Monday, 3 June 2013

အရေးကြီးက သွေးနီးကြပါ။

အရေးကြီးက သွေးနီးကြပါစို့…”

အိုဘယ့်အဆွေ…
မြန်ပြည်နွယ်ဖွား…
ညီနောင်များတို့…
နာလော့အစဉ်…
ကြား၍မြင်လော့…
ဟိုဆီရပ်ဝန်း…
တစ်ပြည်ကျွန်းမှာ…
ဝမ်းစာရှာဖွေ…
ဒို့အဆွေကား…
မိစ္ဆာဓါးအောက်…
ပြားမှောက်ဝပ်ဆင်း…
သွေးချင်းချင်းနီ သေရှာပြီ…
အို… ငါ့လက်သီး…
ကျစ်၍ညည်းညူ…
ဒို့သွေးတူတွက်…
ထွက်ကျမျက်ရည်…
ဖြေဆည်မရ…
ဒေါမာန်ပွကာ…
ထထ ထိုင်ထိုင်…
ငိုင်ငိုင် ငေးငေး…
သွေးကပွက်ဆူ…
လက်ကူမယ့်အား…
မြန်ပြည်သားတို့…
သွားစို့စုရုံး…
အားမာန်သုံးကာ…
မှုန်းစို့ ချေစို့…
မြေဆို့ဒို့သွေး…
ကယ်တင်ရေးတွက်…
မနှေးလက်ညီ ဆောင်ရွက်မည်…
အသွေးတွက်ရည် အတောင်ဖွဲ့ချီ…။      ။

“အရေးကြီးက သွေးနီးကြပါစို့…”

ဖိုးအောင်(နည်းပညာ)
၂ ဇွန် ၂၀၁၃ (တနင်္ဂနွေ)

No comments:

Post a Comment