A man rides a buffalo near a section of the pipeline being constructed from Burma's Arakan coast to the
Chinese border. (Photo: The Irrawaddy)
(1 Dec 2012 ရက်စွဲပါ Strategy Page မှ Screwed by fracked Chinese ကိုဘာသာပြန်ဆိုသည်)
တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းမှ ရေနံကိုပိုမိုရယူလာရာ မြန်မာနိုင်ငံသည် ပို၍အရေးကြီးလာပါသည်။ တစ်ချိန်တည်းမှာပင်
အရှေ့အလယ်ပိုင်းမှ ရေနံများမှာ အမေရိကန်အတွက်အရေးပါမှု နည်းလာပါသည်။ (လျင်မြန်သော နည်းပညာသည် တဖြည်းဖြည်း
အမေရိကန်အား ရေနံ လွတ်လပ်စွာတင်သွင်းမှုကို ဖြစ်လာစေပါသည်။ မြန်မာနိုင်ငံသည် တရုတ်၏အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အ
တွက် နေရာကောင်းတွင် ရှိနေခြင်းကြောင့် အရေးပါလာပါသည်။ အရှေ့အလယ်ပိုင်းမှ ရေနံများ တရုတ်အနောက်တောင်သို့ တင်ပို့ရာ
တွင် ပိုမိုဈေးသက်သာသော သယ်ယူပို့ဆောင်ရေးအတွက် တရုတ်သည် ရေနံပိုက်လိုင်း တည်ဆောက်လျက်ရှိပါသည်။ ရေနံများကို
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ သယ်ယူလာပြီး၊ ပိုက်လိုင်းမှတစ်ဆင့် တရုတ်သို့ ပို့ဆောင်မည် ဖြစ်ပါသည်။ ယခု ဆယ်စုနှစ်အကုန်တွင်
တရုတ်သည် ၎င်းလိုအပ်သောရေနံ၏ ၇၀% ကိုတင်သွင်းမည်ဖြစ်ရာ အများစုကို အိန္ဒိယသမုဒ္ဒရာမှ တစ်ဆင့် တင်သွင်းမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ပိုက်လိုင်းနှင့်ပတ်သက်သော သဘောတူညီချက်မှာ ပြဿနာဖြစ်နိုင်သည့် အလားအလာရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဖြတ်သန်းခအများစုသည်အဂတိလိုက်စားသောအစိုးရတာဝန်ရှိသူများထံသို့သာ
သွားပြီးပိုက်လိုင်းအတွက် မြေပေးခဲ့သော ဒေသခံများမရသောကြောင့် ဖြစ်ပါသည်။ မြောက်ပိုင်းရှိ တိုင်းရင်းသားဒေသများ မငြိမ်
သက်ရန် အကြောင်းတစ်ရပ် ဖြစ်လာနိုင်ပါသည်။
ပိုက်လိုင်းကဲ့သို့သော တရားဝင်ကိစ္စရပ်များတွင် အဂတိလိုက်စားမှုများ ရရှိနေသည့်အပြင် တရုတ်သည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ
တရားဝင် လုပ်ဆောင်မှုတွင်လည်း အဓိကပါဝင်နေပါသည်။ အကြီးဆုံးတရားမဝင် လုပ်ငန်းတစ်ခုမှာ သစ်လုပ်ငန်းဖြစ်ပါသည်။
တရုတ်ကုန်သည်များသည် သစ်များကို ဝယ်ယူ၍ တရုတ်သို့ တင်ပို့ကြပါသည်။ ဒေသခံအစိုးရ တာဝန်ရှိသူများမှာ လာဘ်ငွေယူ
ခဲ့ခြင်းကြောင့်
ထိုအရောင်းအဝယ်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမို ကြီးထွားလာပါသည်။
ထိုသို့သော ကိစ္စရပ်များမှာ ပိုက်လိုင်း၊ ရေလှောင်တမံနှင့် တရားမဝင်သစ်လုပ်ငန်းများတွင်သာမက ရှိနေပါသေးသည်။ တိုင်းရင်းသား
များနေထိုင်ရာ မြောက်ဖက်ဒေသမှ ကြီးမားသောစီးပွားရေး သဘောတူညီချက်များမှာ အစိုးရနှင့်သာ ညှိနှိုင်းခဲ့ခြင်းဖြစ်ပါသည်။
တရုတ်များ သည် မြန်မာအစိုးရအာဏာပိုင်များကို ပေးကမ်းပြီးသည်နှင့် လုပ်ငန်းများကိုစတင် လုပ်ကိုင်ကြတော့သည်။ မကြာသေးမီက ကြေးနီသတ္တုတွင်းတွင် ဒေသခံများနှင့် ပြဿနာဖြစ်ပွားခဲ့သည်။ အဆိုပါ သတ္တုတွင်းလုပ်စဉ်က ဒေသခံများနှင့်တိုင်
ပင်ခြင်း၊ သို့မပာုတ် လျော်ကြေးပေးခြင်းများ မရှိခဲ့ပေ။ ရဲများက နေရာ ဖယ်ပေးရန်နှင့် ထိုနေရာများတွင် တရုတ်ကသတ္တုမိုင်းအဖြစ်
သုံးမည်ဆိုသည်ကိုသာ ပြုလုပ်ခဲ့ပါသည်။ ဒေသခံများက ဆန့်ကျင်ခဲ့ကြပါသည်။ အဆိုပါ ကိစ္စသည် နိုင်ငံရေးကိစ္စဖြစ်လာပါသည်။
ထိုကိစ္စကြီးသည် ဒီမိုကရေစီအစိုးရသစ် ကကတိပေးထားသော အဂတိလိုက်စားမှုများနှင့် ပတ်သက်လျက် ရှိပါသည်။ ထိုကိစ္စအတွက်
ညှိနှိုင်းစဉ်ကပါဝင်သော တာဝန်ရှိသူများနှင့် လာဘ်ငွေယူထားသူများက မကျေနပ်ကြပေ။
ရခိုင်ပြည်နယ်တွင် ရဲနှင့် အစိုးရတာဝန်ရှိသူများသည် ရိုပာင်ဂျာများ၏ နိုင်ငံသားအနေအထားကို စစ်ဆေးနေသည်မှာ သုံးပတ်ခန့်ရှိပြီ
ဖြစ်ပါသည်။ အများစုမှာ မွတ်ဆလင်များဖြစ်ပြီး မူရင်းအားဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်ပါသည်။ မြန်မာတိုင်းရင်းသားများ
မှာ ပုံစံအားဖြင့် ခြားနားရုံမျှမက ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါသည်။ ရိုပာင်ဂျာများတွင် နိုင်ငံသားအနေအထား စစ်ဆေးပြီး မပာုတ်ပါကနှင်
ထုတ်ရန် ပိုလွယ်သည်ပာု အစိုးရက ယုံကြည်လျက် ရှိပါသည်။ သို့သော် ရိုပာင်ဂျာများကို မည်သည့်နိုင်ငံကမှ လက်ခံလိုခြင်းမရှိပေ။
ပြီးခဲ့သည့် ခြောက်လအတွင်း ရခိုင်ပြည်နယ်မှ ပြင်းထန်သော ဖြစ်ရပ်များကြောင့်(၂၀၀)ကျော်သေဆုံးခဲ့ရာ အများစုမှာ မွတ်ဆလင်
များဖြစ်ပြီး ထောင်ပေါင်းများစွာသောအိမ်များ ဖျက်ဆီးခံခဲ့ရပါသည်။ လူပေါင်း ၁၁၀၀၀ ခန့်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြကာ ၇၅% မှာ မွတ်ဆ
လင်များ ဖြစ်ကြပါသည်။ ရခိုင်ပြည်နယ်တွင် မွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာများမှာ မည်သည့်အခါမျှ သင့်မြတ်သည်ပာူ၍မရှိဘဲ
တင်းမာမှုတစ်ချို့ အမြဲတစ်စေရှိနေတက်ပါသည်။ ယခင် စစ်အစိုးရသည် ဖိနှိပ်စွာအုပ်ချုပ်ခဲ့ပြီး ပြဿနာများကို ပွင့်ပွင့်လင်းလင်းပင်
ပြောဆို၍ မရခဲ့ပေ။ ယခု အစိုးရသစ်လက်ထက်တွင် သတင်း လွတ်လပ်ခွင့်ပိုမိုရရှိလာရာ ဗုဒ္ဓဘာသာအများစုက မွတ်ဆလင်ရိုပာင်ဂျာ
များကို မည်မျှအထိ မနှစ်သက်ကြောင်း ဆွေးနွေးမှုများကို ခွင့်ပြုလာပါသည်။ မြန်မာနိုင်ငံတွင် မြန်မာလူမျိုး ၇၀% ခန့်နေထိုင်ပြီး ၉၀%
မှာဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ရှိသည့်အနက် မွတ်ဆလင်မှာ ၄% သာရှိပါသည်။ အဆိုပါ
မွတ်ဆလင်ရာခိုင်နှုန်း၏ တစ်ဝက်ကျော်ကျော်သာ ရိုပာင်ဂျာများ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်၏ အစိတ်အပိုင်း
များမှာ မွတ်ဆလင်များဝိုင်းရံနေသော ဗုဒ္ဓဘာသာနိုင်ငံများ ဖြစ်ကြပါသည်။ ၎င်းတို့က မွတ်ဆလင်များမှာ ရန်လိုပြီး ခြိမ်းခြောက်မှု
တစ်ခုအဖြစ် ရှုမြင်ကြပါသည်။ တောင်ဖက်နှင့် အရှေ့ဖက်တွင် ပြောင်းသွားကြသော မွတ်ဆလင်များကို စည်းရုံးသိမ်းသွင်း နိုင်ခဲ့သော်
လည်း ရာစုနှစ်များစွာ မွတ်ဆလင်ရန်ကို ကြောက်နေရဆဲ ဖြစ်ပါသည်။ အနောက်ဖက်အိန္ဒိယတွင်မူ ဇာတ်လမ်းတစ်မျိုး ဖြစ်ခဲ့ပါသည်။
မွတ်ဆလင်များသည် ပိာန္နူများကို ပြောင်းသွားရန် နှစ်ပေါင်းထောင်ချီ၍ တိုက်ပွဲဝင်လျက် ရှိခဲ့ပါသည်။ ယနေ့ အစ္စလာမ်အကြမ်းဖက်မှု
သည် အဆိုပါ သည်းခံမှုမရှိခြင်းနှင့် ရက်စက်မှုများ၏ ဝမ်းနည်းဖွယ်ဖြစ်ရပ်များ၏ စာမျက်နှာသစ် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာ
သာများမှာ နိုင်ငံရေးအရ ခွဲခြားခံခဲ့ကြရပြီး မြောက်ပိုင်းမှ တိုင်းရင်းသားများ အပေါ် သဘောထားမှာလည်း နိုင်ငံရေးအရ သွေးခွဲခံရပါ
သည်။ အားလုံးကမူ ရိုပာင်ဂျာများကို နှင်ထုတ်စေလိုသည့် ဆန္ဒရှိပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိတိုင်းရင်းသားများနှင့် ဘာသာရေးအရပြင်းထန်သော ဖြစ်ရပ်များမှာ ရခိုင်ပြည်နယ်တွင်သာ အဖြစ်များပါသည်။
ရခိုင်ပြည်နယ်တွင် လူဦးရေ ၃.၈ သန်းထိုင်ပြီး၊ ရိုပာင်ဂျာအများစုဖြစ်သော မွတ်ဆလင်များမှာ ရှစ်သိန်းခန့် ရှိပါသည်။ ၎င်းတို့မှာ
ဘင်္ဂါလီများဖြစ်ပြီး မြန်မာ နိုင်ငံသို့ ၁၉ ရာစုနှစ်ကတည်းက ပြောင်းရွှေ့လာသူများ ဖြစ်ပါသည်။ ထိုစဉ်က ဗြိတိသျှကိုလိုနီ အစိုးရသည်
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကို အုပ်ချုပ်လျက် ရှိခြင်းကြောင့် ထိုပြောင်းရွှေ့လာမှုကို ဗုဒ္ဓဘာသာမြန်မာများက ကန့်ကွက်ခဲ့သော်
လည်း ခွင့်ပြုခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်ကလည်း အဆိုပါမွတ်ဆလင်များကို ပြန်လည်လက်ခံရန် ငြင်းပယ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏တိုင်းပြည်
မှာ လူဦးရေ ထူထပ်လွန်းပြီး ရိုပာင်ဂျာများက နိုင်ငံခြားသားများအဖြစ် ခံယူကြပါသည်။ မြန်မာနိုင်ငံသည် ရိုပာင်ဂျာများကို နိုင်ငံသား
အဖြစ် မည်သည့်အခါမျှ လက်ခံမည် မပာုတ်သောကြောင့် ထိုအချက်သည် မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာများကြားတွင်တင်းမာမှုကို
ဖြစ်စေပါသည်။ ဘင်္ဂလားဒေ့ရှ်တွင် လူဦးရေ များလွန်းသောကြောင့် အိမ်နီးချင်းဒေသများ(အထူးဖြင့် အိန္ဒိယ)သို့ တရားမဝင်
ဝင်ရောက်မှုများသည် ပိုမိုကြီးထွားလာသော ပြဿနာများဖြစ်လာပါသည်။
၁၉၉၀ ခုနှစ်က ပြင်းထန်သော ဖြစ်ရပ်ဖြစ်ပွားရာ ရိုပာင်ဂျာနှစ်သိန်းခွဲခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရပါသည်။ ထိုအထဲမှ ၂၈၀၀၀
ခန့်သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင်နေထိုင်နေပြီး နှစ်သိန်းခန့်မှာ ဘင်္ဂလားဒေ့ရှ်ရှိ အခြားစခန်းများတွင် နေထိုင်နေပါသည်။
အချို့မှာ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ခဲ့ကြပါသည်။ ရိုပာင်ဂျာများကို မြန်မာနိုင်ငံတွင် နေထိုင်ခွင့်ပြုရန်ကိုသာ တစ်ကမ္ဘာလုံး
မှ မွတ်ဆလင်အသိုင်းအဝိုင်းက ထောက်ခံလျက် ရှိပါသည်။ ထိုအချက်ကြောင့် မြန်မာများသည် မွတ်ဆလင် ဝင်ရောက်လာမှုကိုနှိမ်နင်း
ရန် ပို၍ဆုံးဖြတ်လာကြပြီး ပို၍စစ်သွေးကြွသော မြန်မာများက ရိုပာင်ဂျာများကို မြန်မာနိုင်ငံမှ မောင်းထုတ်ရန် တောင်းဆိုနေကြပါ
သည်။ ထိုအချက်မှာမူ ဖြစ်နိုင်လိမ့်မည် မပာုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ရိုပာင်ဂျာများကို မည်သူမျှလက်မခံလိုသောကြောင့်
ဖြစ်ပါသည်။ ယခုအချိန်အထိ မည်သည့်သဘောတူညီမှုမျှ မရသေးသော်လည်း ရိုပာင်ဂျာများ သည် ၎င်းတို့အားမလိုချင်သော
ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးလျက် ရှိပါသည်။ မြန်မာများသည် အနောက်မြောက်ရှိ ရိုပာင်ဂျာများကို ရိုပာင်ဂျာအသိုင်းအဝိုင်း တွင်သာ
တစ်စုတစ်စည်းတည်းရှိနေရန် မောင်းထုတ်လျက်ရှိပြီး မွတ်ဆလင်မပာုတ်သော အသိုင်းအဝိုင်းနှင့် ဝေးရာတွင်နေရန် အားပေးလျက်
ရှိပါသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းတွင်နေထိုင်သော ဗုဒ္ဓဘာသာမပာုတ်သည့် တိုင်းရင်းသားများကလည်း ထိုအဖြစ်အပျက်ဖြစ်မည်ကို
ကြောက်နေ ကြပါသည်။ ထိုနေရာတွင် လူဦးရေကျဲပါးသော တိုင်းရင်းသားနယ်မြေများသို့ မြန်မာများ ဝင်ရောက်လာမည်ကို
တိုင်းရင်းသားများက မနှစ်မြို့ကြပေ။ တိုင်းရင်းသားဒေသများသည် ဗြိတိသျှက လွတ်လပ်ရေးမပေးမီက မြန်မာနိုင်ငံ၏ အစိတ်အ
ပိုင်းမပာုတ်ခဲ့ပေ။ ကိုလိုနီခေတ်လွန် မြန်မာနိုင်ငံဖွဲ့စည်းမှုမှာ အလုပ်မဖြစ်ခဲ့ပေ။
ပိုမို၍ စီးပွားရေးပြေလည်သော ရိုပာင်ဂျာများသည် မလေးရှားသို့ ထွက်ပြေးခဲ့ကြပါသည်။ ရိုပာင်ဂျာ ၂၄၀၀၀ ခန့် မလေးရှားတွင်
နေထိုင်လျက် ရှိပါသည်။ လူများတရားမဝင် ပို့ပေးသူများသည် တစ်ဦးလျှင် ဒေါ်လာ(၁၀၀၀)ယူ၍ ကမ်းရိုးတန်းတစ်လျှောက်
လှေဖြင့်ရိုပာင်ဂျာများကို သယ်ပို့ပါသည်။ ရာသီဥတုဆိုးရွားမှုနှင့် လှေပေါ်တွင် လူများစွာတင်ဆောင်မှုကြောင့် အချို့မှာ ထိုသို့
လုပ်ဆောင်ခြင်း မပြုကြပေ။ မလေးရှားသည် မွတ်ဆလင်နိုင်ငံဖြစ်ပြီး ရိုပာင်ဂျာများအတွက် ဒုက္ခသည်စခန်းတွင်ထား၍ သော့ခတ်
ထားသော ဘင်္ဂလားဒေ့ရှ်ထက်စာလျှင် ပို၍ကောင်းသော ခရီးလမ်းဆုံးနိုင်ငံ တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ထွက်ပြေးသော ရိုပာင်
ဂျာများ၏ ၁၀% မှာ မလေးရှားတွင် နေထိုင်နေကြပြီး ကျန်သော(နှစ်သိန်းခန့်)သူများမှာ ဘင်္ဂလားဒေ့ရှ်တွင် ရှိပါသည်။
ယေဘူယျအားဖြင့် မွတ်ဆလင်ကမ္ဘာက မြန်မာနိုင်ငံအပေါ် တုန့်ပြန်ကြခြင်းမှာ ရိုပာင်ဂျာများကို စောင့်ရှောက်ရေးအတွက် မပာုတ်ဘဲ
မွတ်ဆလင်များအပေါ် အကြမ်းဖက်၍သုတ်သင်နေခြင်းကို ဖြစ်ပါသည်။ ထိုကိစ္စကို မွတ်ဆလင်ကမ္ဘာတွင် တက်ကြွနေသော်လည်း
အနောက်နိုင်ငံများ၏ အာရုံကိုဆွဲဆောင်နိုင်ခြင်း မရှိပေ။ မြန်မာနိုင်ငံနှင့် အိန္ဒိယတွင်မူ ထိုကိစ္စမှာ ကြီးကျယ်သောသတင်းဖြစ်ပြီး
ရိုပာင်ဂျာများကို မောင်းထုတ်ရေးအိုင်ဒီယာမှာ ပို၍ပေါ်ပြူလာ ဖြစ်ပါသည်။
Yanon chronicle
No comments:
Post a Comment