Thursday 6 June 2013



-


Posted: 05 Jun 2013 03:57 PM PDT
နေပြည်တော်(MICC)တွင် ကျင်းပနေသော World Economic Forum on East Asia 2013တွင်ဒေါ်အောင်ဆန်းစုကြည် ၊ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ၊ဒေါ်ဇင်မာအောင်၊ ဦးသန့် မြင့်ဦးနှင့်BBC WorldNewsတင်ဆက်သူတို့ ၏ Myanmar:WhatFuture?ဆွေနွေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကိုယနေ့ ဇွန်၆ရက်နေ့ နံနက်၁၁ နာရီမှမွန်းလွဲ၁၂နာရီ၁၄မိနစ်အတွင်း http://www.weforum.org/sessions/summary/myanmar-what-futureမှာဝင်ရောက်ကြည့်ရူနိုင်ကြမှာဖြစ်ပါတယ်။

" အဆင်သင့်မဖြစ်စရာ ဘာအကြောင်းရှိလဲ၊ ပွဲမှာကြည့် " ဟု ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ဝါ၀ါအောင်တို့နှင့် စကားစစ်ထိုးရန် အဆင်သင့် ဖြစ်နေပြီလားဟု Venus News Weekly၏ မေးမြန်းမှုအား သမ္မတရုံးဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။ အဆိုပါတစ်နာရီကြာစကား စစ်ထိုးပွဲအား ဘီဘီစီရုပ်သံဌာနမှ ရိုက်ကူးသွားမည်ဖြစ်ပြီး ယင်းအစီအစဉ်အား ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့များတွင် တစ်ကမ္ဘာလုံးသို့ ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
Posted: 05 Jun 2013 08:46 AM PDT

ဂျွန်လ ၄ ရက် ၂၀၁၃ မှာ အန်အီးဒီ ဥက္ကဌ Carl Gershman က ၂၀၁၂ ဒီမိုကရေစီဆု ကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ပေးအပ်ချီးမြှင့်ပါတယ်။ ဒီဆုရုပ်ကလေးက တရုတ်ပြည် ဒီမိုကရေစီအရေးတော်ပုံမှာကျောင်းသားတွေ အသတ်ခံရတဲ့ Tiananmen Square က မြေသားတွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။

တရုတ်ပြည်ဒီမိုကရေစီအရေးတော်ပုံက ၁၉၈၉ ဂျွန် ၃ ရက် နဲ့ ၄ရက်နေ့တွေမှာ တရုတ်တပ်နီတော်က ပစ်ခတ်နှိမ်နင်းခဲ့တာဖြစ်ပါတယ်။ ဂျွန် ၄ အရေးတော်ပုံအဖြစ်ထင်ရှားခဲ့ပါတယ်။

ကိုမင်းကိုနိုင်ကို ဒီဆုပေးတာဟာ ဂျွန်လ ၄ ရက် ဖြစ်နေတော့ တရုတ်ပြည် ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်မြောက်နှစ်ပါတ်လည်နေ့နဲ့ တိုက်ဆိုင်နေပြန်ပါတယ်။
ဒီနေ့ဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ကို ဆုပေးတာ နဲ့ အိမ်နီးချင်း တရုတ်ပြည် ဒီမိုကရေစီအရေးလှုပ်ရှားမှု ၂၄ နှစ်မြောက်နှစ်ပါတ်လည်နေ့ နှစ်ခုရဲ့ ထူးခြားစွာဆက်စပ်မှုရှိတဲ့ အချိန်ကိုက်ကာလလည်းဖြစ်ပါတယ်။

မြန်မာ နဲ့ တရုတ် ကျောင်းသားတွေ ဟာ ဒီမိုကရေစီလှုပ်ရှားရုန်းကန်တာ မြန်မာက ၈၈ တရုတ်က ၈၉ ဖြစ်တာမို့ လှုပ်ရှားရုန်းကန်ရတာ ပေးဆပ်ရတာတွေဟာ တူညီပြီး လွတ်လပ်မှုမရသေးတာလည်းတူညီနေဆဲဖြစ်ပါတယ်။

