Wednesday 26 June 2013

သိသင့်တယ်ထင်လို့ ကူးယူဖေါ်ပြပါသည်။

/သီတဂူဆရာတော်-ဒေါက်တာအရှင်ဉာဏိဿရနှင့်-တွေ့ဆုံခြင်း


( ကျွန်တော်တင်တဲ့ပို့စ်တွေစာတွေကို Share ပေးကြပါလို့ ကျွန်တော်တောင်းဆိုခဲပါတယ် ။ အခုပို့စ်လေးကို ဗုဒ္ဓဘာသာဝင်စစ်စစ်များအနေဖြင့် share လုပ်ပေးကြပါလို့ ရင်ထဲကနေ နှစ်နှစ်ကာကာကြီးတောင်းဆိုလိုက်ပါရစေ )
ကျေးဇူးတင်ပါတယ်အရှင်ဘုရား . . . အရှင်ဘုရားဟောမှ တပည့်တော်တို့ ဗုဒ္ဓဘာသာဆိုတာ သမိုင်းကြောင်းနဲ့ နှစ် ၂၀၀၀ ကျော်ရေရှည်တည်တံ့လာတဲ့ဘာသာဖြစ်ကြောင်းနဲ့ မြန်မာပြည်မှ ဗုဒ္ဓဘာသာဟာ အိမ်ရှင် နိုင်ငံဖြစ်ကြောင်းကို ရဲရဲပြောဆိုနိုင်ပါပြီ ။ အခုလို Confirm ဖြစ်စေတဲ့အချက်တွေကို ထည့်သွင်းဟောပြောပေးတဲ့အတွက်လည်းကျေးဇူးတင်မိပါတယ်ဘုရား ။
ဆရာတော်ဘုရားနဲ့ The Voice Weekly က သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် ဆက်သွယ် မေးမြန်းထားသည်များမှ တချို့သော အချက်အလက်တွေကို ပြန်လည်တင်ပြပေးလိုက်ပါတယ် ။
- ဘုရား တွေလို့ မြန်မာလိုခေါ်ပြီးတော့ ကိုးကွယ်ထားကြတဲ့ God တို့၊ အလ္လာတို့၊ ယေဟိုဝါတို့၊ ဗြဟ္မာတို့၊ ရှီဝတို့၊ ဗိဿနိုးတို့ ဗုဒ္ဓတွေ ကိုးကွယ်စရာတွေ နာမည်တွေတော့ အများကြီးပဲ။
- ဘုရားတိုင်းရဲ့နှလုံးသား မှာ မေတ္တာရော၊ ကရုဏာရော မေတ္တာဆိုတာကတော့ ရေလိုပဲ။ ဘယ်သူချိုးချိုး အေးသွားတာပဲ။ဗုဒ္ဓဘာသာချိုးလည်း အေးတယ်။ ခရစ်ယာန်ချိုးလည်းအေးတယ်။ လူဆိုးလူမိုက်တွေ ချိုးလည်း အေးတယ်။ သူတော်ကောင်းတွေ ချိုးလို့ သောက်လို့ရှိရင်လည်း အေးတယ်။ အဲ့ဒါကြောင့် အကုန်လုံး ဘုရားသခင်တွေရဲ့ နှလုံးသားဟာမေတ္တာလို အေးချမ်းတယ်လို့ ဒီလိုသဘောကျတယ်။
- ဗုဒ္ဓဘာသာရဟန်းတော် အရှင်မြတ်တွေကိုလည်း အထူး မေတ္တာရပ်တယ်။အဲဒီလို ဆူတဲ့ပူတဲ့ နေရာတွေကို ရောက်သွားကြရင် သံဃာတော်အရှင်မြတ်တွေက ဆူပူတဲ့ဘက်မှာ ဝင်ပြီးတော့ ဆူပူသောသံဃာတော်တွေ မဖြစ်ကြဘဲ ဆူပူမှုကို ထိန်းပြီးတော့ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ Peace Maker တွေအဖြစ်နဲ့ တိုင်းပြည်ကို ဝိုင်းပြီးတော့ စောင့်ရှောက်တော်မူကြပါလို့ သံဃာတော်များကို တောင်းပန်တယ်။
- အစ္စလာမ်ဘာသာဝင် ခေါင်းဆောင်တွေ အားလုံးကိုလည်းပဲ ငြိမ်းချမ်းသောဘုရား သခင်ရဲ့ အရိပ်အာဝါသ အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ Peace Maker တွေအဖြစ်နဲ့ ရပ်တည်ပေးကြပါလို့ အားလုံးကို အထူးမေတ္တာရပ်ပါတယ်။
( လူးမျိုးခြားစိမ့်ဝင်မှုပြဿနာကို ဆရာတော်မှ Highlight လုပ်ပြခြင်း )
- အိမ်နီးနားချင်း တိုင်းပြည်တွေက ကျူးကျော်စိမ့်ဝင်တာတွေဟာ ဒို့မြန်မာနိုင်ငံရဲ့ အနီးနားမှာသာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ဒါဟာရှိစမြဲပဲ။ မက္ကဆီကိုက လူတွေဟာအမေရိကန် ဘက်ကို တစိမ့်စိမ့်ဝင်သွားတာ တွေဟာ နေ့တိုင်း ရှိတယ်။ Europe မှာဆိုလည်း အရှေ့ပိုင်းက
- လူတွေက အနောက်ပိုင်းကို စိမ့်ဝင်တာတွေဟာ ဥရောပမှာ နေရာတိုင်းရှိတယ်။ ဒီလို East ကလူတွေ လည်း ဥရောပကို တစိမ့်စိမ့် ဝင်နေကြတာ တိုင်းပြည်တိုင်းမှာ ရှိတယ်။ အင်္ဂလန်မှာတောင်မှ လူသားတွေရဲ့ အခွင့်အရေးက အတူတူပဲ။ Human Rights ဆိုတာကို သူတို့တွေက သိပ်အသားပြုတဲ့ အတွက်ကြောင့်မို့ အင်္ဂလန်မှာ ရောက်ကြတဲ့ Middle East က လူတွေဟာ ဖြည်းဖြည်းချင်း အင်္ဂလိပ်ဥပဒေအရ နိုင်ငံသားတွေ ဘာတွေဖြစ်ပြီးတော့ လွှတ်တော်ထဲမှာ အမတ်တွေဘာတွေတောင် ဖြစ်ကုန်ကြပြီ။ ဒီစိမ့်ဝင်မှုဟာ တစ်ကမ္ဘာလုံးမှာ ရှိနေဆဲပဲ။
- မြန်မာနိုင်ငံကလူတွေ ထိုင်းမှာစိမ့်ဝင်သွားတာ ၂သန်းလောက် ရှိတယ်။ ဒါပေမဲ့ မြန်မာ၂သန်း လောက်ဟာ ထိုင်းတွေနဲ့ ဘယ်တော့မှ ပဋိပက္ခမဖြစ်ဘူး။ အလုပ်ရှင်တချို့ရဲ့ ဖိနှိပ်မှုကိုခံရတဲ့ မြန်မာ အလုပ်သမားတချို့ ရှိကောင်းရှိမယ်။ ရောက်သွားတဲ့ မြန်မာနှစ်သန်းဟာ ထိုင်းနိုင်ငံမှာ Violation ဆို တဲ့ ဆူပူသောင်းကျန်းမှုကို ဘယ်မှာမှမလုပ်ဘူး။
- မလေးရှားရောက်သွားတဲ့ ဗုဒ္ဓဘာသာမြန်မာတွေ ဒီတိုင်းပဲ။ မလေးရှား မွတ်ဆလင်တွေရဲ့လက်အောက်မှာ အလုပ်ကောင်းကောင်း လုပ်ရှာတယ်။ တချို့ စိတ်ဓာတ်ညံ့တဲ့ အလုပ်ရှင်တွေက နှိပ်စက်ခံရတာ နည်းနည်းပါးပါးရှိတယ်။ ဒါပေမဲ့ တိုင်းပြည်ကို ဆူပူသောင်းကျန်းအောင် မလုပ်ပါဘူး။ မလေးရှားမှာ စိမ့်ဝင်တဲ့ မြန်မာဟာလည်း သိန်းချီရှိတာပဲ။အိန္ဒိယပြည်ထဲမှာလည်း စိမ့်ဝင်တဲ့ မြန်မာတွေ၊ ဘင်္ဂလားဒေ့ရှ်မှာတောင် စိမ့်ဝင်သွားတဲ့ မြန်မာတွေ၊ နိုင်ငံရေးအရ ထွက်ပြေးခိုလှုံသွားတဲ့ သူတွေအများကြီးပဲ။ ရောက်ရာရောက်ရာ အရပ်မှာ မြန်မာတွေဟာ အဲ့ဒီ တိုင်းပြည်ရဲ့ဥပဒေကို လေးစားလိုက်နာပြီးတော့ အဲ့ဒီတိုင်းပြည်မှာ ဆူပူသောင်းကျန်းအောင် ဘယ်သူမှမလုပ်ဘူး။
- အဲ့တော့ ဒို့တိုင်းပြည်ထဲမှာ တော့ တရုတ်တွေလည်း စိမ့်ဝင်လာတယ်။ ဘင်္ဂလား ဒေ့ရှ်ကလူတွေလည်း စိမ့်ဝင်လာတယ်။ အိန္ဒိယက ကုလားတွေလည်း စိမ့်ဝင်လာတယ်။ အဲဒီလိုစိမ့်ဝင်လာတဲ့ ကိစ္စဟာ အင်္ဂလိပ်လက်အောက် ရောက်တဲ့အချိန်က စပြီးတော့ တစိမ့်စိမ့် ဝင်နေတာဟာ ဒီကနေ့အထိ။
- အဲဒီတော့ ဒီကနေ့အထိ တို့တိုင်းပြည် ထဲမှာစိမ့်ဝင်လာတဲ့ လူတွေဟာ တို့နိုင်ငံ တို့လူမျိုးရဲ့ တို့ဓလေ့ထုံးစံနဲ့ တို့နိုင်ငံတော်ရဲ့ စည်းကမ်းဥပဒေကို အားလုံး လေးစားလိုက်နာပြီးတော့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း Common Ground ဆိုတဲ့ ဘုရားသခင်ရဲ့မေတ္တာရိပ် ကရုဏာရိပ်အောက်မှာ အေးအေးချမ်းချမ်း နေကြဖို့ ကောင်းတယ်။
- စိမ့်ဝင်တာကတော့ စီးပွားရေးကြောင့် စိမ့်ဝင်တာဟာ အဓိကပဲ။ နိုင်ငံရေးတို့၊ ဘာသာရေး တို့ကြောင့် စိမ့်ဝင်တာတွေဟာ ကမ္ဘာမှာတော့ ရှားပါတယ်။ စားရေးသောက်ရေး မပြေလည်တဲ့ သူတွေဟာ နည်းနည်းပြေလည်မယ် ထင်တဲ့ နေရာကိုရွှေ့တာ။
- ((((( တို့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာနှစ်၂၀၀၀ရှိပြီ။ ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက်လာတာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီနောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။ အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။ )))))
- ((((( အိမ်ရှင် ဗုဒ္ဓဘာသာတွေက ဧည့်သည် တခြားဘာသာခြား လူမျိုးတွေကို နှစ်နှစ်ကာကာ Warmly Welcome လုပ်လို့၊ တိုင်းပြည်ထဲမှာ Church တွေရော၊ ဗလီတွေရော နေရာတကာမှာ အေးအေးဆေးဆေး ရှိနေကြပြီ။ အဲဒီတော့ အိမ်ရှင်က ဧည့်သည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံရင် ဧည့်သည် တွေကလည်း ဒီအိမ်ရှင်ရဲ့ အိမ်ထဲမှာအေးအေးချမ်းချမ်းနဲ့ အိမ်ရှင်နဲ့ လက်တွဲပြီးတော့ နေဖို့ကောင်းတယ်။ အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာကတော့ ဘယ်လိုမှမလျော်တဲ့ ကိစ္စပဲ။ )))))
- ဒီကနေ့ မွတ်ဆလင်လူမျိုး တွေဟာ မွတ်ဆလင်အမျိုးသား အမျိုးသမီးတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲပြီးတော့ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးကို ယူသွားတဲ့ ခေါင်းဆောင်ကြီး ရာဇတ် တို့လို စိတ်ဓာတ်မျိုးကို မွေးပြီးတော့ အားလုံးလက်တွဲကြဖို့ ကောင်းတယ်။
- အိမ်ရှေ့မှာ လူတွေယိုသွားတဲ့ မစင်ပုံပဲ တွေ့တွေ့၊ ခွေးတွေယိုသွားတဲ့ မစင်ပုံပဲတွေ့တွေ့ “ဟ … မစင်ပုံကြီးဟေ့” ဆိုပြီးတော့ တုတ်နဲ့ထိုးမွှေပြီးတော့ ရပ်ကွက်ကို အော်ပြောနေရမှာ မဟုတ်ဘူး။မစင် တွေ့ရင် ခပ်မြန်မြန်ဖုံးရတယ်။ ခပ်မြန်မြန် ကျုံးရတယ်။ အခု လူတချို့လုပ်နေတာက မစင်ပုံ တုတ်နဲ့ ထိုးမွှေပြီးတော့ အော်ပြောနေတာ တစ်ရပ်ကွက်လုံး နံကုန်တာပေါ့။ အဲ့ဒါမျိုးတွေ ဖြစ်နေတာကို အကြီးအကျယ် ဝမ်းလည်း ဝမ်းနည်းတယ်။ စိတ်လည်း စိတ်ပျက်တယ်။ မစင်ဆိုရင် ဝိုင်းဖုံးကြပါ။ ဝိုင်ကျုံးကြပါ။ တုတ်နဲ့ မွှေပြီးတော့ မအော်ကြပါနဲ့။ အခုလို ပဋိပက္ခတွေက မစင်ပုံထက် ဆိုးတယ်။
နိုင်ငံတော်အစိုးရရဲ့ကိုင်တွယ်ပုံအကြောင်းကို ဆရာတော်ကဒီလိုအကြံပေးခဲ့တယ်
- အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း တွေ အားလုံးကတော့ စိတ်ရှည်သည်းခံဖို့ရယ်၊ အမြော်အမြင် ကြီးမားဖို့ရယ်၊ ကျယ်ပြန့်တဲ့နား၊ မျက်စိတွေ အသိဉာဏ်ကြီးကြီးနဲ့ စီမံချက်တွေကို သွက်သွက်လက်လက်နဲ့ အေးအေးချမ်းချမ်း ဆောင်ရွက် ကြဖို့လိုလိမ့်မယ်။
- စိတ်တွေက မြန်တယ်။ ဆောင်ရွက်ရင်းနဲ့ စိတ်ဆိုးလာကြမယ်။ ကျယ်ပြန့်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေ၊ ကျယ်ပြန့်တဲ့ မူဝါဒတွေ၊ စနစ်တကျ ကြိုတင် ပြင်ဆင်ထားတာတွေ၊ လုပ်ငန်းကို သွက်သွက်လက်လက်နဲ့ မလုပ်ခဲ့ကြတာတွေ၊ မလုပ်နိုင်ကြတာတွေ စုနေကြမယ် ဆိုရင် ဒီပဋိပက္ခတွေက ငြိမ်းချမ်းစရာအကြောင်း မရှိဘူး။ အဲဒါကြောင့် ဆင်လိုလည်းပဲ အားကောင်းရမယ်။ မြင်းလိုလည်းပဲ မြန်ရမယ်၊ နွားလိုလည်းပဲ သည်းခံရမယ်။ ခြင်္သေ့လိုလည်းပဲ သတ္တိရှိရမယ်။ ခေါင်းဆောင်တွေဟာ အဲဒီလေးချက် အရေးကြီး ပါတယ်။ အဲဒီ မူလေးချက်နဲ့ ဆောင်ရွက်ကြပါ ဆိုတာကို တိုက်တွန်းပါတယ်။
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ
မူရင်းလင့် - https://www.facebook.com/notes/the-voice-weekly/သီတဂူဆရာတော်-ဒေါက်တာအရှင်ဉာဏိဿရနှင့်-တွေ့ဆုံခြင်း/622406044452896
သက်တန့်ချို ဝေမျှသည် ။

No comments:

Post a Comment