပြီး ရာဇ၀တ်မှု လျော့ကျရေး အလေးထား ဆောင်ရွက်ရန် လိုကြောင်း ပြည်ပရောက် အဆင့်မြင့်အစိုးရ အရာရှိတဦးကလည်း ဝေဖန်ပြောဆိုလိုက်သည်။
Burma Newselite
Posted: 31 Oct 2012 12:08 AM PDT
ရွေးကောက်ပွဲစဖို့ ရက်ပိုင်းအလိုမှာ တိုက်ခတ်ခဲ့တဲ့ ရာစုနှစ်အတွင်း အကြီးမားဆုံး မုန်တိုင်းကြောင့် သမ္မတရွေးကောက်ပွဲအပေါ်
 ဘယ်လို ရိုက်ခတ်မှုတွေ ရှိနိုင်မလဲ။
လက်ရှိမှာသမ္မတအိုဘားမားနဲ့မစ်ဒ်ရွမ်နီတို့ရဲ့မဲအခြေအနေကတူသလောက်ဖြစ်နေပြီးရွမ်နီကတောင် နှာတဖျားလောက်သာနေ
တယ် လို့ ပြောလို့ ရပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေကိုလိုက်ပြီး လူထုရဲ့ စိတ်ဝင်စားမှုက ကွာခြားပါတယ်။ ဒီနှစ်မှာတော့
 စီးပွားရေးကျဆင်းနေတာမို့ ဘယ်သမ္မတက တိုင်းပြည်ရဲ့ စီးပွားရေးပြန်ပြီး ဦးမော့လာအောင် လုပ်နိုင်မလဲ ဆိုတာကိုပဲ အများစု
က စိတ်ဝင်စားကြတာပါ
သမ္မတ အိုဘားမားလက်ထက် ပြီးခဲ့တဲ့ ၄ နှစ်အတွင်း စီးပွားရေး တိုးတက်နှုန်း နှေးကွေးနေတဲ့ ကိစ္စကို သမ္မတ အိုဘားမားရဲ့ ချို့
ယွင်းချက် အဖြစ် ရီပါပလီကင်ပါတီက အဓိက ပစ်မှတ်ထား ပြောဆိုနေခဲ့ပါတယ်။ အလုပ်လက်မဲ့ဦးရေ များနေစဲ အနေအထား၊ ရေရှည်စွမ်းအင်ထုတ်နိုင်မဲ့ နေရောင်ခြည်သုံးစွမ်းအင်၊ လေအားသုံးစွမ်းအင်ထုတ်တာတွေမှာ ငွေအများအပြား
ရင်းနှီးမြုပ်နှံပြီး အမြတ်မရတာတွေ၊ ဒေ၀ါလီခံတော့မယ့် ကားထုတ်လုပ်ရေးလုပ်ငန်းကို အစိုးရက ငွေစိုက်ထုတ်ကူညီခဲ့တဲ့အ
တွက် စက်ရုံဆက်ပြီး လည်ပတ်နေပေမဲ့ စီးပွားရေးရှုထောင့်ကကြည့်ရင် မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ် - စသဖြင့် အိုဘား
မားရဲ့ ဆုံးဖြတ်မှု မှားယွင်းတယ်လို့ ပြစ်တင် ပြောဆိုတာတွေ ရှိပါတယ်။
တဘက်ကလည်း ရီပါပလီကင်သမ္မတ ဘွရှ်လက်ထက် ၈ နှစ်တာကာလ အတွင်းမှာ စတင်ခဲ့တဲ့ အီရတ်စစ်ကြောင့် တင်ခဲ့
အကြွေးတွေကြောင့် နလံထနှေးခဲ့သလို ကမ္ဘာ့ငွေကြေးပြဿနာ တကမ္ဘာလုံးကိုရိုက်ခတ်ချိန်မှာ အမေရိကန်နိုင်ငံကိုလည်း
ရိုက်ခတ်ခဲ့တာကြောင့် အခုလက်ရှိ ရှိနေတဲ့ အခြေအနေဟာ ဘယ်သမ္မတ တက်တက် ဒီထက်ပိုကောင်းအောင် မလုပ်နိုင်ဘူး
ဆိုတဲ့ တုန့်ပြန်မှုတွေလည်း ရှိနေပါတယ်။
အခုမုန်တိုင်းစတင်ချိန်မှာ သမ္မတ အိုဘားမားက အရင်သမ္မတ ဘွရှ်တုန်းကလို အချိန်စောင့်တာမျိုး မရှိဘဲ ချက်ခြင်းတုန့်ပြန်လိုက်
တဲ့ အပေါ် လူတွေ အတော်ချီးကျူးပြောဆိုတာ တွေ့ရပါတယ်။ အရင် သမ္မတဘွရှ်လက်ထက်က မုန်တိုင်း (ကက်သရီးနာ)
 တိုက်တော့ ချက်ခြင်းတုန့်ပြန်တာမရှိခဲ့တဲ့အတွက် လူတွေ ဒုက္ခပိုရောက်ခဲ့သလို အပျက်အစီးလည်း ပိုများခဲ့ပါတယ်။ အခုတကြိမ်
အိုဘားမားက ချက်ခြင်းတုန့်ပြန်ချိန်မှာ အခြေအနေကို အသေအချာ မသိသေးချိန်မှာ တုန့်ပြန်တာ စောလွန်းတယ်လို့ ဘွရှ်လက်
ထက်က မုန်တိုင်းအရေးပေါ် အခြေအနေ ကိုင်တွယ်ခဲ့သူက ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ဒါပေမယ့် မုန်တိုင်းက ထင်ထားတာထက်ကိုတောင် ပိုမို ပြင်းထန်နေပါတယ်။ အခုလို အလျင်အမြန်တုန့်ပြန်မှုကြောင့်လည်း လူတွေရဲ့အသက်အိုးအိမ်ကို များစွာကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် မုန်တိုင်းဒဏ် အဆိုးဆုံးခံရတဲ့ ပြည်နယ်တခုဖြစ်တဲ့ နယူး
ဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ်တီက အိုဘားမားကို ဒီကနေ့မှာ ချီးကျူးပြောဆိုလိုက် ပါတယ်။ သတင်းမီဒီယာတွေနဲ့
 မေးမြန်းချက်တွေမှာ သူက သမ္မတဟာ တချိန်လုံးသူတို့နဲ့အတူရှိနေပြီး ကူညီလုပ်ဆောင်ခဲ့တာကို လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့
ပါတယ်။ သူဟာ ရီပါပလီကင်ပါတီက သြဇာရှိသူဖြစ်တဲ့အတွက် သူ့ရဲ့ ပြောဆိုချက်ဟာ အတော့်ကိုတာသွားတယ်လို့ သတင်း
သုံးသပ်သူတွေ က ဆိုပါတယ်။
မုန်တိုင်းစတိုက်တဲ့အချိန်မှာ အိုဘားမားက မုန်တိုင်းအရေးဟာ ပထမဦးစားပေးဖြစ်ကြောင်း အိမ်ဖြူတော်ကနေ ထုတ်ပြန်ကြေငြာ
ခဲ့ပြီး လျှပ်စစ်မီးပြန်ရရေးလုပ်ဆောင်ရာမှာလည်း ဆေးရုံ၊ ကျောင်းနဲ့ မဲရုံကို အစဉ်လိုက် ဦးစားပေးဆောင်၇ွက်ဖို့ ညွှန်ကြားခဲ့တယ်
လို့ သိရပါတယ်။
လတ်တလော ကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်နဲ့အမျှလုပ်နေရချိန် မုန်တိုင်းခရီးဆက်ရာ ပြည်နယ်တွေမှာ နှင်းထု ၃ ပေအထိ
ကျနေစဲမို့ မပြီးဆုံးသေးပါဘူး။ ရွေးကောက်ပွဲစချိန်မှာတောင် နေရာအတော်များများမှာ မီးတွေက ပျက်နေအုန်းမှာ ဖြစ်ပြီး
 လူတွေကလည်း အရေးပေါ်စခန်းတွေမှာ နေရဆဲ ဖြစ်နိုင်ပါတယ်။
သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ မုန်တိုင်းကိစ္စအပေါ် ကိုင်တွယ်ပုံတွေကြောင့် ရွေးကောက်ပွဲအပေါ်မှာ သက်ရောက်မှု ဘယ်လောက်ရှိနိုင်မလဲ။ လေ့လာသူတွေကတော့ ဒီလုပ်ရပ်ကြောင့် ရွေးကောက်ပွဲအပေါ် သိသိသာသာ သက်ရောက်မှုရှိမယ်လို့ ပြောဖို့ စောသေးတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း စန္ဒီမုန်တိုင်းဟာ ရာစုနှစ်အတွင်း မကြုံစဖူး ရိုက်ခတ်မှု ကြီးမားလှတဲ့ နိုင်ငံတော် ပြဿနာကြီးတရပ်ဖြစ်လာတာမို့
 လက်ရှိသမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ ဒီရက်ပိုင်းအတွင်း ဘယ်လို ကိုင်တွယ်နိုင်မလဲဆိုတာက အဆုံးအဖြတ် ပေးနိုင်ပါတယ်။
လာမယ့် ၄ နှစ် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူမယ့်သူကို စန္ဒီမုန်တိုင်းက ရွေးသွားနိုင်တယ်လို့ ပြောဆိုသံတွေ အတော်ညံလာ
