ရဲဘော်မြအေး စကား
----------------------
ဗမာပြည်မှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေဟာ အစဉ်အဆက်က
အေးအေးချမ်းချမ်းဘဲနေထိုင်ခဲ့တာပါ။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်ထဲမှာ
သူခိုးလည်း ရှိမှာဘဲ။မုဒိမ်းကျင့်တဲ့ကောင်လည်း ရှိမှာဘဲ။ ဒါဟာ
အစၥလာမ္ဘာသာ၀င္မွမဟုတ္ပါဘူး။ အဲ
ဒီအေပၚမွာ
လူမျိုးရေးနဲ့ ကပ်၊ ဘာသာရေးနဲ့ ကပ်ပြီးတော့ဖြေရှင်းကြရင် အဖြေမှန်တစ်ခုကို
ဘယ်လိုမှ မရနိုင်ဘူး။ မွတ်စလင်တစ်ယောက်က၊ အစ္စလာမ်ဘာသာဝင်တစ်ယောက်က
လူမျိုးမဟုတ်ဘူးခင်ဗျ။မွတ်စလင်တစ်ယောက်က ပြစ်မှုကျူးလွန်လို့ ရှိရင်
တိတိကျကျအရေးယူပေးပါ။အဲဒီလိုဘဲ မွတ်စလင်မဟုတ်သောလူက ရာဇ၀တ်မှုကျူးလွန်ခဲ့လို
့ရှိရင်လည်းတိတိကျကျ အရေးယူပေးပါ။
ရခိုင်တိုင်းရင်းသားတွေဘက်ကလည်း နစ်နာဆုံးရှုံးမှုတွေ အများကြီးဘဲ။
သူတစ်ပြန်ကိုယ်တစ်ပြန် ဘယ်အချိန်ထိ လုပ်ကြမှာလဲ။ ဒါကိုလည်း
အစိုးရကမသိကျိုးကျွံပြုပြီးတော့ လုံခြုံရေးအနေနဲ့ ပက်သက်ပြီးတော့
ဘာမှ တာဝန်ယူမှုမရှိဘူးဆိုရင် ဒီပြဿနာကြီးက တဖြည်းဖြည်းနဲ့ 
ကြီးလာစရာမြင်တယ်။ပျောက်သွားဖို့ မမြင်ဘူး။ အဲဒီတော့
နှစ်ခုကိုသင့်မြတ်အောင်ဘယ်လိုလုပ်ကြမလဲ။
လူမျိုးစုနှစ်ခုချကြတယ်။
ဟုတ်ပြီ၊ ဘယ်တော့အထိချကြမှာလဲ။ တစ်ယောက်နဲ့ တစ်ယောက်ကုန်တဲ့အထိ
ချကြတော့မှာလား။ ဒါဟာ အမှန်တစ်ခုရလိမ့်မယ်လို့  မမြင်ဘူး။migrant ပြဿနာဟာ
migrant နဲ့ ဘဲ ဖြေရှင်းရမှာဖြစ်တယ်။ တစ်ဘက်ကနိုင်ငံသားမဟုတ်တဲ့
ဖြေရှင်းရမယ့် ပြဿနာတွေရှိတယ်။ ဒါတွေက စနစ်တကျတစ်ဆင့်တစ်ဆင့် ဖြေရှင်းရမယ်
ဖြစ်တယ်။ မုန်းတီးရေးနဲ့  လက်စားချေလိုမှုနဲ့ တစ်ဘက်နဲ့ တစ်ဘက်
သတ်ဖြတ်မှုတွေနဲ့ မရဘူးလို့  ကျွန်တော်မြင်တယ်။
ရာဇ၀တ်မှုမှာဘာသာ လူမျိုးဆိုတဲ့ တံဆိပ် မရှိပါဘူး။
ရာဇ၀တ်မှုကျူးလွန်တဲ့သူဟာဘာသာပေါင်းစုံကလည်း ဖြစ်နိုင်ပါတယ်။ လူ့ အဖွဲ
့အစည်းမှာ အရင်ကလည်းရှိတယ်၊ အခုလည်းရှိတယ်၊ နောင်လည်း ရှိဦးမှာဖြစ်တယ်။
ရှိတိုင်းရှိတိုင်းမှာဘာသာရေးအခြေခံ၊
လူမျိုးရေးအခြေခံတွေနဲ့  ဖြေရှင်းကြမယ်ဆိုရင်
ဘယ်တော့မှ ကမ္ဘာကြီးကလည်း ငြိမ်းချမ်းမှာ မဟုတ်ပါဘူး။
မြအေး
No comments:
Post a Comment