သများကပဲ ပိန်းလို့ လား မသိဘူး။ RB Blogger ကနေ Int'l Criminal Court မှာ တရားစွဲထားတဲ့ ဆောင်းပါးကို ကြည့်ပြီး ရူးချင်ချင်တောင် ဖြစ်သွားတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ကို 'အမျိုးပျောက်မှာ စိုးကြောက်ပါသည်' စာအုပ်ကို ထုတ်လို့  တရားစွဲမယ်ပေါ့။ ဒါလိုသာဆိုအေ စွဲမယ့်စွဲ 'မယ်မြဝတ္ထု' ကိုရေးခဲ့တဲ့ ဦးဖိုးကျားကြီးကို စစွဲရမယ် ထင်တယ်။
တခါ RNDP က လူတွေကို မုဒိမ်းမှု၊ လူသတ်မှုနဲ့ စွဲမယ်တဲ့။ ကဲ တရားခံတွေရော တရားလိုတွေရော အကုန် ပြည်တွင်းမှာ ရှိနေတဲ့ဟာအေ။ ပြည်တွင်းသာ ပြန်လာပြီး စွဲပါလား။ စရိတ်တောင် သက်သာသေးတယ်။

နောက်ပြီး ဝန်ကြီးဆိုတဲ့ ရာထူးမှာ ဆိုလိုက်၊ ကလိုက်၊ ဆုပေးလိုက်က လွဲပြီး ဘာမှ မယ်မယ်ရရ မလုပ်ခဲ့တဲ့ အပုလေးကို ကုလားရေးလို့ စွဲမယ်တဲ့။ ဒါဆိုရင် လမ်းဘေးမှာ ကျောက်ကျော ဆေးကုလားမ ရောင်းသူ ဝယ်သူတွေ၊ ပဲမျိုးစုံ ရောင်းသူဝယ်သူတွေ၊ မှန်နန်းရာဇဝင်ကို ဖြန့် ဝေတဲ့ ပုံနှိပ်တိုက်တွေ အကုန်လုံးကို စွဲသင့်တယ် မဟုတ်ဘူးလား။ 'ဆေးကုလားမ ကျောက်ကျော၊ ကုလားပဲ၊ ဦကုလား ရေးသော ရာဇဝင်တော်ကြီး' အကုန်လုံးမှာ ကုလားပါလေရဲ့။ 'ကလေးကလားအေ' လို့  ခဏ ခဏ အော်တတ်တဲ့ အိမ်က ဂျီးတော်တောင် လွတ်မယ် မထင်ဘူး။
အဲသလောက် အမျိုးချစ်နေရင်လည်းအေ ဘေးကင်းရာသာ ညည်းတို့ ဟာတွေကို ခေါ်သွားပါတော့လား။ မြန်မာပြည်မှာ နေရတာ ဖိနှိပ်ခံရပါတယ်ဆိုရင် ဘာသာတူတွေ ရှိတဲ့ Gaza မှာ တပတ်လောက် သွားထားကြည့်ပါလားဟင်။ ....
:) :) :)
END
No comments:
Post a Comment