တဲ့အကြောင်း တင်ပြလိုက်ပါတယ်။
မြန်မာတွေအနေနဲ့တော့ အမြင်ဆန်းနေမလားမသိဘူး။ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Mitt Romney ဟာ ပုံမှာ
 တွေ့ရတဲ့အတိုင်း မုန်တိုင်းဒုက္ခသည်တွေအတွက် အလှူခံနေပါတယ်။ အလှူတွေကို ကိုယ်တိုင်သယ်ပိုးနေပါတယ်။ 
(Burma-Newselite ရဲ့ သတင်းသုံးသပ်ချက်)
Posted: 30 Oct 2012 10:21 AM PDT
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင် အစိုးရရုံးများနှင့် ကြံ့ဖွံ့ရုံးတို့ ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ တရားလွှတ်တော်
ရှေ့နေ ဦးမြင့်အေးနှင့် ဆန္ဒပြရာတွင် အကူအညီပေးခဲ့သူ နှစ်ဦးအား ပြည်မြို့ အမှတ် (၂) ရဲစခန်းက ယမန်နေ့တွင် ဖမ်းဆီးခဲ့ပြီး
တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးနှင့် ဗီနိုင်းပိုစတာ ကူကိုင်ပေးသူ ကိုရေခဲ
ဆန္ဒပြစဉ်က အာဏာပိုင်များအနေဖြင့် ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းများသာ ရိုက်ကူးခဲ့ပြီး တစုံတရာ နှောင့်ယှက်ခဲ့ခြင်း မရှိသော်
လည်း
  ဆန္ဒပြပြီး နောက်တနေ့ဖြစ်သော အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လည် ၂ နာရီတွင် ပြည်မြို့ အမှတ် (၂) ရဲစခန်းမှူး ဦးလှထွန်းက ရှေ့နေဦးမြင့်အေးအား နေအိမ်မှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဦးမြင့်အေးနှင့်အတူ ဆန္ဒပြစဉ်က ဓာတ်ပုံရိုက်ရန် ဗီနိုင်းပိုစတာကို ကူကိုင်ပေးခဲ့သူ ကိုရေခဲနှင့် ဆန္ဒပြရာ ရုံးများရှေ့သို့ ဆိုင်
ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သူ ကိုဘရှီးတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
"အမိန့်မရဘဲ ဆန္ဒပြလို့ဆိုပြီး မနေ့က နေ့လည် ၂ နာရီမှာ လာဖမ်းသွားပါတယ်။ ည ၉ နာရီလောက်မှာ
သုံးယောက်စလုံးကို အာမခံနဲ့ ပြန်လွှတ်လိုက်တယ်" ဟု မြို့ခံလူငယ်တစ်ဦးက အတည်ပြုပြောကြားသည်။
အဆိုပါ ဖမ်းဆီးခံရသူ သုံးဦအား ပုဒ်မ (၁၈) – 'ကြိုတင်အကြောင်းကြား ခွင့်တောင်းခြင်းမရှိဘဲ ဆန္ဒပြမှု' ဖြင့် တရားစွဲဆိုထားပြီး ဖမ်းဆီးခေါ်ဆောင်သွားစဉ်ကာလအတွင်း စခန်းမှူးက တရားခံဟု သုံးနှုန်းကာ ရင့်ရင့်သီးသီး ဆက်ဆံခြင်းကိုလည်း ခံခဲ့ရကြောင်း
 ဦးမြင့်အေးနှင့် နီးစပ်သူတဦးက ပြောသည်။
"ဆန္ဒပြတုန်းက အသုံးပြုခဲ့တဲ့ ဗီနိုင်းပိုစတာတွေကို သက်သေအဖြစ် သိမ်းသွားတယ်။ ဖမ်းသွားတဲ့အချိန်မှာလည်း စခန်းမှူးက
သူတို့သုံးဦးကို တရားခံတွေလို့ သုံးနှုန်းပြီး ရင့်ရင့်သီးသီး ဆက်ဆံခံရတယ်လို့ သိရတယ်" ဟု သူက ပြောသည်။
ရှေ့နေ ဦးမြင့်အေးသည် "ရုံးခွန်တော်တံဆိပ်ခေါင်းများ တန်ဖိုးမြှင့်တာကို မကျေနပ်ပါ။ High Court နှင့် ရန်ကုန်တိုင်းဒေသကြီး
 စုပေါင်းရုံးကို အလွဲသုံးစားလုပ်တာ မကျေနပ်ပါ" စသည့် စာသားများပါဝင်သော ဗီနိုင်းပိုစတာကို ကိုင်ဆောင်၍ ပြည်ခရိုင်တရား
ရုံးရှေ့၊ အခွန်ရုံးရှေ့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးရှေ့တို့တွင် အောက်တိုဘာလ ၁၈ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် သူနှင့်အတူ အကူအညီပေးခဲ့သူ နှစ်ဦးအား ယခုကဲ့သို့ ဖမ်းဆီးပြီး တရားစွဲဆို ခံခဲ့ရခြင်းဖြစ်သည်။
Ko shin
Posted: 30 Oct 2012 10:01 AM PDT
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ (၃ဝ)ရက်နေ့ နံနက်တွင် ကျောက်တံတားမြို
့နယ်
၊ ၃၅ လမ်း(အထက်)ရှိ "ဓမ္မရံသီဓမ္မရုံ"၌ ၃၅ လမ်း လမ်းသား/သူများ၊ မိဘ ပြည်သူအလှူရှင်များတို့မှ စုပေါင်းကာ လူမှုရေးအသင်း
အဖွဲ့များဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့တို့အား အလှူငွေပေးအပ်ခြင်း အခမ်း
အနား ကျင်းပပြုလုပ်ခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် အလှူငွေ (၆) သိန်းကျပ်နှင့် ရခိုင်ပြည်နယ် ဒုက္ခသည်များ အတွက် (၁ဝ) သိန်းကျပ်
စုစုပေါင်း (၁၆) သိန်းကျပ်တိတိအား လှူဒါန်းပေးအပ်ခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ
 (ခ)
 ဒေါ်ရွှေဇီးကွက်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ကချင်ပြည်နယ် ဒုက္ခသည်များ
ထံ
သို့ ကိုမင်းကိုနိုင် (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့မှတဆင့် အလှူငွေ (၁ဝ) သိန်းကျပ် တိတိတို့အား အသီးသီး လှူဒါန်းခဲ့ကြ
ပါ
သည်။
အဘိဓမ္မာအခါတော်နေ့ရက်တွင် ယခုကဲ့သို့ ကောင်းမှုမြတ်ဒါနများကို ပြုလုပ်ကြသော ၃၅ လမ်း မိဘ ပြည်သူ အလှူရှင်အပေါင်း
တို့
အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများ၊ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား
များ
ကိုယ်စား သာဓု ခေါ်ဆိုလိုက်ရပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)
ဆံရေး
Posted: 30 Oct 2012 09:36 AM PDT
( 26 october 2012 ရက်စွဲပါ The Foreign policy မှ Min Zin ရေးသားသော The Curious relationship between
 Burma's president and his not quite ruling party ကို ဘာသာပြန်ပါသည်။)
မြန်မာနိုင်ငံမှ အရပ်သားစစ်စစ် သမ္မတ မဟုတ်သော ဦးသိန်းစိန်သည် ပြီးခဲ့သည့် အပတ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီ (USDP) ဥက္ကဌအဖြစ် ပြန်လည် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တနင်္ဂနွေနေ့က ပြည်တွင်းမီဒီယာများနှင့် ပထမဆုံး
အကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်။ USDPသည် 2010 ရွေးကောက်ပွဲတွင် ၈၀ရာခိုင်နှုန်း အနိုင်ရခဲ့ရာ ဝေဖန်သူများက
 တရားမျှတမှု မရှိကြောင်း ဝေဖန်ခဲ့ကြသည်။
ဦးသိန်းစိန်သည် ထူးခြားမည့် သတင်းများကိုလည်း ရှောင်ရှားခဲ့သည်။ ၎င်းသည် ကချင်ပြည်နယ်မှ စစ်ပွဲအကြောင်း၊ အများမျှော်
လင့်နေသော ရင်းနှီးမြှပ်နှံမှု ဥပဒေ၊ ဖြစ်လာနိုင်သည့် အမေရိကန်-မြန်မာ စစ်တပ်ဆက်ဆံရေးနှင့် အခြားအကြောင်းအရာများကို
အမြင်ကျယ်သော စကားလုံးများသုံး၍ ဖြေ ကြားခဲ့သည်။ ၎င်း၏ အဖြေစကားများအနက် စာရေးသူအား သတိပြုစေသော အဖြေ
တခုမှာ USDPနှင့် ၎င်း၏ဆက်ဆံရေးကို ဖြေကြားသော စကားဖြစ် သည်။ ၎င်းအားမေးမြန်းသော မေးခွန်းမှာ တိုင်းပြည်၏ အခြေခံ
ဥပဒေကို ပြင်ဆင်ရန် ၎င်း၏ပါတီမှ လွှတ်တော်ကိုစားလှယ်များအားတိုက်တွန်းမည်လော ဟူသော မေးခွန်းဖြစ်သည်။ "အခြေခံဥ
ပဒေအရ သမ္မတဟာ သူရဲ့သက်တမ်းအတွင်းမှာ ပါတီရဲ့လုပ်ငန်းများတွင် ပါဝင်ခွင့် မရပါဘူး။ သူတို့ ဘာလုပ်ပါလို့ သွားပြီး တိုက်
တွန်းလို့ မရပါဘူး။ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စဟာ USDP ကလွှတ်တော်ကိုယ်စားလှယ်များ၊ အခြားပါတီတွေ ကလွှတ်တော်
 ကိုယ်စား လှယ်များ အပေါ်မူတည်မှာပါ " ဟုဖြေကြားခဲ့ပါသည်။
၎င်းသည်အခြေအနေအရ လိုအပ်သောကြောင့် မေးခွန်းကိုရှောင်၍ ဖြေကြားသွားခဲ့ပါသည်။ သို့သော် ၎င်း၏အဖြေသည် စိတ်ဝင်
စားဖွယ် ကောင်း သည့် နိုင်ငံရေးအရ သက်ရောက်မှုများ ဖြစ်လာနိုင်သည်။ စာရေးသူအနေဖြင့် အရေးကြီးသည်ဟု ထင်ရသော
 ကိစ္စသုံးခုကို မီးမောင်းထိုး ပြလိုပါသည်။
ပထမအချက်အားဖြင့် ၂၀၀၈ အခြေခံဥပဒေအရ ရှုမြင်ထားခြင်း ဖြစ်သည်။ အောက်တိုဘာ ၁၆ရက်နေ့က ဦးသိန်းစိန်အား
 (USDP) ဥက္ကဌ အဖြစ် အားလုံး သဘောတူညီမှုဖြင့် ပြန်လည်ရွေးချယ် တင်မြှောက်ခြင်းသည် အခြေခံဥပဒေနှင့် မညီပေ။
သမ္မတရုံးမှ ညွှန်ကြားရေးမှုးကမူ ဦးသိန်းစိန်သည် ပါတီ လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်း မရှိသောကြောင့် အခြေခံဥ
ပဒေနှင့်ညီကြောင်း ကာကွယ်ပြောကြားခဲ့သည်။ အဆိုပါ ကာကွယ်ပြောကြားမှုမှာ ဆင်ခြေ ပေးခြင်းမျှသာ ဖြစ်သည်။ USDP၏
 နှစ်ပတ်လည် အစည်းအဝေးသို့ သမ္မတ တက်ရောက်ခြင်းသည် ပါတီ၏ လုပ်ငန်းဆောင်တာများတွင် ပါဝင်ခြင်းမရှိဟု မည်သူ
 ပြောနိုင်အံ့နည်း။ ဦးသိန်းစိန်သည် ကိုယ်စားလှယ်ရာပေါင်းများစွာကို နှုတ်ဆက်ခဲ့ပါသေးသည်။ ၎င်း၏အိမ်အပြန်လမ်းတွင်
မိတ်ဆွေအားရပ်၍ နှုတ် ဆက်သည့် အဆင့်မျိုးထက် သာလွန်ပေသည်။
ဒုတိယကိစ္စရပ်မှာ ဦးသိန်းစိန်သည်မကြာသေးမီက BBC ၏ Hardtalk နှင့် အင်တာဗျူးတွင် ကြော်ငြာဆန်ဆန် လူထုဆက်ဆံရေး သတင်းစကားကို ပြန်လည်၍ ပြောကြားခြင်းဖြစ်သည်။ ဦးသိန်းစိန်က ပြောကြားရာတွင် အကယ်၍ ပြည်သူများက ဒေါ်အောင်
ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံခဲ့ပါက ၎င်းအနေဖြင့်လည်း လက်ခံမည်ဖြစ်ကြောင်း ဆိုခဲ့ပါသည်။ သို့သော် အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် အမည်စာရင်း တင် သွင်း ခွင့်ကို တားဆီးထားသည်။
ဦးသိန်းစိန်သည်Hardtalkအင်တာဗျူးတွင်၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတအဖြစ် တွေ့မြင်ရရေး ပြဿနာမ
ရှိကြောင်း ရှင်းပြခဲ့ သည်။ အဆိုပါအင်တာဗျူးသည် မြန်မာနိုင်ငံတွင်းမှ ပြည်သူများနှင့် စောင်ြ့ကည့်လေ့လာနေသူများအပေါ်
 မျှော်လင့်ချက်များ (မျှော်လင့်ချက် အမှားများ ဖြစ်ဖို့ များပါသည်) ဖြစ်ပေါ်စေသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိပေ။ ဒေါ်အောင်
ဆန်းစုကြည် သည်ပင်လျှင် ဦးသိန်းစိန်၏ အဆိုပါ မှတ်ချက်ကို သတင်းစာ ရှင်း လင်းပွဲတွင် တုံ့ပြန်ခဲ့သည်။ သူက သမ္မတအဖြစ်
 တိုင်းပြည်ကို ဦးဆောင်ရန်ဆန္ဒရှိကြောင်း၊ သူ၏ပါတီသည် အခြေခံဥပဒေတွင် သူ့အားသမ္မတ ဖြစ်ရန် ကန့်သတ် ထားမှု များကိုပြင်
ဆင်နိုင်ရန် လုပ်ကိုင်သွားမည် ဟု ဆိုပါသည်။ ၂၀၁၅ ခုတွင် သူ၏ပါတီ NLD သည် လွှတ်တော်၌ ၇၅ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့်
တိုင် စစ်တပ်မှ ၂၅ရာခိုင်နှုန်း ရှိနေသောကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၇၅ရာခိုင်နှုန်းကျော် ထောက်ခံမှုရရန် မလွယ်
ကူပေ။ လက်ရှိအားဖြင့် သူ၏ပါတီသည် လွှတ်တော်တွင် နေရာရထားမှုမှာ ၇ရာခိုင်နှုန်းထက် နည်းပါသည်။ ထိုကြောင့် ဒေါ်အောင်
ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတအား ၎င်း၏သြဇာ အသုံးပြု၍ လုပ်ဆောင်ရေးကို မျှော်လင့်နေ
သည့်ပုံ ရှိသည်။ ဦးသိန်းစိန်ကမူ ယခင်ပြောကြားခဲ့မှုအပေါ် ၎င်းက စတင် လုပ်ဆောင်မည် မဟုတ်ဘဲ ပြည် သူများအပေါ်သာ
 တာဝန်များ ပုံချကာ ဦးတည်ချက် ပြောင်းခဲ့သည်။
ဦးသိန်းစိန်၏ အခြေခံ ဥပဒေကို ကိုးကား၍ သူ့ပါတီ၏အလုပ် လုပ်ကိုင်ခြင်း မရှိကြောင်း ပြောကြားမှုမှ ဖြစ်ပေါ်လာသော တတိယ
အရေးကြီးသော သက်ရောက်မှုမှာ ဦးသိန်းစိန်သည် လက်ရှိပြုပြင်ပြောင်းလဲမှုများကို အဘယ်ကြောင့် လုပ်ကိုင်ရသနည်း ဆိုသည်
ကို ရှင်းလင်းပြသည့်သဘော သက်ရောက် သွားခြင်းပင် ဖြစ်သည်။ သမ္မတသည်လည်းကောင်း၊ ကက်ဘိနက် ရာထူးများ ပေးခြင်း
ခံရ သူများသည် လည်းကောင်း၊ USDPကို တရားဝင် တာဝန်ခံရခြင်း မရှိပေ။ ၎င်းတို့သည် USDP ချမှတ်ထားသော အစီအစဉ်များ
ကို လိုက်၍်လုပ်ဆောင်ရန် မလိုအပ်ပေ။ ၎င်းတို့သည် USDP၏ မူဝါဒများကို အကောင်အထည် ဖော်နေခြင်း မဟုတ်ပေ။
ထိုအချက်သည် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် USDPသည် သမ္မတ ဦးသိန်းစိန်နှင့်လည်းကောင်း၊ သူ၏အဖွဲ့နှင့်
၎င်း ယှဉ်လျှင် များစွာ ခေတ်နောက်ပြန်ဆွဲသော အယူအဆရှိသည်။ USDP သည် ၂၀၁၂ နှစ် ကြားဖြတ်ရွှေးကောက်ပွဲတွင်
 ဒေါ်အောင်ဆန်းစုကြည် နှင့် သူ၏ပါတီ အနိုင်ရ မည်ကို ကြိုတင်သိမြင် ခဲ့သည့်အလျှောက် ၊ NLDပါဝင်မှုကို ဆန့်ကျင်ခဲ့ကြသည်။
USDPသည် ၎င်း၏ပါတီဝင်များ ဖြစ်သော အစိုးရအဖွဲ့မှ ပုဂ္ဂိလ်များ ပါတီ တာဝန် ထမ်းဆောင်ခွင့် ပြန်ရရန် အခြေခံဥပဒေပြင်
ဆင်ရေးကို တိုက်တွန်းခဲ့ပါသေးသည်။ သို့သော် သမ္မတသည် အဆိုပါ အဆိုပြုမှုများကို ပယ်ချနိုင်ခဲ့သည်။ ၎င်းသည်
 ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးနောက် ကမ္ဘာသို့ ၎င်း၏ပြုပြင်ပြောင်းလဲမှုများကို သက်သေပြ လိုသောကြောင့်ဖြစ်သည်။
USDP၏ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက တရုတ်မီဒီယာသို့ ပြောကြားခဲ့ရာတွင် သမ္မတ၏ အရေးကြီးသော
ဆုံးဖြတ်ချက် အချို့သည် ၎င်း၏ ကိုယ်ပိုင်အိုင်ဒီယာသာဖြစ်ပြီး ပါလီမန်၏ ဆုံးဖြတ်ချက်များ မပာုတ်ကြောင်း ပြောခဲ့သည်။ ၎င်းကဆက်လက် ပြောကြားရာတွင် ပါတီသည် သမ္မတ၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ သူကတရုတ်နှင့် မြန်မာဆက်ဆံရေးကို ပြတ်တောက်အောင် ကြိုးစားနေတာပါပာု ဦးအောင်သိန်း လင်းက ပြောသည်။ ၎င်းမှာဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ဆန့်ကျင်မှတ်ချက် ပြုမှုများကြောင့် ၎င်း၏နေရာမှ ဖယ်ရှားခံခဲ့ရသည်။
ထိုနေရာတွင် USDPသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာရပါတီ မပာုတ်ပာု ဆိုရမည်ဖြစ်သည်။
 ထိုအချက်သည် ဦးသိန်း စိန်က ၎င်း၏မူဝါဒဆိုင်ရာ လုပ်ဆောင်ချက်များအား ပညာရှင်များအပေါ် မှီခိုလုပ်ဆောင်ရန် ဖြစ်လာ
သည်။ အခြေခံဥပဒေပါ ဥပဒေများ၏ ဖွဲ့စည်း ထားပုံက ဦးသိန်းစိန်အား ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ပြုလုပ်ရာတွင်
 ပါတီ၏ ကန့်သတ်ထားမှုများ မရှိဘဲ လုပ်ဆောင်ခွင့် ရစေခဲ့သည်။
Yangon chronicle
Posted: 30 Oct 2012 08:44 AM PDT
အတုယူစရာတခုပါ... ခေါင်းဆောင်ပီသသူ...ကိုယ်ချင်းစာနာစိတ်ရှိတဲ့သူ... ချစ်စရာကောင်းတဲ့စိတ်ဓါတ်ရှိတဲ့သူ...သမ္မတအိုဘား
မား ...
မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ဖျက်သိမ်းပြီး စန္ဒီမုန်တိုင်းအရေး ကြိုတင် စီစဉ်စရာ ရှိတာတွေကို ဦးဆောင် စီမံခန့်ခွဲနိုင်ဖို့
အိမ်ဖြူတော်ကို မိုးထဲရေထဲမှာ ပြန်လာခဲ့တဲ့ သမ္မတအိုဘားမား (အောက်တိုဘာ ၂၉)Photo..BBC
မြန်မာပြည်မှာ နာဂစ်မုန်တိုင်းတုန်းက ပြည်သူတွေအားလုံးဒုက္ခရောက်နေချိန်မှာ အခုပြဿနာဖြစ်နေတဲ့ ဒီမိုကရေစီမကျတဲ့
စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုအတည်ပြုဖို့ အာဏာနဲ့ စစ်အစိုးရက အတင်းအကြပ်ပြည်သူလူထုကိုမမှန်ကန်တဲ့နည်းနဲ့နည်းပေါင်းစုံ လုပ်ခဲ့တယ်.
.ပြည်သူလူထုရဲ့အသက်အိုးအိမ်ကို စောင့်ရှောက်ရမဲ့အစား အာဏာတည်မြဲရေးအတွက်ပြုလုပ်ခဲ့ကြတယ်.. ဒီ၂၀၀၈ ဖွဲ့ စည်းပုံ
အခြေခံဥပဒေ ကိုဘဲ လက်ရှိ ဦးသိန်းစိန်အစိုးရက ဆက်လက်ဖက်တွဲထားဆဲဆိုတာ အားလုံးမမေ့ကြပါနဲ့။ City that Never
 Sleeps (သို့) ဘယ်သောအခါမှ မအိပ်စက်သည့်မြို့ကြီးဟု လူသိများသည့် နူးယောက်ခ်မြို့ကြီးသည် တနင်္လာနေ့ညပိုင်းတွင်
 စူပါမုန်တိုင်း Sandy ကြောင့် အမှောင်အတိ ဖုံးလွှမ်းသွားခဲ့ရသည်။
သမ္မတအိုဘာမားမှ နူးယောက်ခ်မြို့နှင့် Long Island တို့အား သဘာဝဘေးသင့် အရေးပေါ်အခြေအနေရှိ ဒေသများအဖြစ်
 ထုတ်ပြန်ကြေညာခဲ့သည်။
နူးယောက်ခ်မြို့နှင့် Long Island သည် စူပါမုန်တိုင်း Sandy ၏ ဘေးဒဏ်အား အဆိုးဆုံး ခံစားခဲ့ရသည့် ဒေသများဖြစ်ပြီး
 လက်ရှိအချိန်၌ ဒေသခံ ၂ သန်းနီးပါမှာ လျှပ်စစ်မီးပြတ်တောက်နေသည်။
ထို့အပြင် ယမန်နေ့ညပိုင်းက တက်ရောက်လာသည့် ရေများသည် စံချိန်တွင် အမြင့်များသို့ ရောက်ရှိခဲ့ပြီး နူးယောက်ခ်မြို့ရှိ
ကားနှင့် ရထားသွား ဥမင်လှိုင်ခေါင်းများ အားလုံးနီးပါး ရေပြည့်သွားခဲ့ရသည်။
အာဏာပိုင်များက နူးယောက်ခ်မြို့၏ ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းများနှင့် Subway များ ပြန်လည် လည်ပတ်ရန်
မည်မျှကြာမည်ကို မပြောကြားသော်လည်း ရက်အတန်ကြာ ကြာမြင့်မည်မှာ သေချာနေသည်။
Shwelone
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
No comments:
Post a Comment