ဦးခွန်ထွန်းဦး ဒေါက်တာစင်သီယာမောင် ကိုကျော်သူ နဲ့ ကိုအောင်ဒင် တို့နဲ့အတူဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ ကိုမင်းကိုနိုင်က အခုမှ ဒီဆုကို လက်ခံရယူနိုင်တာဖြစ်ပါတယ်။ မြန်မာ့ နိုင်ငံရေးအကျဉ်းသား ဒီမိုကရေစီဘက်တော်သား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး တို့ကို အမေရိကန်နိုင်ငံရေးသမားတွေက အမေရိကန်လွှတ်တော်ထဲမှာ လေးစားစွာ ဂုဏ်ပြုကြတဲ့ သတင်းပါ။ ဒီနေ့ အခမ်းအနားမှာ အန်အီးဒီ ဥက္ကဌ Carl Gershman အဖွင့်စကားပြောတယ်။ အန်အီးဒီ ဒါရိုက်တာ Brian Joseph က စီစဉ်တဲ့ ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး တို့ကို Examining the Transition to Democracy in Burma အစီအစဉ် နဲ့ မေးခွန်းအမေးအဖြေပုံစံနဲ့ ထောင်တွင်းအတွေ့အကြုံ ကနေ ယနေ့မြန်မာအခက်အခဲတွေ အနာဂက်အတွက်လုပ်ဆောင်နေမှုတွေ နိုင်ငံရေးအမြင်တွေကို အတိုခြုံးချုံငုံမိအောင် မေးဖြေကဏ္ဍ နဲ့ စီစဉ်ထားတာ နားထောင်ကောင်းတယ်။ မြန်မာစစ်အုပ်စုဟာ ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး တို့ကို ထောင်ထဲ အနှစ် ၂၀ ဖမ်းဆီးချုပ်နှောင်ထားပြီး ပြင်ပကမ္ဘာတစ်ခုလုံးနဲ့ ဆွဲခွဲထားပုံ၊ ကိုမင်းကိုနိုင်ကို နိုင်ငံရေးဆက်လက် မလုပ်ရန် အတွက် စစ်အုပ်စုမှ မြှူဆွယ်ပုံ သူက စီးပွါးရေးမလုပ်တတ်ကြောင်း ငြင်းဆန်ပုံ စစ်အုပ်စုမှ လုပ်တတ်စရာမလို ခေါင်းသာငြိမ့်လိုက် နိုင်ငံ့လူချမ်းသား နံပါတ် (၁၀) ဦးစာရင်းထဲဝင်သွားစေရမယ်ဆိုပြီး စစ်အုပ်စုက ကျောင်းသားလှုပ်ရှားမှု နဲ့ အမှန် တရားပျက်အောင် လုပ်ဆောင်မှုကို စတင် ပြောပြတယ်။ စစ်အုပ်စုဟာ ထောင်ထဲမှာ သတင်းအမှောင်ချထားပုံ မိသားစုနဲ့ ဝေးရာ ထောင်တွေထဲ ပို့ပစ်ခဲ့ပုံ၊ သတင်းတွေဆာတာ ဟာ ထမင်းဆာတာထက် ဆိုးဝါးပုံ၊ ဆေးလိပ်ဖင်ဆီခံက သတင်းစာအပိုင်းအစ သတင်းလေးတွေကိုသာ အားကိုးဖတ်ရှုခဲ့ရတာ၊ သတင်းတွေထဲက အမေရိကန်စီအိုင်အေချုပ်ကြီး ကို လွှတ်တော်အမတ်တွေက လဒ်စားမှုတွေကို အမေရိကန်လွှတ်တော်ကို ခေါ်စစ်တဲ့သတင်းလေးအမှတ်ရမိကြောင်း၊ မြန်မာ့နိုင်ငံရေးလက်တွေ့မှာက နိုင်ငံရေးလုပ်သူတွေကို ထောက်လှမ်းရေးက ဖမ်း စစ် ထောင်ချ နှိပ်စက်ကလူ လုပ်နေပုံ ခံနေရပုံ ဒီမိုကရေစီနိုင်ငံ အမေရိကန် နဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်း မတူဘဲ ကမောက်ကမ ဇောက်ထိုးမိုးမျှော်ဖြစ်ရပုံခြားနားမှုတွေကို ကိုမင်းကိုနိုင်ပြန်ပြောပြတယ်။

ကိုမင်းကိုနိုင်ဟာ ထောင်ထဲရှိစဉ်မှာ မြေဖြူ မီးသွေး အုတ်နီခဲမှုန့် ရေငြိတွေနဲ့ နံရံပန်းချီတွေ အမြဲရေးဆွဲခဲ့ကြောင်း ပြီးတာနဲ့ ထောင်အာဏာပိုင်တွေက ထုံးဖြူဆေးသုတ်ဖုန်းအုပ်ပစ်ကြလို့ သူ့ရဲ့ နံရံဆွဲပန်းချီကား အနုပညာ ရတနာလေးတွေ ပျက်စီးသွားရတဲ့ ရင်ကွဲနာလေးတွေကို နင့်နေအောင် နားထောင်ခဲ့ရတယ်။ ကိုမင်းကိုနိုင်ကို လွတ်မြောက်ခါနီး ၂ နှစ်မှာမှ စစ်အုပ်စုက သူ့ကို ပန်းချီတွေပေးဆွဲခဲ့တာမို့ ထောင်ထဲက ပန်းချီအစစ်တွေကို အမေရိကန်အထိ သူသယ်လာပြီး ဒီအခမ်းအနားမှာ ပြသထားပါတယ်။ တကယ့် နှလုံးသား ဘဝတွေနဲ့ ရင်းပြီးဖြတ်ရတဲ့ ထောင်ဘဝ တစိတ်တဒေသ ကို မြန်ကြရပါတယ်။

ကိုကိုကြီကလည်း သူ့ဖေဖေ ဟာ သူထောင်မကျခင် ကွယ်လွန်သွားကြောင်း သူ့မေမေဆုံးတော့ ထောင်ထဲမှာ သူဟာ သံခြေခြင်းခပ် ချုပ်ခံထားရချိန်ဖြစ်ကြောင်း စစ်အုပ်စုမှ သူ့မေမေကို နောက်ဆုံးကန်တော့ခွင့်ပေးခဲ့တာမို့ သံခြေခြင်းခပ်ကာလ ၁၂ရက် ဟာ မခတ်ခံရတော့ဘဲ ကွယ်လွန်သူ သူ့မေမေကျေးဇူးကြောင့် သူဟာ ပစ်ဒဏ် သက်သာသွားရကြောင်း ရင်နင့်စွာနားထောင်ရပါတယ်။ ထောင် အနှစ် ၂၀ ကာလ ဘဝတွေပုံအပ်ပေးဆပ်ပြီး အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ရတယ်ဆိုတာ ကျနော်ဖြည့်စွက်နားလည်လိုက်ရပါတယ်။ သူတို့ တင်ပြသွားတဲ့ မြန်မာ့အကျဉ်းထောင် အကျဉ်းသားဘဝ အတိုချုပ်အနှစ် လေးတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလုပ်သူကျောင်းသားတွေ ရဟန်းရှင်လူပြည်သူတွေအားလုံး အပေါ်ထားရှိတဲ့ သဘောထားအစစ်အမှန်ကို အထင်းသားမြင်လိုက်ရပါတယ်။ ဒါပေမယ့် ဖိနှိပ်သူတွေနဲ့ နိုင်ငံအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အလုပ်လက်တွဲလုပ်ရန် ပြည်သူတွေဆန္ဒတွေအကောင်အထည်ဖော်ရန် အသင့်ရှိနေကြကြောင်း ဖော်ထုတ်ပြောကြပါတယ်။

သူတို့ရဲ့ မြင့်မြတ်တဲ့ သဘောထားကြီးမားပုံတွေကို မြင်လိုက်ရပါတယ်။ ဒီပွဲကို အာရီဇိုးနားက ဆီနေတာ ဂျွန်မက်ကိန်း ရယ် နယူးယောက်က ကွန်ဂရက်အမတ် ဂျိုးဇက်ခရောက်လီရယ် အထက်လွှတ်တော်အမတ်မင်း နန်စီ ပီလိုစီရယ် တက်ရောက်လာပြီး ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး ကို ဒီမိုကရေစီလှုပ်ရှားသူ နိုင်ငံခေါင်းဆောင် ကျောင်းသားခေါင်းဆောင်တွေအဖြစ် လေးစားစွာ ဂုဏ်ပြုကြပါတယ်။ ကျနော်ကတော့ အညှဉ်းခံ အကျဉ်းစံ သူရဲကောင်းတွေ စစ်အစိုးရရဲ့ အကျဉ်းသား ဒီမိုကရေစီဘက်တော်သား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို အမေရိကန်လွှတ်တော်ထဲ ဖိတ်ခေါ်ဂုဏ်ပြုကြတာ မြင်ရတာ သူတို့အတွေ့အကြုံတွေထဲကအချို့ကို သမိုင်းမှတ်တမ်းအဖြစ် အချိန်တိုအတွင်းပြောပြတာ တွေကို ပီတိဖြစ်မိပါတယ်။

ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတိုက်ပွဲတွေ အတွက် ပေးဆပ်ရတဲ့ မြန်မာ့သူရဲကောင်းတွေရဲ့ အရင်းအနှီးတွေ ဟာတကယ်တော့ ပြောမကုန် နားထောင်မကုန်ဖြစ်ပါတယ်။ အကျဉ်းက လွတ်လာသူ ဒီမိုကရေစီ သမားကြီးတွေ ရဲ့ နှုတ်ထွက်စကားတွေကို ကျနော် နားထောင်ယင်း သူတို့ကို ကျနော့်ကင်မရာလေးနဲ့ မှတ်တမ်းတင်ရင်း စိတ်ထဲမှာ တကယ်ကို ဝမ်းသာပီတိဖြစ်နေမိတယ်။ သူတို့ရဲ့ နှစ် ၂၀ အကျဉ်းစံ သမိုင်းဟာ "အမှားဘက် မလိုက်သူတွေ တရားမပျက် ကျင့်ကြံသူတွေ သူတော်စင်တွေ" " နိုင်ငံ နဲ့ လူမျိုးအတွက် ရဲ့ရင့်တဲ့စွန့်စားတဲ့သူတွေ ရဲ့သမိုင်း" မှတ်တမ်းများသာဖြစ်ပါကြောင်း။

House Democratic Leader Nancy Pelosi (D-CA) နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး တို့ကို အတူတွေ့ရစဉ် ( ဂျွန်လ ၄ ရက် ၂၀၁၃ )
-Photos News by: Zaw Win- facebook.
Posted: 05 Jun 2013 08:35 AM PDT

Coca-Cola Co. chief executive officer Muhtar Kent marked the return of the world's largest soda maker to Myanmar after 60 years by opening a bottling plant and pledging more investment in the newly opened economy.
(Bloomberg မှ 5 June 2013 ရက်စွဲပါ "Coca Cola says Myanmar's opening is like fall of Berlin Wall" ကိုဘာသာပြန်ဆိုသည်)

ကိုကာကိုကာကုမ္ပဏီ စီအီးအို မတ်တာကင့်သည် မြန်မာနိုင်ငံတွင် ပုလင်းသွပ်စက်ရုံ ဖွင့်လှစ်ခြင်း၊ စီပွားရေး ကဏ္ဍ သစ်များတွင် ပိုမိုရင်းနှီးမြှုပ်နှံသွားရန် ကတိပြုခြင်းတို့ဖြင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့အကြီးဆုံး အချိုရည်ကုမ္ပဏီ ပြန်လည် ဝင်ရောက်လာမှုကို ကမ္ဗည်းထိုးလိုက်ပြီဖြစ်သည်။

ကိုကာကိုလာသည် လာမည့်ငါးနှစ်အတွင်း ဒေါ်သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဒုတိယမြောက် ပုလင်းစက်ရုံကို လပိုင်းအတွင်း ဖွင့်လစ်မည်ဟု ကင့် က Bloomberg ရုပ်သံအင်တာဗျူးတွင် ပြောကြားသည်။

"ဒါဟာ သမိုင်းမှာ ကြီးကျယ်တဲ့ အခိုက်အတန့်ပါ။ ဘာလင်တံတိုင်း ပြိုပြီးတဲ့နောက် အရှေ့နဲ့အလယ် ဥရောပမှာ ကျွန်တော်တို့ စီးပွားရေးတံခါးပွင့်ခဲ့တဲ့ အချိန်နဲ့ အတူတူပါပဲ။ ပြီးတော့ ဒီနေ့အချိုရည်ဈေးကွက်မှာ ကျွန်တော်တို့ ရှိထားပြီးသား ဦးဆောင်မှုကို ဆက်လက်တိုးချဲ့ထိန်းနိုင်ခဲ့ပါတယ်" ဟု မတ်တာကင့်က ဆိုပါသည်။

မနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ပေးလိုက်သော မြန်မာနိုင်ငံတွင် စားသောက်ကုန် ဈေးကွက်ကို ထိန်းချုပ်ရန် pepsi ကုမ္ပဏီနှင့် အကြိတ်အနယ် ယှဉ်ပြိုင်မှုကို Coca Cola က စက်ရုံအသစ်ဖွင့်ကာ စတင်လိုက်ပြီဖြစ်သည်။ သမ္မတဦးသိန်းစိန် လက်ထက် နိုင်ငံရေးနှင့်စီးပွာရေး ပိုလွတ်လပ်ခွင့်ရလာသော မြန်မာနိုင်ငံသည် Ford Motor Co Master Card Inc Unilever Nv စသော ကုမ္ပဏီကြီးများကိုလည်း အလားတူ ဆွဲဆောင်နိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် ၄င်း၏ ပြည်သူ ၆၄ သန်းကို အာရှတွင် အဆင်းရဲဆုံးဖြစ်သော စစ်အုပ်ချုပ်ရေးကာလ အလွန်တွင် အနောက်အုပ်စုနိုင်ငံများနှင့် စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံမှုများကို တိုးမြှင့်နေခြင်းကြောင့် အမေရိကန်ပြည်ထောင်စုကလည်း ယခင် စီပွားရေးပိတ်ဆို့မှု sanctions များကို ဖြေလျှော့ရုပ်သိမ်းပေးနေပြီဖြစ်သည်။

ကိုကာကိုလာအနေဖြင့် မြန်မာစားသုံးသူများကို ဆွဲဆောင်ရန်အတွက် ဖြန့်ချီရေးကို အာရုံစိုက်ဖို့လိုပါသည်။ ပြိုင်ဘက် ပက်ဆီကိုလာသည် မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရေးကွန်ယက်ကို တည်ဆောက်ထားပြီး၊ စက်ရုံတည်ဆောက်ရန် စီစဉ် နေပြီဖြစ်သည်။

"ဈေးနှုန်းကိုပဲ အရေးတကြီးကတော့ အလွယ်ရရှိနိုင်မှုပါပဲ။ ဒီအချက်က ကုန်ပစ္စည်းကို အခြေအနေကောင်းအောင် လုပ်ပေးနေတာပါ။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ဟာ ၂၁ ရာစု ခေတ်အမီဆုံးစားသုံးသူ ဖြန့်ချီရေး ရှိတယ်ဆိုတာကို သေချာအောင် စီစဉ်နေပါတယ်" ဟု Coca Cola စီအီးအို ကင့် က ဆိုပါသည်။

မြန်မာနိုင်ငံမှ ကိုကာကိုလာ ဆုတ်ခွါသွားသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်သော်လည်း ပြိုင်ဘက် ပက်ဆီကိုလာ ကမူ မြန်မာနိုင်ငံတွင် သိပ်မကြာသေးသော အတွေအကြုံများ ရှိထားသည်။ လူ့အခွင့်အရေး ချိုးဖောက်သော စစ်အစိုးရနှင့် မဆက်ဆံရန် အမေရိကန်ပြည်ထောင်စုက ဥပဒေပြဌာန်း သောကြောင့် ၁၉၉၇ တွင် မြန်မာနိုင်ငံမှ ပက်ဆီကိုလာ ထွက်ခွာ ခဲ့ရခြင်းဖြစ်သည်။

လန်ဒန်နှင့် ရော့တာဒမ် အခြေစိုက် Unilever Nv ၏ အရှေတောင်အာရှ စီအီးအို ဗီတာတာကုဗ် ကလည်း လာမည့် နှစ် ၂၀ အတွင်း နောက်ထပ် ဗီယက်နမ် ဖြစ်လာနိုင်သည့် မြန်မာ့ဈေးကွက်သစ်၏ အခွင့်အလမ်းများကို အာရုံစိုက်သွားမည်ဟု ပြောကြားထားသည်။ Unilever ထုတ်ကုန်များကို မြန်မာနိုင်ငံတွင် လက်လီလက်ကား ဆိုင်ပေါင်း ၁၀၀,၀၀၀ ခန့်မှာတဆင့် ရောင်းချနေပြီးသွားဖြစ်ကြောင်း ယခင်လက အင်တာဗျူးတွင် ပီတာကုဗ်က ပြောကြားခဲ့ပါသည်။

yangon chronicle
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment