Wednesday, 3 July 2013

ဗဟုသုတ ရစရာမို့ ဖေါ်ပြပါသည်။

အရှေ့တောင်အာရှရဲ့ ဒုတိယ အချမ်းသာဆုံးဖခင်ဖြစ်သူနဲ့ သားရဟန်းတို့ အကြောင်း


တစ်ကမ္ဘာလုံးက Ananda Krishnan ဆိုရင် လူတိုင်းနီးပါး သိချင်ကြမှာ မဟုတ်ပါဘူး။ တကယ်တော့ သူဟာ အရှေ့တောင် အာရှနိုင်ငံမှာ ဒုတိယ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ၈၉ နေရာပါ။ သူ့ရှေ့မှာတော့ မလေးရှား တစ်နိုင်ငံထဲသား မလေးတရုတ် Robert Kuok က $12.5 billion ပိုင်ဆိုင်ပြီးတော့၊ Ananda Krishnan ကတော့ US$9.6 billion ပိုင်ဆိုင်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ မလေးရှားနိုင်ငံမှာလည်း အချမ်းသာဆုံးနဲ့ ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။
............................................................................................
အခုပြောပြမှာကတော့ မလေးရှားနဲ့ အရှေ့တောင် အာရှရဲ့ ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်တဲ့ Ananda Krishnan အကြောင်းပဲ ဖြစ်ပါတယ်။ နာမည် အပြည့်အစုံကတော့ Tatparanandam Ananda Krishnan ဖြစ်ပါတယ်။ သူဟာ မလေး-သီရိလင်္ကာ-တမီးလ် လူမျိုး တစ်ဦး ဖြစ်ပါတယ်။ ကိုးကွယ်တဲ့ ဘာသာကတော့ ဗုဒ္ဓဘာသာပါ။
.........................................................................................
လက်ရှိ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ media (Astro), satellite (MEASAT), oil and gas (Bumi Armada, Pexco), telecommunications (Maxis, Aircel) ,Tanjong Public Limited Company, an investment holding company with subsidiaries involved in power generation (Powertek), gaming (Pan Malaysian Pools), leisure (Tropical Islands, TGV Cinemas) များဖြစ်ပါတယ်။
...........................................................................................
Multimedia လုပ်ငန်းနဲ့ အောင်မြင်လာတဲ့ သူဟာ ယခုလည်း အိန္ဒိယရဲ့ Sun Network နဲ့ သူပိုင်ဆိုင်တဲ့ Astro ပူးပေါင်းပြီး အိန္ဒိယ စီးပွားရေးလောကမှာ ချဲ့ထွင်ဖို့အတွက် TV channels များ ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ ဟောင်ကောင်အခြေစိုက် TVB.com နဲ့ the Shaw Brothers movie archives တို့ကိုလည်း ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။ Maxis Communications and MEASAT Broadcast Network Systems အတွက် သူ့ရဲ့ communication satellites သုံးလုံးဟာ အကာသထဲမှာ ကမ္ဘာကို ပတ်ပြီး အလုပ်လုပ်နေကြပါတယ်။
...........................................................................................
Ananda Krishnan ရဲ့ မိဘတွေဟာ သီရိလင်္ကာနိုင်ငံက တမီးလ်လူမျိုးများဖြစ်ကြပြီး မလေးရှားမှာ အခြေချနေထိုင်ခဲ့တာမို့ သူ့ကို Kuala Lumpurမြို့မှာ မွေးဖွားခဲ့တာပါ။ သြစတေးလျနိုင်ငံ University of Melbourneမှာ နိုင်ငံရေး သိပ္ပံနဲ့ B.A. (Honours) ရရှိခဲ့ပြီး Harvard University မှာ Masters in Business Administration (M.B.A.) ဘွဲ့များ ရရှိခဲ့ပါတယ်။
...........................................................................................
Ananda Krishnan မှာ သားသမီး ၃ ယောက်ရှိပါတယ်။ သမီး ၂ ယောက်နဲ့ သား ၁ ယောက်ပါ။ သားလေး တစ်ယောက်တည်း ပါလာတာမို့ သူ့သားဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူ့အရိုက်အရာကို ဆက်ခံဖို့အတွက် မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့ပါတယ်။ သူသားကို UK သွားပြီး ပညာသင်ခိုင်းပါတယ်။ ပညာစုံလို့ ပြန်လာတော့ သူ့သားဟာ စီးပွားရေးကို စိတ်မ၀င်စားပဲ တရားစာအုပ်တွေနဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။ ဘုန်းကြီးကျောင်းသွားပြီး မကြာခဏ တရားအားထုတ်ပါတယ်။ ဖခင်ဖြစ်သူက သားကို အာရုံပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ကိုယ်ပိုင် ဂျက်လေယာဉ် ၀ယ်ပေးပြီး လုံခြုံရေးအပြည့်နဲ့ အပျော်ခရီးထွက်စေခဲ့ပါတယ်။ ဘယ်လို ပုံစံပြောင်းပြောင်း သူ့သားဟာ မပြောင်းလဲခဲ့ပါဘူး။ လူတွေရဲ့ ငွေတွေအပေါ်မှာ သာယာနှစ်သက်မှုတွေကြောင့် လောဘ၊ ဒေါသ၊ မောဟ တွေ ဖြစ်နေကြတာကို ကြည့်ပြီး သူဟာ စိတ်ပျက်လာခဲ့ပါတယ်။ မိသားစုဟာ ချမ်းသာနေပေမယ့် သူ့စိတ်ကတော့ မချမ်းသာခဲ့ပါဘူး။ လူတွေက ငွေတွေကို ခုံမင်နေကြပေမယ့် သူကတော့ ငွေတွေကို ရွံရှာနေပါတယ်။ နောက်ဆုံးမှာတော့ သူဟာ ထိုင်းငံနိုင်ငံ မြောက်ပိုင်းက တောရစခန်းမှာ တရားအားထုတ်ရင်း ဘုန်းကြီးဝတ်လိုက်ပါတော့တယ်။ ပြီးတော့ ဘွဲ့တော် Ajahn Siripanno ဖြစ်လာခဲ့ပါတယ်။
..........................................................................................
Ananda Krishnan ဟာ သားဖြစ်သူ ဘုန်းကြီးဝတ်သွားလို့ စိတ်ထိခိုက်ခဲ့တာတော့ ရှိတယ်။ ဒါပေမယ့် သူ့သားကို စိတ်မဆိုးခဲ့ပါဘူး။ သူကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာအပေါ် လေးလေးနက် ယုံကြည်သက်ဝင်သူ တစ်ဦးပါ။ အရှေ့တောင် အာရှမှာ နဲ့ မလေးရှားမှာ ဒုတိယ အချမ်းသာဆုံးဖြစ်နေပေမယ့် သူကိုယ်သူ ထင်ထင်ပေါ်ပေါ် နေလေ့မရှိပါဘူး။ ဘုန်းကြီးကျောင်းတွေကို ထောက်ပံ့လှူဒါန်းပါတယ်။ လူမှုရေးအဖွဲ့အစည်းတွေမှာ လှူဒါန်းပါတယ်။ အထူးသဖြင့် ပညာရေးကဏ္ဍတွေမှာ လှူဒါန်းပါတယ်။ ဒီအလှူအတန်းတွေကြောင့် သူ့ကို လူတွေက လေးစားကြပါတယ်။
..........................................................................................
တစ်နေ့မှာ Ananda Krishnan က သားဖြစ်သူ Ajahn Siripanno ကို ဖွယ်ဖွယ်ရာချက်ပြုတ်ပြီး ဆွမ်းစားပင့်ပါတယ်။ သားဖြစ်သူက ငြင်းပယ်လိုက်ပါတယ်။ သားဖြစ်သူက တစ်ခြားဘုန်းကြီးတွေလိုပဲ အ၀ါရောင် သင်္ကန်းဝတ်ပြီး သပိတ်တစ်လုံးနဲ့ ဆွမ်းခံကြွရတာကို ပိုမိုနှစ်သက်ပါတယ်တဲ့။
...........................................................................................
သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ Ananda Krishnan ဟာ သူ့သားတော် အကြောင်းကို ထည့်သွင်းပြောကြားပါတယ်။ “With all my wealth I cannot even afford to feed my own son.” ( ကျွန်တော့် ရှိသမျှ စည်းစိမ် ဥစ္စာတွေက ကျွန်တော်ကပ်တဲ့ ဆွမ်းကို ဘုဉ်းပေးဖို့ ကျွန်တော့်သားရဟန်းကို မစွမ်းဆောင်နိုင်ပါဘူး) လို့ ပြောဆိုသွားခဲ့ပါတယ်။
..........................................................................................
ဖခင်ဖြစ်သူဟာ မကြာခဏဆိုသလို သူ့သားရဟန်းဆီ သွားရောက်လေ့ ရှိပြီး၊ သားဖြစ်သူရဲ့ တရားပွဲတွေကိုလည်း နောက်က တစ်ကောက်ကောက်လိုက်ရင်း ဝေယာဝစ္စ ကုသိုလ်ပြုနေသူ တစ်ဦးပါ။
...........................................................................................
ဒီသားအဖ နှစ်ယောက်ကို စံနမူထားပြီးပြောရမယ်ဆိုယင် အရာရာတိုင်းကို ငွေနဲ့ ၀ယ်ယူလို့ မရဘူးဆိုတာပဲ။ Money is God ဆိုတာလည်း ဒီသားအဖ နှစ်ယောက်အတွက်တော့ မှန်ကန်တဲ့ စကားရပ် မဟုတ်ပါဘူး။

(   foreverfriends  မှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment