Posted: 30 May 2013 09:22 AM PDT
ဒေါ်စုပြောလိုက်တဲ့ ကန့်ကွက်စကားအပေါ် အခုတလော ဝေဖန်ကန့်ကွက်သံတွေ သောသောညံအောင်ကြားနေရပါတယ်။ NLD ဟာ ရခိုင်အမျိုးသားတို့ရဲ့ ဘုံရန်သူလို့တောင် ဖွ ဆရာတွေက မီးလောင်ရာ လေပင့်ပေးကြတယ်။ ၂၀၁၅မှာ ဒေါ်စုသမ္မတဖြစ်လို့က ကုလားပြည်ဖြစ်သွားမယ်လို့ လစာယူ အူနေတဲ့ ခွေးတွေက မဟုတ်ကို အဟုတ်ထင်အောင် ဂွင်ဖန်တင်ဆက်ကြတယ်။ အမျိုးသားရေးဆိုပြီး လူတချို့တို့ကလဲ အသံကြားလေးတခုအပေါ် ဘာမှနက်နက်နဲနဲ မစဉ်းစားပဲ အော်ဟစ်နေကြလေရဲ့။ သာမာန်ကာ ရှန်ကာကြည့်လိုက်ရင်တော့ အမျိုးမချစ်တဲ့ ဒေါ်စု။ နိုင်ငံခြားသားကိုယူလို့ကုလားဆိ တကယ်လို့ ဒေါ်စုကသာ " ကျွန်မကတော့ ဘင်္ဂါလီတွေအပေါ် ခလေး(၂)ဦးပဲ ယူရမယ်လို့ ကန့်သတ်တာ လူ့အခွင့်အရေးစံနှုံးနဲ့ကြည့် ကိုင်း... တဆိတ်လောက်ကြည့်ကြည့်ရအောင်.... အခုလက်ရှိအရပ်သားအစိုးရဆိုတာက ရုပ်ပြကောင်းအောင် ဘောင်းဘီချွတ်ပြထားတဲ့သူတွေဆို အမိန့်ထုတ်ပြန်ရတာ သူတို့သဲခြေကြိုက်အလုပ်တွေထဲက တခု။ အမိန့်ဆိုတာ ဥပဒေထက်ပိုအရေးပါတယ်လို့ ထင်နေကြတဲ့သူတွေဆိုတော့ ဘဂါင်္လီမွေးမြူရေးခြံကို သားပေါက်နှုံးနဲ့ပတ်သက်ပြီး အမိန့်ပြန်တမ်းထုတ်တာ မဆန်းလှဘူး။ အရင်ကသူတို့သုံးနေကျ စကားတခွန်းရှိတယ်။ " ဥပဒေကဲ့သို့အာဏာတည်သောအမိန့် " တဲ့။ တရေးနိုးပြီး စိတ်ကူးထဲပေါ်တာ ထထထုတ်တတ်တဲ့ အကျင့်ဟောင်းက သူငယ်နာမစင်သေးဘူး။ အဲဒါကို ဒေါ်စုကဒီလိုလုပ်တာ နည်းမကျလို့ ကန့်ကွက်လိုက်တာပဲလို့ ထင်တယ်။ တကယ်လုပ်ရမှာက ဥပဒေထုတ်ပြန်ရမှာ၊ ဥပဒေကိုပြဌာန်းဖို့ လွှတ်တော်ဆိုတာရှိတယ်။ ဒေါ်စုပြောတာ..ဒါပဲ။ ဥပဒေပြဌာန်းပြီးမှသာ အမိန့်ဆိုတာလာရမှာ.. ဒီမိုကရေစီစနစ်မှာ ဥပဒေဆိုတာအသက်ပဲ။ ဥပဒေမရှိပဲ ထုတ်တဲ့အမိန့်ဟာ ဥပဒေမဲ့အမိန့်ပဲ။ပြောတော့ ဒီမိုကရေစီ၊ လုပ်တော့စစ်အုပ်ချုပ်ရေး ပုံစံ။ ဒါကို ပြည်သူအားလုံးမြင်ဘို့လိုပါတယ်။ အခုအမိန့်ထုတ်တာ သက်ဆိုင်ရာအစိုးရရဲ့ အာဘော်သာဖြစ်ပြီး ပြည်သူအားလုံးအကျုံးဝင်/မ၀င် မပီပြင်တဲ့ကိစ္စ။ ဒေါ်စုပြောတာရှင်းရှင်းလေးပါ။ ဘင်္ဂါလီမိသားစုတစုကို သားသမီး(၂)ယောက်နှုံးပဲ ယူရမယ်လို့ကန့်သတ်မိန့်ထုတ်တာ လူ့အခွင့်အရေးစံနှုံးနဲ့ မကိုက်ညီလို့ ကန့်ကွက်တယ် တဲ့။ လူ့အခွင့်အရေးအရဆိုရင် အမှန်ပဲလေ။ ဘာလို့လဲဆိုတော့ဒီအမိန့်ဟာ ပြည်သူတို့ရဲ့အသံဖြစ်တဲ့ လွှတ်တော်ထဲမှာ အသေအခြာ ဝေဖန်ဆွေးနွေးပြီး ပြဌာန်းလိုက်တဲ့ ဥပဒေရဲ့အောက်က အမိန့်မဟုတ်လို့ပဲ။ ဒီမိုကရေစီစနစ်မှာ အာဏာဟာ ပြည်သူတွေဆီက စီးဆင်းရတာဖြစ်လေတော့ နိုင်ငံတခုမှာနေထိုင်တဲ့ ပြည်သူတွေက သူတို့အကျိုးစီးပွါး မထိခိုက်အောင် ကာကွယ်ပြဌာန်းဖို့ လိုအပ်တယ်ထင်လို့ ပြဌာန်းလိုက်တဲ့ဥပဒေတရပ်ဟာ အဲဒီနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျပြဌာန်းထားတြာ ဂျပန်၊စင်္ကာပူ၊ပြင်သစ်၊သြဇီ စတဲ့ နိုင်ငံတွေမှာလဲ နိုင်ငံသားမဟုတ်သူတွေအတွက် သီးခြားပြဌာန်းထားကြတဲ့ ဥပဒေတွေရှိကြတာပါပဲ။ အခုလက်ရှိဖြစ်နေတဲ့ခိုးဝင်အဖြစ် ကျောင်းသားတွေကို မ၀င်မနေရ သိမ်းသွင်း၊ ဟော... နေ့စေ့လစေ့ဖြစ်လာတော့ မဖုံးနိုင် မဖိနိုင်တော့ပဲ အမျိုးသားနိုင်ငံရေးလို့ အသံကောင်းဟစ်ထားခဲ့တဲ့သူတွေက ပါတီကြီးထောင်ပြီး အာဏာရူးခဲ့တာ လူတိုင်းအသိပဲ။ ပြောပြန်တော့လဲ အောင်မင်းလွန်ကာကျမယ်။ အဲဒီအမျိုးသားနိုင်ငံရေးကိုသာ လုပ်ဆောင်ပါတယ်လို့ ပြောနေတဲ့သူတွေ လက်ထက်မှာပဲ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်သူတွေရဲ့ လက်ချက်နဲ့ မဲရဘို့၊လာဘ်ငွေရဘို့၊ဆိုတဲ့ ကိုယ့်တဘို့ထဲ ကြည့်ခဲ့တဲ့ သူတို့ ငါတကောကောခဲ့တဲ့ အကျိုးဆက်ဟာ ဒီနေ့ပြည်သူတွေ မျက်စိလည် လမ်းမှားနေစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒေါ်စုမှာ မြန်ပြည်ချစ်စိတ်မရှိရင် သူ့အကို အတ္တဘောကြီးလို စစ်အစိုးရထောက်ပံ့ကြေးနဲ့ အေးအေးလူလူ မိသားစုနဲ့ အတူနေလိုက်မှာပေါ့။ အကြံကြီးကြီးကြံထားတဲ့သူဟာ အသေးအမွှားပေးဆပ်ရမှာကို မကြောက်သလိုပဲ၊ ကျွန်တော်တို့တတွေ စိတ်ပူနေရတဲ့၊လာဘ်ပေးပြီး ခိုးဝင် နေထိုင်သူတွေရဲ့ အန္တရာယ်ကိုအမှန်တကယ် ကျော်လွှားနိုင်ဖို့ဆိုတာ ဒီမိုကရေစီနည်းကျ ဥပဒေတရပ်ပြဌာန်းမှုအောက်မှာမှသာ အမှန်အကန်လုပ်နိုင်မှာပါ။ ကျွန်တော်တို့က ကုလားကိုပဲမဲနေကြတယ်။့ တယုတ်တွေကတော့ ၀မ်းစွေ့..၀မ်းစွေ့...၀မ်းဝမ်းေ သူတို့လွတ်နေကြတယ်။ ကုလားအတွက်အမိန့်ထုတ်ပြီး တရုတ်အတွက်ဆို အသံတိတ်နေကြတဲ့ သူတစုကို ဥပဒေဆိုတဲ့ တူကြီးနဲ့ထုနိုင်အောင် အမေစု စီစဉ်နေတာလို့သာ ထင်မိပါတယ်။ ပီပြင်တဲ့ နိုင်ငံသားဥပဒေတရပ် ပြဌာန်းပြီး ဥပဒေအတိုင်း ပီပီပြင်ပြင် ကိုင်တွယ်နိုင်ကြပြီဆိုရင် ခိုးဝင်လူမျိုမဲ့ရန်၊ စီးပွါးရေး အုပ်စီးမဲ့အကြံ၊ ဘာသာရေးလွှမ်းမိုးမဲ့ဥာဏ် စတာတွေကို ဥပဒေနဲ့ ထိန်းချုပ် ကြပ်မတ်သွားရန်သာရှိကြောင်းပါ။ ( ကျွန်တော့်လို ရေးမြို့ဆိုတဲ့ တောမြို့လေးကလူရဲ့ အမြင်ဆိုတော့လဲ ... အောင်လသီချင်းလေးလိုပဲ..." မှားတာရှိရင် တောင်းပန်ပါတယ် "ဆိုတဲ့သီချင်းလေးကို သီဆိုရင်း ခွင့်လွှတ်ပေါ့ဗျာ။) (မျိုးဝင်း)။ |
Posted: 30 May 2013 08:52 AM PDT
မေ(၃၀)ဒီပဲယင်းနိုင်ငံရေးအကြမ်း
ဒီပရင်္ဂ
ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့
သမိုင်းဝင် မြို့တမြို့။
ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။
အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆာက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။
အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ
ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။
ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီး တယောက်
သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။
မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။ ။
(ကြည်မောင်သန်း)
|
The hot news weekly journal |
သတင်းစာဆရာကြီးဟံသာဝတီဦးဝင်း
Posted: 30 May 2013 08:27 AM PDT
၁၂နှစ်ကြာမှ ရွှေကလောင်လက်ဝယ်ရခဲ့သည့် ဟံသာဝတီဦးဝင်းတင်
World Association of Newspaper ကချီးမြှင့်သည့် Golden Pen of freedon ဆုကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အားမေ ၃၀ ရက်က ဌင်းကောင်းနေထိုင်ရာ ရန်ကင်းမြို့နယ်ရှိ နေအိမ်သို့ Ethical Journalisom Network Director Aidan White ကိုယ်တိုင်လာရောက်၍ ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းဆုကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ၂၀၀၁ ခုနှစ် ကတည်းက ပေးအပ်ခဲ့ချင်းဖြစ်ပြီး ဆရာကြီးထောင်ကျနေသည့်အတွက် ယခုမှပေးကပ်နိုင်ခဲ့သည်။ Golden Assiociation of Newspaper က နှစ်စဉ်ချီးမြှင့်သည့် Golden Pen of freedon ဆုကို မြန်မာနိုင်ငံက သတင်းစာဆရာကြီး ဦးစိန်ဝင်းက ၁၉၆၃ ခုနှစ်အတွက် ရွှေးချယ်ချီးမြှင့်ချင်းခံခဲ့ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား Golden Pen of freedon ဆုလာရောက်ချီးမြှင့်သည့်နေ့သည် ဒီပဲယင်း ၁၀ နှစ်တင်းတင်းပြည့်ပြည့်နေ့လည်ြး National League for Democracy |
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment